(မဲဆောက်မြို့ ကျောင်းကြီးကျောင်းမှာ)
(အောက်တိုဘာလ၁၀ရက်၊၂၀၁၃။သောင်ရင်းနဂါး)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းသည် ထိုင်း- မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာဘုန်းကြီးကျောင်း ၃ ကျောင်းနှင့် နေ့သစ်အလယ်တန်းကျောင်းတို့အား ကွင်းဆင်းလေ့လာခဲ့ကြောင်း သတင်းရရှိသည်။
(မဲဆောက်မြို့ ကျောင်းကြီးကျောင်းမှာ)
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်ဝင်းက “ကျနော်က မဲဆောက်မြို့မှာရှိတဲ့ မြန်မာဘုန်းကြီးကျောင်းတွေမှာ မြန်မာသံဃာတော်တွေ ကျောင်းထိုင်အဖြစ် သီတင်းသုံးခွင့်ရဖို့၊ ချင်းမိုင်မြို့မှာရှိတဲ့ ၀ပ်ဆိုင်မွန် ဘုန်းကြီးကျောင်းလိုဖြစ်ဖို့အတွက် လာခဲ့တာဖြစ်ပါတယ်။ သက်ဆိုင်ရာ မြန်မာဘုန်းကြီးကျောင်းက ဂေါပကအဖွဲ့ဝင်တွေက စုပေါင်းလက်မှတ် ရေးထိုးပြီးတော့ ဒီဆရာတော်ကိုဖြင့် လက်ခံသဘောတူပါတယ်ဆိုပြီး စုပေါင်းလက်မှတ်ရေးထိုးပြီး မြန်မာသံရုံးဆီကို ပို့ပေးရမယ်။ ဒါကို မြန်မာသံရုံးက မြန်မာအစိုးရနဲ့ ထိုင်းအစိုးရဘက်က သာသနာရေးဆိုင်ရာ တာဝန်ရှိလူကြီးမင်းတွေကို အကြောင်းကြားပြီး သဘောတူညီချက်ယူမယ်။ ဒီကိစ္စအတွက် အဓိကလာခဲ့တာဖြစ်ပါတယ်။ဒီနေ့တောရကျောင်း၊ကျောင်းကြီးကျောင်း၊မယ်တော်ကျောင်းစတဲ့မြန်မာ
ဘုန်းကြီးကျောင်း၃ကျောင်းရောက်ခဲ့တယ်။တောရကျောင်းနဲမယ်တော်ကျောင်းကဒီလိုဆောင်ရွက်ရင်ရြ့ပီ။
ကျောင်းကြီးကျောင်းကတော့ထိုင်းထောက်ခံချက်ရထားလို့ မလိုအပ်တော့ဘူး” ဟု ရှင်းပြသည်။ ထို့အပြင် မြန်မာသံအမတ်ကြီး ဦးတင်ဝင်းသည် ထိုင်း- မြန်မာနယ်စပ် ချစ်ကြည်ရေးတံတားနှင့် ကုတို့ဆိပ်အချို့ကိုလည်းကောင်း၊ တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်းသို့ လည်းကောင်း ၀င်ရောက်လေ့လာကြည့်ရှုခဲ့သည်။
(နေ့သစ်အလကကျောင်းမှာ)
ထို့နောက် မဲဆောက်မြို့ရှိ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) က တည်ထောင်ထားသော နေ့သစ်အလကကျောင်းသို့ ကွင်းဆင်းလေ့လာပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသား အချို့အား အားပေးစကားပြောကြားပြီး အလှူငွေပေးအပ်သည်။ သံအမတ်ကြီး ဦးတင်ဝင်း ၏မဲဆောက်ခရိးစဉ်သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၁ ဦး၏ ပထမဦးဆုံး မဲဆောက်ခရီးစဉ်ဖြစ်ကြောင်း သိရသည်။
(နေ့သစ်အလကကျောင်းမှာ အလှူငွေပေးအပ်)
(နေ့သစ်အလကကျောင်းမှာစုပေါင်းအမှတ်တရပုံ)
(မဲဆောက်မြို့ တောရကျောင်းမှာစုပေါင်းအမှတ်တရပုံ)

No comments:
Post a Comment