ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, April 16, 2013

> --လူထုကျန်းမာရေး(ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်မရှိ )-
**Public Health** 

 ဆေးလိပ်သောက်တာမကောင်းဘူးဆိုတာတော့ လူတိုင်းသိကြပါတယ်... ဆေးလိပ်ကိုဖြတ်ဖို့စိတ်ကူးလည်း အတော်များများမှာရှိကြပါတယ်... လိုနေတာကတော့ အဲ့ဒီစိတ်ကူးကို တကယ်အကောင်အထည်ဖော်ဖို့ပါပဲ... သင်ဆေးလိပ်ဘယ်လောက်သောက်ခဲ့တယ်... ဘယ်အချိန်ကတည်းကသောက်ခဲ့တယ်... ဆေးလိပ်ဖြတ်ဖို့ ဘယ်နှစ်ကြိမ်ကြိုးစားခဲ့တယ်... အဲ့ဒါတွေက တကယ်တော့ သိပ်အရေးမကြီးပါဘူး... ဘယ်အချိန်မှာမဆို ဆေးလိပ်ဖြတ်လိုက်တာနဲ့ အဲ့ဒီအကျိုးကျေးဇူးကို သင်လက်တွေ့ခံစားရမှာဖြစ်ပြီး သင့်အသက်လည်း ပိုရှည်လာပါလိမ့်မယ်... အောက်မှာဖော်ပြထားတာတွေကတော့ ဆေးလိပ်ဖြတ်တဲ့ ကာလအလိုက် သင့်ကိုယ်ခန္ဓာအပေါ် အကျိုးသက်ရောက်မှုတွေပါပဲ...

♦ ဆေးလိပ်ဖြတ်ပြီး မိနစ် ၂၀ အတွင်းမှာသင့်နှလုံးခုန်နှုန်းဟာ ပုံမှန်အတိုင်းရောက်သွားပါလိမ့်မယ်...

♦ သင့်ရဲ့နောက်ဆုံး ဆေးလိပ်သောက်ပြီး ၁၂ နာရီအတွင်းမှာ သင့်ကိုယ်ခန္ဓာစနစ်အတွင်းရှိတဲ့မှာ ကာဗွန်မိုနောက်ဆိုဒ်နဲ့ နီကိုတင်းပမာဏဟာ အလျင်အမြန်လျော့ကျသွားမှာဖြစ်ပြီး သင့်နှလုံးနဲ့ အဆုတ်တွေဟာ ဆေးလိပ်သောက်ခြင်းကြောင့်ဖြစ်ပေါ်ခဲ့တဲ့ ဒဏ်ချက်တွေကို ကုစားပါလိမ့်မယ်...

 ♦ ဆေးလိပ်ဖြတ်ပြီး နှစ်လ သုံးလကြာတဲ့အခါမှာ သင့်အနေနဲ့ နှလုံးရုတ်တရက်ထိခိုက်နိုင်ချေတွေ လျော့ကျသွားပြီဖြစ်ပါတယ်... သင့်အဆုတ်တွေဟာ အလုပ်ကောင်းကောင်းလုပ်နိုင်လာပြီး သင့်အရေပြားကလည်း ကြည့်ကောင်းလာပါလိမ့်မယ်...

♦ တစ်လကနေ ၉ လအတွင်း ချောင်းဆိုးတာနဲ့ အသက်ရှူကြပ်တာမျိုးမရှိတော့ဘဲ သင့်အဆုတ်က ပုံမှန်အတိုင်းဖြစ်သွားပါလိမ့်မယ်.... အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နိုင်ချေလည်း ကျဆင်းသွားပါလိမ့်မယ်...

♦ တစ်နှစ်ကြာတဲ့အခါ နှလုံးရောဂါဖြစ်နိုင်ချေဟာ ဆေးလိပ် လုံးဝမသောက်သူတစ်ဦးရဲ့ ထက်ဝက်ပဲရှိပါတော့တယ်...

♦ ငါးနှစ်အကြာမှာ နှလုံးရုတ်တရက် ထိခိုက်နိုင်ချေဟာ ဆေးလိပ်လုံးဝမသောက်သူတစ်ဦးနဲ့ အတူတူဖြစ်နေပြီဖြစ်ပါတယ်... ♦ ၁၅ နှစ်အကြာမှာတော့ နှလုံးရောဂါဖြစ်နိုင်ချေဟာ ဆေးလိပ် လုံးဝမသောက်သူတစ်ဦးနဲ့ တူညီသွားပါပြီ.... ♦ ဂျာမနီနိုင်ငံမှာ အသက် ၅၀ နဲ့ ၇၄ ကြားကလူပေါင်း ၉၀၀၀ လောက်ကို သုတေသနပြုလုပ်ချက်တစ်ခုအရ ဆေးလိပ်ဖြတ်ခြင်းဟာ သိသာထင်ရှားတဲ့အကျိုးကျေးဇူးတွေရလာတယ်ဆိုတာတွေ့ရှိရပါတယ်... ဆေးလိပ်ဖြတ်ပြီး ၅ နှစ်အတွင်း ရုတ်တရက်နှလုံးဖောက်ပြန်တာမျိုးကို ၄၀ % အထိ လျှော့ချပေးနိုင်ပါတယ်...

 ♦ သုတေသနပညာရှင်တွေတွေ့ရှိခဲ့တဲ့ နောက်တစ်ချက်ကတော့ သက်ကြီးပိုင်းအရွယ်ရောက်နေသူတွေတောင်မှ ဆေးလိပ်ဖြတ်လိုက်ရုံနဲ့
 နှစ်ပေါင်းများစွာဆေးလိပ်သောက်ခြင်းကြောင့် ထိခိုက်လာတာကို အထိုက်အလျောက်ကုစားနိုင်တယ်ဆိုတာပါပဲ... ဒါကြောင့် ဆေးလိပ်ဖြတ်တဲ့လှုပ်ရှားမှုတွေမှာ ပါဝင်လုပ်ဆောင်သင့်သူတွေဟာ လူငယ် လူလတ်တွေသာမကဘူး လူကြီးတွေပါ ပါဝင်သင့်တယ်လို့ ဆိုနိုင်ပါတယ်...

♦ ကနေဒါနိုင်ငံမှာ လေ့လာသုတေသနပြုလုပ်ချက်အရ သင့်အနေနဲ့ အသက် ၄၄ နှစ်မှာ ဆေးလိပ်ဖြတ်နိုင်ရင် ဆေးလိပ်လုံးဝမသောက်တဲ့သူတွေလောက် သက်တမ်းစေ့နေရနိုင်တယ်လို့ သိရှိရပါတယ်... ဒါပေမဲ့ အဲ့ဒီလေ့လာရေးမှာခေါင်းဆောင်ဖြစ်တဲ့ ပရော်ဖက်ဆာ Prabhat Jha ရဲ့အဆိုအရ အသက် ၄၀ မတိုင်မီ ဆေးလိပ်ဖြတ်ခြင်းဟာ ဆေးလိပ်ကြောင့်အသက်တိုမယ့် အန္တရာယ်ကို တကယ်ပဲလျှော့ချပေးနိုင်ပါတယ်လို့ သိရပါတယ်...

 ♦ အသက် ၄၅ ကနေ ၅၄ ကြားမှာ ဆေးလိပ်ဖြတ်သူတွေဟာ သက်တမ်း ၆ နှစ်လောက် ပိုရှည်လာမှာဖြစ်ပေမဲ့ အသက် ၅၅ နှစ်ကနေ ၆၄ နှစ်အတွင်းရောက်မှ ဆေးလိပ်ဖြတ်မယ်ဆိုရင်တော့ သက်တမ်း ၄ နှစ်လောက်သာ ရရှိနိုင်မှာဖြစ်ပါတယ်... ဆေးလိပ်ဖြတ်တဲ့အကျိုးကျေးဇူးဟာ သင့်ကျန်းမာရေးနဲ့ ဘဝအရည်အသွေးကို အချိန်ကြာလာတာနဲ့အမျှ တိုးတက်မြင့်မားစေပါလိမ့်မယ်... ဆေးလိပ်သောက်ခြင်းဟာ အရေပြားကိုလည်း ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်... ဆေးလိပ်ဖြတ်ခြင်းဖြင့် အောက်ဆီဂျင်နဲ့ anitoxidant အချိုးအစားစတင် မြင့်မားလာတာနဲ့အမျှ သင့်အရေပြားကိုလည်း ကျန်းမာလာစေမှာဖြစ်ပါတယ်...
ဆေးလိပ်ဖြတ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်က အလိုလိုကုစားလာတာနဲ့အမျှ သင့်အနေနဲ့ အစပိုင်းမှာ ဆိုးဆိုးရွားရွားခံစားရပါလိမ့်မယ်... ဒါပေမဲ့ တဖြည်းဖြည်းနေလို့ထိုင်လို့ပိုကောင်းလာပါမယ်... နားလည်ထားရမှာက ကုစားမှုဆိုတာ လုပ်ငန်းစဉ်တစ်ရပ်ပါပဲ... ဆေးလိပ်ဖြတ်လိုက်တာနဲ့ ကုစားမှုက ချက်ချင်းစပေမဲ့ အချိန်နဲ့အမျှ ဆက်လက်ကုစားနေမှာဖြစ်ပါတယ်... ဆေးလိပ်ဖြတ်လို့ ခံစားရတဲ့ ဝေဒနာဟာ ပြန်လည်ကောင်းမွန်လာတဲ့အခြေအနေကိုပြဆိုတဲ့ သင်္ကေတလည်းဖြစ်ပါတယ်... ဆေးလိပ်ဖြတ်ခဲ့တဲ့လူအများစုရဲ့ အတွေ့အကြုံအရ ဆေးလိပ်ဖြတ်ပြီးတာနဲ့ ချက်ချင်းဆိုသလို ကိုယ်အလေးချိန်ယာယီတိုးလာခြင်း၊ မူမမှန်ဖြစ်ခြင်းနဲ့ လျှာ၊ သွားဖုံးတွေ ခြောက်သွေ့နာကျင်ခြင်းစတဲ့ ပြန်လည်ကောင်းမွန်ခြင်းရဲ့ လက္ခဏာတွေ တွေ့မြင်ရပါလိမ့်မယ်.... သင့်အနေနဲ့ ထိတ်လန့်ချောက်ချားတုန်လှုပ်တာ၊ ဆာလောင်တာ၊ ပိုပြီးပင်ပန်းနွမ်းနယ်တာနဲ့ သာမန်ထက်ပိုပြီး ဒေါသထွက်စိတ်မရှည်တာမျိုးတွေ ခံစားရလာနိုင်ပါတယ်... အိပ်မပျော်တာတွေလည်းဖြစ်လာမှာဖြစ်ပြီး ချောင်းလည်း တော်တော်ဆိုးနေတာကို သတိထားမိပါလိမ့်မယ်... ဒီလက္ခဏာတွေဟာ သင့်ခန္ဓာကိုယ်က စွဲလန်းမှုမြင့်မားတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ နီကိုတင်းတွေကို သူ့အလိုလိုရှင်းထုတ်နေလို့ ပေါ်လာတဲ့ ရလဒ်တွေပါပဲ... ဆေးလိပ်ဖြတ်ပြီး ၂ ရက် ၃ ရက်အတွင်းမှာပဲ နီကိုတင်းအများစုဟာ ခန္ဓာကိုယ်ထဲက ရှင်းလင်းသွားပြီဖြစ်ပါတယ်... ဆေးလိပ်ကြောင့် ရုပ်ပိုင်းဆိုင်ရာအရ ကျန်းမာရေးထိခိုက်မှုတွေရှိသလို စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ... လူမှုရေးအရထိခိုက်မှုတွေနဲ့ ငွေရေးကြေးရေးအရ ထိုးနှက်မှုတွေလည်း ရင်ဆိုင်ရနိုင်ပါတယ်... ဆေးလိပ်သောက်သူတစ်ဦးကြောင့် ပတ်ဝန်းကျင်က ဆေးလိပ်မသောက်တဲ့သူတွေကိုလည်း ထိခိုက်စေပါတယ်... သင့်အနေနဲ့ ဘယ်အသက်အရွယ် ဘယ်အဆင့်အတန်းမှာပဲရှိနေနေ ဆေးလိပ်ဖြတ်ဖို့ မသင့်တော်တဲ့ အကြောင်းပြချက်ဆိုတာမရှိပါဘူး... ဆေးလိပ်ရဲ့မကောင်းကျိုးကို ကွဲကွဲပြားပြားသိမြင်လာပြီ ဆေးလိပ်ဖြတ်သင့်တယ်ဆိုတဲ့ ခံယူချက်လည်းရှိလာပြီဆိုရင်တော့ သင့်အနေနဲ့ဆေးလိပ်ဖြတ်နိုင်ပါပြီ... တစ်ရက်ပြတ်ပြတ် နှစ်ရက်ပြတ်ပြတ် သင့်အတွက်အကျိုးကျေးဇူးရှိပါတယ်... ဒီကနေ့ စပြီး ကြိုးစားကြည့်လိုက်ကြရအောင်... ---------------------------------------------------------------- 

**နှိုင်းရင့်နွေ**

 http://www.facebook.com/photo.php?fbid=404523599645477&set=a.351047714993066.76

--လူထုကျန်းမာရေး(ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်မရှိ )-

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)