ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, May 13, 2013

-ဇီဝရုပ် အရည်ပျော်ချိန်-

>
အရုဏ်အိပ်မက်မှာ ကွယ်လွန်ခဲ့ပြီဖြစ်သော အဘွားနဲ့ ဆုံခဲ့။ နေရာက ဇာတိမြို့ရဲ့ ရေမကြီးအောင် တားဆီးထားသော လူလုပ်တာကုန်းမှာဖြစ်ပါတယ်။ ကျွန်မက ကုန်းအတက် အဘွားက ကုန်းအဆင်းဖြစ်ပြီး အဘွားက အနက်ရောင်အောက်ခံ အဖြူအပွင့်အနုပ်သေးသေးလေးများပါသောအဆင်ကို သူ့ဟန်အတိုင်း ရင်စေ့လက်ပြတ်နှင့် အထက်အောင်ဆင်တူ ဝတ်ထားတာ။ သေသပ်လှပသောဝတ်စုံနဲ့ အဘွားမှာ ကြည့်ကောင်းဆဲဖြစ်ပေမယ့် မျက်နှာက မရွှင်လန်းပါချေ။ ထူးဆန်းတာက အဘွားက ဆုံးပါးနှင့်ပြီးမှန်း အိပ်မက်ထဲမှာလည်း ကျွန်မ သိနေခဲ့တာ။ ဆိုကြပါစို့ ။ အဘွားက တစ္ဆေ (ပြိတ္တာ) ဖြစ်နေပါလည်း သရဲဆိုတဲ့ အစွဲနဲ့ ထိတ်လန့်ကြောက်ရွံ့မနေခဲ့ချေ။ ကျွန်မကို မမြင်သောအဘွားကို ‘မေကြီး’ လို့ လှမ်းခေါ်လိုက်တဲ့အခါ အဘွားက မပြုံးမရယ်ခပ်တည်တည်နှင့် ကျွန်မကို လှမ်းကြည့်ပါတယ်။ ပြီးတော့ နှစ်ယောက်လုံး လမ်းရဲ့တစ်ဖက်တစ်ချက်မှာ ရပ်နေကြပြီး ဘယ်သူကမှ လမ်းကူးပြီး လျှောက်မလာခဲ့ပါ။ ‘မေကြီး ဘယ်သွားမလို့လဲ’လို့ ကျွန်မ မေးလိုက်တဲ့အခါ အဘွားက မျက်နှာမသာမယာနှင့် ‘ဟိုနားဒီနား’လို့ ဖြေပါတယ်။ ‘သမီးက အိမ်ကိုသွားမလို့’ လို့ ကျွန်မ ပြောနေစဉ်မှာပင် အဘွားက မျက်နှာလွှဲကာ ကျွန်မနဲ့ ဝေးရာလျှောက်သွားပြီး ကျောက်ခုံလေးတစ်ခုမှာ ထိုင်လိုက်ပါတယ်။ ကျွန်မက ‘သမီးသွားတော့မယ်’ လို့ နှုတ်ဆက်လိုက်မှ အဘွားက စကားပြန်ပြောပါတယ်။ အဘွားနှင့် ကျွန်မမှာ တော်တော်အလှမ်းကွာဝေးနေပြီဖြစ်ပေမယ့် အဘွားရဲ့စကားသံကို ကျွန်မ ကျယ်လောင်စွာကြားလိုက်ရ။ ‘တစ်ယောက်တည်း ပျင်းတယ်။ဒီမှာ လာနေပါ။’ တဲ့။ ကျွန်မက ကြောက်လန့်တကြားနဲ့ ငြင်းရန်အားယူခိုက်မှာ အိပ်ရာမှနိုးလာ။ ဘုရား… ဘုရား။ ဒါဟာ နမိတ်လား။ ငါ သေရတော့မယ် ထင်ရဲ့။ အစ်မက ဖုန်းဆက်တဲ့အခါ ‘ ပျော်စရာကြီး ။ ငါတစ်ယောက်တည်း အမွေတွေ ရတော့မယ်’ လို့ စနောက်တဲ့အခါ အရင်လို ပြန်နောက်ကာ မရယ်နိုင်တော့။ သေရမှာ ကြောက်ပြီး မျက်ရည်စိမ့်ကျလာ။ ကျွန်မ မသေချင်သေးပါ။ အကုသိုလ်များအလယ်မှာ သာယာတုန်းရှိပါသေးတယ်။ American Idol ကြည့်တုန်း၊ The Voice ကြည့်တုန်း ၊ စာရေးစရာအခြင်းအရာများစွာ ရှိနေတုန်း၊ အိမ်လေးတစ်ခုဆောက်မယ့်အိမ်မက် မက်တုန်း၊ ဥယျာဉ်ပျိုးဖို့ ကြံရွယ်တုန်း ဖြစ်ပါတယ်။ (စကားမစပ် အမေရိကန်မှ မိတ်ဆွေများ American Idol မှာ ကျွန်မချစ်သော Angie Millerကို မဲလေးပေးပါရန် မေတ္တာရပ်ခံချင်ပါတယ်။) ဟုတ်ပါတယ်။ ယနေ့ထက်တိုင် တမျှင်မျှင်ငင်သော အစွဲအလမ်းများဖြင့် ငရဲရှိသည်ဆိုပါက ကုသိုလ်နည်းသောကျွန်မ ငရဲကျမှာ အသေအချာပါ။ သေရတော့မယ်တဲ့လား။ အရင်လို ဘယ်သူငိုမှာလဲလို့ မမေးချင်ပါ။ ဘယ်သူတွေ ဝမ်းသာမလဲလို့သာ စဉ်းစားမိရဲ့။ ဝမ်းအသာဆုံးဖြစ်မယ့်သူတွေကတော့ ကျွန်မဆီက အကြွေးယူထားသူများ ဖြစ်နိုင်လေတာ။ ကျန်တာတော့ ဘာကိုမျှ မစဉ်းစားလိုမရအောင် အဘွားရဲ့ အရိပ်က အာရုံမှာ ပေါ်နေဆဲ။ မိုးပြိုမှာစိုးသူလို နေစရာမရှိဖြစ်နေကာ အပြင်ထွက်ရမှာလည်း ကြောက်အားပို။ ဘယ်လိုလုပ်ရမလဲ။လက်ဖဝါးပြင်နှစ်ခုကို ဖြန့်ကြည့်တိုင်းလည်း အသက်လမ်းကြောင်းက တိုတိုလေးရှိရဲ့။ အဆုံးထိအောင်မြင်ခဲ့ပြီးပြီဆို ငယ်ရွယ်စဉ်မှာ သေလိုက်ရတာကို ကြောက်စရာမလိုဘူး ထင်ရဲ့။

 ကြည့်ပါဦး ...။ မာရီလင်မွန်ရိုး၊ ခာ့တ် ကိုဘိန်း၊ ဂျိမ်းစ် ဒီးန်၊ ဆာလ်ဗီယာ ပလာသ်… အစရှိသည်ဖြင့်။သူတို့ ဘယ်တော့မှ မအိုဘူး။ သူတို့ အမြဲငယ်ရွယ်လှပအောင်မြင်နေတယ် မဟုတ်လား။ တကယ်လို့သာ အောင်မြင်မှုအရှိန်ကျ၊ အိုမင်းမစွမ်းမှ သူတို့သေရင် ကိုးကွယ်မယ့်သူတွေအရေအတွက်က အခုလိုများပြားနိုင်ပါ့မလား။ သူတို့ကို အားကျပေမယ့် ကျွန်မမှာ ရေးချင်နေသောစာများကို စာလုံးမျှ မစီရသေး။ ကျွန်မက တကယ်အဖြစ်မရှိဘူးပဲ။ အချိန်မီပါတော့မလား။ အဘွားက ခေါ်နေပြီ။ ဟင့်အင်း ။ ဟင့်အင်းလို့ ငြင်းချင်လည်း၊ မလာချင်ဘူးလို့ ပြောကာ ရှောင်ပုန်းချင်လည်း လုံခြုံတဲ့နေရာ မရှိပါဘဲ။ ။

မယ့်ကိုး

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)