လအရိပ်ကို ထိလို့မရခဲ့ဘူး
နှစ်ဦးသားကြားမှာ
အမှောင်က တိုးမပေါက်အောင်ထူတယ်..။
မြို့ပျက်တစ်ခု ပြင်ယူရတာမဟုတ်ဘူး
တူနှစ်ကိုယ်အိပ်မက်က ပြိုတစ်ဝက်.
လဲတစ်ဝက် အခါများစွာစိုက်တဲ့ ဆူးမှာ
ပင်စည်ကိုယ်တိုင် အနာတရနဲ့
အားယူပြီး ပွင့်ပြနေရတာ..။
ကိုယ့်အသားကို ထွင်းထုပြီးပဲ
အိပ်မက်တွေကို စင်းလုံးချော ယူလိုက်ပါ
ဘေးကင်းတဲ့ အဆောင်မဟုတ်ပေမယ့်
နင် မန်းမှုတ်ခဲ့သမျှ ဂါထာတွေကြောင့်
ညဘက်တွေမှာ မိုးရွာပါလိမ့်မယ်
အနည်းဆုံးတော့ အေးချမ်းခြင်းနဲ့ အိပ်စက်ရပါစေ့မယ်…။ ။
**နှင်းနုလွင်**
ညဆိုတာသိပေမယ့်လအရိပ်ကို ထိလို့မရခဲ့ဘူး
နှစ်ဦးသားကြားမှာ
အမှောင်က တိုးမပေါက်အောင်ထူတယ်..။
မြို့ပျက်တစ်ခု ပြင်ယူရတာမဟုတ်ဘူး
တူနှစ်ကိုယ်အိပ်မက်က ပြိုတစ်ဝက်.
လဲတစ်ဝက် အခါများစွာစိုက်တဲ့ ဆူးမှာ
ပင်စည်ကိုယ်တိုင် အနာတရနဲ့
အားယူပြီး ပွင့်ပြနေရတာ..။
ကိုယ့်အသားကို ထွင်းထုပြီးပဲ
အိပ်မက်တွေကို စင်းလုံးချော ယူလိုက်ပါ
ဘေးကင်းတဲ့ အဆောင်မဟုတ်ပေမယ့်
နင် မန်းမှုတ်ခဲ့သမျှ ဂါထာတွေကြောင့်
ညဘက်တွေမှာ မိုးရွာပါလိမ့်မယ်
အနည်းဆုံးတော့ အေးချမ်းခြင်းနဲ့ အိပ်စက်ရပါစေ့မယ်…။ ။
**နှင်းနုလွင်**



No comments:
Post a Comment