>
မိန်းမတစ်ယောက်ကို ချစ်ဖို့ ဘယ်လောက်လွယ်ပြီး၊ တွေ့ဆုံဖို့ကတော့ ဘယ်လောက်ခက်ခဲပါသလဲ။ ကျွန်တော် မသိပါ။ ကျွန်တော်သိသည်က မိန်းမများသည် အချစ်ထက် သူတို့ဘ၀လုံခြုံစိတ်ချမှုကိုပဲ အားကိုးယုံကြည်ကြ သည်ထင်ပါသည်။ ဆရာဆန်းလွင်ကတော့ ခံစားလွယ်တဲ့ နှလုံးသားနုနုက အသိဥာဏ်ရှိတဲ့ ဥဏှောက်ကို မလွှမ်းမိုးစေသင့်ဘူးမဟုတ်လားဆိုပြီး ချစ်သူ ခရစ်ယာန်ဘာသာဝင်ကောင်မလေးကို စွန့်ခဲ့ပြီး သူရှာနေသည့် ဘာသာတရားကို တွေ့ဖို့ စတေးပစ်နိုင်ခဲ့သည်။ သို့ဆိုလျင် မိန်းမတွေကကော...။ သိပ်ချစ်ပါလျက်နဲ့ ဘ၀လုံခြုံမှု အတွက်ဆိုသည့် အကြောင်းပြချက်တစ်ခုနှင့် ချစ်သူကောင်လေးတွေကို ထားခဲ့ကြတာပဲလား။ ကျွန်တော်ရေရေလည်လည် နားမလည်နိုင်သေးပါ။
(၁)
အဲသည်နေ့က သူမနဲ့ ကျွန်တော် မြို့ကလေးတစ်မြို့က ဘုန်းကြီးကျောင်းမှာ တွေ့ကြခြင်းဖြစ်သည်။ သူမက ဂျင်ဘောင်းဘီအတိုလေးနှင့်ဖြစ်ပြီး အနီရောင်အင်္ကျီလက်တိုလေးနှင့်ဖြစ်သည်။ ဘုန်းကြီးဆွမ်းကပ်လာသည်ဟုပဲ ကျွန်တော်က ယေဘုယျသတ်မှတ်ထားမိသည်။ သို့သော်...သူမနှင့် ကျွန်တော် ဘုန်းကြီးကျောင်းမှာ ကုသိုလ်ယူဖြစ်ကြတာပဲ ပြောခွင့်ရမလား။ အကုသိုလ်ကို နှစ်ကိုယ်တူမျှယူကြတာလို့ပဲ ပြောမလား။ ကျောင်းမှာ ရဟန်းသံဃာများကို နှိပ်စက်နေသည့် အကောင်ပလောင်များ နှိမ်နှင်းရေး ကုသိုလ်ယူနေဖြစ်ကြသည်။ သို့မဟုတ် အကုသိုလ်ယူနေကြသည်။ကောင်မလေးရေ... မင်းနဲ့ အတူယူခဲ့တဲ့ ကုသိုလ်တွေ (အကုသိုလ် တွေ)ကြောင့်ပဲ လား..ကိုယ်တို့တွေ ဝေးနေကြတာ..။
သည်လိုနှင့် သူမနှင့် ကျွန်တော် အလွမ်းနွမ်းနွမ်းတွေကို ပိုင်ဆိုင်ခဲ့ကြသည်။ ဆရာမင်းလူကတော့ မိန်းမတစ်ယောက်ကို ချစ်ရတာ ခပ်ညံ့ညံ့ဘောလုံးအသင်းကို အားပေးရသလိုပဲဟု ပြောသည်။ ကျွန်တော်လည်း ခပ်ညံ့ညံ့ ဘောလုံးအသင်းတစ်သင်းကို အားပေးမိနေပြီလား၊။ ဟိုသီချင်းထဲကလို အချစ်နဲ့ ဘ၀ဟ တကယ်တော့ တခြားစီလို့ပဲ အကြောင်းပြမလား။ ကျွန်မ ရှင့်ကို ချစ်မိတာတော့ အသေချာပဲဆိုတာ ၀န်ခံပါတယ်။ ဒါပေမယ့်...ဆိုသည့် ၀ါကျတွေ နှုတ်တိုက်ရွတ်ပြသွားလေမလား။ ဘာပဲဖြစ်ဖြစ်..ထားပစ်ခဲ့သူတစ်ယောက် အတွက် ကျန်ရစ်ရမည့်သူအပေါ် စကားလုံးတွေနှင့် လမ်းခွဲစကားပြောဖို့ ရှားမည်မထင်။
ကျွန်တော့်ကောင်မလေးကတော့..ပြောခဲ့သည်။ ကိုကိုရယ်တဲ့ အများကြီးမျှော်လင့်မထားပါနဲ့တဲ့။ သူမစကားအတိုင်း သူမ ကျွန်တော့်ကို မမျှော်လင့်ရဲအောင် စကားလုံးတွေနှင့် ထိုးစစ်ဆင်တိုက်ခိုက်သွားခဲ့သည်။ ကျွန်တော် ကျရှုံးခဲ့ပါသလား။ ချန်ထားခံရမှုကို ကျရှုံးသည်ဟု အဓိပ္ပါယ်ဖွင့်ခဲ့လျှင်တော့ ကျွန်တော် သိသိကြီးနှင့် ကျရှုံးခဲ့ရပါသည်။ သို့သော်... ထိုကျရှုံးမှုသည် တန်ဖိုးဖြတ်မရသော ခံစားမှုများကို အခြေခံသည်ဟု ယုံကြည်နေမိပြန်သည်။
(၂)
ရေပြင်ပေါ်မှ ဖြတ်တိုက်လာသော တောင်သမာန်လေညှင်းသည် မောင်ဖေငယ်၏ အလွမ်းတွေကိုပါ ဆောင်ယူလာသလား မပြောတတ်။ ညီမလေးရယ် ကျွန်တော်ရယ်.. နောက် အခြားသုံးလေးယောက်ရယ် စတုတ္ထမြောက်ဇရပ်တွင် နားနေကြသည်။ ကျွန်တော်က ညီမလေးကို ကဗျာတစ်ပုဒ်ရွတ်ပြသည်။ မောင်ဖေငယ်လို နှလုံးသားဆိုသည့် ကဗျာလား။ တောင်သမာန် ကဗျာလား ။ ကဗျာခေါင်းစဉ်မမှတ်မိတော့။ ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) ၏ ဦးတောင်တင် တောင်သမာန်အင်းမှာပဲ ခင်ခင်ရယ် နှင်းဖြစ်ပါတော့ ဆိုသော ကဗျာအဆုံးပိုဒ်လေးလည်း ဆုံးရော ညီမလေးကိုကျွန်တော်ကြည့်လိုက်သည်။ ညီမလေးက ဟိုးမနီးမဝေး ရိုးတံပြိုင်းပြိုင်း သစ်အိုပင်ကြီးကို ငေးလို့။ တကယ်ပဲ ဒိုင်းခင်းခင်ဟာ နှင်းဖြစ်ခဲ့ပါသသလား။ အခု ကျွန်တော်ရွတ်ပြသောကဗျာလေးကို နားထောင်ခဲ့သော ညီမလေးကကော.. နှင်းကို ချစ်တတ်ခဲ့ပါသလား။ ကျွန်တော်မသိပါ။အခုတော့ ညီမလေးဟာ အညာနွေကိုတော့ ချစ်တတ်နေပြီထင်ပါသည်။
(၃)
တောင်တွေ ကောက်တိုင်း တိမ်တွေ ဖြောင့်ပေးဖို့ လိုအပ်ပါသလား ။အဲဒီညက လ သည် မိုက်မဲစွာ လင်းထိန်နေသည်။ ပြီးတော့ တိမ်အုပ်တစ်အုပ်က သူ့ရဲ့ မိုက်မဲမှုကို ဖုံးအုပ်ပေးဖို့ ကြိုးစားနေသည်။ မိန်းမတစ်ယောက်က စတင်ဆိုသော ရည်းစားစကားတွင် မောင်ဆိုသော ဝေါဟာရကို ကြားတိုင်း ကျွန်တော်တော်တော်ရွံနေမိသည်။ ကျွန်တော့်ဖုံးကို မက်ဆေ့ရိုက်ပြီးတော့ သော်လည်ကောင်း၊ အင်တာနက်မှ တစ်ဆင့်သော်လည်း အလားတူ နာမ်စားများကို ကျွန်တော်မခံစားနိုင်သည်မှာ လ အတန်ပင် ကြာခဲ့ပြီ။ ဘ၀ဆိုသည်မှာ ဦးဏှောက်အားကိုးနဲ့ချည်း ရှင်သန်နေထိုင်လို့ မဖြစ်မှန်း သိသကဲ့သို့ နှလုံးသည်းပွတ်ကိုချည်း ခံစားနေထိုင်ဖို့လည်း မဖြစ်နိုင်သည်ကို သဘောပေါက်လာတတ်ခဲ့သည်။ သို့သော် ဘ၀ကိုသော်လည်းကောင်း အချစ်ကိုသော်လည်းကောင်း ဈေးကွက်စီးပွားရေးစနစ်နှင့် တွက်ချက် နေထိုင်ဖို့ ကြိုးစားသူများကို ရွံတတ်လာခဲ့သည်။
(နိဂုံး)
သည်စကားလုံးများသည် အခြားတစ်စုံတစ်ရာနှင့် တစ်စုံတစ်ယောက်ကို ထိခိုက်စေလိုသော ဝေါဟာရများ မပါပါ။ ဆရာမဂျူး၏ တိမ်နဲ့ချည်တဲ့ကြိုး၊ ကြယ်စင်တံတား ကမ်းပါးနှင်းဖြူ၊ ဆရာမင်းလူ၏ လွမ်းရအောင် စသော လောလောဆယ် ဖတ်မိခဲ့သော စာအုပ်များကို ဆင့်ပွားခံစားပြီး အထက်ပါ စကားလုံးများကို ရေးသားဖြစ်ခဲ့ပါသည်။ တိုက်ဆိုင်မှုရှိကခွင့်လွှတ်ပါဟု မပြောလိုပါ။ တိုက်ဆိုင်မှုရှိက ရိုက်လိုက်ပါဟုသာ ပြောချင်ပါသည်။။။။။။
အားလုံး ရွှင်းပြုံးချမ်းသာစိမ့်သောငှာ ဤစာကို မျှဝေရလေကောင်းတည်.း........။
(ပုဂံခေတ်သတ်ပုံများမဟုတ်ပါ)
တို့ထိသူ... နေသစ်

Friday, April 12, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment