>
(Photo-ရန်ကုန်မြို့ရဲ့ သမားရိုး ကျ မြင်ကွင်း )
ညနေ ရုံးဆင်းချိန်မို့ ကားလမ်းတစ်လျှောက်တွင် ရှင်လောင်းလှည့်နေသလား မှတ်ရအောင် ကားတွေ က ပြည့်သိပ် ကျပ်ညပ်လို့နေသည်။ ဒီရက်ပိုင်းမှာ မိုးကလည်း စိတ်ရှိလက်ရှိ ရွာချထားသည်မို့ လမ်းမထက် မှာ ရေတွေက တဖွေးဖွေးဖြစ်နေသည်။ လမ်းပေါ်အထိ လျှံနေသော မိုးရေကြောင့် လမ်းလျှောက်သူတွေ လည်း ပလက်ဖောင်းပေါ်က မလျှောက်နိုင်ကြတော့ဘဲ ကားသွားရာ လမ်းမပေါ်သို့ ဆင်းလျှောက်ကြရ သည်။ တကယ်တော့ ဒီလိုမြင်ကွင်းမျိုးမှာ မိုးရာသီရောက်တိုင်း တွေ့မြင်နေကျ ရန်ကုန်မြို့ရဲ့ သမားရိုး ကျ မြင်ကွင်းတစ်ခုပင် ဖြစ်ပါသည်။
x x x x x
ကျွန်မစီးလာသော ကားက မီးပွိုင့်တစ်ခုတွင် အချိန်အတော်ကြာအောင် မိနေသောကြောင့် ဘေးဘီဝဲယာ ကို ဘာရယ်မဟုတ် လှည့်ကြည့်မိသည်။ အဲဒီလို ကြည့်လိုက်တဲ့အခိုက်မှာ မြင်ကွင်းတစ်ခုက ကျွန်မ မျက်စိ ထဲ ၀င်လာသည်။ ကားတွေ တန်းစီပြီး ရပ်နေတဲ့ ကြားတွင် ရေစိုနေသည့် အ၀တ်အစား ခပ်နွမ်းနွမ်းကို ၀တ် ဆင်ထားပြီး ချိုင်းထောက်တစ်ဖက်နှင့် ပိုက်ဆံလိုက်တောင်းနေသော အမျိုးသမီးတစ်ယောက်ကို တွေ့မိ သည်။ သူ့ရင်ခွင်ထဲတွင် အခါလည်အရွယ်လောက်ရှိမည့် ကလေးငယ်ကို ပွေ့ထားသည်။ သူ့မျက်လုံးတွေ က ညှိုးရော်နေသော်လည်း တည်ငြိမ်မှု ရှိသည်။ ကလေးငယ်ကို ပတ်ထားသည့် အနှီးစ ခပ်ညစ်ညစ်မှာ လည်း မိုးရေကြောင့် တချို့နေရာမှာ စိုရွှဲနေသေးသည်။ ကလေးငယ်ကတော့ အိပ်ပျော်နေဟန် တူသည်။ သူ့ကို စမြင်လိုက်တော့ ကျွန်မ စီးလာသောကားနှင့် အနည်းငယ် လှမ်းသေးသည်။ နောက် တဖြည်းဖြည်း ကားတွေ ရွေ့ရွေ့လာရင်း သူ့နားရောက်တော့ ကျွန်မ သူ့ကို ရှင်းရှင်းလင်း လင်း မြင်လာရသည်။
သူ့ကို သေချာကြည့်မိတော့ အကြော် သုံးလေးခုနှင့် သကြားလုံးနှစ်လုံးကို ပလတ်စတစ်အိတ်ဖြင့် ထုပ် ထားသောအထုပ်တစ်ခုကို သူ့ခါးမှာ ကြိုးစတစ်ခုနှင့် ပတ်ချည်ထားသည်။ သူ့လက်ထဲမှာ တစ်ရာတန်၊ ငါး ဆယ်တန်စတဲ့ အကြွေတချို့ကို တင်းတင်း ဆုပ်ကိုင်ထားသည်။ သူ့ခေါင်းမှာ ပတ်ထားတဲ့ အ၀တ်ဟောင်း တစ်ခုကြောင့် အရိပ်ကျကာ သူ့မျက်နှာက ရှိရင်းစွဲ အသက်ထက် ပိုရင့်နေသည်။ သူက ကားတွေကြား မှာ ကွေ့ကာ ပတ်ကာ လျှောက်သွားရင်း ပိုက်ဆံ လိုက်တောင်းနေသည်။ သူ့ကို လှူကြတဲ့သူတွေ ရှိသလို တချို့ကားတွေက မောင်းထုတ်ကြသည်။ သူ့ကို ငွေမပေးဘဲ မောင်းထုတ်လိုက်လျှင်လည်း သူက စိတ်ပျက် ဟန်မပြဘဲ နောက်တစ်စီးဆီ ဆက်လျှောက်သွားသည်။ ဒီလိုနှင့် သူ ကျွန်မတို့ကားနား ရောက်လာသည်။ ကျွန်မတို့၏ ရှေ့က တက္ကစီတစ်စီးကို သူ ပိုက်ဆံတောင်းနေတာ တွေ့ရသည်။ တက္ကစီမောင်းသူက လက် ခါပြလိုက်သောကြောင့် ကျွန်မတို့ကားနား သူရောက်လာသည်။ ကျွန်မ သူ့ကို ပေးဖို့ ပိုက်ဆံကို အိတ်ထဲမှ ထုတ်နေစဉ် ကျွန်မတို့ကားနှင့် ဘေးချင်းယှဉ်လျက်ကားက သူ့ကို လှမ်းခေါ်လိုက်ပြီး ငွေငါးထောင်ကျပ် လှူ လိုက်တာ တွေ့လိုက်ရသည်။ မျှော်လင့်မထားသည်မို့ သူ့မျက်လုံးတွေ သိသိသာသာ တောက်ပသွား ကာ ငွေငါးထောင်ကျပ် လက်ထဲရောက်သည်နှင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး ကားလမ်းတစ်ဖက်ကို ခပ်သွက်သွက် ကူးသွားတော့သည်။
ကျွန်မ သူ့ကို လိုက်ကြည့်မိနေစဉ်မှာပဲ သူ ထော့နင်းထော့နင်းနှင့် ပြန်ရောက်လာကာ ကလေးကို ကျောမှာ ပိုးထားပြီး လက်ထဲတွင် အ၀တ်စတစ်ခု ကိုင်လာသည်။ အ၀တ်စမှာ ဟောင်းနွမ်းသော်လည်း သန့်ပြန့် သည်။ သူက ထိုအ၀တ်စနှင့် သူ့ကို ငွေငါးထောင်လှူလိုက်သော ကား၏ ဘေးတစ်ဖက်တွင် ရှိနေသော ရွှံ့စက်များကို စတင် သန့်ရှင်းရေး လုပ်တော့သည်။ ထိုစဉ် ကားပေါ်မှ အမျိုးသမီးတစ်ဦးက ယခုလို လုပ်ပေးဖို့ မလိုပါကြောင်းနှင့် ကျေးဇူးတင်ကြောင်း ပြောပြီး မီးပွိုင့် မီးစိမ်းသွားသောကြောင့် ကားကို အသာ အယာ မောင်းထွက်သွားတော့သည်။ ထိုအမျိုးသမီးလည်း ကားလမ်းဘေးဘက်ကို ခပ်သွက်သွက် ပြန်ကူး သွားတော့သည်။
အဖြစ်အပျက်က ထူးခြားသဖြင့် ကျွန်မ အံ့သြသွားကာ ယာဉ်မောင်းသူကို စပ်စုကြည့်မိသည်။ ယာဉ်မောင်း သူက -
"အေးဗျာ...၊ ဒီလို စေတနာသန့်သန့်နဲ့ ကူညီတတ်တဲ့ လူတွေ များများပေါ်ထွက်လာဖို့ ဆုတောင်းပါတယ်။ ခုနက ပိုက်ဆံ လိုက်တောင်းနေတဲ့ အမျိုးသမီးက အရင်တုန်းက ကျွန်တော်တို့နဲ့ တစ်ရပ်ကွက်တည်း နေခဲ့ တာဗျ။ ခုတော့ သူက ဒီနား ပတ်ဝန်းကျင်မှာ နေတယ် ထင်ပါရဲ့၊ ပြီးတော့ သူ့ခမျာ အတော် ချို့တဲ့ရှာတာ၊ ဒါပေမဲ့ သူ့မှာ တာဝန်သိစိတ်ရှိတယ်လို့ ပြောရမလားပဲ။ တစ်ခါတလေ သူစားဖို့ဆိုပြီး မုန့်လေး ပဲလေး လှူ တဲ့သူတွေရှိရင် အခုလိုပဲ ခါးမှာ ကြိုးနဲ့ ပတ်ချည်ပြီး အိမ်ရောက်အောင် သယ်တော့တာပဲဗျာ။ သူ့မိသားစု စားရအောင်ပေါ့။
သူ့မိသားစုမှာ သူက အကြီးဆုံးလေ။ ငယ်ငယ်ကတည်းက မိသားစုအပေါ် သိပ်သိတတ်တာ။ သူလိုချင်တာ ရှိရင် သူ့အမေက ၀ယ်မပေးရဘူး။ သူ့ဘာသာသူ ခရေပန်းကောက်ပြီး ရောင်းလို့ပဲဖြစ်ဖြစ်၊ အရပ်ထဲမှာ အ၀တ် လှည့်လျှော်တာပဲဖြစ်ဖြစ် အလုပ်လုပ်ပြီး ငွေရှာတယ်လေ။ အဲဒီလို စုထားပြီးတော့မှ သူ့မောင်တွေ၊ ညီမတွေကို သူက ကျောင်းထားတယ်။ သူလိုချင်တာကိုတောင် အိမ်စရိတ်သုံးလို့ ပိုမှ ၀ယ်တာ။ သူက လူသာ ဆင်းရဲတာ၊ စိတ်ထားကတော့ ရိုးဖြောင့်တယ်။
တလောကတော့ သူ့ယောက်ျား ဆုံးသွားတယ် ကြားတာပဲ။ ဒါကြောင့် အခု သူ့မှာ မိသားစုတာဝန်တွေ ပို လာရတာပေါ့။ တော်ရုံတန်ရုံ မိန်းကလေးတစ်ယောက်က သူ့လိုမျိုး ဆင်းရဲဒုက္ခကို ခံနိုင်ရည်ရှိမယ် မထင် ဘူး။ ပြီးတော့ သူက ဒုက္ခိလေ။ သူကတော့ သူတတ်နိုင်သလောက် သူ့မိသားစုဝန်ကို ထမ်းနေတာက ချီးကျူးဖို့ ကောင်းတယ်ဗျာ။ တလောက သူ့ကလေးလေး ဆေးရုံတက်ရသေးတယ်လို့ ပြောတယ်။ သွေး လွန် တုပ်ကွေးတဲ့ဗျာ။
ခုနကလည်း အဲ့ဒီကလေးလေး နေမကောင်းလို့ ဆေးခန်းပြချင်လို့၊ ကူညီပါဆိုပြီး လိုက်တောင်းတာလေ။ တချို့ကျတော့လည်း မယုံတော့ မလှူကြဘူးပေါ့၊ ဟော ... သဒ္ဓါတရား ကောင်းတဲ့သူများ ကျတော့လည်း လှူလိုက်တာမှ ရက်ရက်ရောရော။ တကယ်ကို ပီတိဖြစ်စရာပါဗျာ။ ကြည့်ရတာ လှူတဲ့သူကလည်း ဒီလမ်း ကနေ ဖြတ်သွား ဖြတ်လာပြုရင်းကနေ သူ့ကို သတိထားမိတယ်နဲ့ တူပါတယ်။ ကျွန်တော်ကတော့ ကြုံတဲ့ အခါ ကိုယ်တတ်နိုင်သလောက် ကူညီလိုက်တာပါပဲ"
ယာဉ်မောင်းသူ ပြောသည့် စကားများကို နားထောင်ရင်း ကျွန်မ စိတ်ထဲမှ အမည်မသိ အမျိုးသမီးအတွက် သာဓုအကြိမ်ကြိမ် ခေါ်ဆိုမိသည်။ သူ့ဘ၀အကြောင်းကို သိရှိခဲ့ရပြီးနောက် ကျွန်မ၏ စိတ်အာရုံတွင် အသိ တချို့ လင်းလက်သွားခဲ့ပါသည်။
အမှန်စင်စစ် ကျွန်မတို့သည် လူအဖြစ်ကို ရသည်ကစ၍ မည်သည့်အရာမျှ ကိုယ့်စိတ်အတိုင်း ဖြစ်လာ ရသည် မဟုတ်ပါ။ ကံစီမံရာ ဘ၀တွင်သာ မိမိဘ၀ပေး အခြေအနေအလိုက် အလိုက်သင့် အလျားသင့် ရှင် သန် နေထိုင်ကြရပါသည်။ တစ်ခါတစ်ရံတွင် မိမိ လိုချင်တောင့်တသည့် ဘ၀မျိုး မရနိုင်ခဲ့သည်များလည်း ရှိကြပါသည်။ ထိုသို့ ကြုံရသည့်အခါ လောကဓံကို ငြီးငြူ အပြစ်ဖို့ မနေဘဲ မိမိနှင့် လိုက်လျောညီထွေဖြစ် မည့် အကောင်းဆုံး နည်းလမ်းကို ရှာဖွေ ကြံဆ နေထိုင်ကြဖို့ လိုပါမည်။ မိမိဘ၀ကို မိမိကိုယ်တိုင်သာလျှင် ပဲ့ကိုင်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် ကြုံလာသည့် အခက်အခဲဟူသမျှကို ရင်ဆိုင် ဖြေရှင်းနိုင်သည့် စိတ် ဓာတ်ခွန်အားမျိုးကိုလည်း မွေးမြူထားရပါမည်။ သို့မှသာလျှင် တိုတောင်းလှသည့် လူ့ဘ၀အတွင်း နေပျော် စရာ ဘ၀ ၀န်းကျင်ကို ဖန်တီးနိုင်ကြလိမ့်မည်ဟု ယုံကြည်နေမိပါသည်။
စာဖတ်သူများ အားလုံးကို ခင်မင် လေးစားလျက်
*မြ၀တီဇော်*

Thursday, August 8, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)

No comments:
Post a Comment