-မဲဆောက် SD Fashion စက်ရုံ နံပါတ်တစ် အလုပ်သမားခေါင်းဆောင် ဇော်လေး (၄၂၀၀၀) ဘတ် နစ်နာကြေးရပြီ-
Photo- စတီဗင်၊ဇော်လေး၊ နှင့် ဆရာမိုး (JACBA)တို့အား ထိုင်းအလုပ်သမားဝန်ကြီးဌာနရုံးရှေ့၌ ယနေ့တွေရစဉ်
** (မတ်လ ၁၈ ရက် ၂၀၁၃- သောင်ရင်းနဂါး)**
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ မြန်မာရွှေ့ပြောင်းအလုပ်သမားကူညီစောင့်ရှောက်ရေး ကော်မတီ၏ ပံ့ပိုးကူညီမှုဖြင့် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့ခ်ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်)ရုံး၏ အမိန့်ချမှတ်မှုအရ လုပ်သက် ၅ နှစ်ရှိသော SD Fashion Co, Ltd (အရပ်အခေါ်- ချန်ပီယံသိုးမွှေးစက်ရုံ)မှ နံပါတ်တစ်အလုပ်သမားခေါင်းဆောင် “ဇော်လေး”သည် ယနေ့ မွန်းလွဲပိုင်း၌ အလုပ်ရှင်ထံမှ နစ်နာကြေး (၄၂၀၀၀) ဘတ် ရရှိခဲ့ပြီးဖြစ်၏။
(Photo-ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ တာ့ခ်ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်)ရုံး၏ အမိန့်ချမှတ်မှု)

No comments:
Post a Comment