ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 10, 2013

---လူထုကျန်းမာရေး(အရိုးသန်မာအောင် စားသောက်နည်း)--

>
-**Public Health**

 (၁) ဟင်းသီးဟင်းရွက်စားပါ။

ကိုက်လန်၊မုန်ညင်းစိမ်း၊ ကန်စွန်းရွက်၊ မုန်လာရွက်၊ တစောင်းချဉ်၊ ဘရိုကိုလီ(ခေါ်)ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံပင်စတဲ့ အစိမ်းရောင်ရင့်ရင့် အရွက်တွေက အရိုးအားကောင်းစေပါတယ်။ မုန်လာဥနီ၊ ပဲထောပတ်၊ ဖုချိုင်တို့ကလည်း နွားနို့ကဲ့သို့ ကယ်လ်စီယမ်ဓာတ်ကြွယ်ဝ တဲ့ ဟင်းသီးဟင်းရွက်တွေပါပဲ။ (သင်္ဘောရွက်ပြုတ်ကို အတို့အမြှုပ်လုပ်စားခြင်းက အရိုးပျော့ရောဂါပျောက်စေ နိုင်သလို သင်္ဘောရွက်ကိုအခြောက်လှန်း၍ အမှုန့် ထောင်းပြီး ရေနွေးပူပူမှာ လက်ဖက်ခြောက်လို ခတ်ကာ နေ့စဉ်သောက်သုံးခြင်းဖြင့် အရိုးမာစေပါတယ်)

 (၂)သက်သတ်လွတ်(အမြဲ)မစားသင့်ပါ။

အချို့သူတွေက တိရစ်္ဆာန်မှရတဲ့ပရိုတင်းဓာတ်များ ဟာ အရိုးကြွပ်ဆတ်စေတယ်လို့ ထင်မှတ်မှားနေကြပြီး ခြေလေးချောင်းသားကို ရှောင်ကြပါတယ်။ သက်သတ် လွတ်ရက်ရှည်စားခြင်း၊ အသားတစ်မျိုးတည်းကိုသာ စွဲစွဲ မြဲမြဲစားခြင်း စတဲ့ဓလေ့စရိုက်ကိုပယ်ကာ သန့်ရှင်းလတ် ဆတ်တဲ့ ဟင်းသီးဟင်းရွက်များနဲ့ သားငါးအစုံတို့ကို မျှတ စွာ စားသုံးတဲ့ အကျင့်ကောင်းကိုမွေးမြူမှသာ ကျန်းမာရေး အတွက် ဘက်စုံကောင်းမွန်စေမှာဖြစ်ပါတယ်။ (သက် သတ်လွတ်မကြာခဏ စားသူများအတွက် အရိုးအား ကောင်းစေဖို့ ကယ်လ်စီယမ်ဖြည့်စွက်စာအဖြစ် နွားနို့ တစ်ခွက် နေ့စဉ်သောက်ပေးသင့်ပါတယ်)။

(၃) အရိုးးရောပြွမ်းးတဲ့ဟ့ဟင်းးလျာများချက်စ်စားပါ။

အမှတ်(၁)မှာဖော်ပြထားတဲ့ ဟင်းသီးဟင်းရွက်တွေ ကို ကြက်၊ ၀က်၊ ဆိတ်၊ အမဲရိုးတို့နဲ့ စွပ်ပြုတ်ချက်စားပါ။ ခြေလေးချောင်းသား(၀က်၊ ဆိတ်၊ အမဲ)ရိုးထဲရှိ ခြင်ဆီနှစ် တွေက ကျွန်မတို့လူသားတွေ့ရဲ့ အရိုးအဆစ်တွေကို ကောင်းစွာအထောက်အပံ့ပေးတာကြောင့် ထိုအရိုးတွေ ထဲမှာ ခြင်ဆီတွေထွက်လာအောင် မီးအေးအေးနဲ့ အချိန် ကြာကြာအပူချက်ပြုတ်ပြီး အနည်းဆုံးရက်သတ်္တတစ်ပတ် မှာ တစ်ကြိမ်လောက်စွပ်ပြုတ်လုပ်သောက်ပေးပါ။

(၄) ကောက်နှံများစားပေးပါ။
 ကောက်နှံမျိုးဝင်များဖြစ်ကြတဲ့ ဆန်လုံးညို၊ ဂျုံ၊ ဘာလီစေ့၊ ကွေကာအုပ်၊ ရိုင်းစပါး၊ လူးစပါး၊ ပြောင်း၊ ကောက်စပါးတွေမှာ အမျှင်ဓာတ်၊ ကစီဓာတ်များနဲ့ ဗီတာ မင်ဘီဓာတ်ပေါင်းစုတွေပါဝင်တာကြောင့် ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေပါတယ်။ ၎င်းတို့အထဲမှာပါဝင် တဲ့ ပရိုတင်းဓာတ်များက ကြွက်သားတစ်သျှူးတွေကို ကောင်းစွာ တည်ဆောက်စေတာကြောင့်လည်း အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒါ့ပြင် ကောက်နှံတွေက မဂ်္ဂနီစီယမ်ရရှိရာအရင်းအမြစ်ဖြစ်လို့ ၎င်းတို့ကို စားသုံးပေးခြင်းဖြင့် သွေးထဲရှိကယ်လ်စီယမ်တွေကို စုပ်ယူပေးကာ အရိုးသို့ ပို့ဆောင်ပေးကြတာကြောင့် အရိုးအားကောင်းစေပါတယ်။

(၅) သတ်္တု္တုဓာတ်ြ်ဖြည့်စွက်စာစားပေးပါ။

ဂျပန်ရိုးရာအစားအစာတစ်ခုဖြစ်တဲ့ ပင်လယ်ရေမှော် ထဲမှာ သတ်္တုဓာတ်ကြွယ်ဝစွာပါရှိနေလို့ အရိုးကို ကောင်း စွာ တည်ဆောက်စေပါတယ်။ ၁၉၉၃ ခုနှစ်က ထိုင်ဝမ် နိုင်ငံမှာ ပင်လယ်ရေမှော်ကို ဓာတ်ခွဲစမ်းသပ်ကြည့်ခဲ့ရာ အရိုးကြွပ်ဆတ်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း လေ့လာ တွေ့ရှိခဲ့တာကြောင့် ထိုင်ဝမ်ဆေးသုတေသီများက ပင်လယ် ရေမှော်ကို ရက်သတ်္တတစ်ပတ်မှာအနည်းဆုံး နှစ်ကြိမ် စားပေးသင့်တယ်လို့ အကြံပြုတိုက်တွန်းထားပါတယ်။ ဒါ့ပြင် အဲဒီရေမှော်က သိုင်းရွိုက်ဂလင်းတွေကိုလည်း ကျန်းမာစေပါတယ်တဲ့။

  (၆) အရိုးစားပါ။
 အရိုးကောင်းစေဖို့ အရိုးများများစားပေးရပါမယ်။ သဘာဝကယ်လ်စီယမ်သတ်္တုဓာတ်များဖြစ်တဲ့ အရိုးပါဝါး စားလို့ရတဲ့ ငါးသလဲထိုး၊ ငါးသင်တုန်း၊ ငါးပြက်/ငါးဘဲဖြူ၊ ငါးသံချိတ်(သေးသေး)၊ အခွံပါဝါးစားလို့ရတဲ့ပုစွန်ဆိတ်၊ ငါးနီတူခြောက်၊ ငါးသေတ်္တာ၊ငါးသလောက်ပေါင်းတို့ စား ပေးပါ။ ကြက်၊ ၀က်၊ ဆိတ်၊ အမဲရိုးတွေကို အရိုးပါ စားလို့ရတဲ့အထိ Pressure Cooker ဖြင့် အရိုးနူးတဲ့အထိ ပေါင်းစားပေးပါ။ 

(၇)အဆီစားပါ။ 
အရိုးကျန်းမာရေးနဲ့ပတ်သက်ပြီး အဆီစားသုံးရမယ့် ၀ိသေသသုံးမျိုးရှိပါတယ်။ (၁) အဆီတွေအများကြီးစား တာမကောင်းပါ၊ (၂) အဆီနည်းနည်းလေးမစားပါနဲ့၊ (၃) အာဟာရပြည့်တဲ့ဆီသန့်ကို အလုံအလောက်စားပေးပါ။ သွေးဆုံးပြီး အမျိုးသမီးကြီးများအတွက် နေ့စဉ် ၆၀ ဂရမ်ပမာဏရှိတဲ့အဆီဓာတ်လိုအပ်ပါတယ်။ ဆိုလိုတာက တစ်နေ့တာစားသုံးတဲ့အစားအစာတွေထဲမှာ သဘာဝဟင်း သီး ဟင်းရွက်အစေ့အဆန်တွေကရတဲ့ ဖက်တီးအက်စစ် အဆီမျိုးကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းလောက်စားပေး ရမှာဖြစ်ပြီး အိုမီဂါ-၃နဲ့ အိုမီဂါ-၆ ဖက်တီးအက်စစ်တို့လို တိရစ်္ဆာန်ကရတဲ့ အဆီမျိုးကိုတော့ လက်ဖက်ရည်ဇွန်း တစ်ဇွန်းလောက် စားပေးရမှာဖြစ်ပါတယ်။ ။ 

+ပေါက်ပေါက်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)