ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 10, 2013

-သီအိုရီ--

>

Theory (1)
စက်ဘီးဆိုတာ ရှေ့ဘီးက ဆွဲခေါ်ရာနောက်ကို နောက်ဘီးကလိုက်ရတာပါ

-Example -
 ရှေ့ဘီး = စစ်ငြိမ်းနောင် - နောက်ဘီး = လေးခင်ခင်

Theory (2)

 ရှေ့ဘီးရဲ့ Way ကိုတစ်ခါတလေ ရှေ့ဘီးကမပိုင်သလို၊ ရှေ့ဘီးဆွဲခေါ်တိုင်းလည်း၊ နောက်ဘီးက အမြဲတစေ လိုက်နေတာမဟုတ်ဘူး။

Theory (3)
 ရှေ့ဘီးကနောက်ဘီးကိုဆွဲခေါ်နိုင်ဖို့၊ နောက်ဘီးကရှေ့ဘီးကိုတွန်းအားပေးရတာပါ!
 Example -
တာဝန်တစ်ခုကိုထမ်းဆောင်ရတာ - စစ်ငြိမ်းနောင် - သူ့အတွက်တွန်းအားပေးတာက - လေးခင်ခင် (အိမ်ထောင်ရေးဆိုတာ စက်ဘီးတစ်စီးနဲ့တူပါတယ် စက်ဘီးအကြောင်းမသိဘဲ စက်ဘီးဝယ်မစီးမိပါစေနဲ့နော် ---) အခုအချိန်မှာ ငါခံပြင်းနေတယ်၊ ငါရင်တစ်ခုလုံးလည်း နင်ထောင်းခဲ့တဲ့ဒဏ်ကြောင့် ကြေမွနေပြီ၊ ငါ့နှလုံးသားထဲက စကားလုံးတွေအန်ထုတ်ဖို့ အဆင်သင့်ဖြစ်နေတယ်၊ ဒါပေမယ်ဟာ အဖြစ်အပျက်အားလုံးကို ပြန်မော့ကြည့်ပြီး စဉ်းစားလိုက်တယ်! သေချာတာကတော့ နှစ်တွေကြာလို့၊ အရာရာဟာပြောင်းလဲသွားလည်းရင်ခုန်သံတွေ ရှင်သန်နေဆဲပဲဆိုတာ။

**********
 အခန်း(၁)
 ညနေလေးနာရီခွဲပြီးချိန် အထက်တန်းကျောင်းများ၏ ကျောင်းဆင်းချိန်မှာ ကျူရှင် ကို ပျာယီးပျာယာနဲ့ လှမ်းလာခဲ့ပါသည်။ ကျူရှင်ချိန်က သုံးနာရီခွဲဖြစ်ပြီး တစ်နာရီ ကျော်ကျော်နောက်ကျနေသည့်အတွက် ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်အားပါဘူး။ ဟာ အရေးထဲ ခလုတ်တိုက်လိုက်သေးတယ်! အား လား လား ခြေသည်းကျိုးပါပြီ... လှချင်လွန်း၍ခြေသည်းရှည်ထားမိသော ကျွန်မ၏ခြေမက ကောင်းကောင်းကြီး ဒုက္ခပေးလေ၏။ ဒါပေမယ့် ဒါကိုအာရုံထားလို့မရသေးဘူး၊ ဒီအချိန်ဆိုရင် အချိန်တိကျသော English ဆရာကရောက်နှင့်နေပြီ ဆိုတာ သေချာပါသည်။ ''ပညာရွှေစင်'' ပညာရေးဝန်ဆောင်မှုခန်းမ ဟော ကျူရှင်ရှေ့သို့ရောက်လာပါပြီ။ လှေခါးပေါ်သို့ရေးကြီးသုတ်ပျာပြေးတတ်လိုက်ပြီး ဒုတိယတန်းရှိ ကျွန်မ၏ထိုင်ခုံတွင် ဝင်ထိုက်လိုက်ချိန်တွင်တော့ ENGLISH ဆရာ၏ စာသင်ချိန်မှာ ပြီးဆုံးသွားလေသည်။ အမလေး! ငါ့နှယ်ဖြစ်ရမယ်၊ ရှက်လိုက်တာနော်၊ ဒီနေ့ကျမှပဲ ကျောင်းကားစုတ်ကြီးက ဘီးပေါက်သွားလို့ လမ်းတစ်ဝက်မှာ တစ်နေ့တာလေ ဟင်းခနဲသက်ပြင်းချလိုက်ပြီးတစ်ယောက်တည်း ဖုတ်ပူမီးတိုက် ဖြစ်နေသော ကိုယ့်ကိုကိုယ် ကျိတ်ပြီးပြုံးနေမိသည်။ ''အိတုံ၊ ပြီးရင်ဘာအချိန်လဲ'' ENGLISH ဆရာ၏ သင်တန်းချိန်ပြီးသွား၍စာအုပ်များ သိမ်းနေသော နံဘေးရှိသူငယ်ချင်းမလေးအား လက်တို့ကာမေးလိုက်လေသည်။ ''CHEMISTRYလေ ဒီတစ်ပတ်တော့ ဦးတင်လှိုင်ဝင်းပဲလာမှာပဲ'' ''ဦးတင်လှိုင်ဝင်းက ဘာလို့လာမှာလဲ၊ ဒီအပတ်က လက်ထောက်ဆရာအလှည့် မဟုတ်ဘူးလား၊'' ကျွန်မအမေးကြောင့် 'အ' ရန်ကောဟူသော မျက်နှာပေးဖြင့် အိတုံက ''လေးခင်၊ နင်Time-Tableမရသေးဘူးလား၊ ဆရာနှစ်ယောက်ကတစ်လှည့်စီ၊ တစ်ပတ်ပြီးလာမှာလေ'' ကျွန်မသည် ဤသင်တန်းသို့ပြောင်းလာသည်မှာ မကြာသေးမီကာလကပင်ဖြစ်သောကြောင့် သင်တန်း၏Scheduleအားအလွတ်မမှတ်မိသေးပါ။ ထို့ကြောင့် ''သြော် အေး---အေး'' ဟူ၍ပင် အူကြောင် ကြောင်နှင့်ခေါင်းညိမ့်လိုက်လေသည်။ ထိုစဉ် 'ဆရာလာပြီ' ဟု အနောက်ဖက်တန်းမှ အော်သံကြားလိုက်သဖြင့် ကျောင်းသားများ အားလုံးမတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်လေသည်။ ''မင်္ဂလာပါဆရာ'' ဆရာကခေါင်းညိမ့်ကာ ပြုံးရင်း၊ လက်ဟန်ဖြင့် အားလုံးထိုင် ကြဖို့ပြလေသည်။ ''ကဲ ရှေ့တစ်ပတ်က IONIZATION ENERGY ကျက်ခိုင်းလိုက်တယ်။ အစွန်ဆုံးခုံက သမီးဆိုပြပါ'' ဟု ဆရာက STAGE ပေါ်မှ လက်ညှိုးထိုးကာ ကျွန်မအားစာမေးလေသည်။ ဟိုက် အဲဒါမှကွိုင်ပဲ! ကျွန်မမှာ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ မဝံ့မရဲနှင့်ပင်.... ''ဟိုဟို ဆရာ သမီးကကျောင်းသူအသစ်ပါ၊ အဲဒါ ဆရာသင်တဲ့အပတ်က သမီးမမှီလိုက်လို့စာမကျက် ရသေးပါဘူး'' ''ဟား ဟား ဟား ရှက်လည်းမရှက်ဘူးဟေ့၊ ကရော် ကရော် စာမရဘဲနဲ့များ လူကြည့်တော့ မျက်မှန်နဲ့ တကယ့်စာကြမ်းပိုးရုပ်'' ယောကျာ်းလေးများထိုင်သော အနောက် ဖက်ထိုင်ခုံတန်းဆီမှ ကျယ်ကျယ်လောင် လောင်ဟားတိုက်ရယ်သံကြီးထွက်လာလေသည်။ ကျွန်မစိတ်တိုတိုနှင့်လှည့်ကြည့်လိုက်တော့ ရွှေအိုရောင်ဆံပင် အလယ်ခွဲနှင့် လိုက်ဖက်လှသော အသားဖြူဖြူကောင်လေးတစ်ယောက်.... ''ဟေ့ ကျောင်းသား မင်းကသူများကို ဟားရအောင်မင်းကောစာရလို့လား'' ''အေးဆေးပါဆရာ'' CONFIDENCE အပြည့်အဝရှိသောလေသံဖြင့်ပြောလေသည်။ ''ကောင်းပြီ၊ အားပေး လိုက်ပါဦး'' ဆရာ၏ အမိန့်သံကြောင့် ထိုကောင်လေးသည် ထိုင်ရာမှ လက်ပိုက်ကာမတ်တပ်ထရပ်လိုက်ပြီး--- “THE AMOUNT OF ENERGY REQUIRED TO REMOVE A ELECTRON FROM A GASEOUS ATOM TO FORM A GASEOUS POSITIVE ION IS CALLED IONIZATION ENERGY” အသံထွက်မှန်မှန်နှင့်မြန်ဆန်စွာ ဆိုပြသွားသောသူအား စပ်ချဉ်ချဉ်နှင့်လှမ်းကြည့်လိုက် ----------။ အံမယ် ဒင်းက ငါ့ကို မျက်စိမှိတ်ပြနေပါလား၊ ဟွန်း ရုပ်ကိုကပြောင်စပ်စပ်နဲ့ ကြည့်လို့ကိုမရဘူး။ ထိုစဉ်မှာပင် အိတုံဆီမှ တီးတိုးစကားသံထွက်ပေါ်လာသည်။ ''နောင်နောင်၊ တို့ကတော့ လုပ်ချလိုက်ပြန်ပြီ'' ကျွန်မလည်းသိချင်ဇောဖြင့် ''ဒင်းနာမည်က နောင်နောင်တဲ့လား၊ ဆီးသီးသည်၊ မောင်းသံကြီး နောင်--နောင်--နောင် အဟီး'' ပါးစပ်ဖြင့်မောင်းထုကာလှောင်နေသော ကျွန်မအား သူငယ်ချင်းများက ပြုံးစိစိနှင့်ဖြီးနေကြသည်။ ထိုအခြင်းအရာကို မခံချင်သော ဒေါ်အိတုံက ''သူ့နာမည်အပြည့်အစုံက 'စစ်ငြိမ်းနောင်' ဒီကျူရှင်မှာတော့ သူက KING ပဲ၊ စာလည်းတော်တယ်၊ စော်လည်းကြည်တယ်၊ စွာလည်းစွာတယ် နောက်ပြီး---'' အမယ်လေးနော် ဂုဏ်ပုဒ်တွေကလည်း များလိုက်တာလွန်ရော ''တော်ပါတော့အိတုံရယ်''ဟု စစ်ငြိမ်းနောင်၏ပွဲစားဒေါ်အိတုံအား BREAKအုပ်လိုက်ရသည်။ CHEMISTRYအချိန်ပြီး၍Half-time ပေးသောကြောင့် ကျူရှင်အောက်ထပ်ရှိ မုန့်တီဆိုင်သို့ အိတုံနှင့်အတူ ဆင်းလာခဲ့သည်။ ''မုန့်တီအရည်နဲ့ နှစ်ပွဲ၊ ငါးဖယ်ကြော်ထည့် အစပ်များများ'' ထိုအချိန်တွင် နောက်ကျောဖက်ဆီမှ ကျွန်မကိုကျော်တက်ပြီး ရှေ့မှပိတ်ရပ်လိုက်သော ကောင်လေးတစ်ယောက် ''ဟိတ်ကောင်မလေး၊ အစပ်တွေများလို့အာပြဲနေဦးမယ်၊ စာကျတော့မရဘူး၊အစားကျတော့ မတရားစားတယ်၊ ဟို စကားပုံထဲကလိုပေါ့ကွာ -- ''အစားအသောက်၊ မီးလိုတောက်၊ အလုပ်အကိုင်ခွေးလိုမှိုင်'' တဲ့။ ဆရာကြီးလေသံဖြင့် ကျွန်မအား အသားလွတ်ဖဲ့နေသော ထိုပုဂ္ဂိုလ်အား ဒေါသထွက်ကာ ဝုန်းခနဲထရပ် လိုက်တော့ အိတုံကထိတ်လန့်တကြားဖြင့် ''ဟဲ့ ဟဲ့ မလုပ်ပါနဲ့လေးခင်ရယ်၊ နောင်နောင်၊ နင်ကလည်းဟာမစပါနဲ့၊ ကျောင်းသူအသစ်တောင်ချမ်းသာမပေးဘူး၊ တစ်ကယ်ပဲ'' ''အဟဲ အဟီး ငါကသူ့မျက်နှာဖောင်းဖောင်းလေးကိုမြင်ကတည်းကခင်ချင်နေတာ၊နာမည်ကလေးခင်တဲ့လား၊ ငါ့ကိုမိတ်ဆက်ပေး အိတုံ'' ဟုမျက်နှာပြောင်စပ်စပ်နှင့် လက်ခေါက်ချိုးကာ အငြိမ်မနေဘဲပြောလေသည်။ အမယ် အငြိမ်မနေ ဂဏ္ဍာစိန်ကများ၊ ဒင်းလိုမျက်နှာရူးနဲ့များမခင်ချင်ပေါင်၊ ပုံစံကိုက ထောင့်(ဒေါင့်)မကျိုးးဘူး။ ဒီကြားထဲအခမဲ့အကျိုးးဆောင်၊ ပွဲစားဒေါ်အိတုံက တစ်စခန်းထလိုက်သေးသည်။ ''နင်တော့ထီပေါက်တာပဲ လေးခင်ရယ်၊ နောင်နောင်ကတောင်ခင်ချင်တယ်ဆိုတော့အဟိ'' လဲသေလိုက် ကျွန်မက ခါးထောက်ကာ၊ မျက်စောင်းထိုးရနတွေ့လိုက်တော့ သူ့အသံခပ်သြသြကို ကြားလိုက်ရသည်။ ''ဟိုးထား၊ မချောလေး၊ ဟိုးထား၊ ရန်မတွေ့ခင်ကျွန်တော်ကြော်ငြာခဏဝင်ပါမယ်၊ ညကျရင် မချောလေးတို့ အိမ်ရှေ့မှာ သီချင်းလာဆိုမယ်၊ နားသောတဆင်ဖို့ ပြင်ဆင်ထားပါခင်ဗျာ၊ အထူးအစီအစဉ်အနေနဲ့ နှစ်သက်တဲ့ သီချင်းများရှိရင်လည်း REQUEST SONG အနေနဲ့ဖျော်ဖြေတင်ဆက်ပါ့မယ်၊ ကျေးဇူးတင် ပါတယ်'' ဟု City F.M မှ ကိုဆန်းထွဋ်အိုက်တင်ဖမ်းကာ ဆောင့်ကြွားကြွားးနှင့်ထွက်သွားလေသည်။ ''နားဒုက္ခပေးသောည'' ဟိုဖက်အိမ်က ညတိုင်းညတိုင်း စာအကျယ်ကြီးကျက်တတ်သော (၁ဝ)တန်းကျောင်းသူကို ကျွန်တော်တို့အဖွဲ့က ချစ်စနိုးလေးနဲ့ ရေဒီယိုကမာရွတ်လို့ မှည့်ထားတယ် ရေဒီယိုကမာရွတ် ရေ ကြိုးစားလိုက်စမ်းကွယ် D တွေနဲ့အောင်ဖို့ ဆုတောင်းပေးမယ့်သူတွေရှိတယ်.... မိုးလင်းတိုင်း၊ မင်းလေးအနားကိုရောက်ရောက်လို့လာတာ၊ ကိုယ့်စိတ်ကတားဆီးမရနိုင်ပါ၊ ကျောင်းသွားတိုင်း၊ မင်းရဲ့နောက်ကို တစ်ကောက်ကောက်လိုက်နေတာ မင်းလေး ကတကယ်စိတ်ဆိုးမှာလား ဂီတာသံမညီမညာတွင် အသံပေါင်းစုံနှင့် တောင်စဉ်ရေမရ လျှောက်အော်နေသော သီချင်းသံများကြောင့် စာကျက်နေရင်းမှ ဝရန်တာရှေ့သို့ ထွက်ကြည့်လိုက်မိသည်။ ဟာ မျက်စိရှေ့သို့ စူးခနဲရောက်လာသော မီးနီရောင်တန်းကြောင့် လက်ဝါးဖြင့် မျက်နှာသို့ အမြန်ကာ လိုက်ရသည်။ ရာရာစစ ဒင်းကငါ့ကိုများLaser Pointer နဲ့အချက်ပြနေသေးတယ်၊ လက်ကိုအသာဖယ်ကြည့်လိုက်တော့ ''စစ်ငြိမ်းနောင်'' သူများတစ်ကာတွေ (၁ဝ)တန်းဆို ဖင်တုန် အောင် စာကျက်နေကြတဲ့အချိန်မှာ ဒင်းက လမ်းဘေးမှာ တီးဝိုင်းထောင်နိုင်သေးတယ်။ မှတ်သားလောက်ပါတယ် ဟင်း။ ''ဒုန်း'' ဝရန်တာတံခါးကို ဆောင့်ပိတ်ကာ အိမ်ထဲသို့ဝင်လာခဲ့သည်။

*********  
အခန်း(၂) 

''မနေ့ညကကွာ၊ ငါတို့Stage Show လေးလုပ်တာအောင်မြင်တယ်ကွ၊ ငါ့စော်လေးကိုယ် တိုင်လာပြီး အားပေးတယ်'' ကျူရှင်ပေါ်သို့ အတက်လှေခါးတစ်ဝက်မှာပင် ကြားလိုက်ရသော အသံကြောင့် ကြည့်လိုက်တော့ ပါးစပ် အရသာခံကာ မြိန်ရည် ရှက်ရည် ပြောနေသော သူ့အားတွေ့လိုက်ရသဖြင့် ဒေါသအလွန်ထွက်သွားလေသည်။ ''ဒီမှာ စစ်ငြိမ်းနောင် နင့်မှာ ညီမတွေ၊ အစ်မတွေမရှိဘူးလား၊ နင့် ညီမနေရာမှာ ငါသာဆိုရင် နင်ဒီလိုပေါက်ကရပြောပါ့မလား၊ စာကျက်နေရင်း အာရုံနောက်စရာ အသံသေး၊ အသံညောင်တွေကြောင့် ငါ ထွက်ကြည့်မိတာ'' ကျွန်မစကားကြောင့် မျက်စိ၊ မျက်နှာပျက်သွားပေမယ့် အနိုင်လိုချင်သောသူက ''တွေ့ကြလား၊ ကြားကြလား ဘော်ဘော်တို့ မင်းတို့ငါ့စကားကိုလက်ခံပြီမဟုတ်လား၊ ကာယကံရှင်ကိုယ်တိုင် ဝန်ခံနေတာနော်၊ စာကျက်ရတာခေါင်းရှုပ်လို့ ငါ့သီချင်းသံလေးကြောင့် ခေါင်းအေးသွားတယ်ဆိုတဲ့ သဘောပေါ့ကွာ'' ''စစ်ငြိမ်းနောင်'' မီးဝင်းဝင်းတောက်နေသော မျက်လုံးဖြင့် ဒေါသတကြီးအော်လိုက်သော ကျွန်မအသံကြောင့် အုပ်ချုပ်မှုဆရာ ဦးကံချွန်သည်အနားသို့ရောက်လာတော့သည်။ ''စာသင်ချိန်မှာ ဆူညံ၊ ဆူညံနဲ့ ဆရာကျူရှင်မှာရန်ဖြစ်တာလက်မခံဘူးလို့ပြောထားရက်သားနဲ့၊ ဘာပြဿနာ ဖြစ်နေကြတာလဲ၊'' ကျောင်းသားများ ဝိုင်းအုံကြည့်လာသဖြင့် အားကိုးရသွားသော ကျွန်မက ''ဆရာ၊ 'စစ်ငြိမ်းနောင်' က သမီးကို စော်ကားနေတယ်၊ နှမချင်းမစာနာ'' ''ဗျာဆရာ ကျွန်တော်သူ့ကို စော်ကားရအောင် လက်ဖျားနဲ့တောင် မထိရပါဘူးခင်ဗျာ၊ လံကြုတ်ဇာတ်လမ်းတွေ ကို မယုံပါနဲ့ဆရာ'' သူမဟုတ်သလို မျက်နှာပေးနှင့်အောက်ကျို့းကာပြောနေသော စစ်ငြိမ်းနောင်အား လက်သဲဖြင့် ကုတ်ဖဲ့လိုက်ချင် သည့်စိတ်များ တစ်ဖွားဖွားပေါ်လာသည်။ ဆရာက မျက်မှန်ပေါ်မှ ကျော်ကြည့်ပြီး လက်ညှိးထိုးကာကြိမ်း လိုက်လေသည်။ ''စစ်ငြိမ်းနောင်၊ ထစ်ခနဲဆိုကျူရှင်မှာမင်းပဲ၊ မင်းကိုဥာဏ်ကောင်းပြီး စာကြိုးစားတာ တစ်ချက်တည်းနဲ့ ခွင့်လွှတ်ထားတာ မင်းရောင့်မတက်နဲ့၊ ဒါနောက်ဆုံးဖြစ်ပါစေ၊ နောက်တစ်ခါဆိုရင်တော့ မင်းဒီကျူရှင်ကနေထွက် ဒါပဲ'' ဆရာ၏ ရာဇသံအဆုံးတွင် ကျောင်းသားအားလုံးလူစုခွဲကာ ကိုယ့်နေရာကိုယ်ထိုင်ကြလေသည်။ သူကတော့ မျက်နှာငယ်လေးနှင့်ဆရာ့ရှေ့မှ ခေါင်းငုံ့ကာ ရိုရိုသေသေထွက်သွားလေသည်။ တတ်လည်းတတ်နိုင်တဲ့ ကောင်စုတ်၊ အိုက်တင်မျိုးစုံတတ်တယ်၊ မင်းသားများလုပ်ဦးမလို့လားမသိဘူး။ မကျေမနပ်နှင့် တစ်ယောက်တည်း မြည်တွန်တောက်တီးကာ နေရာတွင်ဝင်ထိုက်လိုက်တော့သည်။ ပြဿနာဖြစ်ပြီးနောက်ပိုင်း စစ်ငြိမ်းနောင်တစ်ယောက် ခြေငြိမ်နေသည်။ ''လေးခင်အနောက်မှာ နောင်နောင်နင့်ကှို့သတ နေတယ်'' ကျွန်မ မသိမသာလှည့်ကြည့်လိုက်တော့ မျက်နှာကို လက်ထောက်ကာ စူးစူးရဲရဲကြည့်နေသော သူ ရုတ်တရက်ဆိုတော့ ကျွန်မကြောင်သွားသည်။ ထို့နောက် အသိတစ်ချက် ချက်ချင်းဝင်လာကာ သူ၏အကြည့် စူးစူးအား မခံနိုင်သောကြောင့် တစ်ဖက်သို့အလျင်အမြန်မျက်နှာလွှဲလိုက်ရ၏။ ကျွန်မတို့နှစ်ယောက်အား အရောက်ပို့ချင်နေသော အိတုံက ထိုအဖြစ်အပျက်ကို ချက်ချင်းရိပ်မိသွားလေသည်။ ''နောင်နောင်က စိတ်ရင်းကောင်းတယ်ဟ သူ့အဖေနဲ့အမေကကွဲနေတော့ ဆိုဆုံးမမယ့် မိဘမရှိဘူးလေ၊ သူ့အမေက သူငယ်ငယ်လေးကတည်းက သူနဲ့သူ့ညီမလေးကိုပစ်သွားတာ၊ အဖွားတစ်ယောက်တည်းရဲ့ အုပ်ထိန်းမှု အောက်မှာ မောင်နှမနှစ်ယောက်နေရတော့ ''အကွပ်မရှိတဲ့ကြမ်း၊ ဗရမ်းဗတာ'' ဆိုသလိုပေါ့ဟာ'' တတွတ်တွတ်ပြောနေသော အိတုံ၏စကားကြောင့် ကျွန်မ၏နားထဲတွင် အထပ်ထပ်ကြားယောင်နေသည်က ‘BROKEN FAMILY’ ကြောင့် လေလွင့်နေသော သားသမီးများအကြောင်းကို ပတ်ဝန်းကျင်တွင် ရင်နာဖွယ် ကောင်းလောက်အောင် ကြားသိခဲ့ရဖူးသည်။ သြော် ဒီလိုဆိုတော့လည်း သူ့ဘဝက သနားစရာပါလားဟုစဉ်းစားရင်း.... 

******** 

 အခန်း (၃) 

 ''ဟိတ်ကောင် မပြေးနဲ့ ဟေ့ လိုက် လိုက်'' ''မိလို့ကတော့ မညှာနဲ့ အပီကျွေးပစ်လိုက်'' ''ဟိုမှာ ဟိုဖက်လမ်းကြားထဲဝင်ပြေးသွားပြီကွ'' စာသင်နေရင်းမှ ကျူရှင်အောက်ထပ်ရှိ လမ်းမဆီမှ ဆူဆူညံညံအသံများကြောင့် ကျောင်းသားအားလုံး ပြတင်းပေါက်မှ ခေါင်းပြူကာထွက်ကြည့်ကြလေသည်။ ယောကျာ်း(၆)ယောက်လောက်သည် လက်ထဲတွင် တုတ်များ၊ အုတ်ခဲများထိုင်ကာ ရှေ့ဆုံးမှထွက်ပြေးသွား သော ကောင်လေးတစ်ယောက်၏နောက်သို့အပြေးအလွှားလိုက်နေကြသည်။ အမယ်လေး မိလိုက်လို့ကတော့ အရိုးတစ်ခြား၊ အသားတစ်ခြားပဲ၊ ဘာဖြစ်တာလဲမသိဘူး၊ ဧကန္တ သူခိုးလား၊၊ ခါးပိုက်နှိုက်လား၊၊ ဘာအတွက်ကြောင့်များဖြစ်နိုင်မလဲဆိုသည်ကို စိတ်ရှုပ်စွာ စဉ်းစားရင်းအနောက်တန်းရှိ ထိုင်ခုံဆီသို့ ဝေ့ကာ မဝံ့မရဲကြည့်လိုက်မိသည်။ သူ ကျောင်းမလာပါလား၊ နေများမကောင်းလို့လား အင်းလေ အခုမှ ဒုတိယအချိန်ပဲရှိသေးတာပဲ မြန်မာစာအချိန်ကျရင်တော့ သူမလာဘဲမနေနိုင်ပါဘူး။ အဘယ်ကြောင့် ဆိုသော မြန်မာစာဆရာ ဂုဏ်ထူး ဦးသိန်းနိုင်သည် စာအသင်အပြအလွန်ကောင်းကာ ဟာသဥာဏ်ရွှင်သောကြောင့် ဆရာ့အချိန်တွင် ကျောင်းလစ် တတ်သောအကျင့်ရှိသူများပင် တကူးတကပြန်လာသင်ကြသည်။ အမြဲလိုလိုပြုံးနေတတ်သော ဆရာ့မျက်နှာချိုချိုလေးကို ကျောင်းသားများအလွန်သဘောကျကြလေသည်။ လူကရှေ့မှာနေပြီးစာသာသင်နေရသည်၊ စိတ်ကနောက်တန်းရှိ သူ့ထိုင်ခုံလေးဆီသို့သာအာရုံရောက်နေလေ သည်။ နောက်ဆုံးအချိန်တောင်ရောက်နေပြီ ကိုယ်တော်ကပေါ်မလာသေး။ စာအုပ်ပေါင်းစုံဖွင့်ကာ EQUATION ညှိလိုက်၊ Bio ပုံဆွဲလိုက်၊ သင်္ချာတွက်လိုက်နှင့်စာအုပ်များအား အပြစ်ဖို့ကာ စိတ်ဖြေနေရသော်လည်း စိတ်ထဲမှာတော့ တစ်မျိုးကြီးဖြစ်နေပါတယ်။ အို သူနဲ့ငါက ဘာဆိုင်တာမှတ်လို့ ငါ့စိတ်တွေ ယောက်ယက်ခတ်နေရတာလဲ၊ ''မျှော်တော်ယောင်၊ မျှော်တော်ယောင်ဘဝကလွတ်ချင်ပြီ (သူမကယ်ရင်)၂ မျှော်တော်ယောင်ဘဝက ကျွတ်ဖို့လမ်းမမြင်ဘူး'' ဟု ခင်မောင်ထူး(ဦး)သီချင်းနှင့်ကျွန်မအား စောင်း၍ဆိုကာ ကျီစယ်နေကြသော အိတုံတို့အုပ်စုကတစ်မျိုး... ''အံမယ် ဘယ်သူကမျှော်နေလို့လဲ၊ ဒီမှာအိမ်စာတွေတစ်ပုံကြီးတောင် မနည်းကျေအောင် ရှင်းနေရတဲ့ဥစ္စာကို'' အိုးမလုံ၊ အုံပွင့်ပြောလိုက်သော ကျွန်မစကားကြောင့် သူငယ်ချင်းများက... ''ဟောတော့ ဘယ်သူက ဘာပြောလို့ မလုံမလဲဖြစ်နေရတာလဲ၊ တို့ဘာသာသီချင်းရှိလို့ဆိုနေတဲ့ဟာကို'' မျှော်တော်ယောင်၊ မျှော်တော်ယောင်၊ နောင်နောင်ရေ အမြန်လာပါ မျှော်တော်ယောင် ဘဝကကျွတ်ချင်လှပါပြီ.... သီချင်းအား VERSION ပြောင်းကာ ဖျက်ဆီးပြီးစပ်ဆိုနေကြသော အိတုံတို့အုပ်စုအား စာအုပ်နှင့်တစ်ချက်စီ အရှက်ပြေရိုက်လိုက်ရလေသည်။ ဟွန်း မိန်းမတွေရွကိုရွတယ်။ ဒီလောက်အမြင်ကတ်စရာကောင်းတဲ့သူကို ဘာလို့မျှော်ရမှာလဲ? ''အယ် ပြောရင်းဆိုရင်း အသက်ရှည်ဦးမယ်၊ ဟိုမှာ မင်းသားလာပါပြီတော် အာဗြဲစိန်မ သိမ့်သိမ့်ထက်၏ အသံကြောင့် ခေါင်းကိုချာခနဲနေအောင် လှည့်ကြည့်လိုက်တော့ ခေါင်းတစ်ခုလုံး ပတ်တီးအဖွေးသားဖြင့် စစ်ငြိမ်းနောင်... ကျောင်းသားအချို့ကအပြေးအလွှားဖြင့် သူ့ဆီသွားကြလေသည်။ တစ်ယောက်တစ်ပေါက်မေးသံများကြားတွင် ခေါင်းမဖော်နိုင်သောသူ့ဆီကို စကားသွားပြောချင်သော်လည်း ဟန်ဆောင်ကာ ပဲများနေရလေသည်။ ''ဟိတ်ကောင် နောင်နောင်မင်းကိုဘယ်သူကျွေးလိုက်တာလဲ၊'' ''မင်းကလည်းကွာ ခံလာရသလား၊ ပြန်မကစ်ဘူးလား၊'' ''ဟဲ့ သွေးတွေထွက်နေတုန်းပဲတော့'' ''လက်မှာပါထိလာတာပဲ၊ နင်ဘာဖြစ်လာတာလဲ၊'' သူကတော့ မီးလောင်ရာလေပင့်သူများ၊ စိုးရိမ်ပူပန်သူများ၊ စပ်စုချင်သူများ၏ မေးခွန်းများကို အရေးမလုပ်ဘဲ ကျွန်မရှိရာဆီသို့သာ မျက်လုံးလည်တည်လည်တည်လုပ်ကာ ရှာနေလေသည်။ ကျွန်မမှာ သူ့ပုံစံကို မကြည့်ရက် သဖြင့် မျက်နှာလွှဲကာ ကျောခိုင်းနေလိုက်ရသည်။ ငါ သူ့အတွက် စိုးရိမ်တတ်နေပါလား....

 ********** 
 အခန်း (၄) 
တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးနီးလာပြီဖြစ်သောကြောင့် စာကျက်ချိန်အားယခင်ရက်များထက်ပင်Scheduleဆွဲ၍ တိုးချဲ့ထားရလေသည်။ ''ရေသည် ပြဇာတ်''၏ ဆွဲဆောင်အားကကောင်းလွန်းသဖြင့် ည (၁၁)နာရီ ကျော်သွားသည်အထိ ကျွန်မ၏စာကျက်သံက အရှိန်မသေနိုင်သေးပေ။ စာကျက်လျှင် အသံထွက်ကာ အားရပါးရအော်ကျက်တတ်သော ကျွန်မသည် ယခုလည်းကိုယ့်အရှိန်နှင့်ကိုယ်ဖုန်းမြည်သံကိုမကြားပေ။ ကလင် ကလင် ကလင်! အခန်းထဲမှ မေမေ့၏အော်သံကြောင့်.... ''လေးခင်၊ သမီး PHONEလာနေတာမကြားဘူးလား၊ ကိုင်လိုက်လေ'' ''ဟုတ်ကဲ့မေမေ'' ဖတ်လက်စစာအုပ်ကို လက်မှချပြီး ဖုန်းစင်ရှိရာသို့ လျှောက်လာကာ ဖုန်းကိုင်လိုက်သည်။ ''ဟုတ်ကဲ့ အမိန့်ရှိပါရှင်'' ''ံHELLOလေးခင်ခင် ကိုယ်ပါ စစ်ငြိမ်းနောင်'' အလဲ့ ဒင်းပါလား! ကျွန်မသည် စချင်စိတ်ဖြင့် ဖုန်းခွက်ကိုလက်ဖြင့်အသာအုပ်ကာအသံဖျက်လိုက်လေသည်။ ''လေးခင်မဟုတ်ပါဘူးကွယ်၊ သူ့အမေပါ၊ ဘာကိစ္စရှိပါသလဲ'' ဟုရယ်ချင်စိတ်ကိုမနည်းမြိုချကာ ပြောနေရသည်။ ''ဟား ဟား ဟား လေးခင်က ဒါမျိုးလည်းတတ်တယ်လား၊ အိမ်ရှေ့ကိုလည်းလှမ်းကြည့်လိုက်ပါဦးကွာ'' အမယ် သူကလည်း မခေပါလားဟုတွေးရင်း PHONE စင်ဘေးမှ ပြတင်းပေါက်ကိုအသာဟကြည့်လိုက်တော့ ပတ်တီးအဖွေးသားနှင့်ပင်Hand Phoneကိုင်ကာ ပြောင်စပ်စပ်နှင့်လက်ပြနေသောသူ့ကိုမြင်လိုက်ရသည်။ ကျွန်မတို့အိမ်မှာနှစ်ထပ် တိုက်ခံအိမ်ဖြစ်ပြီး အပေါ်ထပ်ဝရန်တာ၏ထောင့်စွန်းအတွင်း၌ ဖုန်းစင်ကိုထားသောကြောင့် လမ်းမမှလှမ်းကြည့်လျှင် လူရိပ်ကိုအလွယ်တကူတွေ့မြင်နိုင်သည်။ သူ့ပုံစံကြောင့် ကျွန်မမှာ စိတ်ဆိုးရမှာ လည်းခက်နေသည်။ သို့သော် လေသံကို ခပ်မာမာတင်လိုက်ပြီး ပဲများရပြန်သည်။ ''သူများအိမ်ရှေ့မှာ ညဥ့်နက်သန်းခေါင်၊ ဘာလာလုပ်တာလဲ၊ စာကျက်နေတာ မနှောင့်ယှက်ပါနဲ့၊ ဖေဖေနဲ့ တိုင်ပြောလိုက်မှာနော်'' ကျွန်မဘယ်လိုပဲပြောပြော သူကတော့ သူ့ဝသီကိုတစ်ပြားသားမှ မလျော့ဘဲ ခပ်ငေါ့ငေါ့လေသံဖြင့် ''ဟာ ဒါဆိုမဖြစ်ဘူးထင်တယ်၊ တော်ကြာ ''ထူးအယ်လင်း''သီချင်းထဲကလို ဖုန်းဆက်လိုက်ရမလား ဆိုပြီးအဖိုးကြီးကထွက်ဆိုပြနေမှ ကိုယ်တို့တီးဝိုင်းအရှက်ကွဲနေပါဦးမယ်'' တဲ့လေ။ မိန်းကလေးပီပီစပ်စုချင်တတ်သော ကျွန်မက သူ့ဒဏ်ရာအကြောင်းကို အစဖော်ကြည့်လိုက်လေသည်။ ''နောင်နောင်၊ ညနေတုန်းကဘာဖြစ်တာလဲ၊'' ''စိုးရိမ်တယ်ပေါ့'' ''ဟုတ်မယ်အားကြီးကြီး၊ တော်ကြာဆေးဖိုးမရှိရင် ပိုက်ဆံချေးနေမှာစိုးလို့ စိုးရိမ်ချင်ယောင်ဆောင်ပြီးမေးနေတာ ကဲ၊ သိပြီလား'' ဟုအချဉ်ပေါက်ပေါက်နှင့်ဟုပြောလိုက်လေ သည်။ စကားကောင်းကိုပြောလို့မရဘူး... ''ဟိုဖက်ရပ်ကွက်ကကောင်တွေ ကျွေးလိုက်တာလေ ဟိုတစ်ခေါက်က ကိုယ်က သူတို့အဖွဲ့ထဲက တစ်ကောင် ကိုကျွေးထားတာ၊ ဘဲစားဘဲကျေ၊ ကျေသွားပြီ'' ''ရှင်က ဘာဖြစ်လို့ရန်လိုနေရတာလဲ၊'' ''ကိုယ့်ညီမလေးကို ဒီကောင်တွေထဲက တစ်ဗွေက လိုက်အီနေတာလေ၊ ကိုယ်ကလည်းဘယ်ခံမလဲ၊ သူ့ညီမတစ်ယောက်ကို ကြွေအာင်လုပ်ပြီး ဖြတ်ချထားခဲ့တာ၊ ဟိုစော်က မျက်ရည်စက်လက်နဲ့သွားချွန်တော့ ကိုယ့်ကိုဝိုင်းသမကြတာပေါ့'' တစ်စက်ကလေးမှ အကြောမခံချင်တဲ့သူ့ကို တော်တော်လေးချဉ်သွားပြီး ကလိချင်သည့်အတွက် --- ''ရှင်ကFighter ပဲနော်'' ''ဗျာ ကိုယ့်ကိုခေါ်လိုက်တာလား'' ''ရှင်နဲ့ပြောနေတာ၊ ရှင့်ကို မခေါ်လို့ဘယ်ဘဲကိုခေါ်ရမှာလဲ'' ''ဒါဆိုအစ်မကြီးလူမှားနေပြီဗျ၊ ကျွန်တော့်နာမည်စစ်ငြိမ်းနောင်ပါ၊Fighter မဟုတ်ပါဘူး'' အတည်ပေါက်နှင့်ဘုပြောနေသော သူ့လေသံကြောင့် ဖုန်းကို ဂွပ်ခနဲ့မြည်အောင်ချပစ်လိုက်သည်။ ''ဂွပ်'' ပြီးတော့စိတ်လွတ်၊ ကိုယ်လွတ်အော်ရယ်ပစ်လိုက်၏။ သိပ်မကြာခင်တစ်နေ့မှာပဲ ကျွန်မတို့အိမ်နားရှိ မိတ္တူဆိုင်တွင် သူနဲ့ကျွန်မထိပ်တိုက်ဆုံကြသေးတယ်။ ''လေးခင်၊ ကိုယ့်ကိုမြန်မာစာ၊ စာစီစာကုံးခဏငှားပါလား၊ ဟိုတစ်နေ့က ကျူရှင်လာတာနောက်ကျလို့ မှတ်ပေးတာတွေ မမီလိုက်ဘူး'' ''တစ်ရက်ပဲငှားမယ်၊ ကျေနပ်ရင်ယူ၊ မကျေနပ်ရင်မယူနဲ့'' ဇာတ်လမ်းတွေကရိုးနေပြီ။ မသိတာမှတ်လို့ ''အမေလေးဗျာ ကြောက်နေရပါလား ကိုယ့်ကိုအဲဒီလေသံမျိုးနဲ့ဘယ်သူမှမပြောဘူးဖူး၊ ပြောလို့လည်း မရဘူး''တဲ့လေ။ ''ရှင့်အမေကတော့ပြောဖူးမှာပဲ၊ လာရွှီးမနေနဲ့'' လွှတ်ခနဲထွက်သွားမိပြီးမှ ပါးစပ်အား အလျင်အမြန်လက်နှစ်ဖက်ဖြင့် BREAKအုပ်လိုက်ရလေသည်။ ''ကိုယ့်ကိုခင်တယ်ဆိုရင်၊ ကျေးဇူးပြုပြီး ကိုယ်မိဘတွေအကြောင်းနောက်တာပဲဖြစ်ဖြစ်၊ တစ်ကယ်ပဲဖြစ်ဖြစ် ဘယ်တော့မှမပြောပါနဲ့'' ကျွန်မမျက်လုံးအား စူးစူးရဲရဲစိုက်ကြည့်ကာ မျက်နှာထားတင်းတင်းကြီးနှင့်ပြောလေသည်။ ထို့နောက် ချာခနဲလှည့်ထွက်သွားသော သူ့ကျောပြင်အားငေးကြည့်ရင်း စိတ်မကောင်းဖြစ်သွားရလေသည်။ သူ့အသိဥာဏ်ထဲမှာ Broken Family ဆိုတဲ့ အရိပ်မည်းကြီးက တစ်ယူသန်စွဲဝင်နေပါလား၊ 

******* 

အခန်း(၅)

 ကျွန်မနဲ့သူဟာ ချစ်သူတွေမဟုတ်ကြသေးပေမယ့် စာနာခြင်းဆိုတဲ့ နားလည်မှု ကတော့ ကျွန်မရင်ထဲမှာ ဝင်ပုန်းနေတာကြာပါပြီ။ ကျွန်မသူ့ကို တမင်တကာ စကားမပြောဘဲနေတာ ဒီနေ့ဆို တစ်ပတ်ပြည့်သွားပြီ။ ဒီထက်ပိုပြီးမနေနိုင်တော့တဲ့ ကျွန်မကပဲစပြီး မျက်နှာချိုသွေးကာ လေပြေထိုး လိုက်ရလေသည်။ ''င်္FIGHTERစာမေးပွဲနီးနေပြီ၊ စာတွေပိုင်ပြီလား၊'' ''ဟာကွာ ကိုယ့်ကိုဒီနာမည်ကြီးနဲ့နှိပ်စက်နေပါလား၊ နားဝင်ချိုစရာကောင်းတဲ့နာမည်တစ်မျိုးလောက် ပြောင်းခေါ်ပါလား''လုပ်ပြီ။ နည်းနည်းမှကို မျက်နှာသာပေးလို့မရဘူး။ ထောင့်မကျိုးးတဲ့သူတွေများ ဘယ်လို ချိုးချိုးမကျိုးးဘူးဆိုတာဟုတ်မှာ။ ''မခေါ်နိုင်ပေါင်၊ အားအားရှိ စီခနဲဆိုသူပဲ၊ ပွဲတိုင်းကျော်ကြီး Ko Fighter သူ့ဂုဏ်ပုဒ်ကို ကျေနပ် နေတယ်လို့ထင်ရတဲ့Fighter က ''ကိုယ်ကကိုယ့်ကိုစပြီး မထိရင်၊ အေးဆေးနေတဲ့ မြွေဟောက်လိုကောင်ကွ အေး ထိပြီဟေ့ဆိုရင်လည်း ဆေးမမှီဘူးသာမှတ်'' အမယ်လေးဟဲ့ ကြီးကြီးကျယ်ကျယ် ''ဟုတ်ပါပြီရှင် ကျွန်မမေးမိ အပြစ်ရှိပါ'' နှုတ်ခမ်းမဲ့ကာ ဒေါ်ခင်အေးဟန်ကြီး၏ အိုက်တင်ဖြင့်ပြောလိုက်သောကြောင့် သူက ကလေးတစ်ယောက်လို အပြစ်ကင်းစင်စွာ ခွက်ထိုးလန်အောင် ရယ်မောနေလေတော့သည်။ ဘာပဲပြောပြော သူနဲ့ကျွန်မကြားက ခင်မင်မှုအဖြူထည်ကြိုးက အရောင်စွန်းချင်သယောင်ယောင် ''ကိုယ်တို့ကျောင်းမှာ ပညာရေးစုံညီပွဲတော်ရှိတယ်၊ လာခဲ့ပါလား'' ''ဇန်နဝါရီလ (၃)ရက်နေ့နော်၊ ဒါနဲ့ဘယ်ကျောင်းလဲ'' ဒီလောက်ကလေးတောင်မသိရကောင်းလားဆိုတဲ့ မျက်လုံးမျိုးဖြင့်... ''စိန်ဂျွန်းလေကွာ၊ အ.ထ.က (၁) လမ်းမတော်'' ''Fighter က လမ်းမတော်(၁)ကလား၊ အဲဒီကျောင်းမှာ ဘော်ဒါတွေရှိတယ်။ မလာရဲပါဘူးကွာ၊Fighter ကြီးတက်တဲ့ကျောင်းဆိုတော့Fighter လေးတွေလည်းရှိချင်ရှိနေမှာ ကြောက်တယ်'' ရွှတ်နောက်နောက်နှင့်ပြောလိုက်သော ကျွန်မစကားက သူ့ဒေါသကို ဆွပေးလိုက်သလိုဖြစ်သွားလေသည်။ ''မင်းကကိုယ်ကိုတစ်ချိန်လုံးFighter Fighter နဲ့ အသားလွတ်ဖဲ့နေပါလား လေးလုံးရဲ့'' သူကျွန်မကို အမှန်တကယ်တင်းနေပါပြီ။ ''ဘာ ဘာလေးလုံးလဲ မခေါ်နဲ့မကြိုက်ဘူး'' ''သြော် သူ့အလှည့်ကျတော့ဖြစ်နေလိုက်တာ ကိုယ့်ပုံလည်းကိုယ်ပြန်ကြည့်လိုဦး၊ စာပဲတစ်ကယ်ကြိုးစားလို့လား၊ အားအားရှိ T.V Game ပဲကမြင်းသလားမသိပါဘူး၊ မျက်မှန်က ပုလင်းဖင်ဖြစ်နေပြီ၊ ရုပ်ကမလှရတဲ့အထဲ၊ ပုံဆိုးပန်းဆိုးနဲ့လေးလုံးမ'' အတည်ပေါက်ပြောနေသော သူ့စကားကြောင့် ယောင်ယမ်းကာ ကျွန်မမျက်နှာကို စမ်းကြည့်မိပါတော့သည်။ ငါတစ်ကယ်ပဲ သူပြောသလို ရုပ်ဆိုးမကြီးဖြစ်နေပြီလား? အာ ငါဘာဖြစ်နေတာလဲ တွေးရင်းမှပင် ကျွန်မအလိုလိုဝမ်းနည်းသိ၊ စိတ်ဒီရေတက်လာပါတော့သည်။ အတန်ငယ်ကြာအောင် ပြန်ထိန်းလိုက်ပြီး.... ငါမလှတော့ရော ဘာအရေးလဲ၊ ဘာကို ဂရုစိုက်ရမှာလဲ? ငါစိတ်တွေမရိုးမရွဖြစ်နေစရာအကြောင်းကိုမရှိဘူး မယုံနိုင်စရာပါလား? ယောကျာ်းတစ်ယောက်ရဲ့ဝေဖန်မှုဆိုတဲ့ ခေါင်းစဉ်အောက်မှာခံနိုင်ရည်မရှိတဲ့ မိန်းမတစ်ယောက်အဖြစ် ရပ်တည်နေပြီလား၊ FIGHTERရယ် ငါမစဉ်းစားတတ်တော့ဘူးဟယ်.... 

******* 
အခန်း (၆)

 ယနေ့သည် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးဖြေဆိုပြီးကြသော နွေ နေ့လည်ခင်း အချိန်ဖြစ်သည်။ ကောင်းကင် တစ်ခွင်လုံးလည်း နေမင်း ကြီး၏အရောင်နှင့်တောက်ပနေသည်။ သစ်ရွက်ခြောက်ကလေးများ လေနှင့်အတူ ပေါ့ပါးစွာလွင့်ပျံနေသလိုပင်။ ကျောင်းသား၊ ကျောင်းသူများသည် တစ်နှစ်ပတ်လုံး ပင်ပနးကြီးစွာဖြင့် ထမ်းထား ရသောအထုပ်ကြီးကို ဖုတ်ခနဲနေအောင်ပစ်ချလိုက်သကဲ့သို့ သွက်လက်စွာဝဲပျံနေကြ၏။ အင်းလျားကန်ဘောင် တစ်လျှောက်တွင်လည်း အဖြူ၊ အစိမ်းဝတ်ကျောင်းသားများ၏ ဝရုန်းသုန်းကား ဆူညံသံများကြောင့် ငြိမ်သက်နေသော အင်းလျားရေပြင်ကြီးပင် သံယောင်လိုက်ကာ သက်ဝင် လှုပ်ရှားနေသယောင်ယောင်... ''ဟေး ဝဋ်ကျွတ်ပြီကွ'' ကျောင်းစိမ်းပုဆိုးကို ခပ်တိုတိုဝတ်လိုက်ပြီး၊ လက်တစ်ဖက်မှလည်း လွယ်အိတ်ကို မြှောက်တင်ကာ အပြစ်ကင်းစင်သော ကလေးတစ်ယောက်၏ မျက်နှာပေးနှင့် ပျော်ရွှင်စွာ အော်ဟစ်နေသော စစ်ငြိမ်းနောင် အိတုံတို့အုပ်စုမှာလည်း ကိုယ်ပိုင်အတွဲကိုယ်စီဖြင့် ကန်ဘောင်ပေါ်ရှိ အကြော်ဆိုင်အတွင်း၌ တစ်နေ့တာ ကဲကြမည့် PLAN များကို ခေါင်းချင်းဆိုင်ကာ တစ်ယောက်တစ်ပေါက် တွတ်ထိုးနေကြသည်။ ထိုအချိန်၌ အပျော်အပါးအစီအစဉ်များတွင် လွန်စွာမှာအားကိုးရသော စစ်ငြိမ်းနောင်ကပင်။ ''ကဲ ဘာမှ တစ်ယောက်တစ်ပေါက်ပြောမနေကြနဲ့ အီစကိုယ်ဆီမှာHappy World u Gift Card တွေရှိတယ်။ သရဲရထားစီးမယ်၊ တိုက်ကားမောင်းမယ်၊ ပြီးရင်ကန်တော်မင်္ဂလာ ပန်းခြံထဲမှာ အတွဲချောင်းမယ် ဘယ်လိုလဲ၊ ဟဲ ဟဲ'' နောင်နောင်၏ဆန္ဒကိုအပြည့်အဝမဲပေးလိုက်သူက သိမ့်သိမ့်သူ ''ဟဲ့၊ နှာဘူးကောင် နင့်ဘာသာနင်အတွဲချောင်းချင်တာနဲ့ငါတို့ကိုဆွဲမထည့်နဲ့သွားချင်ရင် နင်တို့ယောကျာ်းလေး တွေတစ်ဖွဲ့သွား ငါတို့ကတော့ ရုပ်ရှင်သွားကြည့်မယ်နော် လေးခင်'' သိမ့်သိမ့်ထက်က သူ့ဆန္ဒကိုဖော်ထုတ်ရင်း ကျွန်မဘက်သို့ပါ မဲဆွယ်လိုက်လေသည်။ ကျွန်မက ခေါင်းညိမ့်ကာ ထောက်ခံလိုက်တော့ ''ဟာကွာ လေးလုံးကလည်း ကိုယ့်မှာတော့မင်းနဲ့အတူတူတိုက်ကားမောင်းချင်လွန်းလို့ ညီမလေးရဲ့ CARDကိုပါ တွမ်လာတာကွ ကျွတ် အခုတော့'' စုတ်တစ်ချက်သပ်ရင်း ပြောနေသော သူ့ပုံစံကရယ်စရာကောင်းလွန်းသဖြင့် လွှတ်ခနဲ 'အဟိ'ဟု အသံ ထွက်သွားလေသည်။ ထို့နောက် အိနြေ္ဒတစ်ခွဲသားဖြင့် ဟန်ဆောင်လိုက်ရပြန်သည်။ ''ခိုးရာပါစ္စည်းနဲ့တော့ မကောင်းစားချင်ပေါင်၊ ကိုယ့်ဘာသာပဲထမင်းကြမ်းယပ်ခတ်စားပါတော့မယ်Fighter ရယ်'' ''တစ်ကယ်စားနိုင်တယ်နော်'' ရုတ်တရက်ပြောလိုက်သောစကားက မသဲကွဲသောကြောင့် ပြန်ထပ်မေးကြည့်တော့ သူက ''လေးလုံးက တစ်ကယ်ပဲ ထမင်းကြမ်းကို ယပ်ခတ်ပြီးစားနိုင်လို့လားလို့မေးတာပါ'' သူ့အပြောတွေက ကျွန်မမျက်လုံးကို သေသေချာချာစိုက်ကြည့်ပြီး တစ်ဘဝစာအတွက် ပြောနေသလိုဟု ထင်ရလေသည်။ ကျွန်မတို့နှစ်ယောက်ရဲ့ ထေ့ငေါ့မှုတွေက တို့နှစ်ဦးရဲ့ဘဝကို နီးစပ်ဖို့အားယူနေတယ်ဆိုတာကိုသာကြိုသိခဲ့ရင် ထိုအချိန်မှာပဲ ဆိုင်အတွင်းရှိ ကက်ဆက်မှကြားလိုက်ရသော စည်သူလွင်၏သီချင်းသံကြောင့် နှစ်ဦးသားအလိုလို ကိုယ်စီအတွေးများနှင့် နှုတ်ဆိတ်သွားကြလေ၏။ ကိုယတွေ့နေပါတယ် မင်းမျက်ဝန်းရဲ့အလှနဲ့ စူးရှတောက်ပမှုက ဘယ်လိုမေ့လိုရမှာလဲ ရှောင်လွှဲမယ် ကြံလည်း အိပ်မက်မက်လိုက်တိုင်း အခါခါရင်ခုန်နေ ဒါဟာအချစ်ကြောင့်ပဲထင်တယ်... ထိုနေ့က မိန်းကလေးအုပ်စု၏ဆန္ဒမဲများက အလေးသားသောကြောင့် ရှေ့ဆောင်ရုံတွင် ရုပ်ရှင်သွားကြည့်ခြင်း အစီအစဉ်ကိုသာ အကောင်အထည်ဖော်ဖြစ်သွားလေ၏။ ''Shall we dance '' မင်းသားကြီး Richard Gere နှင့် အဆိုတော်လုံးကြီးပေါက်လှမင်းသမီး JENNKIFER LOPEZ တို့ အထူးသရုပ်ဆောင်ထားသော သင်တန်းတစ်ခု၏ အကြောင်းကိုအခြေခံ ဇာတ်အိမ်ဖွဲ့ထားသောကားဖြစ်သည်။ ဘယ်နေရာရောက်ရောက်၊ အငြိမ်မနေတတ်သောFighter က မင်းသမီး JENNKIFER LOPEZ က နေသော အခန်းသို့အရောက်တွင်.... ''ငါမိန်းမယူရင်တော J-LO လို ရေဆေးငါးတောင့်တောင့်ဖြောင့်ဖြောင့်ကြီးကိုပဲရွေးယူမယ်။ ရှယ်ပဲ ဟဲ ဟဲ အိတုံမလို အရိုးပဒေသာမျိုးကိုတော့ ဝေဒါမန္တိရှောင်ကြဉ်ပါ၏'' ဟု ပါးစပ်ဆော့ကာ ပြောတော့ အိတုံ၏ လက်ဝါးကFighter ကျောပြင်တွင် ဗျောတင်သွားလေတော့သည်။ 'အုန်း' 

********

 အခန်း(၇)

 ''ဥသြ ဥသြ ဥသြ'' နွေဥသြလေးများ၏ ဝင်းဝါတင့်တယ်နေသော ငုပန်းကလေးများ၏ အလှက သင်္ကြန်ရောက်ခါနီးပြီဟု ကြွေးကြော်ဆော်သြနေပါသည်။ သင်္ကြန်မတိုင်မီကတည်းကပင် ပံျ့လွင့်နေသော သင်္ကြန်တူးပို့သီချင်းသံများကလည်း နှစ်သစ်ကူးချိန်ခါသမယကို အလုအယက်ကြိုဆိုနေကြလေ၏။ သင်္ကြန်ခါတော်လေ၊ ရက်မြတ်မှာလေ လှပျိုဖော်တသင်းနဲ့ တေးသံလွင်လွင် သီကျူးနေတာသင်္ကြန် နှစ်ကူးရောက်ပြီဟေ့ ပျော်ရွှင်စွာ ငါတို့စိတ်တွေရေထဲမျောလိုက်ပါ.... သြော် သင်္ကြန်တောင် ရောက်တော့မှာပါလား၊ လူငယ်သဘာဝမို့သင်္ကြန်ကို ကြိုတွေးကာရင်ခုန်နေမိသည်။ မှတ်မှတ်ရရ April (၁) ရက်နေ့ရဲ့ ညနေခင်းလေးမှာပေါ့.... ကျွန်မညနေတိုင်းသွားနေကြဖြစ်သော Videoအခွေငှားဆိုင်လေးသို့ စစ်ငြိမ်းနောင်တစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့လေသည်။ ''ကိုယ် လေးခင်နဲ့စကားပြောချင်တယ်'' ဟုဆိုပြီး ကျွန်မလက်ဖျားလေးကို ဆုပ်ကိုင်လိုက်တော့ ကျွန်မမှာ ရင်တုန်ပန်းတုန်ရှက်ရွံ့သွားလေသည်။ April Fool မို့အရူးလုပ်နေတာလားFighter ရယ်။ ''စကားပြောတာများထူးဆန်းလို့ဟယ်၊ ဘာလဲနင်ကအခုမှ စကားပြောတတ်လာတဲ့ တေမိမင်းသားမို့လို့လား'' ပြောသာပြောလိုက်ရတာ၊ တကယ်တော့ ကျွန်မစိတ်တွေစုလို့မရအောင် လွင့်ပျံနေပါတယ်။ စကားပလ္လင် ဒီလောက်ခံနေပြီဆိုကတည်းက အင်း ကျွန်မအနားက သူငယ်ချင်းတွေကလည်း ကျွန်မတို့နှစ်ယောက်ကို ပြူးဝိုင်းသည့် စပ်စုမျက်လုံးများဖြင့်ကြည့်နေကြသည်။ ''ကိုယ် ဟို၊ ကျွန်တော် လေးခင်ကို ဟို၊ ဟို'' တဟိုဟိုနှင့် လက်ညှိးလေးထိုးကာ အူကြောင်ကြောင် လုပ်နေသော သူသည် စစ်ငြိမ်းနောင်မှဟုတ်ပါလေစဟူ၍ပင် သံသယဝင်နေမိသည်။ ကျွန်မအတွေးမဆုံးသေး ခင်မှာပင် '' ကိုယ် မင်းကိုအရမ်းချစ်တယ်'' ဟူသော စကားသံအား ပီပြင်ကြည်လင်စွာ ကြားလိုက်ရ၏။ ထိုခဏမှာပင် သူငယ်ချင်းများဆီမှ ဝါးခနဲရယ်သံထွက်ပေါ်လာလေသည်။ ''ဟား ဟား ဟား ဖြစ်မှဖြစ်ရလေနောင်နောင်ရယ် ဒီစကားလေးပြောဖို့ကိုများFighter ဆိုတဲ့ နင့်ရဲ့ ဂုဏ်ပုဒ်နဲ့တောင် မညီလိုက်တာဟယ် ဟား ဟား ဟား'' သူငယ်ချင်းများ၏ ဟားသံများကြောင့် ကျွန်မမျက်နှာ မထားတတ်အောင်ထူပူသွားလေသည်။ ''နင့်မှာ ငါ့အတွက် အချစ်ဆိုတာ ကျန်သေးလို့လား၊ ရည်းစားပေါင်းစုံထားပြီး ပြဿနာတတ်လို့ ဒဏ်ရာ ရပေါင်းလည်း မနည်းဘူး၊ နင့်လောက်ရှုပ်တဲ့ဘဲကို ငါဘယ်လိုတွဲရ မှာလဲ၊ နင်ပြောတော့ငါက ရုပ်ဆိုးတယ်ဆို ရုပ်ဆိုးမကြီးကို ဘာလို့ချစ်တယ်လို့လာပြောနေရတာလဲ၊ သွား'' ရှက်ရမ်းရမ်းပြီး အော်လိုက်သော ကျွန်မအသံကြားမှပင် သူ့အသံက တည်ကြည်စွာ ဖောက်ထွင်းလာပါသည်။ တစ်ချိန်ကသူပြောခဲ့သဖူးသောစကားကို တေးထားသော ကျွန်မကိုယ့်ကိုကိုယ်တောင် အံ့သြနေမိပါသည်။ ''ကိုယ့်ဘဝမှာ အမေ့ရဲ့မေတ္တာဆိုတာ မခံစားခဲ့ရဖူးဘူး။ မင်းရဲ့မျက်ဝန်းတွေကို စတွေ့တဲ့အချိန်မှာပဲ မင်းဟာ ကိုယ့်ဘဝမှာ တစ်ခါမှ မပိုင်ဆိုင်ခဲ့ရတဲ့ ''မိခင်တစ်ယောက်ရဲ့ ရင်ခွင်'' ဆိုတာကို နူးညံ့သိမ်မွေ့စွာ ကိုယ်စား ပေးဆပ်နိုင်မယ့် မိန်းမတစ်ယောက်ဆိုတာ အလိုလိုသိလိုက်ရတယ်၊ ဒီလိုအကြင်နာ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားတဲ့ မိန်းမတစ်ယောက်မှာ ရုပ်ဆိုးတဲ့အချိန်ဆိုတာရှိနိုင်ပါဦးမလား'' သူ့စကားသံများက ကျွန်မရင်ထဲမှာ ပီတိဖြစ်ချင်သလို ကျေနပ်နေသလိုလို--- ကျွန်မစိတ်ထဲမှာ ဘာတွေ ခံစားနေရတာလဲ၊ သူပြောခဲ့ဖူးတဲ့စကားတစ်ခွန်းကို အငြိုးထားပြီး ပေါက်ကွဲနေရတာကရော့ အယူအဆမှားတွေကို ကိုင်စွဲတတ်နေပြီလား၊ ဒါမှမဟုတ် ယောကျာ်းတစ်ယောက်ကို အပြစ်ကင်းစွာ စိတ်ဝင်စားမိနေတဲ့ အုံ့ပုန်းစိတ်ကြောင့်လား သေသေချာချာ ကျေနပ်သွားမိတာကတော့ ''မိခင်တစ်ယောက်ရဲ့ရင်ခွင်'' ဆိုတဲ့ အသုံးအနှုန်းပဲ--- ကျွန်တော်အဲဒီနေ့က ကျူရှင်ကိုရောက်သွားတော့ တင်ပါးကျော်ထိရှည်လျားဖြောင့်စင်းတဲ့ ဆံပင်ရှည်ရှည် ကောင်မလေးတစ်ယောက်--- ကျွန်တော်ရှေ့ကနေ လှေခါးပေါ်ကို ဖျတ်ခနဲတက်သွားတာမြင်လိုက်ရတယ်။ ဟင် ငါတို့ကျူရှင်မှာ ဒီလောက်ဆံပင်ရှည်တဲ့ ကောင်မလေးမရှိပါဘူး ဘယ်သူများပါလိမ့်? ကျွန်တော်ကျူရှင်ပေါ်ကို အမြန်ပြေးတတ်ပြီး စိတ်ဝင်တစားလိုက်ကြည့်တော့ ကောင်မလေးက အိတုံဘေးမှာ လွယ်အိတ်လေးချပြီး ဝင်ထိုက်လိုက်သည်။ ဒါဆို သူမက ကျောင်းသူအသစ်လေးပေါ့.... ကျွန်တော်အနောက်ဖက်ကနေ သူ့မျက်နှာလေးကို မြင်ချင်ဇောနဲ့လှမ်းကြည့်နေတာ နဖူးပေါ်ဝဲကျနေတဲ့ ဆံပင်ရှည်ကြီးတွေရယ်၊ ဘေးတိုက်မြင်နေရတဲ့ မျက်မှန်ကိုင်းလေးက သူ့မျက်နှာလေးကို coverလုပ်ထားသလို ဖြစ်နေတော့ ဘယ်လိုမှကြည့်လို့မရဘူးဗျာ... ဟော ဆရာလာပြီ ဆရာကရောက်ရောက်ချင်းစာမေးတော့ အူကြောင်ကြောင်လေးနဲ့ထရပ်လိုက်တဲ့ ကောင်မ လေးရဲ့မျက်နှာကို မြင်နိုင်ခွင့်အတွေး ရုတ်တရက်ပေါ်လာတယ်လေ။ ဒါနဲ့ပဲ ကောင်မလေးစိတ်ဆိုးအောင် လှမ်းစလိုက်တော့ တွေ့လိုက်ရပါပြီ သူ့မျက်နှာလေး သူ့မျက်ဝန်းလေးတွေကဗျာ ဒေါသရောင်သန်းနေပေမယ့်လည်း စိုပြီးတောက်နေတာ ကျွန်တော်ကြွေသွားတယ်ဗျာ.... 

******** 
 အခန်း(၈) 

ဒီလိုနဲ့ပဲFighter နဲ့ ကျွန်မတို့နှစ်ယောက်ရဲ့ အကြိမ် (၇ဝ)ထက်မကတဲ့ မတော်တဆအကြည့်ချင်းဆုံတွေ့မှု တွေရဲ့အောက်မှာပဲ ချစ်ခရီးလမ်း လေးရှည်လျားစေခဲ့မိတယ်လေ ကျောင်းတုန်းကလို ပုံမှန်မဟုတ်သော နှစ်လိုခြင်းများ စွာကိုလည်း နှစ်ဦးသားပိုင်ဆိုင်လာကြသည် တစ်နေ့ထက်တစ်နေ့ ချစ်စိတ်များစွာ အထပ်ထပ်ပွားလာပြီး သင်္ကြန်ရက်များအတွင်း နေ့စဉ်အတူတကွ ရေကစားပျော်ပါးလာကြသည်မှာ အတတ်နေ့သို့ရောက်လာခဲ့သည်။ ''လေးခင်၊ ဒယ်ဒီက ကိုယ့်ကို စင်္ကာပူ ကို လိုက်ခဲ့ဖို့ခေါ်နေပြီ'' ရေပက်နေရင်းမှ သူပြောလိုက်သော စကားကြောင့်တစ်ယောက်တည်း တီးတိုးညည်းတွားနေမိသည်။ ဟွန်း ချစ်သူဖြစ်တာမှ မကြာသေးဘူး ခွဲဖို့စကားကစလာပြီ။ ''လေးခင်၊ ဘာတွေပွစိပွစိဖြစ်နေတာလဲ၊ ချမ်းနေလို့လား'' ဟုဆိုကာ ကျွန်မပခုံးလေးအား ကြင်နာစွာထွေး ဖက်ထားလေသည်။ ရွှဲရွှဲစိုနေသောအဝတ်အစားများကြောင့် အချမ်းပိုနေသော ကျွန်မရင်ထဲ နွေးခနဲခံစားမိလိုက်သော သူ၏ယုယမှုအပူလှိုင်းအတွက် ကျေနပ်မိနေပေသည်။ သို့သော် သူများတကာတွေ သင်္ကြန်နောက်ဆုံးနေ့ဖြစ်သည်မို့ အပြတ်ကဲနေကြသော အချိန်တွင် ကျွန်မ၏ပျော်ရွှင်မှုပီတိများကကြာကြာမခံပါ။ သေချာသည်ကတော့ အလွမ်း ဆိုသော မီးတောက်အပူဒဏ်ကို ကျွန်မမခံစားနိုင်သောကြောင့်ပင်။ မျက်နှာပျက်နေသော ကျွန်မ၏အမူအရာကို ရိပ်မိသွားသောFighter က ''ကိုယ်လည်း လေးခင်နဲ့မခွဲချင်ပါဘူးကွာ၊ တစ်ကယ်ဆို လေးခင်အနားမှာ အမြဲထာဝရ၊ မြေကျတဲ့အထိ ခစားချင်တဲ့ကောင်ပါကွ'' ဆယ်ကျော်သက်အရွယ်ရဲ့စိတ်ကစားမှု၊ ရင်ခုန်တတ်စအရွယ်ရဲ့စွန့်စားလိုမှုများဖြင့် ဆုံးဖြတ်ချက် ပြတ်သားစွာချလိုက်သူကFighter! ''လေးခင် ဘဝတစ်လျှောက်လုံးကိုယ်နဲ့အတူ စွန့်စားဖို့သတ္တိရှိရဲ့လား'' ဒီလိုဆိုပြန်တော့လည်း စဉ်းစာရ ကျပ်နေပြီ။ ကျွန်မခေါင်းထဲတွင် အတွေးများစွာ ချာချာလည်ကာ ငူငူကြီးရပ်၍စဉ်းစားနေမိသည်။ ''လေးခင် ဘဝရဲ့အကောင်းအဆိုး၊ အကျိုးးအပြစ်ဆိုတာတွေဟာ ကံတရားကြောင့်ကြီးလည်းဖြစ်လာတာ မဟုတ်ဘူး။ ကိုယ်ပြုလုပ်တဲ့ကိုယ်ရဲ့ဆုံးဖြတ်ချက်နဲ့လည်းဆိုင်တယ်၊ ကိုယ်ကတော့ ကိုယ့်ကိုကိုယ်ယုံတယ်၊ လေးခင်နဲ့မဝေးချင်တဲ့အတွက် ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဖို့အကြောင်းတော့လုံးဝမရှိဘူး ကဲ ညနေစောင်းပြီ ပြန်ကြရအောင်၊ အစကတော့ အတက်နေမှာ မိုးချုပ်တဲ့အထိ နေဦးမလို့ပဲ၊ ဒါပေမယ့် ကြာလာရင် ကိုယ့်စိတ်ကို ကိုယ်သိနေတဲ့အတွက် ပြန်မယ်ကွာလာ” ပြောရင်းမှပင် ကျွန်မလက်ကိုဆွဲကာ မဏ္ဍာပ်အောက်သို့နှုတ်ဆိတ်စွာဆင်းလာကြ၏။ တစ်ဆက်တည်းမှာပဲ ကျွန်မအာရုံထဲတွင် အပြိုင်အဆိုင်နေရာယူလာသည်က ကျွန်မ သိပ်ချစ်ရသော ဖေဖေနဲ့မေမေ တစ်ဖက်မှာလည်း အချစ်ရဆုံး ချစ်ဦးသူစစ်ငြိမ်းနောင်။ င်္FIGHTERက ကားကိုကိုယ်တိုင်မောင်းကာ လမ်းထိပ်တွင်ရပ်လိုက်သောအခါ ကျွန်မကားပေါ်မှ ဆင်းလိုက်လေသည်။ ပြီးတော့ အိမ်ဘက်သို့ ဦးတည်ကာ ခြေလှမ်းပြင်လိုက်သည်။ စဉ်းစားစရာမလိုဘဲ အလိုလိုသိသည်က သူကျွန်မကို ချက်ချင်းကြီး ပြန်လိုက်ပို့သည်မှာ ကျွန်မ၏မပြတ်သားသော ဆန္ဒတစ်စုံကို အနိုင်မယူချင်သောကြောင့်ဖြစ်ပေမည်။ သူ့ဘက်က ချစ်လျှက်နှင့်ဒီလောက်ငဲ့ကွက်နေတာတောင် ငါက သူ့အချစ်ကို ဥပက္ခာပြုထားလိုက်လျှင် တရားပါ့မလား ။. . .

 . ********* 

အခန်း(၉) 

ရုတ်တရက်ကျွန်မခြေအစုံကိုရပ်ကာ နောက်ပြန်လှည့်ကြည့်လိုက်တော့ ကျွန်မ၏ကျောပြင်ကို ကြည့်ရင်း မျက်ရည်ဝဲနေသော သူ့ကို နင့်နင့်နဲနဲသနားသွားမိလေသည်။ ထိုစဉ် မှာပင် ကျွန်မ၏ ဝိုးတဝါး အာရုံက ဗြုန်း ခနဲပွင့်ထွက်သွားကာ ကားရပ်ထားသော နေရာသို့အပြေးပြန်သွားပြီး သူ့ရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် အားရအောင် ငိုကြွေးလိုက်တော့သည်။ အရာအားလုံးဟာ အမြဲတစေ ပြောင်းလဲရွေ့လျားနေတတ်သလို ကျွန်မတို့နှစ်ဦး၏ဘဝသည် နှစ်ဖက်မိဘများ၏ အကူအညီကို တစ်ပြားတစ်ကျပ်မှမယူဘဲ နှစ်ဦးသားဘဝကို တည်ဆောက်ရသဖြင့် ပင်ပန်းဆင်းရဲမှုဒဏ်ကို အလူးအလဲခံကြရသည်။ (၁ဝ)တန်းကျောင်းသားဟူသော ပညာအရည်အချင်းကြောင့်၎င်း (၁၆)နှစ်အရွယ် ဆယ်ကျော်သက်ဟူသော အသိကတစ်ကြောင်းကြောင့်Fighter သည် အိမ်ထောင်ရှင်ဘဝသို့ ရောက်လာခဲ့သည့် တိုင်အောင် ယခင်လူပျိုဘဝ၏ လွတ်လပ်မှုများကို ယခုတိုင် ထိန်းသိမ်းထားနေဆဲပင်။ ''င်္FIGHTERနင်အပျော်အပါးတွေလျော့ဦး ငါတို့နှစ်ယောက်ဒီအတိုင်းဆက်ပြီးစခန်းသွားနေလို့ ကြာလာရင် ငါသစ်ရွက်အုပ်နေရတော့မယ်'' ကျွန်မစကားကြောင့် ကုလားထိုင်တွင် အခန့်သားဆေးလိပ်သောက်နေသောသူက ''ဟား ဟား ဟား မင်းပြောတော့ ထမင်းကြမ်းတောင်ယပ်ခတ်စားနိုင်တယ်ဆို၊ အခုကျတော့ အပြောနဲ့လကတွေ့မညီပါလား လေးခင်'' ''ဟဲ့ အပြောနဲ့လကတွေ့ကတစ်ခြားစီဆိုတာ ငါလည်းအခုမှသိရတာလေ၊ 'တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ' ဆိုတဲ့ သီချင်းက ပါးစပ်ဖျားမှာတင်ပြီးသွားတာ၊ လကတွေ့ဘဝမှာ သေလုမျောပါးခံနေရတာ မလွယ်ဘူးဟ'' ကျွန်မသည် မပြည့်စုံသော အိမ်ထောင်သည် ဘဝ၏သောကများကို သူမသိအောင်ဖုံးဖိရင်း စိတ်အိုက် နေသည်မှာ နေ့စဉ်နှင့်အမျှဖြစ်ပေသည်။ ''အေးပါကွာ၊ မိန်းမရာ ငါလည်းကြုံရာအလုပ်ကို ကြိုးစားပြီးလုပနေတာပဲ၊ (၁ဝ)တန်းမအောင်သေးတော့ ဘယ်ကုမ္ပဏီကမှလက်မခံဘူး။ သာမန်လက်လုပ်လက်စားကျတော့လည်း မလုပ်တတ်ဘူး၊ ဟိုတစ်လောကတောင် ရဲရဲတို့ ဖောင်းဖောင်းတို့နဲ့တွေ့သေးတယ်၊ သူတို့ညီအစ်ကိုပြောတဲ့အလုပ်ကတော့ မဆိုးဘူး၊ ကိုယ်နည်းနည်း စိတ်ဝင်စားတယ်'' ကျွန်မသည် သူ့စကားလုံးများကို တစ်လုံးချင်းနားထောင်ရင်းရဲရဲနှင့်ဖောင်းဖောင်းဆိုသော နာမည်များကြောင့် စိုးရိမ်သွားလေသည်။ ခရေပင်လမ်းထဲက ညီအစ်ကိုနှစ်ယောက်ပဲ ဒီဘဲတွေကဂျစ်ပစီ၊ သူတို့နှစ်ယောက်နှင့် အလုပ်ကောင်းတွဲ လုပ်ဖို့က ဘယ်လိုမှမဖြစ်နိုင်ပေ။ ကျွန်မ၏စိုးရိမ်မှုမှာ ကြာရှည်မခံခဲ့ပါ။ မကြာခင်မှာပင် လူဆိုးညီနောင်နှစ်ဖော်နှင့် တတွဲဖြစ်နေတော့သည်။ မနက်ကတည်းက အလုပ်သွားမည်ဟုဆိုကာ အိမ်မှထွက်သွားပြီး ညနေစောင်းမှပင် ပြန်ရောက်လာတတ်သည်။ အလုပ်မှပြန်လာတိုင်းလည်း ခေါက်ဆွဲကြော်၊ ကြာဇံကြော်များအပြင် ရံဖန်ရံခါတွင် ကျွန်မနှစ်သက်သော ဘဲကင်ကိုပင်ဂရုတစိုက်ဖြင့် ဝယ်လာတတ်သည်။ ''င်္FIGHTERနင်အခုတလော ငွေရွှင်နေပါလား၊ နင့်အလုပ်ဆိုတာကရောဘာလဲ၊ အလုပ်နေရာပြောပါဆိုလည်း on the way ပဲပြောပြောနေတယ်၊ ဘာတွေလဲဟာ နင့်မိန်းမတစ်ယောက်အနေနဲ့ ငါနားလည်အောင်ရှင်းပြ'' သူကစိတ်ရှုပ်စွာခေါင်းကုတ်လိုက်ပြီး မခိုင်လုံသောအကြောင်းပြချက်ဖြင့် ''မိန်းမရာ၊ အချိန်တန်အိမ်မှာပြေလည်ရင်ပြီးပြီပေါ့၊ ဘာအတွက် ခေါင်းရှုပ်ခံစဉ်းစာနေတာလဲ၊ ကိုယ့်အလုပ်က အရောင်းကိုယ်စားလှယ်၊ နေရာအတည်တကျမရှိလို့ on the way လို့ပြောတာကွာ'' အင်း တစ်ခုခုတော့ တစ်ခုခုပဲ၊ အရောင်းကိုယ်စားလှယ်တစ်ယောက်က ထောင်တန်အုပ်လိုက်ဆွဲကာ လက်ဖျားငွေသီးနေသည်မှာ ကျွန်မအတွက် သံသယဝင်စရာပင်ဖြစ်သည်။ ကျောင်းသားဘဝကတည်းက ရံဖန်ရံခါ ဖွာတတ်သောဆေးလိပ်မှာအကြောင်းသိပ်မဟုတ်လှသော်လည်း အရက်ကလေးတမြမြနှင့် လူရာဝင်ချင် လာသည်ကိုတော့ မနှစ်မြိုနိုင်ပါ။ င်္FIGHTERရယ် နင့်ကိုယုံကြည်လွန်းလို့ စွန့်စားခဲ့ရတဲ့ငါ့ကို နင်ဂရုစိုက်တယ်ဆိုတာ ငါလက်ခံပါတယ်။ ဒါပေမယ့်ဟာ ငါတို့နှစ်ယောက်ရဲ့ဘဝလမ်းကိုတော့ အပြည့်စုံဆုံးမဟုတ်တောင်မှ အေးအေးချမ်းချမ်း လေးနဲ့ဖြတ်သန်းချင်သူပါ။ အခုနင့်ရဲ့ပြောင်းလဲမှုတွေက မြန်လွန်းတယ်လို့ငါထင်တယ်။ ကျွန်မ၏အတွေးများက ကြာကြာသိပ်မခံခဲ့ပါ။ ထင်ထားသည့်အတိုင်း ''လေးခင် ကိုယ်ဒီနေ့ပဲ အရေးပေါ်ခရီးသွားရမယ်၊ အနည်းဆုံးတစ်လလောက်တော့ ကြာမယ်။ အိမ်စရိတ်ကို အလုံအလောက်ပေးခဲ့မယ်။ လေးခင်လည်း အဝတ်အစားအသစ်တွေဝယ်ဦးလေကွာ၊ ကိုယ်ရှာတာ ကိုယ့်မိန်းမ အတွက်ပဲ'' သူ့စကားသံများက ကျွန်မအသိဥာဏ်ကို တားဆီးဖို့စေဆော်နေပါတယ်။ ''လုပ်ပြီFighter ရာ၊ နင်ကလည်း ဒီမှာ အတူတူရှိနေတာတောင် မနက်တစ်ခါ၊ ညတစ်ခါပဲ နင့်မျက်နှာကို တွေ့ခွင့်ရတာ၊ အခုခရီးပါသွားဦးမယ်ဆိုတော့'' ပြောရင်းမှ မျက်ရည်တွေ လှိုက်ခနဲဝဲလာပါတော့သည်။ သူကကျွန်မခေါင်းလေးကို အသာပုတ်လိုက်ပြီး ရင်ခွင်ထဲဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်သည်။ ''မငိုပါနဲ့ မိန်းမရယ်၊ ကိုယ်ကအပျော်သွားတာမှမဟုတ်ဘဲ၊ ကိုယ်တို့ရှေ့ရေးက ရှိသေးတယ်လေ'' ရှေ့ရေးတဲ့လားFighter ရယ် လက်ရှိအရေးတောင်ငါဒီလောက်ခံစားနေရတာ။ ရှေ့ရေးဆိုရင် အို ငါ ဆက်မတွေးချင်တော့ဘူး၊ သူထွက်သွားတော့မှ ထမင်းဝိုင်းဘေးတွင် ပုံခနဲထိုင်ချကာ အားရအောင်ငိြုွေကးလိုက်လေ တော့၏။ လေးလကြာသောအခါ.... သူထွက်သွားသည့်အချိန်မှစ၍ ပြန်လာမည့်အချိန်ကို နေ့စဉ်လက်ချိုးရေကာစောင့်မျှော်နေခဲ့သည်မှာ ယနေ့ဆိုလျှင် လေးလတင်းတင်းပင်ပြည့်ခဲ့လေပြီ။ ထိုလေးလအတွင်းမှာပင် ကျွန်မသည် အရိုးပေါ်၊ အရေတင် မိန်းမတစ်ယောက်၏ ခန္ဓာကိုယ်ကို စိတ်ဖိစီးမှုဒဏ်များကြောင် ပိုင်ဆိုင်ခွင့်ရခဲလေသည်။ အိပ်ရာဝင်ချိန်တွင် မျက်စိကိုဇွတ်မှိတ်ထားသော် လည်း သူ့မျက်နှာချိုချိုလေးကိုသာမြင်ယောင်နေမိ၏။ ပြန်လာချိန်တန်သော်လည်း သူပြန်မလာသေးသည့်အတွက် ကျွန်မမှာ နီးစပ်ရာ ဟိုဟိုဒီဒီသတင်းလျှောက်မေးသောအလုပ်ကို နေ့စဉ် ပြုလုပ်လျှက်ရှိ၏။ ထိုနေ့ရက်များတွင် stress များလွန်းသည်ကြောင့် မစားနိုင်၊ မအိပ်နိုင် တမှိုင်မှိုင်နှင့်ပင် သူအလုပ်ကိစ္စမပြတ်သေးတာဖြစ်မှာပါဟူ၍သာ ကိုယ့်ကိုကိုယ် မျှော်လင့်ခြင်းဖြင့် ဖြေသိမ့်နေခဲ့ရလေသည်။ ဒီနေ့ဟာ ကျွန်မဘဝမှာ အကြီးကျယ်ဆုံး၊ ကံကြမ္မာဆိုးဝင်ရောက်တဲ့နေ့ပါ၊ သူပေးထားခဲ့တဲ့ သောကတွေအားလုံး တနင့်တပိုးနဲ့ထမ်းလိုက်ရတဲ့နေ့ဆိုလည်း မမှားပါဘူး။ ''လေးခင်၊ နင့်ယောကျာ်းသတင်းကြားပြီးပြီလား'' ဟု အိမ်ပေါ်သို့အမောတကောပြေးတက်လာသော အိတုံ၏စကားက ကျွန်မရင်ကိုထိတ်လန်သွားစေသည်။ ''နောင်နောင်၊ နောင်နောင်ဘာဖြစ်လို့လဲ အိတုံ'' စိတ်လှုပ်ရှားစွာဖြင့် အိတုံပခုံးကို ကိုင်လှုပ်ကာ အတင်း မေးနေမိသည်။ စိတ်ပူပန်စွာ၊ ပျာယာခတ်နေသော ကျွန်မ၏ခေါင်း ထဲတွင် ကျွန်မယောကျာ်းစစ်ငြိမ်းနောင်၏ ပုံရိပ်များသာကြီးစိုးနေ၏။ ''ဟို ဟိုနောင်နောင်၊ ဆေးမှုနဲ့ထောင်ထဲရောက်နေပြီတဲ့'' ''ဘာ'' ကြားလိုက်ရသောသတင်းဆိုးကြီးကြောင့် ကျွန်မခေါင်းထဲတွင် တရိပ်ရိပ်မူးလာကာနေရာမှာပင် ခွေကျ သွားလေသည်။ ''ဟဲ့ အမလေး လုပ်ကြပါဦးလေးခင် လေးခင်ခင်'' အိတုံ၏ ထိတ်လန့်တကြားခေါ်သံအား ကြားတစ်ချက်၊ မကြားတစ်ချက်နှင့်ပင်။ လေးလတာခွဲခွာနေရသော လင်မယားနှစ်ယောက်၏ ပြန်လညတွေ့ဆုံမှုကို သံတိုင်များက မညှာမတာ တားဆီးထားလေသည်။ ကျွန်မသူ့မျက်နှာလေးကို မျက်ရည်များကြား မှပင် စေ့စေ့ကြည့်နေမိသည်။ တစ်ချိန်က ဖြူဝင်းကာ အပြစ်ကင်းလှသော သူ့မျက်နှာလေးမှာ လောကဒဏ်ကြောင့် ညိုမဲညစ်ထေးနေ၏။ ကျွန်မရင် တစ်ခုလုံးလည်း စို့နစ်လေးလံကာ အုံ့မှိုင်းနေသည်။ ကျွန်မကို ပြုံးပြုံးလေးကြည့်နေသော သူ၏တစ်ချိန်က တောက်ပကြည်လင်တဲ့ မျက်ဝန်းတစ်စုံဟာ အခု တော့လည်း မယုံနိုင်စရာကောင်းအောင် မှေးမှိန်ပြီး မျက်ခွံတွေတောင် တွဲကျနေသည်။ သံတိုင်များကို ဆုပ်ကိုင်ထားသော လက်နှစ်ဖက်တွင်လည်း ဆေးထိုးအပ်ရာများက အပြည့်နှင့်မြင်မကောင်း၊ ရှုမကောင်းဖြစ် နေတော့သည်။ ''ပိန်သွားလိုက်တာလေးခင်ရယ်'' ဟုအသံကတုန်ကယင်ဖြင့် ပြောရှာသည်။ ''ဘယ်လိုဖြစ်ရတာလဲFighter ရယ်၊ မိုက်လှချည်လား၊ ငါထင်တောင်မထင်ထားဘူး၊ ရှက်လိုက်တာဟယ်၊ ငါအတန်တန်တားနေတဲ့ကြားထဲ့က နင်ဒုက္ခရောက်ရပြီ၊ အဟင့် အဟင့် ပြောလည်းပြော၊ ငိုလည်းငိုရင်းမှ အသက်ရှုကျပ်ကာ မောလာသည်။ ''လေးခင်၊ နင့်ကိုကြည့်ရတာတစ်မျိုးပဲ၊ ဖြူဖတ်ဖြူလျော်နဲ့ ကျန်းမာရေးမကောင်းဘူးလား'' တဲ့လေ။ မေးမှမေးတတ်ပါပေ့Fighter ရယ်..... ကျွန်မမျက်နှာလွှဲလိုက်ပြီးကာမှ နောက်တစ်ကြိမ်သူ့မျက်လုံးကို စိုက်ကြည့်ကာပြောလိုက်သည်။ ''ဟုတ်တယ်Fighter ငါ့မှာနင့်ရဲ့ကိုယ်ပွားလေးရှိနေပြီ'' ကြားလိုက်ရသော စကားကြောင့် ကျွန်တော်ချွေးစေးများ ပြန်လာအံ့သြတုန်လှုပ်စွာအကျယ်ကြီးအော်ဟစ်လိုက် တော့သည်။ ******** 

အခန်း(၁ဝ) 

၁၉၉၃ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ-၁၅ အရ၊ ထောင်ဒဏ်(၅)နှစ်။ ၁၉၉၃ခုနှစ်၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာ ဥပဒေ ပုဒ်မ-၁၆(ဂ)အရ၊ ထောင်ဒဏ်(၇)နှစ်။ လက်ဝယ်တွေ့ရှိမှုနှင့်ကိုယ်တိုင်သုံးစွဲမှုပြစ်မှုနှစ်ခုပေါင်း၏ အပြစ်ဒဏ်က ထောင်ဒဏ်(၁၂)နှစ်၊ တစ်ပေါင်း တစ်စည်းတည်းကျခံစေတဲ့။ ဘုရား ဘုရား ကံကြမ္မာ၏ ကျီစယ်မှုက ပြင်းထန်လှချည်လား စစ်ငြိမ်းနောင်! ကျွန်တော်အတွက်ကြောင့်ပင် အရွယ်နှင့်မလိုက်အောင် ဗိုက်တစ်လုံးနှင့်သောကဝေဒနာခံစားနေရရှာသော ချစ်လှစွာသော ဇနီးသည်မလေး၏အဖြစ်ကို မည်သို့မှမကြည့်ရက်နိုင်ပါ။ တစ်ချိန်က ကျောင်းသားဘဝကိုလည်း ပြန်လည်သတိရကာ စိတ်အစဉ်မှာကယောင်ချောက်ခြားဖြစ်ချင်လာရသည်။ အရေးထဲ ချောင်းတွေကလည်း ဆိုးလိုက်တာဗျာ အဆက်မပြတ်ပဲ လည်ချောင်းတွေတောင်ကွဲထွက်သွားမလားအောက်မေ့ရတယ် တစ်နေ့တစ်နေ့ ဝမ်းသွားရတဲ့ ဒုက္ခကလည်းမသေးဘူးဗျာ။ ကျွန်တော် လေးခင်ကိုအရမ်းချစ်တာပါ။ အဲဒီချစ်စိတ်ကြောင့်ပဲ သူလူတန်းစေ့နေနိုင်ဖို့ ကျွန်တော်စီးပွားရေးကို ကြိုးစားတယ်၊ ဒါပေမယ့် အရာမထင်ပါဘူးဗျာ။ အသက်က လည်းငယ်သေးတော့ အတွေ့အကြုံကစကားပြော တာပေါ့။ တစ်နေ့ကျွန်တော်အိမ်ပြန်လာတော့ အိမ်ရှေ့မှာ လေးခင်ကို မတွေ့ဘူး ဒါနဲ့ပဲ နောက်ချင်တဲ့ဥာဏ်ကြောင့် နောက် ဖေးမှာရှိနေမှာပဲဆိုပြီး တိတ်တိတ်လေးလှမ်းလာခဲ့တယ်။ မြင်လိုက်ရတဲ့ မြင်ကွင်းကရင်နင့်လိုက်တာ.... ကျွန်တော့်မိန်းမက ကျွန်တော်တစ်ယောက်စာ ထမင်းကိုဖယ်ပြီး သရက်သီးဆားရေစိမ်ကိုကိုက်လိုက်၊ ရေသောက် လိုက်လုပ်နေတာဗျာ.... ဆို့တက်လာတဲ့အပူလှိုင်းက တဝုန်းဝုန်းနဲ့ရင်ထဲမှာရိုက်ခတ်နေတာ ဒီလိုအငတ်ခံပြီးနေရတဲ့ နေ့ရက်မျိုး သူ့ခမျာ ဘယ်လောက်တောင်များနေလဲမသိဘူး... ကျွန်တော့်အတွေးတစ်ချက်ဖျတ်ခနဲ လက်သွားတဲ့အပေါ်မှာ အသုံးချလိုက်တာက လူငယ်ပီပီဖြတ်လမ်းနည်းနဲ့ အချိန်တိုအတွင်းမှာ အမှီလိုက်မှရတော့မယ်ဆိုတဲ့ အတွေးကို အကောင်အထည်ဖော်ပေးခဲ့သူက ရဲရဲနှင့်ဖောင်ဖောင်း။ ဒီကောင်တွေရဲ့ ဆက်သွယ်ပေးမှုကြောင့်ပဲ Carrier ဘဝကိုရောက်လာခဲ့တယ်။ ဆေးပြား၊ ဆေးမှုန့်၊ ဆေးရည်အစုံပဲဗျာ၊ လုပ်ရတာအတားအဆီးလေးတွေရှိပေမယ့် ငွေရဖို့သိပ်လွယ်တယ်၊ ကျွန်တော့်မိန်းမရဲ့ ပီတိအပြုံးလေးတွေကို ဝဝလင်လင်စားသုံး၊ အန္တရာယ်ဆိုတဲ့ချောက်ရဲ့အတိမ်အနက်ကိုလည်း တွက်မနေတော့ ပါဘူးဗျာ။ အခုတော့ဗျာ အတွက်အချက်မှားတဲ့ သူတို့ရဲ့ လမ်းစဉ်အတိုင်းပဲလျှောက်ရတော့မှာပေါ့။ ကျွန်တော့်ရဲ့ ရင်သွေးဆိုတဲ့အသိကတစ်ဖက် HIVဆိုတဲ့ရောဂါဆိုးကြီးတစ်မျိုး ထောင်ဒဏ် (၁၂)နှစ်ဆိုတဲ့ အနာဂတ် ပုံရိပ်၏နာကျင်မှုကတစ်ဖုံနဲ့ ဆောက်တည်ရာမဲ့နေပြီဖြစ်တဲ့ ကျွန်တော်ထိုက်နဲ့ကျွန်တော်ကံသာရှိပါစေတော့။ လေးခင်ကိုတော့ အပူတွေတစ်ပူပေါ်နှစ်ပူဆင့် မဖြစ်စေချင်တော့လို့ ကျေးဇူးပြုပီးတော့ ကျွန်တော်ရဲ့ရောဂါဆိုးကြီး အကြောင်းကို မပြောလိုက်ကြပါနဲ့ဗျာ၊မပြောလိုက်ကြပါနဲ့...... လေးခင်ခင်! ''လင်ဆိုးမယား၊ တဖားဖား'' ဆိုသည့်အတိုင်း ကျွန်မမှာတစ်ပတ်တစ်ခါ ဗိုက်ကြီးတကားကားဖြင့် ထောင်ဝင်စာသွားတွေ့နေရသည်။ ယခုဆိုလျှင် ကိုယ်ဝန်မှာ (၇)လကျော်၍ (၈)လနီးပါးသို့ပင်ရောက်လာခဲ့လေပြီ။ မကြာမီလူ့လောကကြီးထဲသို့ အခြေချလာတော့မယ့် ကလေးလေး၏ ရှေ့ရေးအနာဂတ်အတွက် ရင်ဆိုင်နိုင်ဖို့စွမ်း အားများမွေးပေဦးမည်။ ပညာသင်ချိန်တွင် အချစ်ကိုကိုးကွယ်မိခဲ့သော ကျွန်မ၏ဆုံးဖြတ်ချက်က တစ်သက်စာ ပြင်မရတဲ့အမှားဖြစ်လာလိမ့်မယ်ဆိုတာ ကြိုသိခဲ့မိလျှင်---- အပြစ်ကင်းစင်ပြီး မသိနားမလည်သေးသော လူ့လောကသို့ ရောက်မလာသေးသည့်ရင်သွေးလေးက ကျွန်မကို ''အမေ့ကြောင့် ကျွန်တော့်အနာဂတ်မလှတော့ဘူး'' ဟု အပြစ်တင်သံကိုသာ အထပ်ထပ်ကြားယောင်ရင်း အချစ်ကို ကိုးကွယ်မိခဲ့သော လူငယ်တို့၏ အနာဂတ်လမ်းသည် ထာဝစဉ်မဖြောင့်ဖြူးနိုင်ကြောင်း ကလေးလေး ကြီးပြင်းလာသောအခါ နားဝင်အောင် သေသေချာချာ ရှင်းပြရပေဦးမည်။ 

+ဆုကဗျာ +

*ကျွန်မလက်ခံထားသော အိမ်ထောင်ရေးဆိုတာ စက်ဘီးတစ်စီးနှင့်တူသည်။ စက်ဘီးအကြောင်း မသိဘဲ ဝယ်မစီးမိကြဖို့ အထူးလိုအပ်လှသည်*

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)