ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Friday, April 26, 2013

-ကားမှောက်ရာတွင် သေဆုံး၊ ဒဏ်ရာရ မြန်မာအလုပ်သမားမိသားစုများအား မြန်မာအလုပ်သမား ၀န်ကြီးကိုယ်စား ကွင်းဆင်းလှူဒါန်း-

>

Photo-JACBA(ဦးသက်ဦး၊ ဦးမိုးကြိုးနှင့်ယနေ့ကွင်းဆင်းအကျိုးဆောင်အဖွဲ့အား တာ့ခ်ခရိုင်ဆေးရုံကြီးမှာ တွေ့ရစဉ်)
**(ဧပြီလ ၂၆ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)**

 ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်၊ ဧပြီလ ၂၃ ရက်နေ့ ညပိုင်းက ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ တာ့ခ်မြို့နယ် ဧရိယာအတွင်း ကားမှောက်ခဲ့ရာတွင် ပါဝင်ခဲ့ကြသော သေဆုံးသူနှင့် ဒဏ်ရာရမြန်မာရွှေ့ပြောင်းအလုပ်သမား မိသားစုများအား ပြည်ပအလုပ်အကိုင်ကြီးကြပ်ရေးကော်မတီဥက္ကဌမြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာန
ဝန်ကြီး ၏ကိုယ်စား ကိုယ်စားလှယ် (၄) ဦးက တာ့ခ်ခရိုင်ဆေးရုံကြီး၌ ယနေ့ကွင်းဆင်းလှူဒါန်းခဲ့ကြောင်းသတင်းရရှိသည်။
ထိုသို့မြန်မာနိုင်ငံအလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၀န်ကြီး ဦးမောင်မြင့်၏ ကိုယ်စားလှူ ဒါန်းနိုင်ရန် ထိုင်းနိုင်ငံမြန်မာသံရုံး၊ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်မှ
တာဝန်ခံ စီစဉ်ပေးခြင်းဖြစ်ပြီး မဲဆောက်မြို့ One stop service (ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရုံး)
မှ ဦးစီးအရာရှိ ဦးသက်ဦး၊ မြန်မာသံ ရုံး၏ မြန်မာရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ဦးမိုးကြိုး၊ ပြည်ပအလုပ်အကိုင် အေဂျင်စီမှ ကိုယ်စားလှယ်
တစ်ဦး၊ ထိုင်းနိုင်ငံမဲဆောက်မြို့ တာ့ခ်ခရိုင်အလုပ်သမားရှာဖွေရေးရုံးမှ ရုံးဝန်ထမ်းတစ်ဦး စသူ တို့က ကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်သည်။

(ဦးစီးအရာရှိ ဦးသက်ဦးမှဒဏ်ရာရ မိန်းကလေးအား ထောက်ပံ့ငွေပေးနေစဉ်)

ယနေ့ကွင်းဆင်းထောက်ပံ့မှုတွင် သေဆုံးသူဒေါ်နွယ် (၄၃နှစ်၊ အဘ-ဦးဖေအောင်၊ ကော့မီရွာ၊ ကော့ကရိတ်မြို့ နယ်)အတွက် ဘတ် (၁၀၀၀၀) ဒဏ်ရာ ပြင်းထန်သူ ကိုယ်ဆန်းညွှန့် (ခါးကျိုး၊ လေရှူပိုက်သွင်းထားရ၊ ခေါင်းထိခိုက်) အတွက် ၅၀၀၀ ဘတ်၊ နှင့် ကလေး
၁ ဦးတို့ အပါအ၀င် လူ (၂၆) ဦးအတွက် (၇၆၀၀၀) ဘတ်အား ပေးအပ်ခဲ့ကြသည်။ အခြားသေဆုံးသူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အတွက်လည်း ထောက်ပံ့ငွေ (၁၀၀၀၀) ဘတ်ကို ကာယကံရှင် မိသားစုဝင်တစ်ဦးဦးမှ လာရောက်ရယူကြရန် အကြောင်းကြား ထားသည်။

( သေဆုံးသူဒေါ်နွယ် (၄၃နှစ်၊ အဘ-ဦးဖေအောင်၊ ကော့မီရွာ၊ ကော့ကရိတ်မြို့ နယ်)

 သင်္ကြန်ကဲ့သို့သော အခါကာလမျိုးတွင်ထိုင်းအစိုးရမော်တော်ယာဉ်ဌာနမှ မြန်မာရွှေ့ပြောင်းအလုပ်သမား
တို့ ခေတ္တနေရပ်ပြန်ကြရန် ကြံ့ခိုင်စိတ်ချရသော မော်တော်ယာဉ်များကို စီစဉ်ပေးရန်လိုအပ်ကြောင်းနှင့် ထိုသို့ စီစဉ်ပေးမှုမရှိသော ဤမော်တော်ယာဉ်များကို ဆက်လက် အသုံးပြုနေပါက ကြားကားဆွဲစားသော ကြံ့ခိုင်စိတ်ချရမှုမရှိသော ဤမော်တော်ယာဉ်များကို ဆက်လက်အသုံး ပြုနေပါက ဤသို့သော မော်တော်ယာဉ်မတော်တဆမှုများဆက်လက်ဖြစ်ပွားမည်ဖြစ်ကြောင်း၊ ထိုင်းအလုပ်ရှင် များကလည်း မိမိတို့အလုပ်သမားများအိမ်ပြန်ချိန်တွင် ကြံ့ခိုင်စိတ်ချရသော မော်တော်ယာဉ်များကို စီစဉ်ပေးရန်ထိုင်းအစိုးရအားတိုက်တွန်းဆော်သြပေးသင့်ကြောင်း မြန်မာပြည်သားများအရေး
ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က သုံးသပ်တင်ပြသည်။

(ဦးသက်ဦး၊ ဦးမိုးကြိုးနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများတာ့ခ်ခရိုင် ဆေးရုံကြီးတနေရာမှာ)

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ မော်တော်ယာဉ်မတော်တဆမှုနှင့် စပ်လျဉ်း၍ ပြည်ပအလုပ်အကိုင် ကြီးကြပ်ရေးကော် မတီမှ ပထမဆုံးအကြိမ် ကရုဏာကြေးအဖြစ် ကွင်းဆင်းပေးအပ်ခြင်းဖြစ်ပါသည်။

(သေဆုံးသူ ဒေါ်နွယ်၏သမီးဖြစ်သူ ဒဏ်ရာရ မိန်းကလေးအား ဦးသက်ဦးမှ ထောက်ပံ့ငွေပေးနေစဉ်)
(ဒဏ်ရာပြင်းထန်သူ ကိုဆန်းညွှန့်အား ဦးစီးအရာရှိ ဦးသက်ဦးမှ ထောက်ပံ့ငွေပေးနေစဉ်)

( တာ့ခ်ခရိုင်ဆေးရုံကြီးအတွင်း ယနေ့မြင်ကွင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)