**ခလုတ်တွေများလွန်းလို့ **
အမျိုးသားတစ်ဦးဟာ အရေးပေါ်ပြဿနာ ဖြစ်နေပါတယ်။ ခန်းမတစ်နေရာမှာရှိတဲ့ အမျိုးသားသုံးအိမ်သာကို ဝင်ဖို့ကြိုးစားတိုင်း မအားဖြစ်နေတဲ့အတွက် ဝင်ခွင့်မရပါဘူး ။ ရှုံ့ရှုံ့ မဲ့မဲ့ဖြစ်နေတဲ့သူ့ကို အနားမှာရှိတဲ့ မိန်းမလှလေးတစ်ဦးက သတိထားမိသွားတာကြောင့်..... “ ဒီမှာ... ရှင်တော်တော် ပြဿနာတက်နေပုံရတယ်... အမျိုးသမီးအိမ်သာမှာ ဘယ်သူမှမရှိဘူး ။ တကယ်လို့ ရှင်က အဲဒီအိမ်သာထဲမှာရှိတဲ့ ဘယ်ခလုတ်ကိုမှ မနှိပ်ပါဘူးလို့ ကတိပေးမယ်ဆိုရင်တော့ အမျိုးသမီးအိမ်သာထဲ ဝင်လိုက်ပါ။ ကျွန်မတို့ ခွင့်ပြုပါတယ် ” လို့ ဆိုလိုက်ပါတယ်။ ထွက်ကျမတတ်ဖြစ်နေတဲ့ အမျိုးသားကလည်း တောင်းတဲ့ကတိကို အလွယ်တကူပေးလိုက်ပြီး အမျိုးသမီး အိမ်သာထဲကို ကမန်းကတန်း ဝင်ခဲ့ပါတယ် ။ ကမုတ်ပေါ်ကို ထိုင်လိုက်တာနဲ့တစ်ပြိုင်နက် နေသာထိုင်သာရှိသွားပါပြီ။ ဒီတော့မှ အိမ်သာနံရံကို သတိထားကြည့်လိုက်တော့ ခလုတ်တွေ သုံးခုရှိနေတယ်ဆိုတာ သတိထားမိပါတယ်... ။ ဒါပေမယ့် ဘယ်ခလုတ်ကိုမှ မကိုင်ပါဘူးလို့ ကတိပေးခဲ့တာကြောင့် အောင့်အီးသည်းခံနေပါတယ်။ အဲဒီခလုတ်သုံးခုမှာ..... WW , WA , PP လို့ ရေးထားပါတယ်... ခလုတ်အနီတစ်ခုမှာတော့ ATR လို့ရေးပြီး ကပ်ထားပါတယ် ။ ဒီခလုတ်တွေ ငါ ကိုင်လိုက်ရုံနဲ့ ဘယ်သူသိတာမှတ်လို့ လို့လည်း စိတ်ထဲမှာ အောက်မေ့မိပါတယ်။ သိချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပြီး WW လို့ ရေးထားတဲ့ ခလုတ်ကို နှိပ်လိုက်ရာ ရေနွေးများ ပေါ်ထွက်လာပြီး သန့်စင်ပေးပါတယ်။ ဒီလိုသန့်စင်ပေးတာမျိုး အမျိုးသား အိမ်သာဖက်မှာ မရှိတဲ့ အတွက် သူ တော်တော်ကျေနပ်သွားပါတယ်။ ( WW ဆိုတာက Warm Water ရေနွေးကို ဆိုလိုတာပါ ).... နောက်ထပ် ခလုတ်တစ်ခုဖြစ်တဲ့ WA ကို စမ်းသပ်ချင်စိတ်တွေ ပေါ်ပေါက်လာပြန်ပါတယ်။
သူနှိပ်လိုက်တဲ့အခါမှာတော့ စောစောက ရေနွေးအစား လေခပ်နွေးနွေးတွေထွက်လာပြီး ရေကို ခြောက်သွားစေပါတယ် ။ ရေခြောက်သွားတော့မှ သူက ခလုတကိုပိတ်လိုက်ပါတယ်။ နောက်ထပ်ဘာမှ မစဉ်းစားတော့ပဲ PP လို့ရေးထားတဲ့ ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာတော့..... Power Paff ပေါင်ဒါရိုက်တဲ့ ပတ်ဖ်အကြီးကြီးတစ်ခု ပေါ်ထွက်လာပြီး တင်ပါးကို အားရပါးရ ပေါင်ဒါရိုက်ပေးပါတယ်။ သင်းပျံ့သွားတဲ့ ရနံ့ကြောင့် သူတအံ့တသြ ဖြစ်သွားရပါတယ် ။ အမျိုးသမီးအိမ်သာက တယ်လဲ ဇိမ်ကျလှတာကိုး.. လို့လဲ တွေးရင်း သဘောတွေကျနေမိပါတယ်။ ဒါနဲ့ ပေါင်ဒါရိုက်အပြီးမှာ ဘာမှမစဉ်းစားတော့ပဲ နောက်ဆုံးခလုတ်တစ်ခုဖြစ်တဲ့ ATR ကို နှိပ်ချလိုက်ပါတော့တယ်.... သူသတိရချိန်မှာတော့ ဆေးရုံပေါ်ကိုရောက်နေပါပြီ... သူနာပြု ဆရာမလေး တစ်ဦး နဲ့ ဆရာဝန်ကြီးတစ်ဦး က သတိရလာတဲ့ သူ့ အနားမှာ ကြင်နာစွာ ငုံ့ကြည့်နေကြတာကို ပထမဆုံး တွေ့လိုက်ရတဲ့ အတွက် “ကျွန်တော် ဘာဖြစ်သွားတာလဲ...??ဒီနေရာကို ဘယ်လိုလုပ်ရောက်လာတာလဲ...?? ကျွန်တော် နောက်ဆုံး သတိရတာကတော့ အမျိုးသမီး အိမ်သာထဲမှာ ကျွန်တော် ရှိနေတာပဲ” လို့ မေးလိုက်ပါတယ်....။ အဲဒီ့အခါ သူနာပြုဆရာမလေးက ခပ်ပြုံးပြုံးလေး ဖြစ်သွားပြီး ဆရာဝန်ကြီးကို လှမ်းကြည့်လိုက်ပါတယ်။ ဆရာဝန်ကြီးက “ဘာမှ စိတ်မပူပါနဲ့ဗျာ... ကျွန်တော်တို့ Operation လုပ်တာ အောင်မြင်ပါတယ်.... နောက်တစ်ပါတ်လောက်ကြာတဲ့ အခါ ဒဏ်ရာကျက်သွားမှာပါဗျာ” လို့ တစ်ခွန်းတည်းပြောပြီး ဆက်ပြီး Round လှည့်သွားပါတယ်။ အဲဒီ အခါ အမျိုးသားလည်း ထိတ်လန့်သွားပြီး အနားက ထွက်ခွာအံ့ဆဲဆဲ ဆရာမလေးကို အလောတကြီး နဲ့...... “.. နေ .. နေ .. နေပါဦး ဆရာမရယ်... ကျွန်တော် ဘာကြောင့် Operation လုပ်ရတယ်ဆိုတာ ပြောပြခဲ့ပါဦးဗျာ.... ” လို့ မေးလိုက်တော့ သူနာပြုဆရာမလေးက “ စိတ်မကောင်းပါဘူးရှင်... စိစိညက်ညက်ကြေသွားတဲ့ အစိတ်အပိုင်း နှစ်ခုကိုတော့ ကျွန်မတို့ အောင်မြင်စွာနဲ့ပဲ Operation လုပ်နိုင်ခဲ့ပါတယ်ရှင့်..... ရှင် ကခလုတ်တွေ လျှောက်နှိပ်တာကိုး ATR ဆိုတာက *Automatic Tampon Remover* အမျိုးသမီးသုံး ဂွမ်းကတ် အလိုအလျောက်ခွာတဲ့ စက်ရှင့် " လို့ ဖြေလိုက်ပါတော့တယ်.... ။ သတိရလာခါစ အမျိုးသားလူနာလဲ ဂစ် ခနဲ ပြန်တက်သွားပါတော့တယ်... ။
By Aung Aung Shwe....... --
Posted By Blogger လူဗိုလ်

No comments:
Post a Comment