ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 22, 2013

-ပြန်လာခဲ့ပြီ … ထိုင်းနိုင်ငံဆီ-

>
ဇာတိရပ်ရွာ (မွေးရပ်မြေ) သို့ သင်္ကြန်ကာလအတွင်း ရက်ပိုင်းအိမ်ပြန်ခဲ့ကြသောထိုင်း နိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတို့သည် အနှီသီချင်းကိုဟစ်အော်သီဆိုကာ ထိုင်းနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြပြီထင်ပါသည်။

 ♪♫“ပြန်လာခဲ့ပြီ ♪♫မဲဆောက်မြေဆီ ♪♫(ထိုင်းနိုင်ငံဆီ) ♪♫ထိုင်းနိုင်ငံဆီ ♪♫ပိတ်ရက်ရ♪♫ ခဏကလေး ♪♫အပြေးသွား ခဲ့သည် ♪♫♪♫(မွေးရပ်မြေဆီ) ♪♫(မွေးရပ်မြေဆီ)

♪♫အခုတော့ ပိတ်ရက်စေ့လို့ ♪♫အပြေးကလေး ♪♫အရောက်ပြန်လာပါပြီ♪♫”

အခါတော်သင်္ကြန်ကာလအတွင်း၌ ပိတ်ရက်ဆိုသည်က တစ်ဦးနှင့်တစ်ဦး၊ လုပ်ငန်းခွင်တစ်ခု နှင့်တစ်ခု မတူကြပါ။ ၃ ရက်၊ ၅ ရက်၊ ၇ ရက်၊ ၁၀ရက်၊ ၁၅ရက် စသည်ြဖင့် လုပ်ငန်းခွင် တာဝန်ရှိသူမှ စီစဉ်ပေးသော လစာမဲ့ပိတ်ရက်ဖြင့် မိဘရပ်ထံ ဆွေမျိုးများထံပြန်ကြ ခြင်းဖြစ်သည်။ အလွမ်းသည်လို့မှ မ၀သေးခင် ပိတ်ရက်စေ့သဖြင့် အချိန်မီပြန်လည်ရောက်ရှိအောင် မာရသွန်လာ၊ မာရသွန်ပြန်ကြရပါသည်။ ထိုင်းနိုင်ငံမှ မာရသွန်ရောက်လာသော ရွှေ့ပြောင်းမိုးယုစံနှင့် ရွှေ့ပြောင်းဟိန်းဝေယံတို့ သည် မွန်ပြည်နယ်တနေရာ၌ ဤသို့ဤပုံဆုံတွေ့ကြလေသတတ်။

 (မိုးယုစံ) “ဟဲ့ကောင်… ဟိန်းဝေယံ နင်ဘယ်တုန်းကရောက်သလဲ၊ လာပါဦးဟ”

(ဟိန်းဝေယံ )“အခုလေးတင်ပဲ မိုးယုစံရေ။ ထိုင်းရောက်မှ ဖုန်းဆက်မယ်ဟာ။ လောလာဆယ် ငါ့ရည်းစား “ပွင့်” ဆီကို အမြန်ပြေးလိုက်ဦးမယ်”
 (မိုးယုစံ) “ကြွ…ကြွ၊ မြန်မြန်ကြွ …ငါလည်းပဲ ငါ့ကို ဒဲ့ပိုး၊ ပိုးနေတဲ့ ဗေလုဝဆီကို ယွန်းတော့မဟေ့”

အဲသည်လို မိမိတို့နယ်သား၊ ရပ်သားအချင်းချင်း (တစ်မြို့ထဲ၊ တစ်ရွာထဲသားအချင်းချင်း) ချစ်ခင်ကြပါလျက်နှင့် မကြင်နာနိုင်ကြသည်မှာ အချိန်ရထားကြီး အလျင်အမြန်ခုတ်မောင်းမှာစိုး သည်ကတစ်မျိုး (ဂျပန်ပြည်က ကျည်ဆံရထားတွေလိုပေါ့ဗျာ) ရလာသည့် အချိန်ခဏငယ်လေးကို ဖဲ့ပေးရမည်ကို သေမလောက်ကြောက်ရသည်က တစ်နည်းဖြင့် “အင့်..အင်..အင်း” သက်ပြင်းများ၊ သက်မများချကြရသည်ထင့်။

 ဟော…ဟိုဘက်ကရင်ပြည်နယ်ထဲက လုလင်နှင့်လုံမတွေကလည်း သို့ဂလို ပလို့ ဂျိကြပါသေးသည်။ ကြည့်ပါပရိသတ်။ ရွှေ့ပြောင်းစိုင်းစိုင်းခမ်းလှိုင်နှင့် ရွှေ့ပြောင်းဝိုင်းစုခိုင်သိန်းတို့ ကရင်ပြည်နယ်ထဲက ရွာတစ်ရွာမှာ အခုလိုဆုံတွေ့ကြပါသတတ်။

(စိုင်းစိုင်းခမ်းလှိုင်) “ဟေ့… ၀ိုင်းစု အခုချက်ချင်းကောင်မလေးတွေကို ၀ိုင်းစုလိုက်ဟာ ။

ဖဲလိုက်ရိုက်ကြဟာ(အဲလေ) ငါ… အလှူတစ်ခုလုပ်ချင်လို့ပါဟ…”

 (၀ိုင်းစုခိုင်သိန်း) “တေဂျင်းဇိုး… ဇိုင်းဇိုင်း၊ နင်ကများအလှူလုပ်ဦးမလေး ဘာလေးနဲ့။
 မိန်းကလေးတွေချည်း ငါ့ကိုစုခိုင်းတာဘာလုပ်မလို့လဲ။ နင့်အသုဘကိုကြိုပြီး ပဋ္ဌာန်းရွတ်ခိုင်းမလို့လား၊ အမျှဝေခိုင်းမလို့လား တေနာရဲ့”

 (စိုင်းစိုင်းခမ်းလှိုင်) “အဟဲ… စိတ်မဆိုးပါနဲ့ဟာ၊ နင်တို့မိန်းကလေးတွေကို ငါ့ရဲ့အင်မတန်ကြွယ်ဝလှတဲ့ နှစ်လုံးပြူး (အဲလေ) နှလုံးသားဟစ်ကြွေးသံတွေကို ကြားချင်သပနဲ့ နားဆင်သစေချင်လို့ပါကွယ်၊ ငှဲ ငှဲ ငှဲ ငှဲ”

ထိုနည်းလည်းကောင်း၊ ဤနည်းလည်းကောင်းဖြင့် အတာသင်္ကြန်ကာလအတွင်း ခဏတာရရှိသော ရက်ပိုင်းပိတ်ရက်လေး၌ မတွေ့ရတာ ကြာပြီဖြစ်သော မိဘဆွေမျိုးများ၊ မဆုံရတာ ကြာပြီဖြစ်သော ရပ်ဓလေ့၊ ရွာဓလေ့ ယဉ်ကျေးမှုပွဲလမ်းသဘင်များနှင့် အခြားခြားသော နှလုံးသားရေးရာရွှေပေလွှာတွင် အချစ်အတွက်အက္ခရာတင်ကြရမည့် အကြောင်းအရာရာအစုံစုံတို့သည် ပြောမကုန်၊ ရေးမကုန်၊ တွေးမကုန်၊ ဆွေးမကုန် ကြပါလေသတည်း။

(အလို…သူတို့ထိုင်းနိုင်ငံဆီ ပြန်လာကြပါလား ဟရို့ ။)

**ဆန်တာကလော့ခ် (ခေတ္တ-အင်္ဂပူ) **

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)