>
ကျွန်တော်တို့ ချင်းတွင်းနယ်တကြောမှာ field ဆင်းကြပြီဆိုရင် ပထမစခန်းတထောက်ကတော့ မုံရွာပဲ၊ မန္တလေး၊မုံရွာ၊ရွှေဘို၊ပခုက္ကူ၊မြင်းခြံ၊မိတ္ထီလာ၊ ဆိုတဲ့ဗမာပြည်အလယ်ပိုင်းက မြို့တွေကကျွန်တော့အတွက်တော့ ကိုယ့်မြို့ကိုယ့်ရွာလိုချည်းပါပဲ၊ မုံရွာရောက်ပြီဆိုရင်မုံရွာကသူငယ်ချင်းတွေနဲ့ ဟိုဟိုသည်သည်လျှောက်လည်၊ ချင်းတွင်းမြစ်ကိုကူးပြီး ကြေးစင်တောင်၊လက်ပံတောင်းတောင်မှာ field ဆင်းနေတဲ့သူငယ်ချင်းတွေဆီလဲ ရောက်တဲ့အခါရောက်ပေါ့လေ၊
မုံရွာအနောက်ဖက်ကမ်းက ဆားလင်းကြီးမြို့နယ်ထဲမှာပါတယ်၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းဒေသဟာ ကျွန်တော်တို့ငယ်ငယ်ကတော့ နာမည်ကျော်နယ် နှစ်နယ်ရှိတယ်၊ ပခန်းနယ်နဲ့ ဗန့်ကျီ(ဗဂျီ လို့အသံထွက်တယ်) နယ်တွေပါပဲ၊ ပခုက္ကူမြောက်ဖက်၊မြင်းခြံအနောက်ဖက်က ပခန်းနယ်တဲ့၊ ပခန်းနယ်မြောက်ဖက်၊မုံရွာအနောက်ဖက်က ယင်းမာပင်၊ပုလဲ၊ဆားလင်းကြီးဒေသက ဗန့်ကျီနယ်တဲ့၊ဗန့်ကျီနယ်ကယောနယ်နဲ့ကလဲ တဆက်ထည်းဆိုတော့ ကျွန်တော်တို့ငယ်ငယ်ကတော့ ပညာသည်တွေအလွန်ပေါတယ်လို့ကျော်စောတာပေါ့၊ ပညာသည်ဆိုတာ စုန်း ပညာရှင်တွေကိုပြောတာပါ၊ စုန်းတွေအကြောင်းတော့ သီးခြားရေးပါဦးမယ်၊
ကဲ..အခုတော့ ဗန့်ကျီနယ်က သရဲအကြောင်းပဲ ဆက်ကြဦးစို့၊ ကျွန်တော်ကြေးစင်တောင်ရောက်တော့ မိုင်း ထဲမှာ စက်ကြီးမောင်းတဲ့ ကိုပေသီးက အတွေ့အကြုံရှင်းလင်းပွဲတရပ်လုပ်နေတယ်၊ ကိုပေသီးက ထန်းတောရွာသား၊ သူ့ရွာက မုံရွာတဖက်ကမ်းညောင်ပင်ကြီးရွာကနေ အတွင်းထဲဆက်ဝင်ရတယ်၊ သူကနေ့တိုင်းကြေးစင်တောင်မိုင်းကို ထန်းတောကနေ စက်ဘီးစီးပြီးအလုပ်ဆင်းတယ်၊ ၆မိုင် ၇မိုင်လောက်တော့ဝေးတာပေါ့လေ၊ ထန်းတောကနေ ညောင်ပင်ကြီး၊အဲဒီကမှ ကတ္တရာလမ်းအတိုင်းဆက်နင်းရတာပေါ့၊
ဒါနဲ့ ကိုပေသီး ဘာအကြောင်းတွေများ အာပေါင်အာရင်းသန်သန်နဲ့ ပြောနေပါလိမ့်လို့ မေးလိုက်တော့ ကိုပေသီးလဲ သူ့ဘိုကေအလယ်ခွဲ ကိုအသာသပ်ပြီးတော့မှ ဖြစ်ကြောင်းရယ်ကုန်စင်ပြောပြရှာပါတယ်၊ မနေ့က ကိုပေသီး ပြန်တော့ ညောင်ပင်ကြီးရောက်ချိန်မှာ ၅နာရီခွဲလောက်တော့ ရှိပါပြီတဲ့၊ ဒါပေမဲ့ ဆောင်းနေဆိုတော့ နေဝင်စောတာမို့ နေဝင်ဖြိုးဖြ ဖြစ်နေပြီ၊ ထန်းတောကို သွားတဲ့လမ်းက ညောင်ပင်ကြီးရွာ သင်္ချိုင်းနံဘေးက ဖြတ်သွားရတယ်၊ ရွာပြန်နေကြလမ်းဆိုတော့လဲ သင်္ချိုင်းကိုသတိတောင်မရတော့ဘူး၊ အမြဲသွားနေကြဆိုတော့ ဖာသိဖာသာပါပဲ၊ မနေ့ကတော့ စက်ဘီးလေးစီးရင်း ကိုယ့်အတွေးလေးနဲ့ကိုယ်နင်းလာလိုက်တာ ညောင်ပင်ကြီး
သင်္ချိုင်းအလွန်လောက်မှာ နောက်က တဝုန်းဝုန်း အသံကြားလို့ လှည့်လဲ ကြည့်လိုက်ရော.....
ရှိသမျှဆံပင်တွေတောင် ထောင်သွားသလားအောက်မေ့ရတယ် ဘာကိုတွေ့လိုက်ရသလဲဆိုတော့ ...ဗမာရွာတွေမှာက နာရေးကိစ္စဆိုရင် ပြဿဒ်စင်ကလေးနဲ့ လူတွေကထမ်းပြီးသင်္ချိုင်းကို ထမ်းပို့ရတာကိုး၊ ပြီးရင် အဲဒီပြဿဒ်လေးကို သုဿန်ဇရပ်မှာပဲ ထားခဲ့ပြီး နောက်ကိစ္စပေါ်မှ ယူသုံးကြတာလေ၊ အဲဒီအလောင်းတင်ပြဿဒ်က ထမ်းသူမပါပဲ ကိုပေသီးနောက် ဝါးတရိုက်လောက်အကွာကနေ တဝုန်းဝုန်းနဲ့ လိုက်လာတာကိုး၊
အို...ဘာပြောကောင်းမလဲ ကိုပေသီး လဲ speed ကို၂ဆ၊၃ဆ တိုးပြီးနင်းတော့တာပဲ၊ မောလွန်းမက မောလို့ နောက်လှည့်ကြည့် ပြန်တော့လဲ ဒီပြဿဒ်က ဝါးတရိုက်လောက်က ခုန်ဆွခုန်ဆွပါလာတုန်း၊ ဟယ်..မလျှော့လေနဲ့ ဆက်နင်းဆက်နင်းဆိုပြီး နင်းလိုက်တာ ဆောင်းတွင်းမှာ ချွေးပြိုက်ပြိုက်ကိုကျလိုက်ပုံများ ရေချိုးထားသလိုပါပဲတဲ့၊ လမ်းကလဲ လူသွားလူလာပြတ်လိုက်ပုံများက ထန်းတောရွာသာမြင်ရရော လမ်းမှာဘယ်သူမှမရှိတဲ့၊ ရွာနားရောက်လို့ အားရှိလာလို့ နောက်လှည့်ကြည့်တော့လဲ မောင်မင်းကြီးသားက တလှုပ်လှုပ်နဲ့နောက်ကပါလာတုန်းတဲ့၊ ရွာထိပ်ရောက်လို့ ဘယ်သူရေ၊ဘယ်ဝါရေနဲ့ အော်ခေါ်ပြီး နောက်လှည့်ကြည့်တော့ မရှိတော့ဘူးတဲ့၊
ရွာထိပ်က အိမ်တအိမ်မှာ တော်တော်အမောပြေအောင်နားပြီးမှ အိမ်ကိုပြန်နိုင်သတဲ့၊ အခုမနက် အလုပ်လာတော့ ပေါင်တွေ ခြေသလုံးတွေတင်းတောင့်နေတာပဲတဲ့ ၊
မနက်က အလာမှာ ညောင်ပင်ကြီးသုဿန်ဇရပ်မှာ ပြဿဒ်ကိုလှမ်းကြည့်တော့..အမယ် .သူမဟုတ်သလိုပဲတဲ့ ဇရပ်ပေါ်မှာ အိနြေ္ဒရလို့တဲ့၊ ကျွန်တော်တို့က ကိုပေသီးကို ညောင်ပင်ကြီးသုဿန်က သရဲသူငယ်ချင်းတွေ ခင်ဗျားကို နောက်ချင်ပြောင်လို့ လိုက်လာတာနေမှာပေါ့လို့ပြောတော့ နေ့တိုင်းသာဒီလိုနင်းရရင် လူလဲခြေသလုံးပဲကျန်တော့မယ်ဆရာရေ့လို့ပြောပါတယ်၊ ဝတဲ့သူတွေ ဒီလိုစက်ဘီးသာစီးရရင် ချက်ချင်းပိန်စေရမယ်ဆရာရေတဲ့...၊
ပိန်ချင်လို့ fitness center သွားကြတဲ့ blogger မမများ၊ ဝက်မလေးအခေါ်ခံရသူများ ကိုကြီးကျောက်နဲ့ ညောင်ပင်ကြီးလိုက်ခဲ့ပြီး တလလောက်စက်ဘီးစီးလေ့ကျင့်ရရင်ဖြင့် မသွေမုချပိန်မှာဧကန်ပါပဲခင်ဗျာ၊
Posted by ရွှေရတုမှတ်တမ်း

Thursday, May 30, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment