ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, May 30, 2013

-သီချင်းရောင်ခြယ်-

>
ဆယ့်နှစ်ရက်၊ ဆယ့်သုံးရက်၊ ဆယ့်လေးရက်…. သုံးရက်လုံးကို မမေ့ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်ကိုမေ့ထားခဲ့ပြီးတော့မှ ဆယ့်လေးရက်နေ့မှာ ပေါ်လာတဲ့ ရှေ့မီနောက်မီကြီးရဲ့ အတွေးလေ။ ဒီနေ့တော့ အနီရောင်တွေက လွှမ်းမိုးလွန်းနေသည်ဟု ထင်သည်။ အနီရောင်ကြားမှာ ပန်းရောင်ကလည်း ပုန်းတ၀က် ကွယ်တ၀က်ပင်။ နှင်းဆီနီတွေ၊ စက္ကူနီတွေ၊ အနီရဲရဲ ကဒ်တွေ၊ ရဲရဲတောက်နေတဲ့ အသည်းတွေ၊ ပန်းနီသွေးပြေးနေတဲ့ ၀က်ဝံရုပ်လေးတွေ၊ နီတွတ်နေတဲ့ ချောကလက်ဘူးတွေ။ အို…မမြင်ချင်မှ အဆုံးပဲ။ ဘေးနားက ဖြတ်လျှောက်သွားတဲ့ ကောင်မလေးနှစ်ယောက်က ချိန်းထားတဲ့ သူတို့ကောင်လေးတွေ အကြောင်းပြောရင်း ရယ်လို့မောလို့။ ကောင်လေးတစ်ယောက်ကတော့ နှင်းဆီနီနီတွေနဲ့ ပန်းစည်းကို ကိုင်ရင်း ခပ်သုတ်သုတ်လျှောက်သွားလေရဲ့။ ၀တ်ကောင်းစားလှတွေနဲ့လေ။ ရှေ့က လမ်းဖြတ်ကူးနေတဲ့ လူရွယ်ရဲ့ ကျောပိုးအိတ်ထဲမှာလည်း နီနီထွေးထွေး အထုပ်လေးတစ်ထုပ် လှမ်းတွေ့နေရတယ်။ ကော်ဖီဆိုင်မှာ ထိုင်နေတဲ့ အဖွားကြီးနှစ်ယောက်ကလည်း အနီရောင် လွှမ်းမိုးတဲ့ ပ၀ါခြုံထည် ကိုယ်စီနဲ့။ ကြည့်စမ်း…ဒီနေ့ကို အရောင်ခြယ်ဖို့ အစီအစဉ်မရှိတာ ကိုယ်တယောက်တည်းလား။ နေ့လည်ထမင်းစားချိန်မှာ ဒီနေ့ ဘာအစီအစဉ်ရှိလဲလို့ မေးလာတဲ့ မေးခွန်းကို ဂရုမစိုက်သလိုလုပ်ပြီး ဖြေခဲ့တာ သတိရတယ်။ ဘာဂရုစိုက်စရာ ရှိလို့လဲ။ မနေ့တနေ့ကလို နေ့တနေ့ပါပဲ။ လုပ်ဖော်ကိုင်ဖက်တချို့က စကားတောင် မပြောနိုင်ဘဲ စောစောပြန်မှာမို့ လုပ်စရာရှိတာတွေ မြန်မြန်လုပ်ရမယ်လို့ လောဆော်နေကြတယ်။ တယောက်ကတော့ အိမ်မှာပဲ ချက်မတဲ့။ တယောက်ကတော့ ခြောက်နာရီမှာ ချိန်းထားသတဲ့။ လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက ဆိုင်မှာ နေရာဦးထားရတယ် ဆိုပဲ။ တို့များတော့ ဒီလောက် မကြိုးစားဘူးလို့ မလိုတမာတွေးနေလိုက်တယ်။ “ဟယ်လို…။ ဟေ့…ငါပါ။” “ဘယ်က ငါလဲ…။ မသိဘူး။” အသံရှင်ကို သိသော်လည်း ဘုတောချင်သော စိတ်ကများနေ၏။ “မသိရင်လည်း ပြီးတာပဲ။ နင့်နာမည်နဲ့ သီချင်းတပုဒ် ရေဒီယိုမှာ ကြားလို့။ အဲဒါပြောပြမလို့။” “ဟယ်….။ တကယ်….။” လေသံချက်ချင်း ပြောင်းသွား၏။ “ဘယ်လိုင်းကလဲဟင်။” “ဂန္ထ၀င်ဂီတ…။ ကဲ…မြန်မြန်နားထောင်။ မကြားလိုက်ဘဲ နေဦးမယ်။” စကားမဆုံးခင်မှာပင် ရေဒီယိုကို လက်က ဖွင့်ပြီးနေပေပြီ။ “ကျေးဇူးပဲ သူငယ်ချင်း။ နောက်မှ ပြန်ခေါ်လိုက်မယ်နော်…။” ရေဒီယိုက သီချင်းက ချိုမြစွာ…လွမ်းမောစွာ။ ဘယ်သူ့လက်ချက်လဲ ဆိုတာတော့ သိနှင့်ပြီးပြီ။ တိတ်တိတ်လေး ကျိတ်ပြုံးရင်း သီချင်းကို နားထောင်၏။

“လစန္ဒာရယ်…ကိုယ့်ရဲ့ အလွမ်းတွေဟာ ဖြေသိမ့်လို့ ရမှာ မဟုတ်။ ချစ်သူရှိတဲ့ အနာဂတ်ကို ကိုယ်အမြဲ တောင့်တ မျှော်လင့်နေဆဲ။”

ဒီနေ့က အရောင်တွေစုံလို့ နေသည်။

Posted by ပုံရိပ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)