ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, September 17, 2013

--ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ--

>
** ကမေ်္ဘာဒီးယား နိုင်ငံရေးပြိုင်ဘက်များဆွေးနွေး** 
(ဖနောင်ပင် စက်တင်ဘာ ၁၆)
ကမေ်္ဘာဒီးယားနိုင်ငံတွင် ရွေးကောက်ပွဲရလဒ်အပေါ် အငြင်းအခုံပေါ်ပေါက်၍ ကန့်ကွက်ဆန်္ဒပြမှုများဖြစ်ပွားရာ တွင် လူတစ်ဦးသေဆုံးခဲ့ပြီး နောက်တစ်ရက်၌ နိုင်ငံရေး ပြိုင်ဘက်များဆွေးနွေးလျက်ရှိကြောင်း တနင်္လာနေ့ ဘီဘီစီ သတင်းတွင် ဖော်ပြသည်။ ကမေ်္ဘာဒီးယားနိုင်ငံကို ၂၈ နှစ်ကြာ အုပ်စိုးလာခဲ့သည့် ၀န်ကြီးချုပ် ဟွန်ဆန်သည် အတိုက်အခံခေါင်းဆောင် ဆန်ရိမ်းစီးနှင့် တနင်္လာနေ့တွင် တွေ့ဆုံခဲ့သည်။ ဇူလိုင်လတွင်ကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲ၌ အာဏာရပါတီသည်မသမာမှုများပြုလုပ်ခဲ့သည်ဟု အတိုက် အခံတို့က စွပ်စွဲသည်။ တနင်္ဂနွေနေ့က မြို့တော်ဖနောင်ပင်၌ အတိုက်အခံ ထောက်ခံသူ ထောင်ပေါင်းများစွာက ဆန်္ဒပြကြရာ အချို့ နေရာများ၌ အဓိကရုဏ်းများဖြစ်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။ ယင်းနေ့တွင် ဆန်ရိမ်းစီးကိုထောက်ခံသူ ထောင်ပေါင်းများစွာက ၎င်း၏ မိန့်ခွန်းကိုနားထောင်ရန် ငြိမ်းချမ်းစွာ စုဝေးခဲ့ကြခြင်းဖြစ်သည်။ တနင်္ဂနွေနေ့နှောင်းပိုင်း၌ဖြစ်ပွားခဲ့သော အဓိကရုဏ်း များတွင် အတိုက်အခံပါတီကို ထောက်ခံသော အုပ်စုငယ် အချို့ပါဝင်ခဲ့သည်ဟု ဆိုသည်။ လူတစ်ဦးသည် ဦးခေါင်းကိုသေနတ်ပစ်ခံရပြီး သေဆုံး ခဲ့ကြောင်း၊ အနည်းဆုံးခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း လှုပ်ရှားသူများနှင့် လူ့အခွင့်အရေးအုပ်စုတစ်စုက ပြော ကြားသည်။ အမျိုးသားစစ်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ၎င်းတို့ ရဲတပ်ဖွဲ့ဝင်များသည် မျက်ရည်ယိုဗုံး၊ နံပါတ်တုတ်နှင့် မီးခိုး ဗုံးများကိုသာ အသုံးပြုခဲ့သည်ဟု ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ အမျိုးသားလွှတ်တော်၌ တနင်္လာနေ့တွင် တံခါးပိတ်ဆွေးနွေးပွဲ မကျင်းပမီ နိုင်ငံရေးပြိုင်ဘက်နှစ်ဦး သည် တစ်ဦးနှင့်တစ်ဦး လက်ဆွဲနှုတ်ဆက်ခဲ့ကြပုံကို ရုပ်မြင် သံကြားမှ ထုတ်လွှင့်ပြသခဲ့သည်။ အမျိုးသားရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သော ရလဒ်များအရ ကမေ်္ဘာဒီးယားပြည်သူ့ပါတီ(စီပီပီ)က ၆၈ နေရာ၊ အတိုက်အခံ ကမေ်္ဘာဒီးယားအမျိုးသား ကယ်တင်ရေး ပါတီ(စီအန်အာပီ)က ၅၅ နေရာ အသီးသီးရရှိကြသည်။ မဲပေးပွဲတွင် မတရားနည်းလမ်းများကျင့်သုံးသဖြင့် လွတ် လပ်သောစုံစမ်းစစ်ဆေးမှုပြုလုပ်ရန် အတိုက်အခံတို့က ပြောကြားသည်။ စက်တင်ဘာ၂၃ရက်ပါလီမန်ဖွင့်သည့်နေ့ တွင် သပိတ်မှောက်ကြမည်ဟုလည်း ပြောကြားသည်။ (ဘီဘီစီ)

** သြစတြေးလျ အစိုးရ၀န်ကြီး အဖွဲ့သစ်ကို တိုနီုအက်ဘော(့ တ်)ကြေညာ**
သြစတြေးလျဝန်ြကီး ချုပ်အဖြစ် ရေွး ချယ်ခံရသော တိုနီုအက်ဘော(့ တ)် က ၄င်း၏အစိုးရ၀န်ကြီး အဖွဲ့သစ်ကို ထုတ်ဖော်ကြေညာလိုက်ပြီဖြစ်သည်။ ၀န်ြကီး ချုပ် မစ်တာအက်ဘော(့ တ)် သည် စက်တင်ဘာ ၇ ရက်ကလေဘာပါတီ ခေါင်းဆောင် ကီဗင်ရုဒ်ကိုအနိုင်ရပြီး ၀န်ကြီးချုပ် ဖြစ်လာခြင်းဖြစ်သည်။ ၄င်း၏အစိုးရ၀န်ကြီးအဖွဲ့အတွင်း ဂျူလီဘစ်ရှောသည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာပြီး ၀န်ြကီးအဖွဲ့အတွင်း တစ်ဦးတည်း သော အမျိုးသမီး ၀န်ြကီးလည်း ဖြစ် သည။် ၁၉၉၄ခု နစ်တွင် သြစတြေးလျသ့ို ပြောင်း လာသော ဘယ်လ်ဂျီယံသား မစ်္စတာကော်မန်းသည် ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာသည်။ (ဆင်ဟွာ)  

** နယ်စပ်ြမစ်ကိုဖြတ်ကူးလာသည့် မြောက်ကို ရီးယားတစ်ဦးကို တောင်ကိုရီးယားတပ်ဖွဲ့ဝင်များက ပစ်သတ်**
(ဆိုးလ် စက်တင်ဘာ ၁၆) ကိုရီးယားနှစ်နိုင် ငံနယ်စပ်ြမစ်ကို ဖြတ်ကူးရန် ကြိုးစားသည့် မြောက်ကို ရီးယားဘက်မှ လူတစ်ဦးကို တောင် ကိုရီးယားတပ်ဖွဲ့ဝင်များက ပစ်သတ် ခဲ့ကြောင်း ဘီဘီစီသတင်းတွင် စက် တင်ဘာ ၁၆ ရက်က ဖော်ပြသည်။ နယ်စပ်မြစ်အင်ဂျင်းမြစ်အတွင်း ခုန်ဆင်းကူးခပ်ရာ ၄င်းကိုရပ်တန့် ရန်သတိပေးသော်လည်း မရသဖြင့် တောင်ကိုရီးယားစစ်သားများက ပစ် ခတ်ခဲ့ရခြင်းဖြစ်ကြောင်း တာဝန်ရှိ သူများက ဆိုသည်။ မြောက်ကိုရီးယားနှင့် တောင် ကိုရီးယားနှစ်နိုင်ငံသည် ၁၉၅၀-၅၃ စစ်ပြွဲဖစ်ြပီး နောက်ပိုင်း စစ်ဆင်ကာလ အဖြစ်ဆက်လက်ရှိနေပေမယ့် ငြိမ်း ချမ်း ရေးသဘောတူညီမှု ရယူထားခြင်း မရှိသည့် နှစ်နိုင်ငံဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံအတွင်း မြောက်ကိုရီးယားပြည်ပြေး ထောင် ပေါင်းများစွာရှိနေသည်။ ယခုပစ်ခတ်မှု ဖြစ်ပွားချိန်မှာ နှစ်နိုင်ငံပူး ပေါင်း ကေဆောင်စက်မှ်ု ဇုန် သဘောတူညီမှုရပြီးပြန်လည် ဖွင့်လှစ်သည့်ကာလ၌ ပေါ်ပေါက် လာခြင်း ဖြစ်သည်။ (ဘီဘီစီ) 

** အင်အားပြင်းမုန်တိုင်းမန်ယီ ဂျပန်နိုင်ငံအလယ်ပိုင်းဒေသတိုက်ခတ်**
(တိုကျို စက်တင်ဘာ ၁၆) 
ဂျပန်နိုင်ငံအလယ်ပိုင်းဒေသတွင် အင်အားပြင်းထန်သော တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် မြေပြိုမှုဖြစ်ပွားပြီး ရေလွှမ်းမိုးလျက်ရှိရာ သိန်းနှင့်ချီသောဒေသခံပြည်သူများ ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း ယနေ့ကျိုဒို သတင်းတွင် ဖော်ပြသည်။ မန်ယီဟုအမည်ပေးထားသော တိုင်ဖုန်းမုန်တိုင်းတိုက် ခတ်နေစဉ်အတွင်း ပြည်နယ်လေးခုမှ ဒေသခံပြည်သူ ၄၀၀၀၀၀ ထက်မနည်းကို ၎င်းင်းတို့၏နေအိမ်များမှ စွန့်ခွာ စေခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ အဆိုပါမုန်တိုင်းသည် ယနေ့နေ့လယ်ပိုင်းတွင် တစ်နာရီ လျှင် ၅၅ကီလိုမီတာ(၃၄မိုင်)နှုန်းဖြင့် ရွေ့လျားနေကြောင်း ဒေသဆိုင်ရာသတင်းများက ဖော်ပြသည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေယာဉ်ပျံသန်းမှု ခရီးစဉ်များနှင့် ကျည်ဆန်ရထား ခုတ်မောင်းမှုများကို ရပ်ဆိုင်းထားခဲ့ရသည်။ ဘေးလွတ်ရာသို့ရွှေ့ပြောင်းရန် အမိန့်ထုတ်ပြန်ခဲ့သော ခရိုင်များမှာ ကျိုတို၊ ရှီဂါ၊ ဟိုဂိုနှင့် မီခရိုင်များဖြစ်ကြောင်း ကျိုဒိုသတင်းတွင်ဖော်ပြသည်။ ကျိုတို၊ ဖူကွီနှင့် ရှီဂါခရိုင်များတွင် ညလုံးပေါက် မိုးရွာသွန်းခဲ့ပြီး မကြုံစဖူးရွာသွန်းမှုဖြစ်ကြောင်း ဂျပန်မိုးလေ ၀သ အေဂျင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

**စံချိန်တင်မြင့်မား**
 ယင်းဒေသများတွင် တစ်နာရီအတွင်းရွာသွန်းခဲ့သည့် မိုးရေချိန်ပမာဏမှာ ရှစ်စင်တီမီတာ (သုံးလက်မ)အထိ စံချိန်တင်မြင့်မားခဲ့သည်ဟု ယင်းသတင်းဌာနက ဖော်ပြ သည်။ လတ်တလောရရှိသော သတင်းများအရ တိုင်ဖုန်းမန်ယီ တိုက်ခတ်မှုကြောင့် လူတစ်ဦးသေဆုံးပြီး သုံးဦး ပျောက် ဆုံးနေကာ လူရာနှင့်ချီ၍ ထိခိုက်ဒဏ်ရာရမှုများရှိကြောင်း အန်အိပ်ခ်ျကေသတင်းတွင် ဖော်ပြသည်။ ((ကျိုဒို) 

+မြင့်မောင်စိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)