(မဲဆောက်မြို့၊ မနော် အထည်ချုပ်ရုံမှ မြန်မာအလုပ်သမများက အလှူငွေ ပေးအပ်နေစဉ် )
(သြဂုတ်လ ၁၂ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)
ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်နေ့.မှ သြဂုတ်လ ၂ ရက်နေ့အထိ ရေဘေးသင့်ရာတွင် လက်ချည်းဗလာသာ ကျန်ခဲ့ကြသော မြန်မာအလုပ်သမားတို့၏ ရင်သွေး နေ့သစ်အလကကျောင်းသား (၇၉)ဦးကို မဲဆောက်ဒေသမှ မြန်မာအလုပ်သမားတို့က ကျောင်းဝတ်စုံ ပြန်လည်ဝယ်ယူရန် အလှူငွေနှင့် စာအုပ်စာတမ်းများကို လှူဒါန်းနေကြဆဲဖြစ်သည်။
( မဲဆောက်မြို့၊ SR (ခေါ်) ဖုပို သိုးမွှေးစက်ရုံမှ လှူဒါန်းနေစဉ်)
ထိုသို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ၂၀၀၅ ခုနှစ်ကတည်းက ကြီးမှူးတည်ထောင်ခဲ့သော ယနေ့ ကျောင်းသား (၄၂၇) ဦးတက်ရောက်နေသည့် မဲဆောက်မြို့၊ ထဆိုင်လွတ်ရပ်ကွက်ရှိ နေ့သစ်အလကကျောင်းက ရေဘေးသင့် ကျောင်းသား (၇၉) ဦးအား ထောက်ပံ့မှုပေးရာ၌ ဒေသတွင်းရှိ စက်ရုံအလုပ်ရုံနှင့် အိမ်တွင်းမှုအလုပ်သမားများသာမက မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ကိုယ်စား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မြန်မာအလုပ်သမား အကျိုးဆောင်အဖွဲ့ဝင်ဦးအေးမြင့်သည်လည်း အလှူငွေ (၃၀၀၀) ဘတ်နှင့် ကျောင်းသား (၇၉) ဦးအတွက် ကျောင်းသုံးပြဌာန်းစာအုပ် (၇၉)စုံ လှူဒါန်းခဲ့သည်။
(မဲဆောက်မြို့၊ SPT (ခေါ်) ပေါင်မုန့်ရုံ သိုးမွှေးစက်ရုံမှအလှူငွေနှင့် စာအုပ်စာတမ်းများ ပေးအပ်နေစဉ်)
JACBA အဖွဲ့သည် မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်၊ မဲဆောက်ဒေသ ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံ (OSS)ရုံး စသည်တို့နှင့် ဇူလိုင်လ ၂၉၊ ၃၀၊ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့တွင် ကွင်းဆင်း လှူဒါန်းရာ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့၏။
သို့နှင့် သြဂုတ်လ ၅ ရက်နေ့ ကျောင်းပြန်ဖွင့်ရာမှ ကျောင်းသား ဦးရေ (၁၀၀) ခန့် ကျောင်းမတက်ကြသည်ကို ခြေရာခံမိရာမှ ယနေ့အထိတိုင်အောင် ရေဘေးသင့် ကျောင်းသားများ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် မဲဆောက်ဒေသ မြန်မာအလုပ်သမားများထံမှ အလှူခံရရှိငွေ (၉၀၀၀) ဘတ်ခန့်နှင့် ကျောင်းသုံးစာအုပ်များ၊ အ၀တ်အထည်များ၊ ရိက္ခာခြောက်များကို လက်ခံရရှိနေဆဲဖြစ်၏။
(မဲဆောက်မြို့၊ ကိုဥာဏ် လျှပ်စစ်ပစ္စည်းမျိုးစုံ အရောင်းဆိုင်ကြီး၏ မီးဖိုချောင် မြန်မာ အိမ်ဖော်မလေးများက အလှူငွေ ပေးအပ်နေစဉ်)
-ရေဘေးသင့် နေ့သစ်အလကကျောင်းသားများအား မဲဆောက်ဒေသ မြန်မာအလုပ်သမားများက ဆက်လက်လှူဒါန်းနေကြဆဲ--

No comments:
Post a Comment