-ထိုင်းအလုပ်သမားဝန်ကြီးဌာနကကွင်းဆင်းဖြေရှင်းသဖြင့် ထိုင်းတရုတ်အလုပ်ရှင်က
မြန်မာအလုပ်သမား ၁၈ ဦး၏ လုပ်အားခပြန်ပေးရ-
(Photo-“နဂါးနှစ်ကောင်အထည်ချုပ်ရုံရှေ.ယနေ့ပျော်ရွှင်မှု/JACBA)
**(ဖေဖော်ဝါရီလ ၁၂ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)**
ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ လစာကို ထိုင်းတရုတ်အလုပ်ရှင်က မပေးဘဲ မောင်းထုတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦး၏ လုပ်ခလစာအား ထိုင်းအလုပ်သမားဝန်ကြီးဌာန တာ့(ခ်) ခရိုင် အလုပ်သမားကြီး ကြပ်ကာကွယ်ရေးဌာန (LOP/ဆ၀ါဒီကန်) ဒုတိယဦးစီးအရာရှိ ဖိဆွန်ဘွန်းနှင့် အဖွဲ့ကွင်းဆင်းဖြေရှင်းသဖြင့် အဆင်ပြေသွားကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ဖယ်ဖက်ခရိုင်မှ ထိုင်းတရုတ်အလုပ်ရှင် ဇနီးမောင်နှံသည် ထိုင်း-မြန်မာနယ်စပ်၊ တာ့(ခ်)ခရိုင်၊ မဲဆောက်မြို့ မယ်တောင်တိုက်ရပ်ကွက်ရှိ “နဂါးနှစ်ကောင်အထည်ချုပ်ရုံကို တည်ထောင်ပြီး ” ၄ လခန့်အကြာ၌ ယခုကဲ့သို့ အလုပ်သမားပြဿနာပေါ်ပေါက်ရခြင်းဖြစ်၏။ လုပ်အားခမရရှိသော အလုပ်သမား ၁၈ ဦးအနက်မှ ၆ ဦးအား အလုပ်ပြန်လည်ခန့်အပ်ပြီး ကျန်အလုပ်သမား ၁၂ ဦးအား အလုပ်မှ တစ်ခါတည်း ထုတ်ပယ်ကြောင်း ယမန်နေ့ကတည်းက ကြေညာခဲ့သည်။
(Photo-လုပ်အားခမရရှိသော အလုပ်သမားများ)
ထိုင်းအလုပ်သမားဝန်ကြီးဌာနတာ့(ခ်)ပြည်နယ်(ခရိုင်) အလုပ်သမားကြီးကြပ်ကာကွယ်ရေး (LPO/ဆ၀ါဒီကန်) နှင့်အတူ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ယနေ့ အောင်မြင်မှုကို ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။ နဂါး ၂ ကောင်စက်ရုံမှ အလုပ်သမား ၁၈ ဦးသည် ယခုလက်ငင်းလုပ်အားခထက် oက်ရရှိမည်ဖြစ်ပြီး လာမည့်မတ်လ ၂၁ရက်နေ့၌ ကျန်ရှိသော လုပ်အားခတစ်ဝက်ကို တာ့ခ်ပြည်နယ် (ခရိုင်) LPOရုံး၌ ထုတ်ယူရမည်ဖြစ်၏။
(Photo-ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း ကန်ဖယ်ဖက်ခရိုင်မှ ထိုင်းတရုတ်အလုပ်ရှင် ဇနီးမောင်နှံ/JACBA)
ယခုလုပ်အားခပြန်လည်ရရှိပြီး ပျော်ရွှင်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈ ဦးအနက် အမျိုးသမီး (၁၅) ဦးနှင့် အမျိုးသား (၃) ဦးပါဝင်သည်။

No comments:
Post a Comment