ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, April 1, 2013

-ဟုတ်၍ ကျော်သော MPC ၏ ပုတ်၍ ပေါ်သောငွေကြေးအရှုပ်တော်ပုံ-

>
ယခုတလော မီဒီယာသတင်းများတွင်
Myanmar Peace Center (MPC) ၏ ငွေကြေးအရှုပ်တော်ပုံ အကြောင်း စိတ်မကောင်းဖွယ်ရာ ကြားသိနေရပါတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးဗဟိုဌာန (MPC) ဟာ တာဝန်ယူလုပ်ကိုင်သူ လူတစ်ချို့ရဲ့ အလွဲသုံးစားလုပ်ကိုင်မှုများကြောင့် ဟုတ်၍ကျော်သော ပုတ်၍ပေါ်သော မကောင်းသတင်းများ အချိန်တို အတွင်း ထွက်ပေါ်လာနေပါတယ်။ ဒီသတင်းများဟာ တစ်ဖက်သတ်စွပ်စွဲချက်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မနာလိုသူများရဲ့ ဝေဖန်ချက်များအဖြစ် တုံ့ပြန်ဖြေရှင်းနေသော်လည်း အတွင်းသိများရဲ့ ဖောက်သည်ချမှုကြောင့် MPC ရဲ့ ငွေကြေးရယူသုံးစွဲမှုများဟာ ပွင့်လင်းမြင်သာမှု မရှိခြင်းကိုတော့ အငြင်းပွားဖွယ်ရာမရှိ မြင်တွေ့နေရပါတယ်။

 MPC ဟာ Semi-Government ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (Peace Process)အတွက် အစိုးရအဖွဲ့က ဘက်ဂျက်ခွဲဝေပေးခြင်းမရှိလို့ NGO အဖွဲ့အစည်းတွေလို နိုင်ငံတကာအထောက်အပံ့များဖြင့် ရပ်တည်နေရတယ်လို့ ဆိုပါတယ်။ လက်ရှိ MPC ကို အကူအညီပေးနေတဲ့အဖွဲ့တွေကတော့ ဥရောပသမဂ္ဂအဖွဲ့ (EU)၊ နော်ဝေ အခြေစိုက် Peace Donor Support Group (PDSG) နဲ့ Myanmar Peace Support Initiative (MPSI)၊ ဂျပန်က NGO အဖွဲ့တွေဖြစ်တဲ့ Nippon Formdation နဲ့ Japan Platform တို့ အဓိကဖြစ်ပြီး MPC မှာ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ Myanmar Egress မှတစ်ဆင့် အနောက်နိုင်ငံများရှိ Donor များက အကူအညီ ပေးလျက်ရှိနေပါတယ်။ ယနေ့ထိ လက်ခံရရှိခဲ့တဲ့ ပြည်ပထောက်ပံ့ငွေများကတော့ EU အဖွဲ့မှ ယူရိုငွေ ၇ သိန်း၊ Japan Nippon Formdation က ဒေါ်လာ ၃ သန်းရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ နောက်ထပ် PDSG အဖွဲ့မှ အမေရိကန်ဒေါ်လာ သန်း ၃၀ ၊ MPSI အဖွဲ့မှ ဒေါ်လာ သန်း ၇၀ ၊ EU အဖွဲ့မှ အမေရိကန်ဒေါ်လာ ၃၈.၅ သန်း၊ Japan Platform အဖွဲ့က သုံးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၁ သန်း ထောက်ပံ့ပေးမယ်လို့ သိရှိရပါတယ်။ ဒီလိုပေးတဲ့နေရာမှာ EU နဲ့ နော်ဝေအဖွဲ့တွေက MPC ကို ငွေသားတွေတိုက်ရိုက်ပေးပြီး ဂျပန်အဖွဲ့တွေကတော့ MPC မှတစ်ဆင့် ကချင်နှင့်ကရင်ပြည်နယ်တွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စီမံကိန်းအနေနဲ့ တိုက်ရိုက်ပေးသွားဖို့ စီစဉ်ထားရှိပါတယ်။ ပြည်ပကနေ ထောက်ပံ့ပေးလာတဲ့ အကူအညီတွေကို MPC က လက်ခံရယူသုံးစွဲရာမှာ စဉ်းစားသင့်တဲ့ အချက် (၂) ချက်ကတော့ ငွေကြေး စာရင်းဇယား ပွင့်လင်းမြင်သာမှုနဲ့ ထောက်ပံ့မှုများရဲ့ နောက်ကွယ်က နှောင်ကြိုးများ ရှိ/မရှိဆိုတဲ့ အချက်များ ဖြစ်ပါတယ်။ လက်ရှိ MPC ဥက္ကဌ ဦးအောင်မင်း ဟာ ဒီ (၂) ချက်စလုံးကို ဂရုမစိုက်ဘဲ MPC မှာ အဖွဲ့ဝင်ဖြစ်တဲ့ MIC ဥက္ကဌကြီး ဦးစိုးသိန်း ရဲ့ ချယ်လှယ်မှုအောက်မှာ ရောက်နေပါတယ်။ သူတို့နှစ်ယောက်စလုံးရဲ့ နောက်ကွယ်မှာရှိနေတဲ့ အချိတ်အဆက်များကတော့ ပြုပြင်ပြောင်းလဲရေးခေါင်းစဉ်အောက်မှာ တိုင်းပြည် မျက်နှာကို မကြည့်ဘဲ နိုင်ငံရေးလုပ်စားသူများဖြစ်တာကို သမ္မတကြီးအနေနဲ့ သတိပြုသင့်ပါတယ်။ NGO အဖွဲ့အစည်းပုံသဏ္ဍန် လှုပ်ရှားသက်ဝင်နေတဲ့ MPC ဟာ နိုင်ငံတော် ဘက်ဂျက်ကို သုံးစွဲခြင်း မရှိလို့ စာရင်းစစ်ခံစရာမလိုတဲ့ အခွင့်အရေးကို အမိအရသုံးပြီး မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် နိုင်ငံတကာကပေးလာတဲ့ ထောက်ပံ့ငွေတွေကို တိတိကျကျ ထိထိရောက်ရောက် သုံးစွဲခြင်းမရှိဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ မီဒီယာတွေက ထောက်ပြပြောဆိုနေပါတယ်။ အဆိုးဆုံးကတော့ နိုင်ငံခြား ထောက်ပံ့ငွေနဲ့ ရပ်တည်နေရတဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ MPC တို့ဟာ နိုင်ငံတကာ Donor များ ရရှိရေး အပြိုင်အဆိုင်လှုပ်ရှားနေရတာကြောင့် တစ်ဖွဲ့နဲ့တစ်ဖွဲ့ မြွေမြွေခြင်း ခြေမြင်ပြီး MPC ရဲ့ ငွေကြေးစာရင်း မရှင်းနိုင်ပုံကို ပွင့်လင်းလူ့အဖွဲ့အစည်းက ပြောင်ပြောင်တင်းတင်း ဝေဖန်လျက်ရှိနေပါတယ်။ NGO အဖွဲ့အစည်းများရဲ့ ထုံးစံအတိုင်း ငွေကြေးကို ကိုင်တွယ်သုံးစွဲသူ တာဝန်ခံများအနေဖြင့် ပုထုဇဉ် လူသားများပီပီ ကိုယ်ရေးကိုယ်တာသုံးစွဲလေ့ ရှိကြပါတယ်။ ပြည်တွင်းမှာရှိနေတဲ့ NGO အဖွဲ့အစည်းများဟာ သက်ဆိုင်ရာ Project များ အလိုက်ရရှိတဲ့ ငွေကြေးများအပေါ်မှာ စီးပွားရေး အခွင့်အလမ်းတစ်ခုလို လုပ်ကိုင်စားသောက်ကြတာ လည်း ထုံးစံပဲဖြစ်ပါတယ်။ အများအားဖြင့် သုံးစွဲရမဲ့ ငွေကြေးရဲ့ သုံးပုံတစ်ပုံခန့်သာ သက်ဆိုင်ရာ Project အတွက် သုံးစွဲပြီး ကျန်တဲ့ သုံးပုံနှစ်ပုံကတော့ အုပ်ချုပ်ထောက်ပံ့မှုနဲ့ ကိုယ်ရေးကိုယ်တာ စရိတ်များ အဖြစ် သုံးစွဲကြတာလည်း မထူးဆန်းလှပါဘူး။ ဒါပေမယ့်လည်း MPC လို Semi-Government အဖွဲ့က နိုင်ငံတကာရဲ့ အထောက်အပံ့တွေကို အလွဲသုံးစားလုပ်နေတာကတော့ တိုင်းပြည် နစ်နာလှပါတယ်။ အဆိုးဆုံးကတော့ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတွေဖြစ်ခဲ့တဲ့ MPC ဥက္ကဌ နဲ့ MIC ဥက္ကဌကြီးတို့က ယခင်အကျင့်ဆိုးတွေ မပျောက်ဘဲ Peace Process အတွက် ပေးအပ်လာတဲ့ ငွေကြေးတွေပေါ်မှာ ကော်မရှင်ခဆန်ဆန် ကိုယ်ပိုင်အသုံးစရိတ်များ ရယူသုံးစွဲနေခြင်းဟာ အလွန်ဆိုးရွားလှပါတယ်။ လက်ရှိအစိုးရအဖွဲ့အပေါ် နိုင်ငံတကာမှလည်း ယုံကြည်မှု ပျက်ပြားစေပါတယ်။ ဒါ့ကြောင့်လည်း MPC အဖွဲ့ဝင် Myanmar Egress အဖွဲ့က သူတို့ အဆက်အသွယ်နဲ့ရရှိတဲ့ ထောက်ပံ့မှုတွေကို သူတို့ အစီအစဉ်နဲ့ သုံးစွဲနေတာဖြစ်မယ်ထင်ပါတယ်။ ကတိပြုထားပြီး မရရှိသေးတဲ့ ငွေကြေးတွေကို စီးဝင်လာဖို့ ရရှိပြီးဖြစ်တဲ့ ငွေကြေးတွေရဲ့ ရငွေ၊ သုံးငွေစာရင်း ရှင်းလင်းရဲရပါမယ်။ ငြိမ်းချမ်ရေးလုပ်ငန်းစဉ်အတွက် သုံးလိုက်တဲ့ငွေကြေးတွေဟာ အမှန်တစ်ကယ် ထာဝရငြိမ်းချမ်းရေးကို အထောက်အကူပြုရပါမယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တွေ အခြေခိုင်ဖို့ ထောက်ပံ့ငွေမဖြစ်ရန် လိုအပ်သလို စစ်တပ်အတွက် ဘက်ဂျက်အဖြစ် မသုံးစွဲမိရန်လည်း လိုအပ်ပါတယ်။ လက်ရှိမြင်တွေ့ကြားသိ နေရတာကတော့ - 

-MPC အဖွဲ့ဝင် ဒါရိုက်တာများ လစာငွေမြင့်မားနေခြင်း။

-MPC အဖွဲ့ဝင် ဝန်ကြီးများရဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားလာစရိတ်များ မြင့်တက်နေခြင်း။ - ပြည်ပမှာ နေထိုင်တဲ့ ဝန်ကြီးများရဲ့ သားသမီးများက Peace Process နဲ့ ပတ်သက်တဲ့ Project များ လုပ်ဆောင်ရာမှာ ကော်မရှင်ခမျာ ညှိနှိုင်းရယူခြင်း။ - MPC ဝန်ထမ်းများ၏ အသုံးစရိတ်များ စာရင်းဇယားမှန်ကန်မှု မရှိခြင်းတို့ဟာ အဖြေမရှိတဲ့ မေးခွန်းများ ဖြစ်တာကို သုံးသပ်မှုများ ရှိနေပါတယ်။ ထောက်ပြဝေဖန်ရင် စွပ်စွဲပုတ်ခတ်တယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တယ်ဆိုပြီး တုန့်ပြန်မယ်ဆိုတာသိပေမဲ့ MPC ဥက္ကဌနဲ့ MIC ဥက္ကဌကြီးတို့ နောက်ကွယ်က လှုပ်ရှားနေတဲ့ လုပ်စားသူများကြောင့် နိုင်ငံတကာ အထောက်အပံ့များဟာ အမှန်တကယ် End User ဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် အကျိုးသက်ရောက်မှုရှိပါရဲ့လားဆိုတာ ဆန်းစစ်ကြည့်သင့်ပါကြောင်း အကြံပြုလိုပါတယ်။ ပုတ်ရင်ပေါ်ပြီး ဟုတ်ရင်ကြော်ကြားတဲ့ သတင်းဆိုးများ ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်ဖြစ်ထွန်းလာမဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များအပေါ် များစွာထိခိုက်မှာ စိုးရိမ်မိကြောင်းပါ ခင်ဗျာ။ 

** မောင်နိုင်အောင် (အမိမြေ)**

Posted By Blogger လူဗိုလ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)