>
လက်ထဲမှာ ကိုင်ထားတဲ့ Phone Screen ပေါ်က Call Ended ဆိုတဲ့ စာလေးကို ကြည့်ရင်း မျက်ရည်ဝဲလာ မိသည်။ စောစောတုန်းက စိတ်ကိုတင်းပြီး စကားပြောနေရသော်လည်း အသံက ဟန်မဆောင်နိုင်စွာ တုန်ခါနေမှန်း ကိုယ့်ကိုယ်ကိုယ် သတိထားမိသည်။ ဘာကြောင့် ခုချိန်ထိ ကျွန်မတို့နှစ်ယောက်ကြားမှာ နား လည်မှုက လွဲနေရသေးတာလဲ။ ဘာလို့ စကားပြောလိုက်တိုင်းမှာ အထစ်အငေါ့က တစ်ခုမဟုတ် တစ်ခု ရှိနေရတာလဲ။ အချိန်တွေ အကြာကြီး ခွဲနေကြရပြီးမှ တစ်ယောက်အသံ တစ်ယောက် ကြားရတဲ့ ခုလို မိနစ်ပိုင်းလောက် အချိန်ကလေးမှာတောင်မှ ကျွန်မတို့ ဘာလို့ စကားလုံးတိုင်းကို အမှား မခံနိုင် ဖြစ်နေကြ ရတာလဲ။ ဝမ်းနည်းစိတ်ကြောင့် ရင်ထဲမှာ တင်းကျပ်လာသည်။
+ + + + + + +
သည်နေ့မနက် ရုံးရောက်တော့ ထုံးစံအတိုင်း ကျွန်မရဲ့ အလုပ်စားပွဲကို သန့်ရှင်းရေးလုပ်နေစဉ် ဖုန်းမြည် လာသည်။ Screen ပေါ်က နံပါတ်ကို ကြည့်လိုက်တော့ 0061 နှင့်စသော Oversea call ဖြစ်နေ၍ ဝမ်းသာသွား သည်။ ထင်သည့်အတိုင်း "သူ" ဖြစ်နေသည်။ သူ့အသံကို ကြားလိုက်ရတဲ့ အခိုက်အတန့်ဟာ ကျွန်မ အတွက်တော့ အရာအားလုံးကို မေ့လျော့သွားစေခဲ့ပါသည်။ အလုပ်ချိန် ဖြစ်နေသောကြောင့် ညဘက်မှ ဖုန်း ပြန်ခေါ်မယ့်အကြောင်း ချိန်းဆိုပြီး ဖုန်းချလိုက်သည်။ ထိုနေ့တစ်နေ့လုံး ကျွန်မစိတ်တွင် အချိန် မြန်မြန် ကုန်ပါစေတော့လို့ ဆုတောင်းနေမိသည်။ လူကသာ အလုပ်လုပ်နေသော်လည်း သူများတွေ သတိထား မိလောက်အောင် မျက်နှာက ပျော်ရွှင်မှုကို ဖုံးဖိမရ ဖြစ်နေသည်။ သည်လိုနှင့် ကျွန်မ မျှော်လင့်နေသော ညနေ ရုံးဆင်းချိန် ရောက်လာပါသည်။ ရုံးက အပြန် ကားစီးလာရင်း ကားလမ်းတွေ ပိတ်နေသည့်အခါ စိတ်စောကာ ခါတိုင်းနေ့များထက် စိတ်မရှည်နိုင် ဖြစ်ရသေးသည်။ တော်ကြာ သူအကြာကြီး စောင့်နေရလို့ စိတ်ဆိုးသွားရင် ဒုက္ခ။
အိမ်ပြန်ရောက်သည်နှင့် ကမန်းကတန်း ရေမိုးချိုး ညစာစားပြီးသည်နှင့် ဖုန်းမှ အင်တာနက်လိုင်း ဖွင့်လိုက် သည်။ သူရောက်နေသည့် နိုင်ငံမှာ ကျွန်မတို့ဆီမှ အချိန်နှင့်ဆိုလျှင် တစ်နာရီခွဲမျှ စောသည်။ ထို့ကြောင့် ကျွန်မဘက်တွင် ညရှစ်နာရီမျှ ရှိသေးသော်လည်း သူ့ဘက်တွင်တော့ ညကိုးနာရီခွဲ ရှိနေပြီဖြစ်သည်။ ထိုနေ့ က အင်တာနက်လိုင်း ကောင်းနေသောကြောင့် စကားပြောရသည်မှာ အဆင်ပြေသည်။ လိုင်းကျသွား ရင်တော့ ကျွန်မတို့ စကားဖြင့် မပြောတော့ဘဲ မက်ဆေ့ခ်ျ အပြန်အလှန်ပို့ရင်း စကားပြောကြသည်။ အစ ပိုင်းတော့ တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် စကြ နောက်ကြနှင့် အလွမ်းသယ်ကြသည်။ နောက် စကားပြောနေရင်း ကျွန်မက သူပြန်လာတဲ့အခါ ကျွန်မတို့နှစ်ယောက် အိမ်ခွဲနေကြဖို့ တိုင်ပင်သည်။ လက်ရှိ မှာ ကျွန်မက သူ အလုပ်သွားလုပ်သည့်အခါတိုင်း ကိုယ့်အိမ်ကိုယ် ပြန်နေပြီး သူပြန်ရောက်လာမှ သူ့အိမ်တွင် လိုက်နေခြင်း ဖြစ်သည်။ သူက တစ်ဦးတည်းသော သားမို့ သူ့အိမ်တွင် လိုက်နေရခြင်းမှာ ကျွန်မအတွက် သိပ်တော့ အပန်းမကြီးပါ။ သို့သော်လည်း သူအလုပ်သွားလုပ်ချိန်မှာတော့ ကျွန်မက သူ့အိမ်မှာ မနေခဲ့ ချင်။ နောက်တစ်ခုမှာ သူ့အိမ်နှင့် ကျွန်မအိမ်မှာ လမ်းလျှောက်သွားလျှင် ၁ဝ မိနစ်မျှသာ ကြာသော အကွာ အဝေးတွင် ရှိသောကြောင့်လည်း ဖြစ်သည်။
ထိုအကြောင်းနှင့် ပတ်သက်ပြီး ပြောရင်းမှ သူနှင့်ကျွန်မ အယူအဆ လွဲတော့သည်။ သူက ကျွန်မကို အိမ်မှာ တစ်ယောက်တည်း ထားခဲ့ရန် ဘယ်လိုမှ စိတ်မချ။ သူက သူရှိနေတဲ့အချိန်ဆို အကြောင်းမဟုတ်သော်လည်း သူအလုပ်သွားလုပ်သည့် အချိန်တွင်တော့ အိမ်တွင် ကျွန်မတစ်ယောက်တည်း ကျန်ခဲ့မည်ကို စိတ်ပူသည်။ ကျွန်မအတွေးကျတော့ တစ်မျိုး။ အခုလို ကျွန်မတို့နှစ်ယောက် လွတ်လွတ်လပ်လပ်ရှိတုန်း ဟိုဘက်အိမ် သည်ဘက်အိမ် တစ်လှည့်စီ နေသည်က အကြောင်းမဟုတ်သော်လည်း မိသားစုဘဝ ဖြစ်လာသည့်အခါ တွင်တော့ ဟိုဘက်အိမ် သည်ဘက်အိမ် သွားလိုက်ပြန်လိုက်နှင့် အလုပ်မရှုပ်ချင်၊ ကိုယ့်မိသားစုလေးနှင့် ကိုယ် အေးချမ်းစွာ အတည်တကျ နေလိုသည်။ သည်မှာတင် သူနှင့်ကျွန်မ ကတောက်ကဆ ဖြစ်တော့သည်။
ထုံးစံအတိုင်း သူကလည်း သူ့သဘောထားကိုသာ လိုက်နာစေချင်သည်။ ကျွန်မကလည်း ကိုယ်က မှန်တယ် ထင်လျှင် အလျှော့မပေးဘဲ ခေါင်းမာတတ်သူမို့ နှစ်ယောက်သား စကားနိုင်လုကြသည်။ နောက် ဆုံးတော့ နှစ်ယောက်စလုံးက မာနလေးတွေ ကိုယ်စီနှင့် စကား ဆက်မပြောကြတော့။ လက်ထဲက ဖုန်း Screen ကို ကြည့်ပြီး သူ့ဘက်က ဘာများ ပြောလာမလဲလို့ တိတ်တခိုး စောင့်မျှော်မိသည်။
သူလည်း ကျွန်မ လိုပင် ဖြစ်နေမည်ကို ကျွန်မ သိနေသည်။ ဒါပေမယ့် ကျွန်မတို့ရဲ့ မာနတွေက တစ်ယောက်ကို တစ်ယောက် က အလျှော့ပေးလိုက်ဖို့ကို တားဆီးနေသည်။ နောက်တော့ သူက ဓာတ်ပုံလေးတစ်ပုံ ပို့လိုက်သည်။ ကြည့် လိုက်တော့ ချစ်စဖွယ် ကလေးမငယ်လေးပုံ။ ကျွန်မ ကလေးချစ်တတ်မှန်းသိ၍ ချော့သည့်အနေနှင့် ပို့ လိုက်ခြင်းဖြစ်ကြောင်း သိသာသည်။ သို့သော်လည်း ကျွန်မက သူ့ကို အနည်းငယ် ရစ်ချင်၊ ရန်စချင်နေတဲ့ အချိန်မို့ -
"ကလေးပုံလေးက ချစ်ဖို့တော့ ကောင်းပါတယ်၊ ဒါပေမယ့် သူ့အဖေနဲ့ တူလို့ထင်တယ်၊ နှုတ်ခမ်းကို ထော်နေ တာပဲ" လို့ ရေးလိုက်တော့ သူက -
"နှုတ်ခမ်းထော်တာကမှ ချစ်စရာကောင်းသေးတယ်၊ သူ့အမေလို ကောက်တေးမဖြစ်ရင် ပြီးရော" ဆိုပြီး ချေပ တယ်။ ကျွန်မက -
"ဘာမှ ကောက်တေး မဟုတ်ဘူး နော်၊ သူ့အဖေလို ပေကတ်ကတ်နဲ့ ဂျစ်တိဂျစ်ကန် မဖြစ်ဖို့သာ လိုတာ"
ကျွန်မ အဲဒီလို စကားနိုင်လု ပြောတော့ သူက ဘာမှ ထပ်မပြောတော့ဘဲ ဓာတ်ပုံလေးတစ်ပုံ ထပ်ပို့လိုက်ပါ တယ်။ အဲဒီပုံလေးက သူနှင့်ကျွန်မ ချစ်သူဘဝက ရိုက်ထားတဲ့ Sticker ပုံလေး။ ထိုပုံလေးက သူ့ပိုက်ဆံအိတ် ထဲမှာ အမြဲ ထည့်ထားနေကျ ပုံလေးဖြစ်သည်။ နှစ်ယောက်သားရဲ့မျက်နှာမှာ အပြုံးကိုယ်စီနှင့်။ ကျွန်မက -
"အဲဒီတုန်းကတော့ ဘဝဆိုတာ ဘာမှန်း မသိသေးတဲ့ အချိန်ပေါ့"
လို့ စာရေးပြီး သူ့ကို ရန်စ,လိုက်တော့ သူက -
"ခုတော့ ဘဝဆိုတာ ဘာမှန်း သိသွားပြီပေါ့"
ဆိုပြီး ညစ်ကျယ်ကျယ် ပြန်ရေးတယ်။ ဒါနဲ့ ကျွန်မက -
"ဟုတ်တယ်၊ ခုတော့ သိသွားပြီလေ၊ ကိုယ့်ယောက်ျားက အရမ်းချစ်တယ်ဆိုပြီး သွေးနားထင် ရောက်နေတာ၊ ခုမှ အဲဒီအထင် မှားမှန်း သိရတယ်၊ အရာရာကို သူ့သဘောကျအတိုင်းပဲ ဖြစ်စေချင်နေတာကိုး"
"မင်းကွာ၊ အဓိပ္ပာယ် မရှိတာ၊ မင်းကို အလိုမလိုက်တာနဲ့ပဲ လျှောက်ပြောနေတယ်၊ အရူးမ"
"ဟုတ်နေတာပဲကို"
"တော်ပြီကွာ၊ မင်းနဲ့ ဆက်ပြီး မပြောချင်တော့ဘူး၊ မင်းလဲ အိပ်တော့"
သူက အဲဒီလို စာတိုလေးပို့ပြီး မကြာခင် Good Night! ဆိုတဲ့ ရုပ်ပြောင်ကာတွန်းလေးတစ်ခု ပို့လိုက်တယ်။ အဲဒီနောက် ကျွန်မ ထပ်ပို့တဲ့ စာတိုလေးတွေ၊ ရုပ်ပြောင်လေးတွေကို စာမပြန်သလို ကျွန်မ ဖုန်းခေါ်တော့ လည်း သူ့ဘက်က ဖုန်းမကိုင်တော့ပါဘူး။ အချိန်က ည ၁၁း ၃ဝ ရှိနေပြီမို့ သူ့ဘက်တွင် ည ၁ နာရီ ထိုးနေပြီဖြစ်သည်။ ထို့ကြောင့် ကျွန်မ ဘာမှ ဆက်မပြောတော့ဘဲ အင်တာနက်လိုင်း ပိတ်လိုက်တော့သည်။ အိပ်လို့ကတော့ ဘယ်လိုမှ မပျော်။
နောက်တစ်နေ့မနက် အိပ်ရာနိုးတော့ လူက ခေါင်းတွေအုံပြီး စိတ်မကြည်မလင် ဖြစ်နေသည်။ မနေ့က သူ ဘာလို့ စကားပြန်မပြောတော့တာလဲ၊ တကယ်ပဲ သူအိပ်ချင်လို့ စကားဖြတ်လိုက်တာလား၊ ဘာပဲပြောပြော ကိုယ်ချစ်လို့ ယူထားတဲ့ ချစ်သူတစ်ယောက်ဖြစ်ပြီး ခုလို ကိုယ့်ကို တုံးတိတိ စကားစ ဖြတ်လိုက်တာကို စိတ်ထဲမှာ ဘဝင်မကျခြင်းက တစ်ဖက်၊ မခံချင်စိတ်က တစ်ဖက် ခံစားနေရသည်။ ကျွန်မကို အရေးအရာ မထားဘူးဆိုတဲ့ သဘောမျိုး လုပ်တာလား၊ ဘာဖြစ်လို့ စကားတောင် ပြန်မပြောနိုင်ရတာလဲ။ ကျွန်မ ပြောတဲ့ စကားထဲမှာ သူစိတ်ဆိုးစရာ ဘာများ ပါသွားလို့လဲလို့ တွေးမိရင်းက အိပ်ရာဘေးမှ ဖုန်းကို လှမ်းယူပြီး မနေ့က သူနှင့် အပြန်အလှန် ပို့ခဲ့ကြသော မက်ဆေ့ခ်ျများကို ပြန်ဖတ်ဖို့ ဖုန်းမှ အင်တာနက်ကို ဖွင့်လိုက် သည်။ မထင်မှတ်ဘဲ ကျွန်မ တွေ့လိုက်ရတာက သူ့ဆီက မက်ဆေ့ခ်ျအသစ် လေးငါးစောင်။ စိတ်လှုပ် ရှားခြင်း တစ်ဝက်၊ သိချင်စိတ်တစ်ဝက်နှင့် သူ့မက်ဆေ့ခ်ျများကို တစ်စောင်ချင်း ဖတ်ကြည့်လိုက်သည်။
"အိပ်တော့လေ၊ တော်ကြာ အိပ်ရေးပျက်ရင် သွေးပေါင်ကျတယ် ဖြစ်ဦးမယ်"
"ပြောစကားလည်း တစ်ခွန်းမှ နားမထောင်ဘူး၊ ပြောပြန်ရင်လည်း စိတ်က ကောက်သေး တယ်၊ ကောက်တေးမလေး၊ ပြောတော့ မအိပ်ချင်သေးဘူးဆိုပြီး အခုတော့ Good Night! တဲ့"
"လိုင်းမကောင်းတော့ဘူးကွ၊ ပို့ထားတဲ့ မက်ဆေ့ခ်ျက အကြာကြီးနေမှ ထွက်သွားတယ်"
"အခု ကိုယ်တို့သင်္ဘောလည်း ထွက်နေပြီ၊ ကျန်းမာရေး ဂရုစိုက်၊ အရမ်းချစ်တယ်နော်၊ Bye Bye!"
သူပို့ထားတဲ့ မက်ဆေ့ခ်ျများကို ဖတ်ရင်း ပျော်ရွှင်ကြည်နူးမှုကြောင့် မျက်ရည်ဝဲမိသည်။ ကျွန်မက သူ့ကို စိတ် ဆိုး စိတ်ကောက်ပြီး သူနှင့် အဆက်အသွယ်ရလို့ ဖုန်းချခါနီးတိုင်း ပို့နေကျ "ကျန်းမာရေး ဂရုစိုက်၊ အရမ်း ချစ်တယ်နော်" ဆိုတဲ့ စာတိုကလေးကို မပို့ခဲ့သော်လည်း သူကတော့ ကျွန်မနှင့် စိတ်အခန့်မသင့် ဖြစ်တဲ့ အချိန်၊ ခရီးဝေးကွာလွန်းလို့ လေးလံ နှေးကွေးသွားပေမယ့် Connection ရနေတုန်း အချိန်လေးမှာတောင် သတိတရနှင့် အပြန်အလှန် ပို့မြဲ နှုတ်ဆက်စာတိုလေးကို ပို့ပေးခဲ့သည်။
သူပို့လိုက်တဲ့ မက်ဆေ့ခ်ျလေးများ ကို ထပ်တလဲလဲ ဖတ်ရင်း ကျွန်မ နောင်တရနေမိသည်။
တကယ်တော့ ကျွန်မတို့နှစ်ယောက်လုံးမှာ တစ်ယောက်ကို တစ်ယောက် ဂရုစိုက်ပြီး ညီတူညီမျှ ချစ်ခင် ကြသော်လည်း နှစ်ဦးနှစ်ဖက် အမြင်မတူသည့် အခါတိုင်းမှာ ရင်ထဲက သံယောဇဉ်တွေကို ကွယ်ဝှက်ပြီး မာနလေးတွေ ကိုယ်စီနှင့် စကားအနိုင်လုပ် ပြောခဲ့ကြသည်။ သူကလည်း အိမ်ထောင်ဦးစီးဖြစ်သည့် သူ့ ဆုံးဖြတ်ချက်ကိုသာ ကျွန်မက လိုက်နာစေချင်သလို ကျွန်မကလည်း ကျွန်မသဘောထားကို သူက နား လည်မှုနှင့် လိုက်လျောပေးစေချင်ခဲ့သည်။ ဆိုရလျှင်တော့ ကျွန်မတို့နှစ်ယောက်သည် ကိုယ့်ချစ်သူ စိတ် ချမ်းသာဖို့ထက် ကိုယ့်ဆန္ဒ၊ ကိုယ့်ခံစားချက်များကိုသာ ရှေ့တန်းတင်ခဲ့ကြသည်။ ဘယ်လို ဖြစ်သင့်သည် ဆိုသည်ကို နှစ်ယောက်စလုံး သိသော်လည်း အချင်းချင်း ယခုထက်ပိုပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်မှု အားနည်းခဲ့ကြသည်။
အခုတော့ ကျွန်မ ဆုံးဖြတ်လိုက်ပါပြီ။ ကိုယ်လိုချင်တာတစ်ခုကို ရယူလိုမှု လောဘတွေနှင့် အတင်းကာရော ကြိုးစားနေသမျှ ဘယ်လိုမှ ရနိုင်မည် မဟုတ်မှန်း လက်တွေ့ သိခဲ့ရပြီ။ လူ့သဘာဝအရ မရနိုင်လေ၊ လို ချင်လေ၊ ကြိုးစားလေ၊ ကိုယ်ပဲ စိတ်ပင်ပန်း ဆင်းရဲလေ ဖြစ်ရသည်ကိုလည်း ငြီးငွေ့လှပြီ။ ထို့ကြောင့် သူက ဦးဆောင်၍ လျှောက်လှမ်းသွားမည်ဆိုသည့် လမ်းတိုင်းကို သူ့နောက်က အေးငြိမ်းသက်သာစွာ အစဉ် တစိုက် လိုက်ပါတော့မည်။ နှစ်ယောက်အတူ လျှောက်လှမ်းရမည့် ဘဝခရီးလမ်းရှည်ကြီးမှာ ဘေးချင်းယှဉ်၍ အတူဖေးမ လျှောက်လှမ်းနိုင်ခွင့် မရခဲ့လျှင်လည်း သူ့လက်ကိုတွဲလို့ နောက်တော်ပါးမှ နောက်လိုက်ကောင်း တစ်ယောက်အဖြစ် တစ်ဖဝါးမှ မခွာ အသာတကြည် လိုက်နိုင်ဖို့သာ ကြိုးစားပါတော့မည်။
ဖတ်ဖူးသည့် စာစုတစ်ခုတွင် ပါရှိသည့်အတိုင်း "အမျိုးသားတွေဟာ သူတို့ကို အားကိုးအားထားပြုတဲ့ အိမ်ထောင်ဖက်မျိုးကိုသာ အလိုရှိတတ်ကြပြီး လိမ္မာပါးနပ်သည့် အမျိုးသမီးများသည် တစ်ခါတစ်ရံ မိမိကိုယ် ကိုယ် တုံးအ,တတ်ဖို့ လိုသည်" ဆိုခြင်းကို အခုတော့ ကျွန်မ သိလိုက်ပါပြီ။
ကျွန်မရဲ့အသိ အချိန်မနှောင်းသေးဘူး ထင်ပါရဲ့နော်... ..... .....။
Posted by မြဝတီဇော်

Thursday, April 11, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment