၂၀၁၃ ခုနှစ် ဧပြီ ၁၃ ရက်က အိမ်ကွင်းတွင် နော့ဝှစ်ခ်ျကို သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ရာတွင် ပိုဒေါ စကီး၊ ဂီရောက်နှင့် အာတီတာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ၂၀၁၃ ဇူလိုင် ၂၂ ရက်က ဂရမ်းပက်အိတ်နှင့် ကစားခဲ့သည့် ရာသီအကြို ခြေစမ်းပွဲ တွင် ၀ဲလ်ကော့၊ ဂီရောက်နှင့် မီယာချီ တို့က သွင်းယူပေးခဲ့သည်။ သြဂုတ် ၁၀ ရက်က မန်စီးတီးနှင့် ခြေစမ်းပွဲ တွင်လည်း ဂီရောက်၊ ရမ်ဆေးနှင့် ၀ဲလ်ကော့တို့၏ သွင်းဂိုးများဖြင့် မန်စီးတီးကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး ယခုနှစ်အဖွင့်ပွဲစဉ်တွင် အက်စ် တွန်ဗီလာကို ရှုံးပွဲကြုံခဲ့စဉ်ကလည်း သုံးဂိုး-တစ်ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဖူလ်ဟမ်၏ အိမ်ကွင်း၌ ကစားခဲ့ ရသောပွဲစဉ်တွင် ပိုဒေါစကီး၏ သွင်းဂိုး နှစ်ဂိုးနှင့် ဂီရောက်၏ သွင်းဂိုး တစ်ဂိုး တို့ဖြင့် အာဆင်နယ်က သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
(အိုဇေး နှင့် ဂီရောက်)
ဆန်းဒါးလန်းနှင့် ကစားခဲ့ရသည့်ပွဲစဉ်တွင်လည်း ရမ်ဆေး၏သွင်းဂိုးနှစ်ဂိုး၊ ဂီရောက်၏ သွင်းဂိုးတစ်ဂိုးတို့ဖြင့် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စတုတ်စီးတီးကို အိမ်ကွင်း ၌ ယှဉ်ပြိုင်ကစားခဲ့ရသည့် ပွဲစဉ်(၅) တွင် ရမ်ဆေး၊ မာတီဆက်ကာနှင့် ဆက်ဂ်နာတို့၏ သွင်းဂိုးများဖြင့် သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
(တိုက်စစ် မှူးး ဂီရောက်အောင်ပွဲခံနေပုံ)

ထိုသို့ သုံးဂိုး-တစ်ဂိုးဖြင့် အာဆင်နယ် နိုင်ပွဲရခဲ့သည့် ပွဲစဉ်များတွင် တိုက်စစ် မှူးး ဂီရောက်၏ သွင်းဂိုးသည် ငါးဂိုး အထိ ပါဝင်နေပြီး လက်ရှိတွင် ငါးပွဲ ကစားပြီးတွင် တစ်ပွဲရှုံး၊ လေးပွဲနိုင် ရလဒ်ဖြင့် ၁၂ မှတ်ရရှိကာ အမှတ်ပေး ဇယားထိပ်တွင် အာဆင်နယ်အသင်း မားမားမတ်မတ်ရပ်တည်လျက်ရှိသည်။
*ငွေကြယ်* ၂၀၀၅ ခုနှစ် အက်ဖ်အေဖလားရရှိခဲ့ပြီးသည့်နောက်ပိုင်း ရှစ်နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေသော ပရီမီယာ လိဂ်ကလပ် အာဆင်နယ်အသင်း၏ ယခုနှစ်ရာသီပြိုင်ပွဲများတွင် သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်များ များပြားနေသည်ကို ထူးထူးခြားခြား တွေ့မြင်နေရပြီဖြစ်သည်။ ယင်းသို့ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည့် ပွဲစဉ်များမှာ ပြီးခဲ့သည့် ဘောလုံးရာသီ၏ နောက်ဆုံးပွဲစဉ် ဖြစ်သည့် နော့ဝှစ်ခ်ျကို အိမ်ကွင်းတွင် လက်ခံကစားခဲ့သည့် ပွဲစဉ်(၃၈)မှ စတင် ခဲ့သည်ဟု ဆိုရမည်ဖြစ်ပြီး ယင်းအချိန် မှ စ၍ သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရသည့် ပွဲစဉ် ခြောက်ပွဲအထိရှိလာခဲ့သည်။
၂၀၁၃ ခုနှစ် ဧပြီ ၁၃ ရက်က အိမ်ကွင်းတွင် နော့ဝှစ်ခ်ျကို သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ရာတွင် ပိုဒေါ စကီး၊ ဂီရောက်နှင့် အာတီတာတို့က တစ်ဂိုးစီသွင်းယူပေးခဲ့ပြီး ၂၀၁၃ ဇူလိုင် ၂၂ ရက်က ဂရမ်းပက်အိတ်နှင့် ကစားခဲ့သည့် ရာသီအကြို ခြေစမ်းပွဲ တွင် ၀ဲလ်ကော့၊ ဂီရောက်နှင့် မီယာချီ တို့က သွင်းယူပေးခဲ့သည်။ သြဂုတ် ၁၀ ရက်က မန်စီးတီးနှင့် ခြေစမ်းပွဲ တွင်လည်း ဂီရောက်၊ ရမ်ဆေးနှင့် ၀ဲလ်ကော့တို့၏ သွင်းဂိုးများဖြင့် မန်စီးတီးကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီး ယခုနှစ်အဖွင့်ပွဲစဉ်တွင် အက်စ် တွန်ဗီလာကို ရှုံးပွဲကြုံခဲ့စဉ်ကလည်း သုံးဂိုး-တစ်ဂိုး ဖြင့် ရှုံးနိမ့်ခဲ့ရသည်။ ဖူလ်ဟမ်၏ အိမ်ကွင်း၌ ကစားခဲ့ ရသောပွဲစဉ်တွင် ပိုဒေါစကီး၏ သွင်းဂိုး နှစ်ဂိုးနှင့် ဂီရောက်၏ သွင်းဂိုး တစ်ဂိုး တို့ဖြင့် အာဆင်နယ်က သုံးဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။
(အိုဇေး နှင့် ဂီရောက်)
ဆန်းဒါးလန်းနှင့် ကစားခဲ့ရသည့်ပွဲစဉ်တွင်လည်း ရမ်ဆေး၏သွင်းဂိုးနှစ်ဂိုး၊ ဂီရောက်၏ သွင်းဂိုးတစ်ဂိုးတို့ဖြင့် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး စတုတ်စီးတီးကို အိမ်ကွင်း ၌ ယှဉ်ပြိုင်ကစားခဲ့ရသည့် ပွဲစဉ်(၅) တွင် ရမ်ဆေး၊ မာတီဆက်ကာနှင့် ဆက်ဂ်နာတို့၏ သွင်းဂိုးများဖြင့် သုံးဂိုး- တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
(တိုက်စစ် မှူးး ဂီရောက်အောင်ပွဲခံနေပုံ)

ထိုသို့ သုံးဂိုး-တစ်ဂိုးဖြင့် အာဆင်နယ် နိုင်ပွဲရခဲ့သည့် ပွဲစဉ်များတွင် တိုက်စစ် မှူးး ဂီရောက်၏ သွင်းဂိုးသည် ငါးဂိုး အထိ ပါဝင်နေပြီး လက်ရှိတွင် ငါးပွဲ ကစားပြီးတွင် တစ်ပွဲရှုံး၊ လေးပွဲနိုင် ရလဒ်ဖြင့် ၁၂ မှတ်ရရှိကာ အမှတ်ပေး ဇယားထိပ်တွင် အာဆင်နယ်အသင်း မားမားမတ်မတ်ရပ်တည်လျက်ရှိသည်။
*ငွေကြယ်*
No comments:
Post a Comment