ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, September 22, 2013

--ယူရို၂၀၂၀ ပြိုင်ပွဲ..ဘယ်နိုင်ငံအိမ်ရှင်ဖြစ်လာမလဲ--

>
ယူရို၂၀၂၀ ပြိုင်ပွဲကြီးကို ဥရောပ တစ်လွှားရှိ မြို့ပေါင်း ၁၃ မြို့တွင် ကျင်းပသွားမည်ဖြစ်ရာ အဆိုပါပြိုင်ပွဲ ကြီးအား အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပ ခွင့်ရရန် အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နှင့် အိုင်ယာလန် တို့က ပစ်မှတ်ထားလျက် ရှိသည့်အပြင် ဥရောပဘောလုံးအဖွဲ့ချုပ် (ယူအီး အက်ဖ်အေ)တွင် ပါဝင်သော နိုင်ငံ ပေါင်း ၃၂ နိုင်ငံကလည်း စိတ်ဝင်စား လျက်ရှိကြောင်း သိရသည်။ အင်္ဂလန်နိုင်ငံသည် လန်ဒန်မြို့တွင် လည်းကောင်း၊ စကော့တလန်နိုင်ငံ သည် ဂလက်စဂိုးမြို့တွင် လည်းကောင်း၊ ဝေးလ်နိုင်ငံသည် ကာဒစ်မြို့တွင် လည်းကောင်း၊ အိုင်ယာလန်သမ်္မတနိုင်ငံ သည် ဒက်ဘလင်မြို့၌ လည်းကောင်း အိမ်ရှင်အသင်းများအဖြစ် လက်ခံ ကျင်းပရန် စိတ်ဝင်စားလျက်ရှိသည်။ ထို့အပြင် ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်နှင့် စပိန် အပါအ၀င် ဥရောပဘောလုံးလောက ကို လွှမ်းမိုးနိုင်သည့် နိုင်ငံအားလုံး သည်လည်း ယူရို ၂၀၂၀ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် ဆန်္ဒ ပြင်းပြလျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထို့ကြောင့် ယူအီးအက်ဖ်အေအနေ ဖြင့် မူလအိမ်ရှင်နိုင်ငံအဖြစ် ရွေးချယ် ထားမှုကို ပြောင်းလဲကာ လာမည့်နှစ် ဧပြီ ၂၅ ရက် နောက်ဆုံးထား၍ ရွေးချယ်မည်ဖြစ်ကြောင်း သိရသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်နှင့် နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို ၀င်ဘလေ၌ ကျင်းပ ခွင့်ရရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်က ယူအီးအက်ဖ်အေသို့ စာလွှာရေးသား ပေးပို့ခဲ့သည်။
ယူအီးအက်ဖ်အေဥက်္ကဋ္ဌ မိုက်ကယ် ပလက်တီနီကမူ ၂၀၂၀ အိုလံပစ်ပြိုင်ပွဲ မဲပေးရွေးချယ်မှုတွင် ဂျပန်နိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရှိခဲ့ပြီး မဲအရေအတွက် နည်းမှုကြောင့် အိမ်ရှင်နိုင်ငံအဖြစ်မှ လွဲခဲ့ရသည့် တူရကီနိုင်ငံအား ယူရို ၂၀၂၀ ကို အိမ်ရှင်အဖြစ် ရွေးချယ်ရန်ဖော်ပြ ခဲ့သော်လည်း လက်ရှိတွင်မူ မြို့ပေါင်း ၁၃ မြို့တွင် ကျင်းပမည့် အစီအစဉ်ကို စက်တင်ဘာ ၂၄ ရက်တွင် ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် ယူရို ၂၀၂၀ ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပရန် ဆန်္ဒရှိနေသည့် နိုင်ငံ ၃၂ နိုင်ငံမှာ အာမေးနီးယား(ယီရီဗင်)၊ အဇာဘိုင် ဂျန်(ဘာကူး)၊ ဘယ်လာရုစ်(မင့်စ်ခ်)၊ ဘယ်လ်ဂျီယံ(ဘရပ်ဆဲလ်)၊ ဘူလ်ဂေး ရီးယား(ဆိုဖီယာ)၊ ခရိုအေးရှား (ဇာဂရက်)၊ ချက်(ပရာဂူး)၊ ဒိန်းမတ် (ကိုပင်ဟေဂင်)၊ အင်္ဂလန်(လန်ဒန်)၊ ဖင်လန်(ဟယ်ဆင်ကီ)၊ ပြင်သစ် (လိုင်ယွန်)၊ မက်ဆီဒိုးနီးယား (စကော့ပီ)၊ ဂျာမနီ(မြူးနစ်)၊ ဂရိ (အေသင်)၊ ဟန်ဂေရီ(ဘူဒါပက်)၊ အစ်္စရေး(ဂျေရုဆလင်)၊ အီတလီ (ရောမနှင့် မီလန်)၊ ကာဇက်စတန် (အက်စ်တာနာ)၊ နယ်သာလန် (အမ်စတာဒမ်)၊ ပိုလန်(၀ါဆော)၊ ပေါ်တူဂီ(လစ်္စဘွန်းနှင့်ပေါ်တို)၊ အိုင် ယာလန် (ဒက်ဘလင်)၊ ရိုမေးနီးယား (ဘူခါရက်)၊ ရုရှား(စိန့်ပီတာစဘတ်) စကော့တလန်(ဂလက်စဂိုး)၊ ဆားဘီး ယား(ဘဲလ်ဂရိတ်)၊ စပိန်(မက်ဒရစ်၊ ဘာစီလိုနာ၊ ဘီလ်ဘာအိုနှင့် ဗလင် စီယာ)၊ ဆွီဒင်(ဆိုလ်နာ)၊ ဆွစ်ဇာလန် (ဘေဆယ်)၊ တူရကီ(အစ်္စတန်ဘူလ်)၊ ယူကရိန်း(ကီယက်ဗ်နှင့် ဒိုးနက်စ်ခ်) နှင့် ဝေးလ်(ကာဒစ်ဖ်)စသည့် နိုင်ငံ များ ဖြစ်သည်။

 +နိုင်လင်းကြည်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)