ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, March 12, 2013

>
-ပညာရေးဘတ်ဂျက်ကို ဘယ်လိုလူစားမျိုးတွေက မတိုးစေချင်တာလဲ-
ဒီမိုကရေစီစနစ်သို့ဦးတည်သော ပြုပြင်ပြောင်းလဲရေး စတင်သည့်အချိန်အခါကစ၍ ပထမဆုံးထွက် ပေါ်လာသည့်အသံနှင့် ယခုတိုင်မဆိတ်သေးသည့် တစ်ခုတည်းသောအသံမှာ ပညာရေးပြုပြင်ပြောင်း လဲရန်ဆိုသော အသံပင်ဖြစ်သည်။ မည်မျှအထိ ပြုပြင်ပြောင်းလဲပေးရန်ဆိုလျှင် Revoluation ဆိုသည့် အလုံးစုံပြုပြင်ဖို့အထိ။ ဘာကြောင့်များ တတ်သိပညာရှင်တွေ၊ ဒီမိုကရက်တစ်အင်အား ပညာရေးဆို တာကို အထူးအလေးဂရုပြုပြောနေရတာပါလဲ။ နိုင်ငံတစ်နိုင်ငံအတွက် ပညာရေးဆိုတာ အသက်ပင် ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ တိုင်းပြည်တစ်ပြည်အတွက် ပညာရေးတိုးတက်မှု ဆုတ်ယုတ်မှု အတိုး အလျော့မည်မျှအရေးပါသည်၊ အရေးကြီးသည်ဆိုတာကို ဥပမာပြရလျှင် နိုင်ငံတစ်နိုင်ငံသည် လူတစ် ယောက်ဆိုပါက ပညာရေးသည် ဦးနှောက် (ဝါ) အသိဉာဏ်ပင်ဖြစ်သည်။ ပညာရှင်အတော်များများက ဒီလိုမှတ်ယူထားကြသည်။ ထို့ကြောင့် တိုင်းပြည်၌ ပညာရေးဆုတ်ယုတ်ခြင်းသည် တိုင်းပြည်ဆုတ် ယုတ်ခြင်းပင်ဖြစ်သည်ဟု တိုင်းပြည်ကောင်းစေလိုသူတို့က ခံယူထားကြသည်။ လူတစ်ယောက်ဘယ်လောက်ပဲ အမွေအနှစ်ရရ၊ ဘယ်လောက်ပဲ ချမ်းသာချမ်းသာ အသိဉာဏ်မရှိ လျှင် ငယ်စဉ်ကတည်းက အရိုးစွဲအောင်သင်ရဖူးသည့် ကုဋေရှစ်ဆယ်သူဌေးသားဘဝ ရောက်သွားခဲ့ရ သလိုပင် နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ပဲသယံဇာတ ပေါကြွယ်ဝကြွယ်ဝ လူသားရင်းမြစ်၌ ပညာရေး အဆင့်အတန်း လူတကာနှင့် မယှဉ်နိုင်လျှင် (တကယ့် ပညာကိုဆိုလိုတာဖြစ်သည်။ ကျောင်းတွေ၊ တက္ကသိုလ်တွေ အများကြီးဖွင့်နိုင်တာ၊ မတတ်သည့်ဘွဲ့ရအရေအတွက် စက်ရုံကထုတ်သလို ပေါများ စွာထုတ်သလိုမျိုး ပညာတတ်ပေါတာမျိုးအား ဆိုလိုခြင်းမဟုတ်) ဘေးပတ်ဝန်းကျင်နိုင်ငံများ၏ ကုပ်သွေးစုပ်လို့ စုပ်မှန်းမသိ၊ ညချလို့ ညာချနေမှန်းမသိ ကိုယ့်ကို ပါးပါးလှီးအမြတ်ထုတ်နေတာကိုပင် ဂုဏ်ယူကျေးဇူးတင်သည့်အဖြစ်ထိ နုံအသည့်အဖြစ်မျိုး ရောက်နေမှာမလွဲပင်။ ဒါကတော့ လုံးဝသေချာ သည့် နိယာမတစ်ခုဖြစ်သည်။ ကျွန်တော် ယခင်က လုပ်ခဲ့ဖူးသော အစိုးရအလုပ်မှ အရာရှိကြီးတစ်ဦးက သူပင်စင်ယူပြီး အလုပ်မှ နားချိန်၊ မကောင်းတတ်၍ ဂါရဝတရားထားပြီး သွား၍ကန်တော့တော့ ထိုအရာရှိကြီး ကျွန်တော်တို့ကို သြဝါဒပေးတာက ရယ်စရာကြီး။ "မင်းတို့လည်း မိုးရွာတုန်းရေခံကြ၊ အများအကျိုးတွေ ဘာတွေတွေး မနေနဲ့၊ ကိုယ်ရှာနိုင်မှ ကိုယ်စားရတာ၊ အချင်းချင်းညီညီညွတ်ညွတ် ရှားစားကြတဲ့"၊ အဘယ်မျှ အသိ ဉာဏ်ယုတ်ညံ့လှသနည်း။ ဘယ်လိုလုပ် ဒီလိုနေရာကို ရလာသလဲဆိုတာ တွေးလို့ပင်မရ။ ကိုယ့်ဝန် ထမ်း၊ လက်အောက်ငယ်သား မဟုတ်တာ၊ မသင့်တာ လုပ်လျှင်တောင် တားရ၊ ဟန့်ရမယ့်ဟာ…ခုဟာ က မဟန့်တဲ့အပြင် မခိုး ခိုးရဲအောင်မြှောက်ပေး၊ တိုက်တွန်းပေးတာ။ ဒါဘာကိုပြနေသလဲဆိုတော့ စောစောက ကျွန်တော်ပြောခဲ့သလို အသိဉာဏ်မရှိတာ၊ ပညာတတ်စိတ်၊ ပညာရှင်စိတ်မရှိတာ၊ ကိုယ်ကျင့်တရားခေါင်းပါးလွန်းနေတာ။ တစ်နေ့က လမ်းထဲမှာ ကလေးတစ်ယောက် (ကလေးဆိုသော်လည်း ၁၆၊ ၁၇ အရွယ်ရှိပြီး ကိုယ့်ထက် အတတ်စုံသည်) က နှစ်လုံးထီဒိုင်ကိုင်ပြီး ကားဝယ်စီးနိုင်တာကို တစ်လမ်းလုံးက "ဒီကလေးတော် လိုက်တာ၊ ပညာဆက်မသင်ဘဲ ဒီလိုလုပ်ရဲတာ တော်တော်ဉာဏ်သွားတာပဲ။ မ….တို့များ မွေးရကျိုးနပ် လိုက်တာ" ဟု ချီးကျူးသံများညံနေသည်ကို ကြားလိုက်ရသည်။ အဲဒီကလေးနဲ့ပဲ သက်တူရွယ်တူ ကလေးဆယ်တန်းအောင်ပြီး ယခုနှစ်မှ ပြန်ဖွင့်မည့် R.I.T စက်မှုတက္ကသိုလ် ဝင်ခွင့်ရသွား၏။ ဒါကိုကျ တော့ ချီးကျူးစကားမဆိုသည့်အပြင် အမနာပ မိဘတွေတော့ နောက်ထပ် လေးငါးခြောက်နှစ် သူ့သား ကမြင်းဖို့ နွားလိုရုန်းလေဦးတော့" ဟု ကဲ့ရဲ့စကားဆို၏။ ကျွန်တော့်ရင်ထဲမကောင်းလှ။ ကျွန်တော်တို့ မြန်မာ့လူ့အဖွဲ့အစည်း ဘာတွေဖြစ်ကုန်ပြီနည်းဟု ကျွန်တော်ထပ်ဖန်တလဲလဲ တွေးမိသည်။ ဒီလိုဖြစ်ရ သည့်အကြောင်းတရားရင်းမြစ်ကို ရှာလိုက်တိုင်း တစ်ခုတည်းသော အဖြေကိုသာ။ ဒါကဘာလဲဆို တော့ ယခင်အစိုးရလုပ်ခဲ့သော ဆိုးမွေဖြစ်သည့် လာဘ်စားတာ၊ မဟုတ်တာနဲ့ ကြီးပွားတာကို ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို့ အသိအမှတ်ပြု လက်ခံလိုက်ခြင်း (ဝါ) ကျွန်တော်တို့ လူ့အဖွဲ့အစည်းတစ်ခုလုံး ကို ဘယ်လိုနည်းနဲ့ စီးပွားရှာရှာ စီးပွားဖြစ်ရင် အထင်တကြီး လက်ခံသည့်စိတ်ကို အခြေတကျဖြစ် အောင် ပုံသွင်းခံလိုက်ရခြင်းပင် ဖြစ်သည်။ အဘယ်မျှ ဆိုးဝါးလှသနည်း။
ဒါတွေ ဘာကြောင့်များ ဖြစ်လာရသနည်း။ ဘာကြောင့်များ ခိုင်ခိုင်မာမာ ဖြစ်ထွန်းလာရပါသနည်း ဆိုလျှင် ဘာမှမတတ်သည့်လူတွေက နိုင်ငံ၏နယ်ပယ်အသီးသီးတွင် ရာစုနှစ်ဝက်ကြာ တွင်ကျယ်လာ ခဲ့၍ဖြစ်သည်။ ဒိုမီနိုချပ်များထောင်ထားသလို တစ်ခုလဲတာနှင့် အကုန်လိုက်၍ လဲရသည့်အဖြစ်မျိုး ဖြစ်သွားခဲ့ရသည်။ ဘယ်ကစ၍ ပြိုလဲခဲ့သနည်း။ တိုင်းပြည်၏ ပညာရေးစနစ်ကစ၍ ပြိုလဲလာခဲ့ခြင်းက စခဲ့ခြင်းဖြစ်သည်။ ကျွန်တော် သူငယ်တန်းစတက်တော့ ၁၉၈၀ ပြည့်နှစ်။ အဲဒီတုန်းက ပညာရေးအခြေအနေ၊ သင်ကြား မှုနှင့် ကျောင်းတွင်းကျောင်းပြင် ပညာရေးအဝန်းအဝိုင်းများ၏ လှုပ်ရှားမှု၊ ပညာရေးအပေါ်မိဘ၊ ဆရာ များ၏ အလေးထားမှုက ယနေ့ခေတ်နှင့်အတော်ကြီးကွာဟ၏။ ဒီလိုပင် ၁၉၈၀ ထက် ၁၉၇၀၊ ၁၉၇၀ ထက် ၁၉၆၀၊ ၁၉၆၀ ထက် ၁၉၅၀။ တိုးတက်လာတာကို ဆိုလိုခြင်းမဟုတ်။ ဒီဘက်ခေတ်သို့ တိုးတိုး လာတိုင်း ပို၍ပို၍ ညံ့ဖျင်းလာ၊ စုတ်ပြတ်သပ်လာခြင်း ဖြစ်သည်။ သူငယ်တန်းကလေး အတန်းပိုင် ဆရာမထံ ကျူရှင်မတက်တာနဲ့ ရန်ငြိုးလုပ်ခံရတာတို့၊ အပတ်စဉ် တစ်ကနေသုံးအထိ ပုံမှန်ဝင်နေ သူက ဆုပေးတော့ ဆုမရခြင်း (သူ့ကျူရှင်ကလူတွေကို သားပေးခြင်းမျိုး) အထိ ကိုယ်ကျင့်တရားတွေ က ယိုယွင်းလာခဲ့ကြသည်။ ကလေးတစ်ယောက် စာတော်ခြင်း၊ ထူးချွန်သည်ဟု ချီးမြှောက်ခံရခြင်း စသည်တို့မှာ ထိုကလေးငယ်၏ ကြိုးစားအားထုတ်မှုအပေါ်တွင် လုံးဝမူမတည်တော့။ ထိုကလေးမိဘ ၏ ငွေသုံးနိုင်၊ မသုံးနိုင်ပေါ်တွင်သာ လုံးဝ လုံးလုံးလျားလျား မူတည်သွားခဲ့လေပြီ။ ဤမျှအထိ ပညာ ရေးဝန်ထမ်းများပေါ်တွင် ငွေကြေးအပေါ်မှီခိုနေမှုက ကြီးမားလာခဲ့၏။ မလျော်မကန်လုပ်ခြင်းက တစစ ကြီးထွားလာခဲ့သည်။ ထို့အတူ အစိုးရဝန်ထမ်းအားလုံး ပြည်သူကို သားကောင်လို မြင်လာကြခြင်းပင် ဖြစ်သည်။ ၁၉၉၀ နောက်ပိုင်း နှစ်တွေ၏ ပညာရေးကျဆင်းလာမှုက ယုံနိုင်ဖွယ်ပင် မရှိ။ မူလတန်းပညာရေးစနစ်၊ အလယ်တန်း ပညာရေးစနစ်၊ အထက်တန်းပညာရေးစနစ်တို့ ယိုယွင်းချိန် ယိုင်တိယိုင်တိုင်ရှိနေခဲ့သော တက္ကသိုလ်ပညာရေးစနစ်ကို ၉၆ ဒီဇင်ဘာ အရေးအရေးအခင်းအပြီး အရည်အချင်းမရှိသောစနစ်တွေ၊ လူတွေတည်မြဲဖို့အတွက် တက္ကသိုလ်တွေကို လယ်ကွင်းထဲ၊ ဇနပုဒ်တွေထဲ၊ တောကြီးမျက်မည်းထဲ ရွှေ့ပစ်ကြသဖြင့် ကျွန်တော်တို့မျိုးဆက်နဲ့ ပညာရေးစာသင်သားတွေအဖို့ ဘယ်ကပညာကိုသင်ပြီး ဘယ်လိုဂုဏ်ယူရမှန်းပင် မသိတော့။ သုံးနှစ်နဲ့ လျှပ်တစ်ပြတ်သင်ယူရသော အဝေးသင်ပညာရေးတို့၊ လင်ယူသားမွေး တက္ကသိုလ်ပညာရေး (ကျောင်းသွား ကျောင်းပြန်ကားပေါ်မှာ လေးနာရီကြာသဖြင့် ကျောင်းသူတွေနဲ့ ကားဒရိုင်ဘာတွေနဲ့ညား၊ စပယ်ယာတွေနဲ့ညား၊ ဆရာတွေနဲ့ညား၊ တက္ကသိုလ် ဝန်ထမ်းတွေနဲ့ညား၊ ကျောင်းသားတွေနဲ့ အခန်းလွတ်ထဲမှာ ဖြစ်ချင်တိုင်းဖြစ်ခွင့်ရသည့် ဖိုမသဘာဝ လက်တွေ့သင်ရသည့် လိင်ပညာရေးစနစ်သစ်) ကို နဖူးတွေ့ဒူးတွေ့ရလိုက်ကြတော့ မိဘတွေမှာ လည်း ဘုရားတနေရသည်။ ဘုရားတပညာရေးစနစ်တွေ။ ဒီလို ဒီလိုပညာရေးနှင့် လားလားမှ မဆိုင် သည့် တခြားသောအင်္ဂါရပ်တွေနဲ့ ဖျက်ဆီးခဲ့သဖြင့် မြန်မာ့လူ့အဖွဲ့အစည်းဝယ် ဘွဲ့ရဆိုတာ၊ ဆယ်တန်းအောင်ဆိုတာ ကားဒရိုင်ဘာလျှောက်ရင်တောင် အလုပ်ရဖို့သိပ်မလွယ်သည့် အဖြစ်ထိ ထိုးဆင်းသွားတော့သည်။ ဒီတော့ နိုင်ငံ့ခေါင်းဆောင်ငယ်ဆိုသူတွေ အသုံးမကျတာ၊ ဉာဏ်မရှိတာ ဘာများအပြစ်ပြောစရာရှိပါသလဲ။ ဒီလိုပညာရေးစနစ်က တက်လာခဲ့တာ။ ဘာများသိတတ်လာခဲ့လို့ ဒီနေရာရခဲ့ပါသလဲ။ တကယ်တော့ ဖားတတ်၊ နင်းတတ်၊ ရက်စက်တတ်၍သာ ရောက်ခဲ့၊ ရခဲ့ကြတာ။ ရပ်ထဲရွာထဲမှာလည်း တက္ကသိုလ်ဘွဲ့ရနဲ့ နှစ်လုံးထီ လက်ခွဲဒိုင်သမား၊ ဆယ်တန်းအောင်နဲ့ ကွမ်းယာ သည်၊ ဘွဲ့ရနဲ့ ကားဒရိုင်ဘာ၊ မဟာဘွဲ့ရနဲ့ ပြည့်တန်ဆာခေါင်း စတာ စတာတွေ ပခုံးချင်းယှဉ်တိုက် တော့သည်။ ရပ်ထဲရွာထဲ ပညာတတ်ဆိုလို့ အရင်ကလို တန်ဖိုးထားမဆက်ဆံကြ၊ နေရာမပေးကြ တော့။ သူတို့နေရာပေးလာကြတာက အကြောက်တရားအခြေခံ၍ အဖွဲ့အစည်းတစ်ခုကလာသော လူတွေကိုသာ။ အဲဒီကဆိုရင် ဘယ်သူပဲလာလာ ခေါင်းရင်းခန်းမှာ၊ ခေါင်းပေါ်မှာတင်ထားဖို့ ဝန်မလေး။ သူတို့ပြောသမျှအမှန်။ ဒါကြောင့် ယခုလိုတစ်တိုင်းပြည်လုံး ဖွတ်ဖွတ်ကြေနေရခြင်းပင် ဖြစ်သည်။ ပညာရေးဆိုင်ရာ ပညာရှင်တစ်ဦးနဲ့တွေကြုံမိစဉ် ယခုအခြေအနေကို ကျွန်တော်တီးခေါက်မိ၏။ ယနေ့ပညာရေးစနစ်ကို စနစ်တကျပြင်လျှင် လူမှုရေးစနစ်ကို ပြန်လည်၍ ပြင်ဆင်နိုင်မည်လား။ ဘယ် ရွေ့ဘယ်မျှ အချိန်ကာလကြာနိုင်မည်လဲ။ ဘာကစ၍ ပြုပြင်သင့်သလဲဆိုတာကို ရှေ့က ကျွန်တော် ပြောခဲ့သည့်အချက်တို့ကို ဖောက်၍ကျွန်တော်မေးမြန်းမိ၏။ (ပညာရှင်၏ အမည်ကိုတော့ မဖော်လိုပြီ။) ထိုပညာရှင်ပြောတာ မှတ်သားဖွယ်ကောင်း၏။ ထိုပညာရှင်က ကျွန်တော့်ကို မသက်မသာကြည့်၍ မင်းအသက်ဘယ်လောက်ရှိပြီလဲဟု ကျွန်တော့်ကို ပြန်မေး၏။ ကျွန်တော့်အသက် ၃၇ ဆိုတော့ မင်းလိုအရွယ် မင်းလိုပညာတတ်ဆိုတဲ့လူတောင် ပညာ ရေးစနစ်ဘာတွေဖြစ်နေတယ်။ ဘာတွေပြင်စရာရှိနေတယ်ဆိုတာ မသိနိုင်တဲ့အထိ ဉာဏ်ပညာမရှိရင် ငါတို့ပညာရေးစနစ် ဘယ်လောက်ထိပြင်ရတော့မလဲဆိုတာ စဉ်းစားကြည့်ပေတော့။ မင်းလိုအရွယ်က နိုင်ငံခြားမှာဆို ပရော်ဖက်ဆာတွေ၊ ပညာရှင်ကြီးတွေအဆင့်ထိ ရောက်နေပြီ" ဟု ထိုဆရာပြောတာ ကျွန်တော်မနာနိုင်ပါ။ အမှန်ပဲ ကျွန်တော်ကိုယ်တိုင် ကျွန်တော်တို့ မျိုးဆက်တစ်ခုစာ နှစ်ခုစာမျှ ညံ့ဖျင်း စုတ်ပြတ်ခဲ့ရပါလားဟု မကောင်းသောမင်းဆိုး မင်းညစ်နဲ့ တွေ့ကြုံရသည့် ကိုယ့်ဘဝကိုယ်ပဲ ကြေကွဲ ဝမ်းနည်းနေရသည့် အဖြစ်မျိုး။ ကျွန်တော့်အဖေက ယခင်တုန်းက ဆယ်တန်းအောင်ရုံသာ အောင်ခဲ့သည့်သူ။ ကျွန်တော်က ဘွဲ့သုံးခု လောက်ရထားသည့်လူ။ သို့သော် နိုင်ငံခြားသားတစ်ယောက်နှင့်တန်းတူ ယှဉ်တူအဖေက ပြောနိုင်ဆို နိုင်သည်။ တွေးခေါ်နိုင်သည်။ စာရွက်စာတမ်းပေါ်မှာ အဖေက အကယ်ဒမစ်မဖြစ် ကျွန်တော်က အကယ်ဒမစ်။ သို့သော် အပြင်ဘဝမှာ အဖေကတကယ့်ကို အကယ်ဒမစ်၊ ကျွန်တော်သင်ထား၊ ရထား ခဲ့သော ဘွဲ့တွေက တစ်ရာဖိုးသုံးရာဖိုးဆိုသော ကွမ်းယာလိုမျိုး အဆင့်သာသာ။ ဒါကြောင့်မို့ပဲ စိတ်ကောင်းရှိသော၊ တာဝန်သိသော၊ သမိုင်းကြောင်း ပြန်ပြောင်းရေးရဲသော၊ မျိုးဆက်တွေအပေါ် ကောင်းသောအမွေသာပေးလိုသော ယနေ့အစိုးရ တာဝန်ရှိပုဂ္ဂိုလ်အချို့နှင့် လွှတ်တော်လွှတ်ရပ်က လူကောင်းအချို့၊ ဒီမိုကရက်တစ်အင်အားစုတွေက ပညာရေးစနစ်ကို တကယ်လိုအပ်နေသည့် အနေအထားကိုပြန်ရောက်အောင် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့အားထုတ်နေကြခြင်း ဖြစ်သည်။ ပညာရေးဘတ်ဂျက်ကို တိုးပေးဖို့တောင်းနေကြခြင်းသာ ဖြစ်သည်။ တိုင်းပြည်၏ အသိဉာဏ်ဖွံ့ဖြိုးရန် ဝိုင်းဝန်းလုပ်ဆောင်ခွင့်ပြုပေးဖို့ တောင်းဆိုနေကြခြင်းသာ ဖြစ်သည်။ ဒါကို အချို့သောလူတွေက ဟိုဟာက အရေးကြီးသည်၊ ဒီဟာက အရေးကြီးသည်ဆိုပြီး ပညာရေး ဘတ်ဂျက် တိုးမြှင့်စေဖို့ ပညာရေးလုပ်ဆောင်မှုများကို ကန့်သတ်ဖို့ပြောနေ ကြိုးစားနေသည်ကတော့ ကိုယ့်တိုင်းပြည်တိုးတက်လာမှာ၊ လူတန်းစေ့တွေးခေါ်လာနိုင်မှာ တခြားတစ်ပါးသော တိုင်းပြည်တွေနဲ့ တန်းတူဖွံ့ဖြိုးတိုးတက်လာမှာကို မလိုလားလို့ပဲဟု ကျွန်တော်မှတ်ထင်သည်။ ဒါနဲ့များ ဒီလိုစိတ်နဲ့များ ဒီတိုင်းပြည်မှာ လာနေပါသလဲဟုသာ ပြောလိုက်ချင်တော့သည်။ ဒီလိုမျိုးဆို ကျွန်တော်တွေးမိနေသည် ကတော့ ဒီလိုလူတွေ၊ တိုင်းပြည်က ပြည်သူပြည်သားတွေ အသိဉာဏ်မဖွံ့ဖြိုးလေ သူတို့လုပ်ချင်ရာ လုပ် ဖြုန်းချင်သလိုဖြုန်း၊ လက်ညှိုးထိုးရောင်း စားချင်တာ ရောင်းစားလို့ရအောင် ရသည့်အခြေအနေ တစ်ခုကို လက်မလွှတ်နိုင်သည့်သဘောဟု ကျွန်တော်တွေးနေမိသည်။ ကျွန်တော့်အတွေး မှားနေ သည်ဟု ထင်ပါသလား။ အသင်စာဖတ်သူ တိုင်းပြည်နေရာကနေ ဝင်ခံစားကြည့်လျှင် ကျွန်တော်တို့ ပြည်သူတွေရဲ့ ခံပြင်မှုကို နားလည်နိုင်မည်ဖြစ်ပေသည်။ ကျွန်တော်တို့ ပညာရေးစနစ်ကို မာဆပ် သာသာ ပညာရေးစနစ် ဖြစ်စေချင်သလား။ သူတစ်ပါးအိမ်မှာ အိမ်ဖော်လောက် သွားလုပ်ဖို့သာသာ ပညာရေးစနစ်မျိုး ဖြစ်စေချင်သလား။ ဒါမှမဟုတ် သူတစ်ပါးနိုင်ငံမှာ ပညာရှင်အဖြစ် အိမ်ဦးခန်းတင် ထားရသည့် ပညာရေးစနစ်မျိုး ဖြစ်စေချင်သလား။ ဒါက ကျွန်တော်တို့ဆုံးဖြတ်၍ ရသည့်အလုပ်မျိုး မဟုတ်တော့။ နိုင်ငံကို ပါးစပ်နဲ့ချစ်ပြနေသောလူတွေ ဘယ်လိုဆုံးဖြတ်မည်လဲဆိုတာကို စောင့်ကြည့်၍ နေရတော့မည့် အချိန်ကာလပင် ဖြစ်သည်။ သူတို့တွေ ကျွန်တော်တို့ပြည်သူနဲ့ မျိုးဆက်သစ်တွေကို ဘယ်ဘဝကိုများ ရောက်စေချင်နေကြပါသလဲ။ 

Written by ဂျီအောင်ဘန်း 

LIVING COLOR MAGAZINE

 No.212, MARCH, 2013 

From-Zaw Htun

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)