ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ သောင်ရင်းမြစ် ကမ်းနဖူးဒေသက ဝှေ့မုတ်ရွာ၊ မယ်တော်လောစုရပ်ကွက် ၊၀မ်းသခီးရမ်းရွာ တို့ဘက်မှာ မနေ့က မြစ်ရေလျှံပြီး အခု ၂၀၁၃ ခုနှစ်ရဲ့ ဒုတိယအကြိမ်မြောက် ရေကြီးမှု ဖြစ်လုနီးပါး အခြေအနေရောက်ခဲ့ပါတယ်။ပြီးခဲ့တဲ့ဇူလိုင်(၂၇၂၈၂၉၃၀-၃၁)နဲ့ သြဂုတ်လ၁-၂ရက်တုန်းကလိုတော့လှေစီးပြီးသွားရ သလောက်အထိတော့ရေအမြင့်မရှိပါဘူး။
သွားရလာရတာေ၇ရှိတော့ခက်တာလောက်ပါပဲ။ ဟောဒီ သတင်းဓာတ်ပုံတွေက သင့်ကို ပြောပြပါလိမ့်မယ်။
(မဲဆောက်မြို့ သောင်ရင်းမြစ် ကမ်းနဖူးဒေသက ဝှေ့မုတ်ရွာရှိ ဂျာဂွာစတီးလ်စက်ရုံဝန်းအတွင်း ရေကြီးမှု)
(မဲဆောက်မြို့ သောင်ရင်းမြစ် ကမ်းနဖူးဒေသကအမှတ်၁-ကုတို့ ဆိပ်အနီးရေကြီးမှု)
(မဲဆောက်မြို့ အမှတ်၃- ကုတို့ ဆိပ်အနီးရေကြီးမှု)
အဲ..ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ တစ်ဖက်ခြမ်းမှာရှိတဲ့ မြ၀တီမြို့ အမှတ် ၅ ရပ်ကွက်ဘက်မှာလည်း အရပ်၅ ပေကျော်လူတစ်ရပ်စာ ရေအမြင့်ရှိနေတာမို့ ရေဘေးလွတ်ရာ နေရာတွေကို ရှောင်တိမ်းနေ
ကြရကြောင်း ကာယ ကံရှင်အချို့က မြန်မာပြည်သားဘလော့ဂ်ကို ပြောပါတယ်။
သတင်းဓာတ်ပုံ- ရဲရင့်အောင(်JACBA)

No comments:
Post a Comment