ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, April 11, 2013

-အိမ်ခြေယာမဲ့တို့၏ မြေအောက်မြို့တော်တစ်ခုကို ရှာဖွေတွေ့ရှိခြင်း-

>
အမေရိကန်နိုင်ငံ၊ မစ်ဆိုရီပြည်နယ်၊ ကန်ဆတ်မြို့တော်အနီးမှာ ရဲတွေဟာ အိမ်ခြေယာမဲ့တွေ နေထိုင်လျက်ရှိတဲ့ မြေအောက်ရပ်ကွက်ငယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နေထိုင်နေကြတဲ့ အိမ်ခြေယာမဲ့တွေဟာ အရေအတွက် အတိုင်းအတာတစ်ခုအထိ ရှိမယ်လို့လဲ ယူဆကြပါတယ်။ အချိန်ဘယ်လောက်ယူပြီး တူးဖော်တည်ဆောက်ထားမှန်း မသိရတဲ့ သည် လှိုဏ်ခေါင်းတွေနဲ့ လှိုဏ်ဂူတွေပါတဲ့ ကွန်ရက်ဟာ မြေအောက်ရဲ့ ၂၀ သို့မဟုတ် ၂၅ပေ အနက်လောက်ထိ နက်ပါတယ်။ လိုဏ်ဂူငယ်လေးတွေကို အိပ်ယာပါဝင်တဲ့ အခန်းငယ်များအဖြစ် ဖွဲ့စည်းထားပြီး အလင်းရောင်အတွက် ဖယောင်းတိုင်တွေ သုံးထားတဲ့ ခြေရာလက်ရာတွေလဲ တွေ့ရပါတယ်။
 အနီးအနားတ၀ိုက်မှာ မရှိရှိတာနဲ့ တည်ဆောက်ထားတဲ့ တဲသဏ္ဍာန် အရာများကိုလည်း မြေပြင်ထက် ထိုးထိုးထောင်ထောင် တွေ့ရှိရတာကြောင့် မနည်းလှတဲ့ အိမ်ခြေယာမဲ့တွေ နေထိုင်ကြတာဖြစ်တယ်လို့လဲ ယူဆကြပါတယ်။ ရဲတွေ ရှာတွေ့တဲ့အချိန်မှာ သည်မြေအောက်ရပ်ကွက်လေးနဲ့ မြေပေါ်တဲလေးတွေမှာ နေထိုင်သူ တစ်ဦးတစ်ယောက်မျှ မတွေ့ရပေမယ့် ရဲအရာရှိတစ်ဦးကတော့ သည်နေရာဟာ အိမ်ခြေယာမဲ့တွေ နေထိုင်လျက်ရှိကြတဲ့ နေရာဖြစ်ပြီး အနည်းဆုံး မနေ့ကအထိ နေထိုင်ခဲ့ကြကြောင်း အာမခံပါတယ်လို့ ဆိုပါတယ်။

သည်မြေအောက်မြို့တော်ကလေးရဲ့ ၀င်လမ်း၊ ထွက်လမ်းတချို့ဟာ ဖုံးအုပ်ကွယ်ဖျောက်ထားတာ တွေ့ရပါတယ်။ တကယ်တော့ ရဲတွေဟာ သည်မြေအောက်မြို့တော်လေးကို တမင်ရှာဖွေခဲ့တာ မဟုတ်ဘဲ အနီးအနားမှာ ရှိတဲ့ စက်မှုဧရိယာမှ ကြေးနီပျောက်ဆုံးမှုတွေအတွက် သူခိုးတွေ လိုက်ရှာရင်း တွေ့ခဲ့ရတာဖြစ်ပါတယ်။ 

နောက်တော့ သူတို့ဟာ တရားရုံးတော်အမိန့်နဲ့ သည်နေရာမှာ နေထိုင်ခြင်းမပြုနိုင်အောင် ပြုလုပ်ဖို့ ပြန်ရောက်လာခဲ့ကြပါတယ်။ ဘူဒိုဇာတွေ အသုံးပြုကာ တဲသဏ္ဍာန်အရာတွေကို ဖျက်ဆီးပြီး အပျက်အဆီးအစုအပုံတွေနဲ့ မြေအောက်လှိုဏ်တွေကို ဖို့ပစ်လိုက်ကြပါတယ်။

ရဲအရာရှိတစ်ဦးကတော့ စုတ်ပြတ်ညစ်ညမ်းနေတဲ့ ပတ်ဝန်းကျင်အနေအထားဟာ လူတွေ နေထိုင်ဖို့ မသင့်တော်လို့ ဖျက်ဆီးရပါတယ်လို့ ဆိုပါတယ်၊ ဒါ့အပြင် သည်နေရာမှာ နေထိုင်သူတွေဟာ ကလေးတွေ ရှိပြီး ကလေးအနှီးအချို့ကိုလဲ တွေ့ရတယ်လို့ ဆိုပါတယ်။ နောက် သောကြာနေ့မှာ ရဲတွေဟာ အိမ်ခြေယာမဲ့တွေကို ကူညီဖို့ ဖွဲ့စည်းထားတဲ့ Hope Faith Ministries နဲ့အတူ အိမ်ခြေယာမဲ့တွေရဲ့ အခြေချစခန်းကို ပြန်ရောက်လာတဲ့အချိန်မှာတော့ ရောက်ရှိနေထိုင်လျက်ရှိတဲ့ အိမ်ခြေယာမဲ့ လေးဦးကို တွေ့ရှိခဲ့ကြပါတယ်။ ဒါပေမယ့် သည်မြေအောက်မြို့တော်ကို ဘယ်အချိန်မှာ တည်ဆောက်ခဲ့ကြတယ်ဆိုတာနဲ့ နေထိုင်ခဲ့ကြတဲ့ အိမ်ခြေယာမဲ့ အရေအတွက်ကိုတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ကြရပါဘူး။ နေထိုင်ကြတဲ့ အိမ်ခြေယာမဲ့တွေဟာ ဒီနယ်မြေထဲက ကြေးနီသူခိုးတွေနဲ့ ဆက်စပ်မှုရှိနိုင်တယ်လို့တော့ သံသယရှိကြရပါတယ်။ Hope Faith Ministries ကတော့ တွေ့ရှိခဲ့တဲ့ အိမ်ခြေယာမဲ့လေးယောက်ကို ထောက်ပံ့မှုအစီအစဉ်တွေ ကမ်းလှမ်းခဲ့ပြီး သုံးယောက်ကတော့ လက်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒီကနေ့ခေတ်ကာလကြီးမှာ လူတွေဟာ ရှင်သန်နေထိုင်မှုအတွက် မြေအောက်ထဲ ဆင်းပြီး စီမံဖန်တီးနေကြရတာကတော့ စိတ်မကောင်းဖွယ်ရာပဲ ဖြစ်ပါတယ်ခင်ဗျာ။ 

မူရင်းလင့်ခ် http://realestate.aol.com/blog/on/http:/realestate.aol.com/blog/on/underground-city-homeless-kansas-city/#photoID-5800101 ကို ကျွန်တော် ဘာသာပြန်ပါတယ်။ 

ကျွန်တော် မင်းအရိပ်ပါ :P 

Posted by မင်းအရိပ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)