သိပ်ပြီး ၀မ်းနည်းစရာကောင်းပါတယ်
“ချစ်မိပြီ” ဆုံးဖြတ်ခဲ့တာကို
ပြန်ပြင်လိုက်ရတယ်။
တကယ်တော့
အပြင်ခံလိုက်ရတဲ့ ဆုံးဖြတ်ချက်ဆိုတာ
ဂျင်းထည့်ခံလိုက်ရတဲ့ အော်ရီဂျင်နယ်၊
လိင်အစားထိုး ခွဲစိတ်မှုလိုပဲ
ရုတ်တရက်လက်ခံရမှာ ခက်ခဲတယ်။
ဒါတောင် တချို့က မလွမ်းတတ်ဘူးလို့ စွပ်စွဲကြသေးတယ်။
ဟာသဓာတ်ခံရှိတဲ့လူ ရှေ့မှာမှ
တိုက်ခတ်ခဲ့တဲ့ လေ လှုပ်ခတ်ပြခဲ့တဲ့
သစ်ရွက်တွေ ပြီးတော့ ဘယ်ဆီနေမှန်းမသိဘူး။
ငါတစ်ယောက်တည်းပဲ ရယ်မောကျန်ရစ်တယ်။
“လွမ်းမယ်” ဆုံးဖြတ်ခဲ့တာကို မပြင်ဖြစ်တော့ဘူး။
ငါရုတ်တရက် အလွယ်တကူ လက်ခံလိုက်ပါတယ်။
တေဇာ (လရောင်လမ်း)
-သစ်ရွက်တွေအကြောင်း-
“ချစ်မိပြီ” ဆုံးဖြတ်ခဲ့တာကို
ပြန်ပြင်လိုက်ရတယ်။
တကယ်တော့
အပြင်ခံလိုက်ရတဲ့ ဆုံးဖြတ်ချက်ဆိုတာ
ဂျင်းထည့်ခံလိုက်ရတဲ့ အော်ရီဂျင်နယ်၊
လိင်အစားထိုး ခွဲစိတ်မှုလိုပဲ
ရုတ်တရက်လက်ခံရမှာ ခက်ခဲတယ်။
ဒါတောင် တချို့က မလွမ်းတတ်ဘူးလို့ စွပ်စွဲကြသေးတယ်။
ဟာသဓာတ်ခံရှိတဲ့လူ ရှေ့မှာမှ
တိုက်ခတ်ခဲ့တဲ့ လေ လှုပ်ခတ်ပြခဲ့တဲ့
သစ်ရွက်တွေ ပြီးတော့ ဘယ်ဆီနေမှန်းမသိဘူး။
ငါတစ်ယောက်တည်းပဲ ရယ်မောကျန်ရစ်တယ်။
“လွမ်းမယ်” ဆုံးဖြတ်ခဲ့တာကို မပြင်ဖြစ်တော့ဘူး။
ငါရုတ်တရက် အလွယ်တကူ လက်ခံလိုက်ပါတယ်။
တေဇာ (လရောင်လမ်း)
No comments:
Post a Comment