ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 17, 2013

-မဲဆောက်မြို့ အမ်-၁ အထည်ချုပ်စက်ရုံမှ မြန်မာအလုပ်သမ ၁၉ ဦး လုပ်အားခပြန်ရ-

> (ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံးရှေ့ မှာယနေ့ လုပ်အားခ ပြန်လည်ရရှိကြသူများ)
(စက်တင်ဘာလ၊ ၁၇ ရက်၊ ၂၀၁၃- သောင်ရင်းနဂါး)

ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံး၏ ဆုံးဖြတ်ချက်အရ မဲဆောက်မြို့၊ မယ်ပ ၁၀ ရပ်ကွက် (ဘန့်ဆောင်ခွဲရပ်ကွက်)ရှိ အမ်- ၁ အထည်ချုပ်စက်ရုံ (မြန်မာတို့အခေါ် သရက်ခြံရုံ)မှ အလုပ်ရှင်က မြန်မာအမျိုးသမီး ရွှေ့ပြောင်းအလုပ်သမ ၁၉ ဦးအား လုပ်အားခ ပြန်လည်ပေးအပ်ငွေ (၈၄၄၄၉)ဘတ် အနက်မှ ၂၀ ရာခိုင်နှုန်းဖြစ်သော (၁၆၈၈၉) ဘတ်အား ပထမ အရစ်အဖြစ် ယနေ့ ပြန်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 ပြီးခဲ့သည့် တစ်လခွဲခန့်က အဆိုပါ အမ်- ၁ အထည်ချုပ်ရုံမှ မိမိတို့လုပ်ခဲ့ပြီးသော လုပ်အားခကို မရရှိပဲ အခြားလုပ်ငန်းခွင် တစ်ခုသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ရသော မြန်မာအလုပ်သမ ၁၉ ဦးတို့သည် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နှင့် ဆက်သွယ်ပြီး ထိုင်းဥပဒေအတိုင်း ယခုကဲ့သို့ လုပ်ခဲ့ပြီးသော လုပ်အားခများ ပြန်လည်ရရှိခဲ့ကြခြင်းဖြစ်သည်။

ယနေ့ လုပ်အားခ အချို့ပြန်လည်ရရှိခဲ့သော မစုက “၀မ်းသာပါတယ်။ အပြည့်အ၀ ၀မ်းသာအောင်တော့ ရှေ့လဆက်ကြည့်ရဦးမယ်။ မရသေးတဲ့ လုပ်အားခတွေ ဒို့တတွေပြန်တောင်းကြရအောင်ဆိုတော့၊ ၁၉ ယောက်စလုံး စိတ်ပါကြတာမဟုတ်ပါဘူး။ ဒီလိုပဲ ဆရာမိုးတို့ JACBA အဖွဲ့နဲ့ ဆက်သွယ်ပြီး ထိုင်းအလုပ်သမား ကာကွယ်ရေးရုံး (ဆ၀ါဒီကန်)တို့ ဘာတို့ရောက်ပြီး ပြန်ရမယ် ဘာမယ်ဖြစ်လာမှ အားလုံး စိတ်ပါလာကြတာ။ အခုလုပ်ငန်းခွင်အသစ်မှာ ခက်ခက်ခဲခဲ ခွင့်ယူပြီး လုပ်အားခသွားထုတ်တာဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေဟာ သမီးတို့လိုပဲ သတ္တိရှိရှိ၊ ရုံးပြင်ကန္နားသွားရဲပြီး ဥပဒေအတိုင်း ပြန်ရအောင် တောင်းဆိုသင့်ပါတယ်ရှင်” ဟု ရှင်းပြသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး၏ မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေး အကျိုးဆောင်ကော်မတီဝင် အဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီသည် ယခု ၂၀၁၃ ခုနှစ် ၁ နှစ်တည်းမှာပင် ယခုအချိန်အထိ လုပ်အားခ မရမှု (၄၅) မှုခန့် ရင်ဆိုင်ခဲ့ရပြီး ၁၅ မှုမှာ လုပ်အားခ ပြန်ရခဲ့ကြောင်း၊ ပြန်ရခဲ့သော ၁၅ မှုစလုံးမှာ စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်များမှ ဖြစ်ပြီး ပြန်မရသော လုပ်ငန်းခွင်များမှာ စက်ရုံ အလုပ်ရုံမှ မဟုတ်ပဲ ပြင်ပလုပ်ငန်းခွင်များဖြစ်ကြကြောင်း ပြင်ပလုပ်ငန်းခွင်များမှာ စာချုပ်စာတမ်း အထောက်အထား မဆိုထားနှင့် လုပ်ငန်းရှင် အစစ်အမှန်ကိုပင် လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ သေသေချာချာ မသိကြသဖြင့် အမှုကို ဥပဒေအတိုင်း ရင်ဆိုင်ရာတွင် ကြီးကြီးမားမား အခက်အခဲ ကြုံတွေ့ကြရပြီး အမှုမအောင်မြင်ပဲ ရှိကြကြောင်း၊ ထိုင်းအလုပ်ရှင်များသည် မဲဆောက်အပါအ၀င် တာ့ခ် ခရိုင် ၉ မြို့နယ်အတွင်း၌ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်စေခိုင်းပြီး လုပ်အားခမပေးပဲ ထားခြင်း တချို့တ၀က်သာပေးခြင်း စသည်တို့ကို ပြုမူနေကြကြောင်း သုံးသပ်တင်ပြထားသည်။

ယခု အမ်- ၁ အထည်ချုပ်စက်ရုံမှ မြန်မာအမျိုးသမီး အလုပ်သမားများက ၄င်းတို့၏ ပြန်ရရန်ရှိသော လုပ်အားခတွက်ချက်မှုမှာ ထိုင်းနိုင်ငံသုံးငွေ ဘတ် (၁၄၀၀၀၀) ခန့်ဖြစ်ပြီး အလုပ်ရှင်ဘက်မှ ပြန်ပေးရန် ရှိသော လုပ်အားခတွက်ချက်မှုမှာ ထိုင်းနိုင်ငံသုံးငွေ (၈၄၄၄၉) ဘတ် ဖြစ်ကာ ယခု ပြန်ရကြသော လုပ်အားခမှာလည်း အလုပ်ရှင်ဘက်က တွက်ချက်မှုအတိုင်း ထိုင်းအလုပ်သမားဝန်ကြီးဌာန မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံးက ပြန်လည်ပေးစေရန် ဆုံးဖြတ်ပေးလိုက်ခြင်းဖြစ်သည်။

(ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ မဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးရုံးရှေ့ မှာယနေ့ လုပ်အားခ ပြန်လည်ရရှိကြသူများ)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)