ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, August 8, 2013

--ငွေရတုသည် အဖြေတစ်ခုကို သယ်ဆောင်လာပြီး ဝေစုခွဲရန်မဟုတ်ပါ--(အောင်ခိုင်မြင့်)

>
(08 August 2013 )

 ( ၈၈၈၈ ) ဒီမိုကရေစီ လူထုအရေးတော်ပုံငွေရတုတွင် အနာဂတ်မြန်မာပြည် အတွက် အဖြေတစ်ခုရှာဖွေရန် လွန်ခဲ့သော ( ၂၅ )နှစ်က မြန်မာ့နိုင်ငံရေး အခင်းအကျင်းနှင့် ကမ္ဘာ့နိုင်ငံရေးအခြေအနေအား ခြုံငုံ သုံးသပ်နေမိသည် ။သွေးထွက်သံယိုမှုများဖြင့် ခါးသီးသော အတိတ်သမိုင်း စာမျက်နှာများသည် တိုင်းပြည်ကို ချောက်ထဲသို့ ဘယ်သူတွေက တွန်းပို့ ခဲ့ပြီး မည်သူတွေက ကယ်တင်ရန်ကြိုးစားခဲ့သည်ကို သက်သေခံနေပေသည် ။ သို့ သော်စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြန်ရေးကို သွားရန်ခြေလှမ်းပြင်နေသော အခါသမယ၌ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ် မြန်မာပြည်၏ တိုးတက်ဖွံ့ ဖြိုးရေးအတွက် မည်သို့ မည်ပုံလုပ်ဆောင်ရမည့် လမ်းကြောင်းမှန်ပေါ် တိုင်းပြည်ကို တွန်းတင်ရမည် ဖြစ်ပေသည်။ သို့ မှသာ ကိုယ်ကျိုးအတွက် ဖောက်ပြန်လျက် အာဏာကို အလွဲ သုံးစားလုပ်ပြီး လူထုကို ဖိနှပ်ခဲ့သော စစ်အာဏာရှင် စနစ်၏ ဆိုးကျိုးများ နောက်တစ်ကြိမ် တိုင်းပြည်နှင့် လူထုမှ ထပ်မံ ကြုံတွေ့ ခံစားရတော့မည့် အခြေအနေသို့ မရောက်ရန် အစိုးရ ၊ ပြည်သူလူထု ၊ အတိုက်အခံဒီမိုကရေစီ အင်အားစုများ ၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများမှ ၀ိုင်းဝန်းထိမ်းကျောင်းပြီး နိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ အနှစ်သာရများဖြစ်သော လွတ်လပ်မှု ၊ တရားမျှတမှု ၊ ငြိမ်းချမ်းမှုများ ဖြစ်ပေါ်လာစေရန် မနားမနေ ကြိုးပမ်းအားထုတ်ရပေမည် ။ ဖောက်ပြန်ခြစားသော မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ဆိုးကို ပြည်သူလူထု၏ညီညွတ်မှုအားဖြင့် မြန်မာ့မြေပေါ်မှ ( ၈၈၈၈ ) ဒီမိုကရေစီ တောင်းဆိုမှုဖြင့်အပြီးတိုင်မောင်းထုတ်နိုင်ခဲ့သော်လည်း တိုက်ပုံခေါင်းပေါင်းဝတ် ဆိုရှယ်လစ် လွှတ်တော်အမတ်မင်းများနေရာတွင် စစ်ယူနီဖောင်းဝတ်များ၏ အာဏာရှင်စစ်အစိုးရသည် တိုင်းပြည်အာဏာကို မတရား သိမ်းပိုက်ပြီး ၁၉၈၈ စက်တင်ဘာလ ၁၈ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ပေသည် ။ဆင်းရဲတွင်းချောက်ထဲမှ ပြည်သူလူထုသည် ရုန်းမထွက်နိုင်ပဲ အကြောက်တရားကိုသာ ဖောက်ပြားသူများကရက်ရက်ရောရော ပေးကမ်း စွန့် ကြဲခဲ့သော သက္ကရာဇ်များ ထဲ ခြွတ်ခြုံကျမှု ၀ဲဂယက်မှာ ရှည်ကြာခဲ့ရပေသည်။ မြန်မာ့စစ်အာဏာရှင် စစ်အုပ်စုသည် န၀တ ၊ နအဖ ၊ တစည စသော အဖွဲ့ အစည်းအမျိုးမျိုးကို ပုတ်သင်ညိုလို အရောင်အမျိုးမျိုးပြောင်းယုံမက ၀တ်လစ်စလစ် ကချေသယ်မလို အ၀တ်တွေ ချွတ်လိုက် ၀တ်လိုက် ကမ္ဘာကို နိုင်ငံရေး မျက်လှည့်ပြခဲ့ပေသည် ။ထို့ ပြင် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်သည် ၄၈၅ ခုံနေရာအတွက် ၃၉၅ နေရာ မဲအနိင်ရခဲ့သော်လည်း စစ်အစိုးရမှ NLD ကို အာဏာလွှဲပြောင်းရန် ငြင်းဆန်ခဲ့ပေသည် ။ ပြည်သူလူထုအမြောက်အများ သေဆုံးခဲ့သည့် ၁၉၈၈ စစ်တပ်မှ အာဏာသိမ်းချိန်မှ စတင်ကာ ၂၀၀၈ နာဂစ်မုန်တိုင်းဖြစ်ပွားချိန်၌် လူထောင်ပေါင်းများစွာ သေကြေပျက်ဆီးဆုံးရှုံးချိန်တွင် မရမက အတည်ပြုခဲ့သော ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေ မပေါ်ခင် အချိန်ထိ စစ်အစိုးရသည် တိုင်းပြည်အား ဖွဲ့ စည်းပုံ အခြေခံဥပဒေမရှိပဲ စစ်တပ်မှစစ်အာဏာရှင်များ တစ်ဗိုလ်တက် တစ်ဗိုလ်ကျ ဦးဆောင်ကာ တိုင်းပြည်အား ထင်ရာစိုင်း အုပ်ချုပ်ခဲ့ပေသည် ။ ထို့ ကြောင့်လူထုကို ဦးဆောင်သော ဒီမိုကရေစီ အတိုက်အခံခေါင်းဆောင်များသည် ထောင်ထဲတွင် နှစ်ရှည်ကျခံခဲ့ရပြီး တစ်ချို့ မှာ တောထဲရောက်သူရောက် ပြည်ပရောက်သူရောက်ကာ တိုင်းပြည်တွင် စစ်အာဏာရှင်စနစ်သည် လူထုမှ မလိုလားသော်လည်း တိုင်းပြည်၌ အမြစ်တွယ်ခဲ့ပေသည် ။ထိုကဲ့သို့ စစ်အာဏာရှင်များသည် တိုင်းပြည်၏ အာဏာကို လက်မလွှတ်ရရေးအတွက် နိုင်ငံ၏ သယံဇာတများကို ဈေးပေါပေါဖြင့် ရောင်းစားကာ စစ်တပ်အား ငွေကုန်ကြေးကျခံကာ စစ်လက်နက်များတပ်ဆင်ခဲ့ပေသည် ။ သို့ ဖြစ်ပါ၍ ယနေ့ အခါသမယတွင် တိုင်းပြည်၏ ကြွေးမြီများသည် ပွင့်လင်းမြင်သာစွာ ရှိနေသော်လည်း စစ်ခေါင်းဆောင်များ၏ ခိုးယူခဲ့သော ပိုင်ဆိုင်မှုများမှာမူ လူသိမခံဝံ့အောင်ရှိနေစဲဖြစ်ပေသည် ။ မြန်မာပြည်တွင် ( ၈၈၈၈ ) ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး ဖြစ်ပွားပြီး မရှေးမနှောင်း၌ တရုတ်ပြည်၌ ၁၉၈၉ ဇွန်လ ( ၄ )ရက်နေ့ တွင် ကျောင်းသားများ ဦးဆောင်သည့် အရေးအခင်းဖြစ်ပွားခဲ့ပြီး ၁၉၈၉ ခုနှစ်နိုဝင်ဘာလ ( ၉ )ရက်နေ့  ၌ ဂျာမဏီပြည်တွင် ဘာလင်တံတိုင်းပြိုကျကာ ချက်ကို စလိုဗက် ၊ ပိုလန် ၊ ဟန်ဂေရီ ၊စသောဥရောပနိုင်ငံများ၌ အစိုးရအားဆန့် ကျင်သည့် လူထုအုံကြွမှုများ တောမီးပမာ ပျံ့ နှံ့ခဲ့ပေသည် ။ ထို့ ကြောင့် စစ်အေးခေတ်ကာလတွင် ကမ္ဘာ့နိုင်ငံရေး ရေစီးကြောင်း၌ လက်ဝဲ လက်ယာဝါဒရေးရာအားပြိုင်မှုအတွင်း မြန်မာ့နိုင်ငံရေးသည် စီးမျောလိုက်ပါခဲ့ရသည် ။ ဆိုလိုသည်မှာ စစ်အစိုးရသည် တိုက်ရိုက်သော်၎င်း ၊သွယ်ဝိုက်၍သော်၎င်း တရုတ် ၊ ရုရှား ၊ မြောက်ကိုးရီးယားနိုင်ငံများမှ စစ်လက်နက်များကို နည်းမျိုးစုံဖြင့်ရယူကာ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား ဒီမိုကရက်တစ်တပ်ဦး ကျောင်းသား တပ်မတော် ( ABSDF ) အပါအ၀င် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသော အသင်းအဖွဲ့ နှင့် ဒီမိုကရေစီရေးလှုပ်ရှားသူမှန်သမျှအား ရန်သူလို သဘောထားကာ ချေမှုန်းခဲ့ပေသည် ။ထိုကဲ့သို့ စစ်အာဏာရှင် အစိုးရ၏ ပြည်သူလူထုကို ဖိနှိပ်ပြီး လူ့ အခွင့်အရေးချိုးဖောက်မှု၏ အကျိုးဆက်အဖြစ် နိုင်ငံတကာ၏ စီးပွားရေး ပိတ်ဆို့ အရေးယူမှုအားခံခဲ့ရပေသည် ။ သို့ သော် ၄င်းစီးပွားရေး အရေးယူပိတ်ဆို့ မှုသည် လူထုကို ထိခိုက်သည်လား ၊ တိုင်းပြည်ဘဏ္ဍာကို မတရားခိုးယူခဲ့သော စစ်ခေါင်းဆောင်များကို ထိခိုက်သည်လားဆိုသည်မှာ ၊ပွင့်လင်းမြင်သာမှုမရှိသော အမှောင်ခေတ်တွင် အဖြေအတိအကျမရှိခဲ့ပေ ။သေချာသည်မှာ လူထုနှင့် တိုင်းပြည်မှာ နူရာဝဲစွဲ လဲရာသူခိုးထောင်း အဖြစ်နှင့် ကြုံခဲ့ရပေသည် ။ တစ်ခြားတစ်ဖက်တွင်လည်း အတိုက်အခံဒီမိုကရေစီ အင်အားစုများကို အမေရိကန် ၊ ကနေဒါ ၊ နော်ဝေ ၊ အင်္ဂလန် ဥရောပနိုင်ငံများမှ အကူအညီများပေးအပ်ခဲ့ကြပေသည်။သို့ သော် တစ်ချို့ ပြည်ပရှိ အတိုက်အခံခေါင်းဆောင်များသည် ပြည်တွင်း ပြည်ပရှိ လူထုများနှင့် ကင်းကွာကာ NGO များ၏ ဆွဲခေါ်ရာ၌ကောက်ကောက်ပါသွားပြီး NGOတော်လှန်ရေးလိုဖြစ်ခဲ့ရပေသည် ။ ဒီမိုကရေစီ အတိုက်အခံလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်ကို မင်းကိုနိုင်အပါအ၀င် အဖမ်းအဆီးခံ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအား ကြွေးကြော်ရင်း မြန်မာ့ဒီမိုကရေစီအရေးသည် ထိပ်တိုက်ရင်ဆိုင်ရေး ၊ အာဏာဖီဆန်ရေး ၊ အမြစ်ပြတ်ချေမှုန်းရေး သံသရာတွင် အစိုးရနှင့် အတိုက်အခံကြား ယုံကြည်မှုကင်းမဲ့ ခဲ့ရပေသည် ။ သို့ သော် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၏ မတရားမှုများကြောင့်၂၀၁၀ေ၇ွးကောက်ပွဲကို အတိုက်အခံပါတီ NLD မှ ရွေးကောက်ပွဲ ၀င်ရောက် မယှဉ်ပြိုင်ခဲ့သော်လည်း ၄င်းရွေးကောက်ပွဲမှတက်လာသောဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ ဆုံဆွေးနွေးမှုများရှိလာခဲ့ပေသည် ။မြန်မာ့နိုင်ငံရေးသည် ယခင်ကလို ရှေ့ မတိုးသာနောက်မဆုတ်သာအခြေအနေမှ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းအစကို ရောက်ရှိခဲ့သည် ဟုဆိုလျှင်မှားမည် မထင်ပါ ။ထိုလမ်းကြောင်းပေါ်သို့ လွယ်လွယ်နှင့် ရောက်ခဲ့သည်ကားမဟုတ်ပေ ။ NLD အနေဖြင့် ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်မကိုင်စွဲတော့ပဲ ပြည်ပရှိ အဝေးရောက်အစိုးရ NCGUB ကို ဖျက်သိမ်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏အသက်ကိုပင်ရန်ရှာခဲ့သော ဒီပဲယင်းလိုအဖြစ်အပျက်မျိုးအား အဃာတမထားပဲ တိုင်းပြည်နှင့်လူထု ဆင်းရဲတွင်းနက်မှ လွတ်မြောက်ရန် အတွက် ခွင့်လွှတ်ကြေအေးခဲ့ပေသည် ။၈၈ မျိုးဆက်ကျောင်းသားများအနေဖြင့်လည်း ထောင်နှစ်ရှည် ကျခံပြီး ထောင်တွင်းမှ အိမ်က်ဆိုး အဖြစ်ဆိုးများကို ရှေ့ တန်းမတင်ပဲ တိုင်းပြည်နှင့်လူထုမျက်နှာကို ကြည့်ကာ တိုင်းပြည်၏ငြိမ်းချမ်းရေး ၊ တိုးတက်ရေးမျက်နှာစာသစ်ကို ဖွင့်လှစ်ခဲ့ပေသည် ။ ခေတ်မီကမ္ဘာ့ဆက်သွယ်ရေး သည် ယခုအခါ အထူးကောင်းမွန်တိုးတက်လာပေရာ ၈၈ တုန်းကကဲ့သို့ ကွန်ပြူတာ ဖေ့ဘုတ် အင်တာနက်မရှိပဲ ကောလဟလများဖြင့်လူထုကို ခြောက်လှန့် ထား၍မရတော့သလို အဖြစ်မှန်ကို ရေရှည်ထိန်ချန် ဖုံးအုပ်ထား၍မရတော့ပေ ။၈၈ အရေးအခင်းကာလတုန်းက အမေရိကန်ရေတပ်သဘောင်္အား အောင်ဆန်းဦးမှဦးဆောင်ကာ ဒီမိုကရေစီ လက်နက်ကိုင်တိုက်ပွဲအတွက်အဆင်သင့်ဖြစ်နေသယောင် ကောလဟာလသည် ခေတ်စားခဲ့ပြီး တောခိုလာသော ရဟန်းရှင်လူကျောင်းသားပြည်သူများသည် တောတွင်း၌ လက်နက်ကိုင် တိုက်ပွဲ ၀င်ရန် လက်နက်မရပဲအခက်ကြုံခဲ့ရသည် ။ တခြားတစ်ဖက်တွင်လည်းတိုင်းရင်းသား လက်နက်ကိုင်အုပ်စုများမှ နယ်စပ်သို့ ရောက်ရှိလာသော ကျောင်းသားများအား ဘင်လာဒင်၏မူအတိုင်း စူဆိုက်ဗုံးသမားလို လေ့ကျင့်ပြီးစစ်အစိုးရကို မချေမှုန်းခိုင်းခြင်းသည်ပင်ငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုကို လိုလားသော တိုင်းရင်းသားခေါင်းဆောင်များ၏ အနာဂတ်အမျှော်အမြင်ကြီးမားခြင်းကြောင့်ဟု ကောက်ချက်ချရမလို ဖြစ်နေပေသည် ။ ကမ္ဘာ့နိုင်ငံရေးရေစီးကြောင်းကို ကြည့်လျှင် အာဏာရှင်များဖြစ်သော အီရတ်မှ ဆာဒန်ဟူစိန် ၊ လစ်ဗျားမှကဒါဖီတို့ ၏လူထုကိုဖိနှိပ်သည့် နည်းလမ်းသည် သက်ဆိုးမရှည်သည့်နည်းလမ်းဖြစ်ယုံမက လူထုကိုဖိနှိပ်မှုသည် အီဂျစ် ၊ ဆီးရီးယား နိုင်ငံများအပါအ၀င် အာရပ်နွေဦးလို လူထုအုံကြွမှုများဖြစ်စေကြောင်း သင်ခန်းစာယူရပေမည် ။ တခြားတစ်ဖက်တွင်လည်း စစ်ရေး ၊ပထ၀ီ နိုင်ငံရေး ၊ စီးပွားရေးအရအရေးပါသော မြန်မာပြည်သည် အမေရိကန်နှင့် တရုတ်နိုင်ငံအကြား မြေဇာပင်မဖြစ်စေရန် လက်ရှိအစိုးရမှ လက်တစ်ဆုပ်စာ ခရိုနီနှင့် အစိုးရလူကြီးမင်းများ အတ္တကိုယ်ကျိုးအတွက်ကောင်းစားရေးကို ဦးမတည်ပဲ လူထုကောင်းစားရေးအား ဦင်္းတည်ဆောင်ရွက်ရန် အရေးကြီးသကဲ့သို့ လယ်သမား ၊အလုပ်သမား ၊ကျောင်းသားအရေးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရပေမည် ။ သို့ ဖြစ်ပါ၍ စစ်အေးခေတ်နောက်ပိုင်းတွင် နိုင်ငံတကာမှ ကျင့်သုံးနေသော ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးကို လေးစားလိုက်နာသော အစိုးရတစ်ရပ်ကို ပုံဖော်တည်ဆောက်ရင်း အတိုက်အခံနှင့်အစိုးရသည် တိုင်းပြည်နှင့်လူထုတိုးတက်ကြီးပွားရေးကို ဆောင်ရွက်ရပေမည် ။ နောင်လာမည့် ၂၀၁၅ ရွေးကောက်ပွဲသာမက လက်ရှိနိုင်ငံရေးသမားများ အသက်အိုမင်းသွားတော့မည့် ၂၀၂၀ ၊ ၂၀၂၅ အတွက် ဒီမိုကရေစီ၏ အခြေခံ အုတ်မြစ်ကို နောင်လာနောက်သား မျိုးဆက်သစ်များအတွက် ကောင်းမွန်သော ဒီမိုကရေစီအမွေကို ပေးရန် ယခုကတည်းက စတင်ပြင်ဆင်ရမည့် အခါသမယလည်း ဖြစ်ပေသည် ။ တရားဥပဒေစိုးမိုးရေး ၊ဆင်းရဲမွဲတေမှု ပပျောက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ၊ကြွေးကြော်သံများသည် လေထဲတွင် ပျောက်ကွယ်မသွားပဲ လက်တွေ့ ကျင့်ကြံအားထုတ်ရပေမည် ။ ထိုနည်းအတူ လက်ရှိအစိုးရသည် ၂၀၁၃ ဆီးဂိမ်းနှင့် ၂၀၁၄ အာဆီယံဥက္ကဌဖြစ်ရေးတွင်သာ မိန်းမောမနေပဲ ၂၀၀၈ စစ်ဖွဲ့ စည်းပုံ ပြင်ဆင်ရေးအပါအ၀င် တစ်တိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေး ၊ ပင်လုံစိတ်ဓာတ်ကို အခြေခံသော အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအား ဆောင်ရွက်ရမည့် နိုင်ငံရေးအခင်းအကျင်းကို ဖန်တီးတည်ဆောက်ရင်း ယုံကြည်မှုများပျောက်ဆုံးနေသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ဘ၀တိုးတက်မြင့်မား၍ တရားဥပေးစိုးမိုးရေးအောက်၌ ဘသလုံခြုံရေးကို အာမခံချက်ပေးသော ဘ၀အိမ်မက်အားမဖြစ်မနေ ဆောင်ရွက်ရမည် ဖြစ်ပေသည် ။
အာဇာနည် သူရဲကောင်းများ အသက် သွေးချွေး ဘ၀များစတေးပေးဆပ်ခဲ့သော (၈၈၈၈ )ဒီမိုကရေစီ လူထုအရေးတော်ပုံ ငွေရတုသည် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် လူထုကောင်းစားရေးကို ပုံဖော်သော အဖြေတစ်ခုကို သယ်ဆောင်လာပြီး တိုင်းပြည်ကိုကိုယ်ကျိုးအတွက် ဝေစုခွဲရန်မဟုတ်ပါ..။

*အောင်ခိုင်မြင့်*
၈ သြဂုတ်လ ၂၀၁၃

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)