-မဲဆောက်မြို့ SD Fashion (ချန်ပီယံစက်ရုံ) နံပါတ်တစ် အလုပ်သမားခေါင်းဆောင် ယနေ့ အလုပ်ဖြုတ်ခံရ၊ နစ်နာကြေးတောင်းဆိုမည်-
(Photo-Saya Moe+ဇော်လေး+Stevin
ချန်ပီယံစက်ရုံ ပြင်ပ အလုပ်သမားအိမ်တန်းလျား တစ်ခု၌ (JACBA) နှင့် အလုပ်သမား ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးနေကြစဉ်-26-2-2013)
**(မတ်လ ၁၈ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)**
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ စက်ရုံ၏ ရှေ့နေ ရှေ့ရပ်များကို တိုင်ပင်ကာ ထိုင်းဥပဒေအတိုင်းဆောင်ရွက်သည်ဟု ပြောဆိုလျက် ထိုင်း- မြန်မာနယ်စပ်၊ မဲဆောက်မြို့ SD Fashion Co, Ltd (အရပ်အခေါ်- ချန်ပီယံစက်ရုံ) မှ နံပါတ်တစ် အလုပ်သမားခေါင်းဆောင်ဖြစ်သူ- ဇော်လေးအား ယနေ့ အလုပ်ဖြုတ်ပစ်လိုက်ကြောင်းနှင့် ၄င်းသည် JACBA အဖွဲ့နှင့် တိုင်ပင်ကာ လုပ်သက်အလိုက် နစ်နာကြေးရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ချုပ်ဆိုခဲ့သော အလုပ်ရှင်နှင့် အလုပ်သမားသဘောတူစာချုပ်နှင့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလတွင် ချုပ်ဆိုခဲ့သော အလုပ်ရှင်နှင့် အလုပ်သမား သဘောတူစာချုပ် ၂ ခုစလုံးတွင် အဓိက နံပါတ်တစ်ကိုယ်စားလှယ်ဖြစ်ခဲ့သူ “ဇော်လေး”သည် ဤစက်ရုံ၌ လုပ်သက် ၅ နှစ်ရှိ အလုပ်သမားဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ အလုပ်သမားကာကွယ်ရေးနှင့် လူမှုဖူလုံရေးအက်ဥပဒေ (BE- 2541/ 1998) အရ ဆိုလျှင် လုပ်သက်အလိုက် နစ်နာကြေး (၆) လ ခံစားပိုင်ခွင့်ရှိကြောင်း မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)က မှတ်ချက်ပြုကာ ယနေ့ မွန်းလွှဲ (၁း၃၀) နာရီ၌ ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့ခ်ခရိုင် အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (LPO/ဆ၀ါဒီကန်)တွင် ဇော်လေး၏ အမှုကို စုံညီဖြေရှင်းကြမည်ဖြစ်၏…..။

No comments:
Post a Comment