မိခင်နို့ရည်အစား နို့မှုန့်များ အစားထိုးကာ ကလေးငယ်များကို တိုက်ကျွေးခြင်းသည် ကလေးများ၏ ကိုယ်ကာယဖွံ့ဖြိုးမှုအတွက် ရလဒ် မကောင်းသော သက်ရောက်မှုများဖြစ် စေသည်ဟု ကျွမ်းကျင်သူများ၏ အဆိုကို စက်တင်ဘာ ၁၈ ရက် အင်တာနက်သတင်းတွင် ရေးသား ထားသည်။ အကယ်၍ မွေးကင်းစ ကလေးငယ်များကို နို့မှုန့်တိုက်မိပါက ကလေးငယ်သည် နောင်တစ်ချိန် မိခင်နို့ကို မကြိုက်ဘဲဖြစ်တတ်သည်ဟု ကျွမ်းကျင်သူတို့က ထောက်ပြထား သည်။ မွေးကင်းစ ကလေးငယ်များအတွက် မိခင်နို့ရည်သည်သာ ကျန်းမာရေး အတွက် အကောင်းဆုံးဖြစ်ကြောင်း ကို ““ကလေးမိခင်တွေ ကျန်းမာရေး မကောင်းဘူးဆိုရင် ကလေးတွေကို နို့မတိုက်နိုင်ကြပါဘူး။ အဲဒီလိုဖြစ်ရင် တော့ နို့မှုန့်တိုက်ဖို့ လိုကောင်းလိုပါ လိမ့်မယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ဘယ်ဆရာဝန်ကမှ ကလေးမိခင်တွေ ကို နို့မှုန့်တိုက်ဖို့ ခွင့်ပြုမှာမဟုတ်ပါဘူး”” ဟု ဆေးပညာရှင်က ဆိုထားသည်။
ကျွမ်းကျင်သူများ အဆိုအရ ကလေး မွေးဖွားပြီးစ ခုနစ်ရက်အတွင်းထွက် သော မိခင်နို့ရည်၏အာဟာရသည် ကလေးများကို ဘက်တီးရီးယား ပိုးမွှားများ ကာကွယ်မှုစနစ် တည် ဆောက်မှုကို ထောက်ပံ့ပေးနိုင်သည် ဟု သိရသည်။ ၎င်းရက်များအတွင်း နို့မှုန့်သာတိုက်ကျွေးပါက ကလေးငယ် များသည် မိခင်နို့မှ အာဟာရဖြစ်စေ သာ သတ်္တိများဆုံးရှုံးရမည်ဖြစ်သည်။ ““အချို့ကလေးတွေက သူတို့ကို နို့မှုန့်တိုက်ထားပြီးရင်နောင်အခါ မိခင် နို့ပြန်တိုက်တဲ့အခါဆို ငြင်းဆန်ကြ တယ်။ ဒါဘာလို့လဲဆိုတော့နို့မှုန့်တွေက သောက်ရလွယ်ပြီး ပိုအရသာရှိနေတာ ကိုး””ဟုဆေးပညာရှင်က ဆိုသည်။ ထို့ပြင် မိခင်နို့ရည် မသောက်စို့ ရသော မွေးကင်းစကလေးသည် ရှိသင့် သော ကိုယ်ခံအားစနစ်မရှိနိုင်ဘဲ ၀မ်း ပျက်ဝမ်းလျှောခြင်းများ ဖြစ်စေနိုင် သည်ဟုလည်း သိရသည်။
+နေခြည်+
**Public Health**

No comments:
Post a Comment