ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 15, 2013

-ရွာသင်္ကြန်-

>
ကျုပ်တို့ ဆီက ဗန့်ကျီတောင်လက် ကြက်သွန်တွေ အားကြီးထွက်တဲ့ နေရာပေါ့ ။ မုံရွာတဖက် ၊ ချင်းတွင်းမြစ်အနောက်ဘက် .. ကမ္ဘာကျော် လက်ပတောင်း ဒေသရဲ့ တောင် ဘက်နယ်မှာရှိတယ် ( မသိမှာစိုးလို့ နာမည်ကြီးရာ ကိုးကားပြောရတာ ...:P ) ။ ဆရာကြီးမြသန်းတင့် မာယာဘုံ ဝထ္ထု ကြီး ရဲ့ နောက်ခံ ဒေသ ဟာ ကျုပ်တို့ အရပ်ပေါ့ဗျာ ။ အခုလို သင်္ကြန်တွင်းဆို ရင် ကျုပ်တို့ဒေသ က ကြက်သွန်ပေါ်ချိန်နဲ့ကွက်တိ ။ ဆားလင်းကြီးအနောက်လက် (အနောက်အရပ်)၊ ချင်းတွင်းမြစ်အရှေ့ဘက် ၊ ရေစကြို ၊ မြိုင် ၊ ပုလဲ အဲဒီ ဘက်က ရွာ တွေက ခုချိန်ဆို ကျုပ်တို့ ဆီကို ကြက်သွန်ဖော် (ကြက်သွန်နှုတ်) လာလုပ်ကြတယ် ။ တစ်အိမ်မှာမရှိပါဘူးဆိုရင် ဆယ့်လေးငါးယောက် လောက်ကတော့ အနည်းဆုံး ။ ကျုပ်တို့ အရပ်ဓလေ့ က လုပ်အားခ ကို သီးနှံပဲပေးတတ်ကြတယ် ။ လယ်(စပါး)တစ်ရက်ရိတ်ရင် စပါး တခွဲ (၈ ပြည်) ရတယ် ။ ကြက်သွန် တစ်မနက် တူးရင် ၃ ပိဿာရတယ် ။ တနေကုန်တူးရင်တော့ ၆ ပိဿာ ။ အညာနွေ ကောင်းကင်ကနေကလည်းပူ အောက်က မြေကလည်းပူဆိုတော့ တစ်နေကုန် တူးကြတာတော့ရှားတယ်။ အငှားဖြတ်ရင်တော့ ထခေါက်တောင်း (ထန်းလျှော်တောင်း) တစ်လုံးကို ငါးဆယ်သားရတယ် ။ အဲဒါက ကြက်သွန်ဈေး တစ်ပိဿာ တစ်ထောင်ဖြစ်လည်း အဲတိုင်းပဲ ။ တစ်ပိဿာ တစ်ရာ ဖြစ်လည်းအဲတိုင်းပဲ ။ ပိုမပေးသလို လျှော့လည်းမပေးဘူး ။ ကြက်သွန်မထွက်တဲ့ ရွာတွေ က တစ်နှစ်စာ ဟင်းခပ်ရဖို့ ကြက်သွန်ဖော်လာလုပ်ကြတာပေါ့ ။ မနက်ခင်းဆို ကြက်သွန်နှုတ်ကြတယ် ။ ညနေ ပိုင်း နေချိုတော့ ကြက်သွန်ကွက် (ကြက်သွန်ခင်း) တွေထဲမှာ ကောက်သင်းလိုက်ကောက်ကြတယ် ။ညဖက်ကျရင်တော့ ကြက်သွန်ခင်းပိုင်ရှင် ထွန်းပေးတဲ့ ဘက်ထရီအိုးမီးရောင်လေးနဲ့ ကြက်သွန်ဖြတ်ကြတယ်။ သူတို့ ပြန်ချိန်ဆိုရင် မဖြစ်ပါဘူးဆိုတဲ့သူ (လုပ်တာကိုင်တာနှေးတဲ့သူ) တောင် အချိန်(ပိဿာချိန်) တစ်ရာ့ငါးဆယ် ၊ နှစ်ရာတော့အနည်းဆုံးပါသွားကြတယ် ။ သင်္ကြန်တွင်းဆိုရင် တခြားရွာကလာကြတဲ့ ကြက်သွန်ဖော် ဧည့်သည်တွေ ရော ၊ ရွာမှာရှိကြတဲ့ ရွာခံတွေ ရော နဲ့ ဆိုတော့ ရွာထဲမှာလူတွေက တရုန်းရုန်းပဲ ။ အကြိုနေ့ မှာတော့ ရွာမှာ သိပ်ပြီး ရေမပက်ကြသေးဘူး ။ ကျုပ်တို့ တွေက လွဲလို့ ပေါ့ .. :P ။ ညနေစောင်းဆိုရင် ရွာဘေးက ယမား ချောင်းမှာ ညိုမြလေး တွေက ဖီးလိမ်းပြင်ဆင်ပြီး ရေခပ်ဆင်းကြတယ် ။ ရေပက်ချင်တဲ့ သူတွေက တခြားသွားစရာမလိုဘူး ချောင်းကမ်းပါး က နေ ရေဖလားလေးကိုင်ထိုင်စောင့်ရုံပဲ ။

အပျို ၊ လူပျို အချင်းချင်းကလည်း အချိတ်ဆက်လေးတွေ ရှိကြတာပေါ့။ ဒီနေ့ ညနေစောင်းရင်တော့ ဘယ်ရေခပ်ဆိပ်မှာ ငါ ရေလာခပ်မှာ နင်ရေလာလောင်း ဆိုတာမျိုးပေါ့ ။ အလိုလို ရေထမ်းပျင်းတဲ့ ကျုပ်ကသင်္ကြန်တွင်းဆိုရင် အိမ်ကရှိသမျှ စဉ့်အိုးတွေ ပြည့်တဲ့ အပြင် ၊ အဖွားအိမ်တွေ ၊ အရီးအိမ်တွေပါ ရေလိုက်ခပ်ပေးသေးတယ် ။ ရေခပ်ရင်း တွေ့ သမျှ ကောင်မလေး အကုန်ပက်တယ် ။ သင်္ကြန်တွင်း ကျုပ်တို့ ဘယ်လောက်များအောင်မြင်လဲဆိုရင် ရေအိုးနဲ့ ထုတဲ့ခါထုခံရတယ် ၊ ရေမှုတ်ရိုးနဲ့ ရိုက်တဲ့နှစ်ရိုက်ခံရတယ် ၊ ဖလားနဲ့ခုတ်တဲ့ခါ ခုတ်ခံရတယ် ။ တခါတလေ လူက ချောင်းထဲမှာ ရေသွားပက်လို့ အိမ်ပြန်မရောက်သေးဘူး ။ အိမ်က အမေကို လာတိုင်တဲ့သူကတိုင်ပြီးပြီ ။ အဲလိုကို အောင်မြင်တာ ။ ခံရတာလည်း မပြောပေနဲ့ ဦး မာနကြီးပါတယ်ဆိုတဲ့ အပျိုကြီးတွေ က အကြိုနေ့ ရေလာခပ်ရင် အကိုကြီးတွေကတော့ လောင်းရကောင်းနိုးနိုး၊ မလောင်းရကောင်းနိုးနိုး ကွက်ကြည့် ကွက်ကြည့် လုပ်နေတဲ့ချိန်" မကြီးမငယ်စလယ်တောင်း" ကျုပ်တို့ က အုပ်စု လိုက် ဝိုင်းပက်တော့ ဟိုက ရှက်ရှက် နဲ့ ခေါင်းပေါ် က ရွက်ထားတဲ့ ရေအိုးနဲ့ လှမ်းထုတယ် ။ ဒီကလည်း ဘယ်ငြိမ်ခံမလဲ ပြေးတာပေါ့ ။ တချို့ကျတော့လည်း သူ့ကောင်လေး ရေလောင်းခံဖို့ ဆိုပြီး ဖီးလိမ်းပြင်ဆင်လာ ..ကျုပ်တို့က လည်း ဝမ်းသာအားရ "အခြောက်ကြီးကွ" ဆိုပြီး တွေ့ရာ ရောနဲ့ ဝိုင်းပက်ကြတာ ..တင်းတင်းနဲ့ ရေခပ်တဲ့ ရေမှုတ်ရိုးနဲ့ လိုက်ရိုက်ရော ။ အယ် .. အခြောက်ကြီး ဆိုတာ က အဝတ်အစားအခြောက်ကိုပြောတာနော် ။ ငယ်ငယ်က ဘာအကျင့်မှန်းမသိဘူး ရေပက်ရင် အဝတ်ရေစိုနေတဲ့ လူဆိုမပက်ချင်ဘူး ..သူ့ဘာသူချောချောမချောချော ..အဝတ်အစား အခြောက်နဲ့ဆိုရင်တော့ သူထက်ငါ ဦးအောင်လုပြီးပက်ကြတယ် ။ အကျနေ့ ကျရင်တော့ ပက်ချင်သလို ပက်လို့ရပြီ ။ အိမ်က လုပ်စရာရှိတာတွေ အမြန်လုပ်ပြီး ချောင်းထဲမှာ တနေကုန် တနေခမ်း နှုတ်ခမ်းတွေ ပြာ ၊ လက်တွေ ပဲရေပွအောင် ရေဆော့တယ် ။ ည ဦး ဆိုရင် ရွာအရှေ့ပိုင်းကတစ်ခုံ ၊ အနောက်ပိုင်းကတစ်ခုံ မဏ္ဍပ်လေးတွေ ထိုးပြီး သင်္ကြန်ယိမ်း က ကြ ၊ စတုဒီသာ ကျွေးကြ လုပ်ကြတယ် ။ အဲဒီချိန်ဆိုရင်တော့ သင်္ကြန်ယိမ်းကတဲ့ဆီသွားချင်မှသွားတာ ။ ည ၈ နာရီနောက်ပိုင်းဆိုရင်တော့ ကျုပ်တို့ အ ချိန်ပဲ ။ ရေပုံးလေး တွေ ယူ တဲ့ သူက ယူ ၊ ရေပြွတ် ခပ်ကြီးကြီးတွေ ကိုင်တဲ့သူက ကိုင် ကာလသားတွေစုပြီး ရွာထဲ ပတ်ချာလှည့်ကြတယ် ။ ရွာထဲ စိတ်ဆတ်တဲ့ လူတို့ ၊ အစ်မညီမ လုံးဝအထိမခံ တွန့်တိုတဲ့လူတို့ ၊ မိန်းမကြောက်တဲ့လူတို့ရှိတယ် ။ ကာလသား အကိုကြီးတွေ နဲ့ ပေါင်းပြီး အဲဒီ လူတွေ အိမ်နားကိုသွား ။ ပုဆိုးစုတ် ကနေ ဖြဲထားတဲ့ ကြိုးတွေကို ခွေးချေး ၊ နွားချေး ၊ ဝက်ချေး အကုန်သုတ်တယ် ။

ပြီးတော့ ကိုယ်စမဲ့ လူ နဲ့ အဖွဲ့ ထဲက လူနဲ့ အရပ်ချင်းတူလောက်မဲ့သူကို ရွေးတယ်။ သူ့ နှာခေါင်းနဲ့ ခုနက " ချေးကြိုး " နဲ့ ကွက်တိတန်းပြီး ဝန်းထရံ တွေမှာ ချီထားတယ် ။ ပြီးတော့ အသံဖျက် ပြီး အိမ်ပြင်ကနေ လှမ်းစတယ် " အေ .. ဖိုးxxx မယားကြောက် ...မိန်းမရှိခိုး သွားမကျိုးတဲ့ကောင်...မိန်းမကငါးခြောက်ဆို ..ဆီဆမ်းပြီးသားဆိုတဲ့ကောင်" "မင်းညီမလေး ..မိxx ... ငါ့ပေးကွာ..ငါကြိုက်လို့ပါဟ ... မင်းညီမနဲ့ ကလေးမွေးရင် မင်းနာမည်ပါအောင်ပေးပါ့မယ် ...ယောက်ဖကြီးရ"... အဲလို တွေ မခံချင်အောင်စတယ် ။ အိမ်ထဲက လူတွေ က အပြင် ထွက်လိုက်ပြီဆိုရင် "ဘောင်မှည့်ဆူး" ခက်တွေ ချပြီးပြေးတယ် ။ ဘောင်မှည့်ဆူးဆိုတာ က ချိတ်ကောက်လေးတွေ ဒီတိုင်းဆို သိပ်မဆူးဘူး ... ဆူးခက်နဲ့ ငြိသွားပြီဆိုရင်တော့ ဖြုတ်ပေဦးတော့ပဲ မဖြုတ်ချင်လို့ စွတ်ရုန်းလေ ၊ ပိုနာလေပဲ ။ အဖွဲ့ တွေကို ထွက်လိုက်တဲ့သူက တန်းထားတဲ့ "ချေးကြိုး" နဲ့ နှာခေါင်းနဲ့တိုက်ရင်တိုက် ၊ မတိုက်ရင် ဆူးခက်နဲ့ ငြိတယ် ။ ဆူးခက်နဲ့ ငြိလို့ ကုန်းဖြုတ်နေတဲ့ ချိန် ကျမှ အဝေးကနေ ရေပုံး နဲ့ လှမ်းပက်တဲ့ သူကပက် ၊ ရေပြွတ် နဲ့ လှမ်းထိုးတဲ့သူက ထိုးပြီး အော်ပြေးကြတယ် ။ ရွာထဲ က ကာလသားတွေက ရေပက် ကြမ်း ၊ အစအနောက်ကြမ်းသလို .. ကလေးအမေ တွေကလည်းရွတ်တယ် ။ ညနေ စောင်း ကျုပ်တို့ က ၁၂ နှစ် ၊ ၁၃ နှစ် ရေဖလားလေးတကိုင် ကိုင် ၊ မြောက်ကြွ မြောက်ကြွ နဲ့ သူတို့ ကြည့်မရတော့ဘူးဆိုရင် .. အဖွဲ့လိုက် ဝိုင်းဖမ်းပြီး ပါးစပ်အတင်းဟ တယ် ။ ပြီးတော့ ပါးစပ်ထဲ နို့ရည်တွေ ညှစ် တိုက်တယ် ။ အိုးမဲ နဲ့ သုတ်တယ် ။ ထမင်းတွေ ဝါးခွင့် တယ် ။ အဲဒီမှာ ရွယ်တူ ကောင်မလေးတွေ က ဝိုင်းဟားကြတာပေါ့ ။ အရွယ်ကလည်း ဟိုမရောက်ဒီမရောက်ဆိုတော့ အဲလိုများလုပ်ခံရလို့ ကတော့ ခေါင်းကိုမဖော်နိုင်ဘူး ။ တချိုးတည်း ပြေးရောပဲ ။ အကျက်နေ့ နေ့ခင်းဆိုရင်လည်း ထိုးနည်း လည်းကောင်းပဲ ။ ရေပက်စရာရှိပက်တယ် ၊ အလုပ်သွားစရာရှိသွားတယ် ။ ညကျရင်တော့ တစ်ညလုံးမအိပ်တော့ဘူး ။ ညဦးပိုင်းဆိုရင် သင်္ကြန်ယိမ်း ကြည့်တယ် ။ ညဘက် သန်းခေါင်းလောက် ထိ က ရွာထဲလျှောက်သွား ဟိုအိမ်နဲ့ ဒီက မခေါ်ကြဘူး ။ လုံးဝ စကားမပြောကြဘူးဆိုရင် ..ဟိုအိမ် က ပစ္စည်းတီပို့ ၊ ဒီအိမ်ကပစ္စည်းဟိုခိုးပို့ လုပ်ပေးတယ် ။ ဘာပစ္စည်းမှ ခိုး လဲပြီး ပေးလို့ မရရင် ခြံဝန်းရှေ့က တံခါးရွက်တွေကို တစ်ဖက်စီဖြုတ်ပြီး လဲတပ်ပေးထားတယ် ။ ဟိုဘက် အိမ်က နွားနဲ့ ဒီဘက်အိမ်ကနွား လဲထားပေးတယ် ။ အဲဒါဆိုရင် မခေါ်ချင်ပဲလည်း ခေါ်ကြရရရော ။ ည ဘက်တကယ်အိပ်ကောင်းပြီဆိုတဲ့ချိန်ကျတော့ ရွာခေါင်းရင်း ဘုရားတိုက်တွေ (ဘုရားတွေချည်းပဲ သက်သက်ရှိတဲ့နေရာကိုပြောတာ)ထဲ က ဆင်းတုတော်လေးတွေ ခိုးပင့်တယ် ။ ပြီးရင် ရွာထဲက ပိုက်ဆံတော့ နည်းနည်းရှိတယ် .. ဒါမဲ့ ရပ်ရေးရွာရေး ၊ လှူရေးတန်းရေးဆိုရင် ကပ်စေးနည်းတာတို့ ။လယ်ရိတ်ရာ ၊ ကောက်စိုက်ရာ ၊ ကြက်သွန်နှုတ်ရာတွေ မှာ ကျွေးတာမွေးတာကျရင် ကောင်းကောင်းကန်းကန်း မကျွေးတဲ့ အိမ် တို့ ... အဲလို အိမ်တွေ ထဲ မှာ ဆင်းတုတော်လေး ခိုးထားခဲ့တယ် ။ ပြီးတော့ ဘယ်ဘုရား ၊ ဘယ်ဘုရားက ပင့်လာပါတယ်ဆိုတာကို စာလေးရေးထားခဲ့တယ် ။ သင်္ကြန် တွင်းမှာ အဲဒီ အိမ်က အဲဒီဆင်းတုတော် ကိုရေသပ္ပါယ်ပြီး သင်္ကြန်ပြီးတာနဲ့ တက်နိုင်တဲ့ ကန်တော့ ပွဲနဲ့ ၊ အကျွေးအမွေး လေးပါလုပ်ပြီး ဘုရားကိုပြန်ပို့ရတယ် ။ ပိုက်ဆံ ရှိတဲ့ သူတွေက ကိုယ့်အိမ် ဘုရားလာပို့ ခံရပြီ ဆိုတာနဲ့ရပ်ရေးရွာရေးတွေ မှာ ကိုယ်လက်နှေးနေပြီ .. ကိုယ့် အလုပ်သမား ၊ စာရင်းငှား တွေပေါ်မှာ ကပ်စေးနည်းနေလို့ ၊ ချစ်တီးကျနေလို့ သဘောပေါက်လိုက်ပေတော့ပဲ ။ အတက်နေ့ မနက်ခင်း ၃ နာရီလောက်ဆိုရင် ချောင်းထဲမှာ သွားပြီး ဘုရားရေသပ္ပါယ်ရင် ခပ်ဖို့ သဲတွင်းအကြီးကြီးတွေ တူးကြတယ် ။ မနက်ခင်း စတုဒီသာကျွေးဖို့ ချက်ပြုတ် ကြတဲ့ လူကြီးတွေကို ကူလုပ်တယ် ။ မနက်ခင်း ၄ ခွဲ ၅ နာရီလောက်ဆိုရင်တော့ ပိတောက်ပင်ကိုပြေးကြပြီ ။ ပိတောက်ပင်တွေက ရှေးရှေးတုန်းက အပင်ကြီးတွေ ။ ဘုရားဝန်း တွေ ထဲမှာပဲရှိတယ် ။ ပိုင်ရှင်ရယ်လို့ မရှိဘူး ဦးတဲ့ သူ က ခူးပဲ ။ ပိတောက်ပင်တွေကလည်း သင်္ကြန်မတိုင်ခင်ပွင့်တဲ့ခါ ပွင့်တယ် ၊ သကြန်ထက်နောက်ကျပြီး ပွင့်တဲ့ခါ ပွင့်တယ်။ 

ဒါပေမဲ့ သင်္ကြန်အတက်နေ့တိုင်းတော့ တစ်ပင်လုံးမဟုတ်တောင် နည်းနည်းတော့ ပွင့်တယ် ။ ပထမ ဆုံး ခူးတဲ့သူက ဘုရားတွေ လှု ။ ပြီးတာနဲ့ ကိုယ်ပေးချင်တဲ့ သူ အတွက်ကြိုက်သလောက် ယူပေတော့ပဲ ။ မနက်ခင်းမိုး နည်းနည်းလင်း ပြီဆိုရင်တော့ အဝတ်စားတွေလဲပြီး ဘုရားရေသပ္ပါယ်ကြတယ် ။ ရွာမှာ စေတီချည်းပဲ ၇၅ ဆူရှိတယ် ။ အိမ်တွေမှာ ကိုးကွယ်တဲ့ ဆင်းတုတော်တွေရောဆိုရင် ချောင်း ကနေ ရေအခေါက် ၁၀၀ လောက် အနည်းဆုံး ခပ်ရတယ် ။ ဘုရားတွေ မှာ ကိုယ့် အဆက်လိုက် ..ကိုယ့်ဘိုးဘေးတွေ တည်ခဲ့တဲ့ဘုရားတွေမှာ မုန့်ဟင်းခါးကျွေးတာ ၊ သာကူတိုက်တာ ၊ ဂျုံကျို တိုက်တာ ၊ မုန့်လက်ဆောင်း တိုက်တာ ၊ ကြာဇံတိုက်တာတို့ (ကျုပ်တို့ဆီက အရည်ပါတာဆိုရင် တိုက် တာလို့ ပဲပြောတာ ) လုပ်တယ် ၊ အဲဒါတွေ မတက်နိုင်တဲ့ သူတွေက သကြားလုံး ကမ်းတာ (ဝေတာ) တို့ ၊ သရက်သီးသုပ် လဖက်သုပ် ၊ ချင်းသုပ် ၊ အဝေရာရွက်သုပ်၊ သမုန်းပွင့်သုပ် တို့ ကျွေးတာ တို့လုပ်တယ် ။ ကိုယ်စားချင်တာ ကျွေးတဲ့ ဘုရားဆိုရင် ၂ ခါလောက် ရေသပ္ပါယ်လိုက်တယ် ။ အဲဒီတော့ ၂ ခါစားရရော ...:P ။ အဲနေ့ကျရင်တော့ ကလေးလေး ရေအိုးပေါက်စ ရွက်နိုင်တဲ့ အရွယ်ကနေ ၊ အဖွားကြီး ၊ အဘိုးကြီး လမ်းလျှောက်နိုင်သေးတဲ့ အရွယ်ထိ ဘုရာေးတွ ရေသပ္ပါယ်ကြတယ် ။ ဘုရားရေးသပ္ပါယ်တာ က မနက် ၅ နာရီလောက်ကနေ ပါယ်လိုက်တာ ..နေ့ခင်း ၁၁ လောက်မှ ပြီးကျတယ် ။ မြန်မြန်ပြီးချင်လို့ ဘုရားအကုန် ရေမသပ္ပါယ်တဲ့ သူတွေကိုကျတော့ အချင်းချင်း "ဘုရားကျော်" ကြီးဆိုပြီးစကြတယ် ။ အဲနေ့မှာ အဲလို အပြောခံလိုက်ရရင်တော့ ကိုယ့်ကိုယ်ကို လူစဉ်မမှီ တဲ့ လူတစ်ယောက်လိုပဲ ။ နေ့ခင်း ၁၁ လောက်က နေပြီးတော့ အဘိုးအဘွားတွေ ၊ အရပ်ထဲက သက်ကြီးရွယ်အိုတွေ ကို ခြေသည်း ၊ လက်သည်း ဖြတ်ပေးတာတို့ ။ ခေါင်းလျှော်ပေးတာတို့ ၊ ရေချိုးပေးတာတို့ ၊ အဝတ်စားတွေ လျှော်ပေးတာတို့ လုပ်တယ် ။ ရွာဘေးကချောင်းထဲမှာ ဆိုလည်း တလျော် ၊ ကင်ပွန်းခေါင်းလျှော် ရည် ကို စဥ့်အိုးတွေ နဲ့ တည်ထားပေးတယ် ။ ကြိုက်တဲ့သူ ယူလျော်လို့ရတယ် ။ ချောင်းထဲမှာ ရေသွားချိုးရင်း ခါးဝတ်ထားတဲ့ ရေလဲပုဆိုး ၊ ရေလဲထမီကစ ရေချိုးပြီးပြီဆိုရင် ဦးလေး ထားခဲ့ ၊ အကိုထားခဲ့ ထားခဲ့ ကျုပ်လျော်ပေးမယ်ဆိုပြီး လျော်ပေးကြတယ် ။ ငယ်သူတွေ က ကြီးသူတွေဆီ ကနေ ယူကြတဲ့ ကုသိုလ်ပေါ့ ။ အတက်နေ့ ညနေစောင်းရင်တော့ ရှင်လောင်းလှည့်ပြီ ။ တခြား နေရာတွေမှာ သင်္ကြန်တွင်း ဒုလ္လဘ ရဟန်းဝတ်ကြတယ် ။ ကျုပ်တို့ ဆီမှာတော့ သင်္ကြန်အတက်နေ့ ညနေ ကျမှာ သာ ဒုလ္လဘ ရဟန်းဝတ်လေ့ရှိတယ် ။ ညနေ စောင်းဆိုရင် ဒုလ္လဘဝတ်မဲ့ သူကို ကုတင်သေးသေးတစ်လုံးပေါ်တင်ပြီး ရွာထဲကိုလှည့်တယ် ။ ကိုယ့်နား ရှင်လောင်းရောက်လာပြီဆိုရင် ရှိတဲ့သူက လင်ပန်း ဆွဲ ၊ ကြက်သွန်ပုံထဲက ကြက်သွန် ခပ် .. ကြက်သွန်လင်ပန်းကိုခေါင်းပေါ်ရွက်ပြီး လိုက်တယ် ။ ကုလားပဲရှိတဲ့ သူက ကုလားပဲလင်ပန်းရွက်ပြီး အတန်းထဲဝင်လိုက်တယ် ။ မြေပဲရှိတဲ့ သူက မြေပဲလင်ပန်း ရွက်ပြီး အတန်းထဲဝင်လိုက်တယ် ။ တစ တစ နဲ့ ရွာတစ်ဝက်လောက်ဆိုရ င် အတန်းလိုက်ကြီးဖြစ်လာရော ။ ကာလသားတွေ က သျှိုးတိုက်လိုက် ၊ စည်တော်ကြီးတွေ ကလိုက်ပေါ့ ။ ရွာလည်းတစ်ပါတ်ပြည့်ရော ဘုန်းကြီးကျောင်း ကို ရွက်လာတဲ့ ကြက်သွန်တို့ ၊ မြေပဲတို့ ၊ ကုလားပဲတို့ ၊ ဆန်တို့ လှူပြီး သင်္ကန်းတောင်းပြီး ဒုလ္လဘ ရဟန်းဝတ်ကြတယ် ။ နှစ်ဆန်းတစ်ရက်နေ့ ကျရင်တော့ တစ်ရွာလုံး နီးပါး သီလယူကြ ၊ ဥပုဓ်စောင့်ကြပေါ့ ။ ခုဆို အိမ်က အမေ သင်္ကြန်တွင်း လာတိုင်မခံရ တော့ လို့ သူ့သားကို လွမ်းနေမလားပဲ ။ ရွာထဲ က လူတွေကတော့ သင်္ကြန်မျောက်မူးလဲတွေ မရှိတော့ မျက်စိနောက်သက်သာပြီး ပျော်နေမလားပဲ ။ ဘာလိုလို နဲ့ တိုက်ပုံလေးဝတ်ပြီး ဟိုငေး ၊ ဒီငေးငေး လိုက်ရ ။ အီကွတ်မန့် လေးလွယ်ပြီး ဟိုငေးဒီငေး ငေးလိုက်ရ ။ အွန်လိုင်းပေါ် က တက်လာတဲ့ ဓာတ်ပုံလေး တွေ ကြည်ပြီးငေးလိုက်ရ ။ ချက်ဘောက်စ်ကနေ တဗွမ်း ..ဗွမ်း ... ဗွမ်း ရင်းလွမ်းလိုက်ရ နဲ့ ဒီနှစ်ရောဆိုရင် ၁၂ နှစ်တောင်ကြာသွားပြီ ။ ဘာရယ်လို့ မဟုတ်ပါဘူး ငယ်ငယ်က သောင်းကျန်းခဲ့ဖူးတဲ့ ကလေးဘဝက ရွာသင်္ကြန်ကို သတိရလို့ရေးလိုက်တာ ။ 

အားလုံးပဲ ပျော်စရာသင်္ကြန်ဖြစ်ကြပါစေ ။

 နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ ။

 **ရုပ်ဆိုး** --

 Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)