ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 2, 2013

-Life of Pi မှ ရတဲ့ သင်ခန်းစာ ၁၀ ခု-

>
Life of Pi ရုပ်ရှင်ကို မကြာသေးခင်ကပဲ မိတ်ဆွေတစ်ယောက်နဲ့အတူ ကြည့်ခဲ့ပါတယ်။ ကျနော်လည်း စာရေးဆရာ Yann Martel ရဲ့ Life of Pi ၀တ္ထုကို ဖတ်ပြီးကာစ။ ဒီစာအုပ်ဟာ ခိုင်မြဲတဲ့ ယုံကြည်မှုတွေနဲ့ လူငယ်လေးတစ်ယောက်ရဲ့ အန္တရာယ်တွေကြားက အသက်ဆက် လွတ်မြောက်ခဲ့တဲ့ အံ့သြဖွယ် ဇာတ်လမ်းတစ်ပုဒ်ပါ။ စာပေဆိုင်ရာ ဆုတွေ ရရှိခဲ့တဲ့အပြင် ရုပ်ရှင်ရိုက်တော့လည်း အော်စကာဆု ရခဲ့ပါတယ်။ Life of Pi ဟာ လက်ရာမြောက်တဲ့ ဖန်တီးချက်တွေနဲ့ သင့်ရဲ့ အာရုံကို ထူးထူးခြားခြား ဖမ်းစားနိုင်တဲ့အပြင် ဒီဇာတ်ကားမှာ ဘ၀အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေလည်း ရှိပါတယ်။

၁။ အာရုံစူးစိုက်ပါ ဒီစကားကို ပိုင်ရဲ့ ဖခင်က ညစာ ထမင်းစားဝိုင်းမှာ ပိုင်ကို ပြောခဲ့တယ်။ အဲဒီအချိန်မှာ ပိုင်က မတူညီတဲ့ ဘာသာတရားတွေကို အရမ်းစူးစမ်းချင်နေပြီး အဲဒီဘာသာအားလုံးကို တစ်ပြိုင်တည်း ကိုးကွယ်ချင်နေတဲ့အတွက်ကြောင့်ပါပဲ။ မတူညီတဲ့လမ်းကြောင်းတွေကို တစ်ပြိုင်တည်းသွားဖို့ဆိုတာ ခက်ခဲပါတယ်။ အဲဒီလမ်းကြောင်းအတော်များများဟာ ကွဲပြားဆန့်ကျင်နေတတ်တယ်၊ ရှုပ်ထွေးမှုတွေကို ဖြစ်စေတတ်ပြီး အာရုံစူးစိုက်ဖို့ ခက်ခဲစေတတ်တယ်။ နောက်ဆုံးတော့ အရေးပါလှတဲ့ စွမ်းအင်တွေကို ဖြုန်းတီးပစ်သလို ဖြစ်သွားတတ်ပါတယ်။

၂။ ဘ၀ဆိုတာ စွန့်စားခန်းပါ ကျနော်တို့ ကလေးတုန်းက ရှိခဲ့တဲ့ စွန့်စားလိုစိတ်တွေဟာ ကြီးလာတဲ့အခါ ပျောက်ဆုံးသွားကြပါတယ်။ စူးစမ်း စွန့်စားလိုစိတ်ဟာ သင့်ကို ငယ်ရွယ်သွားသလို ခံစားရစေနိုင်ပါတယ်။

 ၃။ သက်သောင့်သက်သာဇုန်က ခုန်ထွက် ကျနော်တို့ဟာ သက်သောင့်သက်သာဇုန် (comfort zone) မှာ ထိုင်နေလိုကြတယ်။ ဒါပေမယ့် ကျနော်တို့ဟာ စမ်းသပ်ကြရမယ်၊ ကျနော်တို့ကိုယ်ကျနော်တို့ ရှာတွေ့ဖို့အတွက် ဒီ သက်သောင့်သက်သာဇုန်ကနေ ကျော်လွန်ပြီး သွားကြရမယ်။ ဒါက သင့်ကို ချွန်မြစေတယ်၊ သင့်လမ်းခရီးမှာ တွေ့လာတဲ့ အခွင့်အလမ်းတိုင်းကိုလည်း ဆုပ်ကိုင်နိုင်စေတယ်။

၎။ ကျနော်တို့အားလုံးမှာ တူညီတဲ့ရည်မှန်းချက်တစ်ခုရှိကြတယ်။ အဲဒါကတော့ အခက်အခဲတွေကနေ ရှင်သန်နိုင်ဖို့ပါပဲ သက်ရှိအရာတိုင်းဟာ ဆက်လက် အသက်ရှင်နိုင်ဖို့ စဉ်ဆက်မပြတ် ရုန်းကန်နေကြရပါတယ်။ ဒါကပဲ ကျနော်တို့ကို နိုးကြားစေတယ်၊ ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကို ပိုပြီး နားလည်လာစေတယ်။

၅။ ဘ၀ဆိုတာ စိတ်ကြိုက်ပုံဖော်နိုင်တဲ့အရာ ကျနော်တို့ဟာ တူညီတဲ့အရာတွေကို တွေ့ကြုံတတ်ကြပေမယ့် ကျနော်တို့ နားလည်အတိုင်း၊ ကျနော်တို့ရဲ့ ဘ၀အတွေ့အကြုံတွေအတိုင်းသာ အဲဒီအရာတွေကို တုန့်ပြန်တတ်ကြတယ်။ ကျနော်တို့ထံ ဖြစ်လာတဲ့အခြေအနေတိုင်းကို ဘယ်လိုတုန့်ပြန်မလဲဆိုတာ ကျနော်တို့ ဆုံးဖြတ်နိုင်တယ်။ ဒါမှမဟုတ် အခြေအနေရဲ့ သားကောင်အဖြစ် အရှုံးပေးလိုက်နိုင်တယ်။

၆။ ခွန်အားဆိုတာ အတွင်းက လာတာ အခက်အခဲအချိန်တိုင်းမှာ ကျနော်တို့ရဲ့ ကိုယ်တွင်းကလာတဲ့ ခွန်အားက ကျနော်တို့ကို ရှေ့ဆက်သွားနိုင်စေတယ်။ ဒီထက်ပိုတဲ့ စွမ်းအားမရှိပါဘူး။ ဇာတ်ကားထဲမှာ ပိုင်က ဘုရားသခင်ကို သူ့ကို ဘာကြောင့် ဒီဒုက္ခတွေ ကြုံတွေ့စေရတာလဲလို့ မေးတယ်။ သူဟာ ဒီအရာတွေကို ဖြစ်သလိုကြုံတွေ့လာတဲ့ ကိစ္စတွေလို့ မမှတ်ယူဘဲ သူ့ကို စမ်းသပ်နေတဲ့ အခြေအနေတစ်ခုလို့ မှတ်ယူတယ်။ ပြီးတော့ သူ့ရဲ့ကိုယ်တွင်းကနေ ခွန်အားကို ရှာဖွေပြီး လူသားတစ်ယောက်အဖြစ် ရှင်သန်နိုင်ခဲ့တယ်။ သင့်မှာ သင်သိထားတာထက်ပိုတဲ့ သတ္တိတွေ ရှိတယ်။

၇။ ကြက်ဥတွေအားလုံးကို ခြင်းတစ်ခြင်းထဲမှာပဲ ထည့်မထားနဲ့ ရစ်ချက်ပါကာ ဆိုတဲ့ ကျားရဲ့ရန်ကနေ သူ့အစာတွေကို ကာကွယ်နိုင်ဖို့ ပိုင်က ရှိသမျှ စားစရာအားလုံးကို သူ တည်ဆောက်ထားတဲ့ ဖောင်ကလေးမှာ ချည်နှောင်ထားတယ်။ အဲဒီကျားကလွဲလို့ တခြားဘာအန္တရာယ်ကိုမှ ပိုင် သတိမထားမိခဲ့ဘူး။ တစ်ညတော့ ဝေလငါးကြီးတစ်ကောင်ပေါ်လာပြီး လှေကို မှောက်အောင် လုပ်လိုက်တဲ့အခါ ပိုင်မှာ ရှိသမျှ စားစရာတွေအားလုံး ကုန်သွားတော့တယ်။ ပိုင် စိတ်ဓာတ်ကျပြီး ကျန်ခဲ့တယ်။ ကျနော်တို့မှာ နည်းနည်းပဲရှိတဲ့အခါ ဒီထက်ပိုပြီး မရှာဖွေခင်မှာ ရှိတဲ့နည်းနည်းကို ကာကွယ်ဖို့ ကြိုးစားကြရပါမယ်။ သင့်မှာရှိသမျှကို တစ်နေရာတည်းမှာ ထားတဲ့အခါ ဒါမှမဟုတ် သင့်ယုံကြည်မှုအားလုံးကို အတွေးအမြင်တစ်ခုတည်းမှာပဲ တည်ဆောက်ထားတဲ့အခါ၊ မမျှော်လင့်တဲ့ အန္တရာယ်တွေ ဖြစ်လာခဲ့ရင် သင့်မှာ ဘာမှ ကျန်မှာ မဟုတ်ပါဘူး။

၈။ အစီအစဉ်တစ်ခု အမြဲရှိပါ။ နေ့စဉ်မှတ်တမ်းစာအုပ် ထားပါ။ ပိုင်ဟာ ပင်လယ်ထဲမှာ အစားအသောက်နည်းနည်းရယ် ငတ်မွတ်နေတဲ့ ကျားတစ်ကောင်ရယ်နဲ့အတူ ကျန်ခဲ့တဲ့အခါ သူ့မှာ အသက်ဆက် လွတ်မြောက်ဖို့ အစီအစဉ် plan တစ်ခု ရှိရပါတော့မယ်။ ကံကောင်းစွာပဲ သူ စားစရာနည်းနည်းနဲ့ စာအုပ်တစ်အုပ် ရခဲ့တယ်။ ဖြစ်ရပ်တွေကို မှတ်ထားဖို့ အရေးကြီးပါတယ်။ သင် လိုအပ်တဲ့အခါ ပြန်ကြည့်နိုင်တယ်။ ကျနော်တို့ဟာ မှတ်ဥာဏ်ကိုပဲ အားကိုးမနေနိုင်ပါဘူး။ နေ့စဉ်မှတ်တမ်းစာအုပ်တစ်အုပ် ထားခြင်းအားဖြင့် သင်ပြုလုပ်သမျှအရာတွေ၊ သင်အဲဒါတွေကို ဘာကြောင့်ပြုလုပ်သလဲဆိုတာတွေကို အမြဲတမ်း ဆန်းစစ်နိုင်ပါတယ်။ ဆာဆာနဲ့ အများကြီး စားမပစ်ခဲ့ဘဲ အစီအစဉ်နဲ့ စားခဲ့တဲ့အတွက်လည်း ပိုင်ရဲ့ အစားအစာတွေဟာ ပိုပြီး ကြာကြာခံနိုင်ခဲ့တယ်။ ဒါကြောင့် အစီအစဉ် Plan တစ်ခုဟာ မဖြစ်မနေလိုအပ်တယ်။

 ၉။ ဘ၀ကို ဖြစ်လာတဲ့အတိုင်း ရင်ဆိုင်ပြီး အကောင်းဆုံးဖြစ်အေင်လုပ်။ “ဘ၀ကို ဖြစ်လာတဲ့အတိုင်း ရင်ဆိုင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ရမယ်” ဒီစကားက ကျနော့်ကို နိုးကြွစေရုံတင်မက ကျနော်တို့ဟာ ဘ၀ကို သူ့အရှိအတိုင်း လက်ခံနိုင်တယ်၊ ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ဆီကိုသွားဖို့ လမ်းကြောင်းကို ပြောင်းလဲနိုင်တဲ့ စွမ်းအား ကျနော်တို့မှာ ရှိတယ်လို့ ကျနော့်ကို သတိပေးလိုက်တယ်။ အခြေအနေတွေ ခက်ခဲလာတဲ့အချိန်မှာတောင် ဘယ်အခြေအနေကိုမဆို အကောင်းဆုံးဖြစ်အောင် ပြောင်းလဲဖို့ ကျနော်တို့ဟာ ဒီစကားကို သတိရကြရမယ်။ ရိုးရှင်းပြီး ခွန်အားရှိတဲ့ အမှာစကားဖြစ်ပါတယ်။

၁၀။ ဘာပဲဖြစ်ဖြစ် မျှော်လင့်ချက်ကို အရှုံးမပေးနဲ့။ နောက်ဆုံးအနေနဲ့ ပိုင်ရဲ့ စကားအတိုင်း “…. ဘာပဲဖြစ်ဖြစ်၊ မျှော်လင့်ချက်ကို ဘယ်တော့မှ အရှုံးမပေးနဲ့” အပြည့်အ၀ တွေ့ကြုံခံစားနိုင်ဖို့ Life of Pi စာအုပ်ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။ ရုပ်ရှင်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ဒါတွေကတော့ Life of Pi ကနေ ကျနော် ရရှိခဲ့တဲ့ သင်ခန်းစာတွေပါ။ သင် ရရှိခဲ့တဲ့ သင်ခန်းစာတွေကိုလည်း comment မှာ မျှဝေပေးပါ။

Ref: from the two articles written by Nicole Gaitan and LMNR

From-Hlyan  Htet  Oo

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)