ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 17, 2013

--မန်ချက်စတာဟာအတိတ်မှာကျန်ခဲ့ပါပြီ။ အခုတော့မက်ဒရစ်မှ မက်ဒရစ်ဖြစ်နေပါပြီ..ဆိုတဲ့စီရိုနယ်လ်ဒို--

>
ပြီးခဲ့တဲ့ရာသီက အဆင်မပြေမှုတွေရှိခဲ့လို့ မန်ချက် စတာမြို့မှာအခြေစိုက်တဲ့ ပရီမီယာလိဂ်ကလပ် မန်ယူ အသင်းဆီသို့ တစ်ကျော့ပြန်ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့သူ ပေါ်တူဂီစူပါစတား စီရိုနယ်လ်ဒိုဟာ ယခုတော့သုံးနှစ်သက်တမ်းရှိစာချုပ်သစ် တစ်ရပ် ထပ်တိုးချုပ်ဆိုလိုက်ပြီဖြစ်လို့ ၂၀၁၈ ခုနှစ်အထိ ဆန်တီယေဂိုဘာနေဗျူးမှာ ဆက်ရှိနေမှာဖြစ်ပါတယ်။ ရီယဲလ်မက်ဒရစ်အသင်း တာဝန်ရှိသူများအနေနဲ့ ယခုနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ပရီမီယာလိဂ် ကလပ် တော့တင်ဟမ်ဟော့စပါးအသင်းမှာကစားနေတဲ့ ဝေလတောင်ပံကစားသမား ဂါရတ်ဘေးလ်ကို ကမ်္ဘာ့ စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ပြီးချိန်ကစပြီး ရီးယဲလ်မက်ဒရစ်အတွက် အောင်မြင်မှုတွေရရှိအောင် စွမ်းဆောင်ပေးနိုင်စွမ်းရှိတဲ့ ပေါ်တူဂီကြယ်ပွင့်စီရိုနယ်လ် ဒိုကို စာချုပ်သစ်တစ်ရပ် ထပ်တိုးချုပ်ဆိုဖို့ စီစဉ်ခဲ့ပါတယ်။ အဲဒီလို စီစဉ်ခဲ့ရခြင်းဟာလည်း စီရိုနယ်လ်ဒိုဟာ ၂၀၀၉ ခုနှစ်က မန်ယူအသင်းကနေ ရီးယဲလ်မက်ဒရစ် အသင်းသို့ ပြောင်းရွှေ့ကြေး ယူရို ၉၄ သန်းနဲ့ ပြောင်းရွှေ့ လာတဲ့အချိန်ကတည်းက ရီးယဲလ်မက်ဒရစ်အသင်း နဲ့အတူ ပွဲပေါင်း ၂၀၃ ပွဲပါဝင်ကစားပေးခဲ့ပြီး ၂၀၃ ဂိုးသွင်းယူပေး နိုင်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။
အခုလို စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးချိန်မှာတော့ ဆန်တီယေဂိုဘာနေဗျူးကို မစွန့်ခွာတော့ ပါဘူးလို့ တောင်ပံကစားသမား စီရိုနယ်လ်ဒိုက လူသိ ရှင်ကြား ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ““ပွင့်ပွင့်လင်းလင်းပြောရရင်တော့ တစ်ချိန်က မန်ချက်စတာမြို့မှာ ခြောက်နှစ်ကြာကျင်လည်ခဲ့တယ် ဆိုတာ လူတိုင်းသိပါတယ်။ မန်ချက်စတာကို မေ့ထားတာ တော့မဟုတ်ပါဘူး။ လက်ရှိအခြေအနေအရ မန်ချက်စတာ ဆိုတာဟာ အတိတ်မှာကျန်ခဲ့ပါပြီ။ အခုတော့ မက်ဒရစ်မှ မက်ဒရစ်ဖြစ်နေပါပြီ။ မက်ဒရစ်ကသာ ကျွန်တော့်ရဲ့အိမ်ပါ။ ကျွန်တော့်မိသားစုကလည်း မက်ဒရစ်မှာပါပဲ။ အမှန်တိုင်း ပြောရမယ်ဆိုရင် မက်ဒရစ်မှာ ပျော်ရွှင်မှုရနေပါတယ်။ မက်ဒရစ်မှာပဲ ဆက်ကစားမှာပါ။ နောက်ဆုံးအနေနဲ့ ပြောရရင် ကျွန်တော့်ရဲ့ ကစားသမားဘ၀ကုန်ဆုံးတဲ့အထိ မက်ဒရစ်မှာပဲ ဆက်ကစားဖို့ ရှိပါတယ်”” ဟုပင် ပေါ်တူဂီ တောင်ပံကစားသမား စီရိုနယ်လ်ဒိုက သတင်းထောက်များ ကို ပြောကြားခဲ့ပါတယ်။ အခုလို တောင်ပံကစားသမား စီရိုနယ်လ်ဒိုအနေနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီးတဲ့အချိန်မှာတော့ စပိန်ဘောလုံး လောကမှာ ဂါရတ်ဘေးလ်ထက် ၀င်ငွေနှစ်ဆနီးပါးပိုမို ရရှိမယ့် ကစားသမား ဖြစ်လာပြီဖြစ်ပါတယ်။ ဂါရတ် ဘေးလ်ကို ရီးယဲလ်မက်ဒရစ်အသင်းအနေနဲ့ ပေါင် ၈၆ သန်းပေးကာ ခေါ်ယူခဲ့သော်လည်း ဂါရတ်ဘေးလ်ရဲ့ တစ်နှစ်လုပ်ခ ပေါင် ၈ ဒသမ ၃ သန်းရရှိနေချိန်မှာ စီရိုနယ်လ်ဒိုကတော့ တစ်ပတ်လုပ်ခလစာ ပေါင် ၂၈၈၀၀၀ နဲ့ တစ်နှစ်မှာ ပေါင် ၁၅ သန်း ရရှိလာမှာလည်းဖြစ်တယ်။
အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရိုနယ်လ်ဒို အနေနဲ့ အခုအချိန်အထိ ရီးယဲလ်မက်ဒရစ် အသင်း အတွက် သွင်းယူပေးထားခဲ့တဲ့ သွင်းဂိုးတွေကို မေ့ထားပြီး ဆန်တီယေဂိုဘာနေဗျူးမှာ ဆက်ရှိနေမယ့် နောက် လေးငါးနှစ်အတွင်း သွင်းဂိုး ၂၀၀ အထိ သွင်းယူပေးနိုင် ဖို့လည်း ပစ်မှတ်ထားလျက်ရှိပါတယ်။
စီရိုနယ်လ်ဒိုကိုစာချုပ်သစ်တစ်ရပ်ထပ်တိုးချုပ်ဆိုဖို့ ပြီးခဲ့တဲ့ဘောလုံး ရာသီကုန်ကတည်းက သဘောတူညီမှု ရရှိခဲ့ပေမယ့် စက်တင်ဘာ ၁၅ ရက်နေ့ရောက်မှသာ စာချုပ်သစ်ချုပ် နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့် လာလီဂါတွင် အသား တင်လုပ်ခလစာ ယူရို ၁၇ သန်းနဲ့ ဈေးအများဆုံးကစား သမားတစ်ယောက်ဖြစ်လာခဲ့ပါပြီ။ 

+မိုးမြင့်လင်းလက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)