“သူများကို ပေါင်ဒါမလိမ်းရ။ သင်္ကြန်ကားမောင်းသူရော၊ သင်္ကြန်ကားအပျော်လှည့်လည်သူတွေပါ အရက်မသောက်ရ၊ ဆောင်းဘောက်စ်ကျယ်ကျယ်မဖွင့်ရ” စတဲ့ တင်းကြပ်လှတဲ့ စည်းကမ်းတွေနဲ့ အရက်သောက်ပြီးလမ်းပေါ် လျှောက်သူ၊ စက်ဘီး၊ ဆိုက်ကယ်လ်စီးနင်းသူတွေကိုပါ ပါးစပ်ဟစေပြီး ကျူ့ 
နဲ့ တိုင်းထွာပိုက်ဆံတောင်းတဲ့ ထိုင်းရဲတွေကြောင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဘက်ခြမ်းက သင်္ကြန်ပွဲတော်ဟာ ခြောက်ကပ်နေတာတွေ့ရပါတယ်။
(မြ၀တီမြို့ NLD အမှုဆောင်များအား JACBA ဆရာမိုးမှ အတာရေလောင်းနေပုံ)
(မြ၀တီမြို့နယ် ဗဟိုရေသဘင်မဏ္ဍပ်မှာ ဒီလိုဒီလိုစည်ကားစွာ)
နွေရာသီမို့လို့ သောင်ရင်းမြစ်ရေတိမ်တိမ်ပဲ ခြားထားတဲ့ တချို့ မြစ်ထဲမှာ ရေဆင်းစိမ်ကြတဲ့ (မဲဆောက်ရဲ့တစ်ဘက်ခြမ်း) မြန်မာပြည်၊ မြ၀တီမြို့ နယ်ဘက်မှာတော့ အတာရေသဘင်ပွဲတော်ဟာ စီးပွားရေးကျပ်တည်းကြတဲ့ ကြားထဲက စည်ကားမြဲ စည်ကားနေတာတွေ့ရပါတယ်။
မြ၀တီမြို့နယ်က လမ်းတိုင်းလမ်းတိုင်းမှာ ရေပက်ကစားသူတွေရှိနေကြပြီး ရပ်ကွက်တိုင်းမှာလည်း ရေပက်ခံမဏ္ဍပ် (အကြီး၊ အလတ်၊ အသေး) တွေ သာမက အလှပြ (၀ါ) ယဉ်ကျေးမှုသရုပ်ပြ မဏ္ဍပ်တွေပါ ရှိနေကြတာတွေ့ရပါတယ်။ လမ်းသူရဲလိုလို၊ လမ်းဘီလူးလိုလိုနဲ့ အလံထောင်ပြီး ဆိုင်ကယ်လ်စီးနင်းလာတဲ့ ယာဉ်တန်းတစ်ခုကို တောင် လျှက်တပြက်မြင်လိုက်ရပါသေးတယ်။
ဘာပဲဖြစ်ဖြစ် ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာ ထိုင်း-မြန်မာနယ်စပ်ရဲ့ ဒီမှာဘက်ခြမ်း မဲဆောက်မြို့ဟာ ခြောက်က ပ်နေပြီးဟိုမှာ ဘက်ကမ်းမြ၀တီမြို့နယ်မှာ အတာရေရွှဲရွှဲစိုပြီး အိုကေမှာစိုပြေနေတာကို မျက်ဝါးထင်ထင်ရှုမြင်ခံစားရပါသဗျို့။
**သောင်ရင်းနဂါး**
(သောင်ရင်းမြစ်ထဲမှ ဒီလို၊ဒီလို ရေဆင်းစိမ်ကြသူတွေလေ)
(မြ၀တီမြို့နယ် NLD အတာရေကစားမဏ္ဍပ်)
(မြ၀တီမြို့နယ်က အလံထောင်ဆိုင်ကယ်စီးအဖွဲ့ လှည့်လည်နေစဉ်)
(မြ၀တီမြို့နယ်၊ ရွှေမြင်းဝန်ဘုရားရှေ့က ကျော်ကြားလ္ဘက်ရည်ဆိုင်မှာ ဒီလိုလ္ဘက်ရည်သောက်ရင်း)
(မြ၀တီမြို့နယ်၊ ရွှေမြင်းဝန်ဘုရား မုဒ်ဦးရှေ့မှာ)
Photo-JACBA/ဘာစည်သလဲမမေးနဲ့ဆိုတဲ့ မြ၀တီမြို့နယ် ဗဟိုရေသဘင်မဏ္ဍပ်)

No comments:
Post a Comment