အမေရိကန်နိုင်ငံ လတ်စ်ဗီးဂတ်စ်မြို့ MGM Grand Arena၌ စက်တင်ဘာ ၂၁ ရက်က ကျင်းပခဲ့သည့် အိုင်ဟတ်ထ်ရေဒီယိုဂီတပွဲတော်သို့-ွ မိုင်လီဆိုင်းယက်စ်၊ ဂျက်စတင်တင်မ်ဘာလိတ်တို့နှင့်အတူ နာမည်ကျော် အမေရိကန်ပေါ့ပ်ကြယ်ပွင့်များစွာ ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။ ဆက်လက်ပြီး စက်တင်ဘာ ၂၂ ရက် ညတွင် ကျင်းပသည့် အဆိုပါဂီတပွဲတော်တွင်လည်း နာမည်ကျော်တေးသံရှင်များဖြစ်ကြသည့် ဘရူနိုမားစ်၊ ကေတီပယ်ရီ၊ ခရစ်ဘရောင်း စသည့် အနုပညာရှင်များ ပါဝင်ဖျော်ဖြေကြသည်။ တေးသံရှင် မိုင်လီဆိုင်းယက်စ်သည် ၎င်း၏Bangerz အမည်ရှိ အယ်လ်ဘမ်အသစ်ကို အောက်တိုဘာလတွင် ဖြန့်ချိသွားမည်ဖြစ်ပြီး ယင်းအယ်လ်ဘမ်သစ်တွင် သီချင်းသစ်များစွာလည်း ပါဝင်မည်ဖြစ် ကြောင်း သိရသည်။
အသက်(၂၀)အရွယ် တေးသံရှင် မိုင်လီဆိုင်းယက်စ်၏ မကြာခင်က မလုံ့တလုံအ၀တ်အစားများဖြင့် ရိုက်ကူးထားသည့် တေးသီချင်းဗီဒီယိုများ ကြောင့် VEVO ၀က်ဘ်ဆိုက်တွင် ကြည့်ရှုသူပရိသတ် သန်း ၁၀၀ ကျော်ရရှိခဲ့ပြီး နာမည်ဆိုးထွက်ခဲ့ရသူလည်းဖြစ်သည်။
** ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် ဒီယေဂိုအဲလ်ဗက်စ်ဆန်္ဒရှိနေ**
ဗလန်စီယာဂိုးသမား ဒီယေဂိုအဲလ်ဗက်စ်သည် လက်ရှိဘာစီလိုနာဂိုးသမား ဗဲလ်ဒက်စ်၏နေရာတွင် အစားထိုးကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားရန် အတွက် လာမည့်နှစ် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဗလန်စီယာအသင်းမှ ထွက်ခွာကာ ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန်္ဒရှိနေကြောင်း လူသိရှင်ကြား ၀န်ခံပြောကြားသွားခဲ့သည်။

ဘာစီလိုနာဂိုးသမား ဗဲလ်ဒက်စ်သည် လာမည့်နွေရာသီကာလတွင် စာချုပ် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ခြင်းကြောင့် ၎င်းင်းနေရာတွင် အစားထိုးနိုင်မည့် ဂိုးသမားတစ်ဦး ဘာစီလိုနာအသင်းရှာဖွေလျက်ရှိပြီး ဒီယေဂိုအဲလ်ဗက်စ်က နူးကမ့်သို့ ပြောင်းရွှေ့ကစားရန် ဆန်္ဒရှိနေခြင်းဖြစ်သည်။ သို့ရာတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ကစားရန် ချိတ်ဆက်မှုများ ပြုလုပ်ရမှုနှင့် ပတ်သက်၍ ပျော်ရွှင်မိကြောင်း၊ သို့သော် လက်ရှိအချိန်အထိ ချဉ်းကပ်မှုမပြုလုပ်ရသေးကြောင်း ဗလန်စီယာဂိုးသမား ဒီယေဂိုအဲလ်ဗက်စ်က ထုတ်ဖော်ပြောကြားခဲ့သည်။
** ဥရောပဟဲဗီးဝိတ်ချန်ပီယံဆုကိုချီဆိုရာဆွတ်ခူး**
လန်ဒန်မြို့ Copper Box Arena၌ ကျင်းပခဲ့သည့် လက်ဝှေ့ပြိုင်ပွဲများထဲမှ ဥရောပ ဟဲဗီးဝိတ်ချန်ပီယံလုပွဲတွင် လက်ဝှေ့အကျော်အမော်ဒါရက်ခ်ချီဆိုရာ နှင့် ဂျာမန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ဂါဘာတို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ ချီဆိုရာက ၎င်း၏ပြိုင်ဘက် စိန်ခေါ်သူ ဂါဘာအား တရစပ်ထိုးသတ်ကာ ငါးချီအတွင်းအလဲထိုးကာ ဥရောပဟဲဗီးဝိတ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ သည်။
** မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် လေတန်ဘိန်းစ်ဆန်္ဒရှိနေကြောင်းအဲဗာတန်နည်းပြချုပ် ဖွင့်ဟ**
ပရီမီယာလိဂ်ကလပ် အဲဗာတန်အသင်း၏ ဘယ်နောက်ခံကစားသမား လေတန်ဘိန်းစ်သည် ပရီမီယာလိဂ်လက်ရှိချန်ပီယံမန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန်္ဒရှိနေကြောင်း အဲဗာတန် အသင်းနည်းပြချုပ် အလန်စတက်ဘ်က ဖွင့်ဟပြောကြားခဲ့သည်။ မန်ယူအသင်းသည် ပြီးခဲ့သည့်နွေရာသီအပြောင်းအရွှေ့ကာလက အဲဗာတန်အသင်း၏ အားထားရသော ကစားသမားနှစ်ဦးဖြစ်သည့် ဘယ်နောက်ခံကစားသမား လေတန်ဘိန်းစ်နှင့် ကွင်းလယ်ကစားသမား ဖယ်လိုင်နီတို့ကိုခေါ်ယူရန် ပစ်မှတ်ထားခဲ့သော်လည်း အပြောင်းအရွှေ့ ဈေးကွက်ပိတ်သိမ်းခဲ့သည့်အချိန်တွင်မူ ကွင်းလယ်ကစားသမားဖယ်လိုင်နီကိုသာ ပြောင်းရွှေ့ကြေး ပေါင် ၂၇ ဒသမ ၅ သန်းဖြင့် ခေါ်ယူနိုင်ခဲ့သည်။ မန်ယူအသင်းက ခေါ်ယူလိုသည့်အချိန်က လေတန်ဘိန်းစ်အနေဖြင့် ငြင်းဆိုခဲ့သော်လည်း လက်ရှိတွင်မူ မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားရန် ဆန်္ဒရှိနေပြီဖြစ်ကြောင်း သိရသည်။
+ငွေကြယ်-Pyo Sandar Myint+
** အိုင်ဟတ်ထ်ရေဒီယိုဂီတပွဲတော်သို့ နာမည်ကျော် အမေရိကန်ပေါ့ပ်ကြယ်ပွင့်များစွာ ဖျော်ဖြေခဲ့ကြ**

No comments:
Post a Comment