>
(ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၂၉ သောကြာနေ့တွင် ပြည်သူ့တပ်မတော်သားများ လိုက်နာကျင့်ကြံရမည့် စည်းကမ်းချက်များကို ချမှတ်ပြဋ္ဌာန်း လိုက်နာကျင့်သုံး ဆောင်ရွက်စေခဲ့သည်)
(၁) ပြည်သူအပေါင်းတို့အား အရာရှိအရာမဲ့၊ လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊ လူမျိုးမရွေး ဘာသာမရွေး ဆက်ဆံတတ်ပါစေ။ ဖော်ရွေကြပါ။ ယဉ်ကျေးကြပါ။ ကိုယ့်အမှား မရှိပါစေနှင့်။ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။
(၂) ကိုယ်နှင့်မဆိုင်သော အခြားသူတို့၏ အလုပ်များကို အနှောင့်အယှက် မပြုပါနှင့်။ သို့သော် ကိုယ့် ၀တ္ထရား အချိန်အပတွင် မည်သူကိုမဆို အထူးသဖြင့် လူအို၊ ကလေး၊ မိန်းမ၊ ဆင်းရဲသားတို့ကို ကူညီနိုင်သမျှ ကူညီပါ။ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။
(၃) ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့တပ်တွင်းသော် လည်းကောင်း၊ ပြင်ပသော် လည်းကောင်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ။ ၄င်းတို့အား အစ်ကိုကြီးများက ညီငယ်များကို အလိုလိုက် သကဲ့သို့ အလိုလိုက်ကြပါ။ ၄င်းတို့ကပင် ဆိုးစေကာမူ သည်းခံနိုင်အောင် ကြိုးစားကြပါ။ ၄င်းတို့၏ ဘာသာစကား အလေ့အထ၊ အယူဝါဒ ထုံးစံများကို ရိုသေလေးစားပါ။ ၄င်းတို့၏ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း ပြောဆိုခြင်း ဝတ်စားခြင်း နေထိုင်ခြင်း အစရှိသည်များကို မကဲ့ရဲ့ပါနှင့်။ မပြောင်လှောင်ပါနှင့်။ မနှောင့်ယှက်ပါနှင့်။ ၄င်းတို့ မခံချင်သည့် အပြောအဆို အသုံးအနှုံးမျိုးကို ရှောင်ပါ။ ၄င်းတို့ကို ကူညီနိုင်လျှင် ကူညီပါ။
(၄) ရဲဘော်စိတ် အချင်းချင်းထားကြပါ။ တပ်မှူးက တပ်သားများကို လေးစားပါ၊ ချစ်ခင်ပါ၊ စောင့်ရှောက်ပါ။ တပ်မှူးထက် အသက်ကြီးသော တပ်သားများကို လေးစားစွာခေါ်ပါ၊ တာဝန်အပြင်အပတွင် ရဲဘော်ချင်း ဆက်ဆံသကဲ့သို့ ဆက်ဆံပါ။ အချင်းချင်းလည်း တစ်ဦးကို တစ်ဦးပဲ့ပြင်ပါ။ ကူညီပါ၊ မတတ်သူကို တတ်သူက ကူညီပါ။ အလုပ်မပြီးသူကို ပြီးသူက ကူညီပါ။ အကျင့်မကောင်းသူကို ကောင်းသူက ကူညီပါ။ ရဲဘော်မတရား ဒုက္ခရောက်လျှင် ကူပါ။ ရဲဘော်ဖျားနာလျှင် ကူပါ။ အားမဲ့နေသော ရဲဘော်ကို ပစ်မထားပါနှင့်။ ရဲဘော် အချင်းချင်း မြို့သားတောသား ပညာတတ်မတတ် အစရှိသဖြင့် အထင်မသေးပါနှင့်။ တစ်ဦးကို တစ်ဦး ကူညီပါ။ တစ်ဦးထံမှ တစ်ဦး သင်ယူကြပါ။ ရှက်စရာ မရှိ။ တပ်မှူးထံမှာလည်း တပ်သားများက သင်ရမည်။ တပ်သားများ ထံမှ တပ်မှူးများက သင်ရမည်။ တစ်ဦးနှင့် တစ်ဦး အရာရာမှာ အပေးအယူ ရှိရမည်။
(၅) အကျင့်စာရိတ္တ ကောင်းကြပါ။ အရက်သေစာ သောက်စားမူးယစ်၍ လူမြင်ကွင်းတွင် တပ်မတော် နာမည်ပျက်စရာ အလုပ်များ မလုပ်ပါနှင့်။ မိန်းမလိုက်စား၊ သုံးမရသည့် တပ်မတော် မဖြစ်ပါစေနှင့်။ မိန်းမမြင်လျှင် ထိန်းမရသိမ်းမရ ရမ်းကားသော တပ်မတော် မဖြစ်ပါစေနှင့်။ သူတပါး ပစ္စည်းများကို လုယက် ခိုးယူခြင်း မပြုပါနှင့်။ လူများအပေါ် မတရား အာဏာမပြပါနှင့်။
(၆) ဆန္ဒအားကြီးအောင် ကြိုးစားကြပါ။ အမောခံနိုင်အောင် အပင်ပန်းခံနိုင်အောင် အငတ်ခံနိုင်အောင် အဆင်းရဲခံနိုင်အောင် အနိုင်မခံရအောင် အရှုံးမပေးရအောင် ဆန္ဒအားများကြပါ။ တတ်နိုင်သမျှ ရိုးရိုးနေ ရိုးရိုးကျင့် မြင့်မြင့်ကြံကြပါ။ အရက် ဆေးလိပ် မိန်းမ စည်းစိမ်များ ရှောင်နိုင်သလောက် ရှောင်ပါ။ မရှောင်နိုင် သည့်အခါ စိတ်ကို ထိန်းသိမ်းနိုင်ပါစေ။ ကိုယ်နှုတ်ကို ထိန်းသိမ်းနိုင်ပါစေ။
သံယောဇဉ် မှန်သမျှ ဖြစ်တောက်နိုင်ရမည်။ ငါတို့သည် သားမယား ဆွေမျိုး မိဘများကို တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်ရန် ကြိုးစားမည်။ ၄င်းတို့အား လေးစားချစ်ခင်ကြခြင်းမှာလည်း နည်းမှန်ပင် ဖြစ်သည်။ သို့သော် ၄င်းတို့တွယ်တာမှုကြောင့် ငါတို့ အလုပ်တာဝန်ကြီးကို မထိခိုက်ပါစေနှင့်။ ၄င်းတို့အား ရက်စက်စွန့်ခွာ ရမည့် အခါမျိုးတွင် စွန့်ခွာ၍ တာဝန်ကို ထမ်းဆောင်ရန် အသင့်ရှိရမည်။
(ပြည်သူ့တပ်မတော်သားတိုင်း လိုက်နာကျင့်သုံးရန် ဖြစ်သည်)
လှမြင့်(ရန်ကုန်တက္ကသိုလ်) ရေးသော “ဗိုလ်ချုပ်အောင်ဆန်း၏ ပြည်သူများမှ ပေါက်ဖွားလာသည့် ပြည်သူ့ တပ်မတော် ဟူသည်” ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည် )
--
Posted By Blogger လူဗိုလ်

Tuesday, April 2, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment