ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 12, 2013

-ပါလေရာ မမ -

>
မမ နေရာတကာ စပ်စပ် စပ်စပ် နှင့် ပါချင်သည်။ သွားရာလမ်းပေါ်တွင် အဆင်မပြေတာ တွေ့လျှင် အနည်းဆုံး သတင်းလေးမေးလိုက်ရမှ စားဝင်အိပ်ပျော်သည်။ ထို့ကြောင့် ရံဖန်ရံခါ ဆဲဆိုတာခံရ၍ ရံဖန်ရံခါ ရဲစခန်း ရောက်လုနီးနီး ဖြစ်ခဲ့သည်။ သို့သော် ထိုအကျင့်ကို ဖျောက်ပစ်ဖို့ကို မမ စိတ်မကူးပါ။ တစ်ရက်တွင် မမ အလုပ်မှ ပြန်လာသည်။ စနေနေ့ နေ့လည် ဖြစ်သည့်အလျောက် လမ်းတွင် ကားများရှင်းနေသည်။ ကားကိုလက်ယာဘက်ကပ်၍ သီချင်းလေး နားထောင်ကာ သတ်မှတ်ထားသော နှုန်းထက် လျော့မောင်းလာသည်။ မမကားရှေ့ဘက် ကား၂စီးစာမျှ အကွာတွင် စက်ဘီသမားတစ်ဦးလည်း အေးအေးလူလူ နင်းကာ သွားနေသည်။ မမ စက်ဘီးသမားများကို အလွန်ကြောက်သည်။ မတော် ကိုယ့်ကားရှေ့ လဲပြိုလာလျှင် မခက်ပါလား။ ထို့ကြောင့် အလျင်လိုရန်လည်း မရှိသဖြင့် သူ့နောက်မှ အေးအေးဆေးဆေးလိုက်လာခဲ့သည်။ ထိုကဲ့သို့ လိုက်လာခြင်းသည်ပင် မမ အတွက် ကံကောင်းခြင်း ဖြစ်မည်ဟုထင်ရသည်။ ထို့ပြင် ထိုစက်ဘီးသမားအတွက်လည်း ကံကောင်းခြင်းဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် စက်ဘီးသမားသည် ရုတ်တရက် လက်ယာဘက် လူသွားလမ်းရှိရာသို့ လဲပြိုသွားကာ စက်ဘီးက ရှေ့ခပ်လှမ်းလှမ်းသို့ရောက်ရှိသွားသည်။ မမလည်း ရုတ်တရက် ကားကို အရှိန်လျှော့လိုက်ပြီး လမ်းမပေါ်တွင် လမ်းတစ်လမ်းစာ ကန့်လန့်ဖြတ်နီးပါး ရပ်လိုက်သည်။

ထို့နောက် လဲနေသူရှိရာသို့ ပြေးသွားရာ ထိုသူသည် မည်သို့မှခေါ်၍မရပေ။ အနီးအနားမှ ရှိနေသောလူများလည်း တစ်ခဏအတွင်းရောက်လာသည်။ အရေးပေါ်ဌာနသို့ ဖုန်းဆက်သူကဆက်ကြသည်။ ကူညီပြုစုသူက ကူညီပြုစုကြသည်။ ဆိုးသည်မှာ သူသည် ဦးခေါင်းကို ဘယ်ဘက်စောင်းလျက်လဲနေကာ မျက်လုံးများက ပွင့်လျက်နှင့် မည်သို့မျှ တုံ့ပြန်မှု မရှိခြင်းပင်။ မမလည်း 000 ကိုနှိပ်ကာ လူနာတင်ကားကို လှမ်းခေါ်လိုက်ပြီး အကျိုးအကြောင်း ရှင်းပြကာ နေရာကို ပြောပြလိုက်သည်။ ထိုအချိန်တွင် လမ်းပေါ်မှ ဖြတ်သွားသော ကားအချို့က ကားကို လမ်းတွင် ကန့်လန့်နီးပါး ရပ်ထား သောကြောင့် F သံများဖြင့် ဂုဏ်ပြုကြသည်။ လဲနေသော သူကို မြင်မှ Sorry ကြပြန်သည်။ ၁၀မိနစ်မျှကြာသောအခါတွင် ဥသြသံ ပေးလျက် လာနေသော လူနာတင်ယာဉ်အသံကို ကြားရသည်။ ထိုအခါမှ မမလည်း ကန့်လန့်ရပ်ထားသော ကားကို ပြန်ရွှေ့ကာ အိမ်သို့ပြန်လာခဲ့သည်။ ဆိုးသည်မှာ ထိုသူ၏ တုံ့ပြန်မှုကင်းမဲ့နေသော မျက်လုံးများနှင့် မျက်နှာသည် အာရုံထဲတွင် တဝဲလည်လည် နှုင့် ၂ရက် ၃ရက်မျှ အလည်လာနေခြင်းပင် ဖြစ်သည်။ များမကြာမီ နှစ်ရက်ခန့်တွင် အိမ်တစ်လုံး၏ မျက်နှာကျက်များ မှိုကွက်များ ချွတ်ရန် မည်၍ မည်မျှ ကျမည်ကို ဈေးသွားဖြတ်ပြီး အပြန်တွင် မမ၏ မနေတတ် မထိုင်တတ်သော အကျင့်သည် မမကို ဘေးကြပ်နံကြပ် ဖြစ်စေပြန်သည်။ မည်သည့်အိမ်မှ မည်သူ၏ ခွေးမှန်မသိသော ခွေးတစ်ကောင်သည် အရှေ့ဘက် ခပ်လှမ်းလှမ်းတွင် သွားနေသော မိန်းကလေးတစ်ယောက် ရှိရာသို့ တိတ်တဆိတ်နှုင့် ချဉ်းကပ်ရန်ကြိုးစားနေသည်။ ထိုခွေး၏ မူဟန်မှာ ရန်ကုန်တွင် မမနေခဲ့စဉ်က တွေ့ခဲ့ဖူးသော ငနီဆိုသည့် ခွေးနှင့် တော်တော်ဆင်တူသည်။ ထိုခွေးက အလစ်တွင် ဝင်ဆွဲတတ်သေးသည် မဟုတ်ပါလား။ ထို့ကြောင့် စိုးရိမ်တကြီးနှင့် ထိုကလေးမကို လှမ်းအော်၍ သတိပေးကာ ထိုခွေးကိုလည်း အိမ်ရှင်ပေးသွားသော မသောက်ရသေးသည့် Energy Drink ဗူးနှင့် လမ်းပစ်လိုက်မိသည်။

ထိုခွေးသည်ပဲ ကံဆိုးသည်လား မမသည်ပဲ လက်ဖြောင့်တပ်သား ဖြစ်လေသည်လားမသိ ခွေး၏ ရှေ့ယာလက် ကို ထိမိကာ ခွေက တအိန်အိန်နှင့် အော်လေသည်။ အာရုံပြောင်းကာ မမ ဆီများ ပြေးလာလေမည်လားဟု စိုးရိမ်ကာ နေတုန်း ခွေးကားပြေးမလာပဲ ခွေးပိုင်ရှင် ဟူသည့် မိန်းမကြီးက နောက်မှ ရောက်လာပြီး သူ့ခွေးကိုနှိပ်စက်ပါတယ်ဆိုကာ သူ့ခွေးကို သွားဆွဲခေါ်လာရင်း ပြဿနာ ရှာပါတော့သည်။ ကလေးမလေးကလည်း အူကြောင်ကြောင်ရပ်နေဆဲ၊ ခွေးကလည်း တအိန်အိန်အော်နေဆဲ၊ ခွေးပိုင်ရှင် မိန်းမကြီးကလည်း တဗြဲဗြဲနှင့် ….။ ထို့နောက် သူက တိရိစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနှင့် ကိုင်ပေါက်လာသောအခါ မမလည်း တိရိစ္ဆာန်မွေးသူတို့၏ စည်မျဉ်းစည်းကမ်းတို့ကို ကြားဖူးနားဝနှုင့် ပြန်ပြောရပါတော့သည်။ ခွေးကားနာတော့ နာပေမည်။ အရိုးကျိုးရ အက်ရလောက်အောင်တော့ မည်သို့မျှ မဖြစ်နိုင်ပါ။ သူကလည်း ခွေးကို စည်းမဲ့ကမ်းမဲ့ လမ်းပေါ် ရောက်စေသည်မဟုတ်ပါလား။ နောက်ဆုံးတွင် တဗြဲဗြဲ အသံကြီးနှုင် ရန်တွေ့နေသည်ကို သည်းမခံနိုင်သည့်အဆုံး “နင့်ခွေးကို အခု ဆေးခန်းခေါ်သွားမယ်..၊ အရိုးအက်လား၊ ကျိုးလား ဓာတ်မှန်ရိုက်မယ်။ နင့်ခွေး တခုခု ဖြစ်ရင် ဆေးကုစရိတ်ငါပေးမယ်၊ တကယ်လို့ ဘာမှ မဖြစ်ရင် နင်ခွေးကို သေချာမထိန်းသိမ်းနိုင်လို့ လမ်းသွားလမ်းလာကို အန္တရယ်ပြုတယ် ဆိုတဲ့အကြောင်း Council နဲ့ RSPCA ကို တိုင်မယ်..” ဆိုပြီး ပြောလိုက်တော့တယ်။ အဲ့သည်နောက်မှာတော့ သူမက F_ _ _ ချင်းမိုးမွှန်အောင် မြည်တွန်တောက်တီးကာ Body Language များပြပြီး ခွေးကိုခေါ်သွားပါတော့တယ်..။ ကလေးမလေးလည်းမရှိတော့..၊ ခွေးနှင့် ခွေးပိုင်ရှင်လည်း မရှိတော့မှ မမလည်း အိမ်ပြန်လာခဲ့တော့တယ်..။ တွတ်ပီ အော်သလိုအော်ရမလား.. ၊ မုဆိုးကျော်ဖိုးထော် အော်သလို အော်ရမည်လား မပြောတတ်တော့ပါ..။

**မမဝသုန်**

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)