>
ပျော်တာကောင်းပါ၏။ သို့သော် ကိုယ်ပျော်ခြင်း
ကြောင့်၊ အဆော့ကစားလွန်ခြင်းကြောင့် တစ်ပါးသူထိခိုက်
နစ်နာသွားစေခြင်းကိုမဖြစ်စေချင်ပါ။ သီတင်းကျွတ်၊
တန်ဆောင်တိုင်မီးထွန်းပွဲကျင်းပချိန်ရောက်ပြီဆိုလျှင်ဖြင့်
ခုလိုသတိပေးစကား အမြဲလိုရေး၊ ဆိုမိပါသည်။
မမေ့နိုင်စရာ အဖြစ်အပျက်တွေက မမြင်ချင်၊
မကြားချင်အဆုံးပါ။
သီတင်းကျွတ်မှာ တွေ့ကြုံခဲ့တဲ့ ဖြစ်ရပ်မှန်တစ်ခုပါ။
““ဖောင်း..ဖောင်း...ဖောင်း””
““ဒိုင်း...ဒိုင်း...ဒိုင်း””
““ဖောက်..ဖောက်...ဖောက်””
ဗြောက်အိုးဖောက်သံတွေ၊ မီးပန်းလွှတ်သံတွေ
တရွှီးရွှီး၊ တရှူးရှူး၊ တဒိုင်းဒိုင်း နားကွဲမတတ်
အလန့်တကြားရှိလှသည်။ ညတိတ်ဆိတ်ချိန်ကြားရလျှင်
အတော်ဆိုးလှပါ၏။ ကလေးလည်းဆော့ကစား၏။
လူငယ်လူရွယ်လည်း ဆော့ကစား၏။ တချို့မသိတတ်သော
လူကြီးများကလည်း ဆော့တတ်ပြန်သေးသည်။
သက်ကြီးရွယ်အိုများနှင့် ဖျားနာပြီး နှလုံးရောဂါ
သမားများဆို လန့်ဖျပ်ပြီး နှလုံးရပ်သွားနိုင်သည်။
ရုတ်တရက်သေနိုင်ပါသည်။
ဗြောက်အိုးဖောက်သူကို လိုက်ရှာကြည့်လျှင်
မတွေ့နိုင်ပါ။ မှောင်ရိပ်ခို၍ လှမ်းပစ်ဖောက်ခြင်း၊ တိုက်
အမြင့်တွေပေါ်မှ ပစ်ဖောက်နေခြင်းဖြစ်သည်။
““ဖောင်း...ဒိုင်း...ဖောင်း...ဒိုင်း””
““ဟဲ့ ဗြောက်အိုးသံတွေ ဆူညံလှချည်လားဟယ်၊
သီတင်းတောင် မကျွတ်သေးဘူး။ ဗြောက်အိုးတွေဘယ်လို
ရောင်းဝယ်နေကြပါလိမ့်””
““ဟုတ်ပါရဲ့...အရောင်းအ၀ယ်မလုပ်ရဘူးလို့
တားဆီးအမိန့်တွေထုတ်ထားတဲ့ကြားက ခက်တယ်နော်””
လမ်းမတော် (၁၅)လမ်းကားဂိတ်တွင် လူများစုံပြီး
ကားကြီး၊ ကားငယ်လည်း အတော်စုံသည်။ ဈေးသွား
ဈေးပြန်၊ ရုံးဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူ၊
ဆရာဆရာမများပါ ကားစီးရန် စောင့်နေကြသည်။
ညနေစောင်းအချိန်မို့ လူအတော်စုံလှသည်လေ။
သီတင်းကျွတ်လဆန်းပြီး သီတင်းကျွတ်လပြည့်ဖို့ရာ
ရက်ပိုင်းသာလိုတော့သည်။ သီတင်းကျွတ်ပွဲတော်သည်
မြန်မာတို့၏ယဉ်ကျေးမှု ဗုဒ်္ဓဘာသာပွဲတော်တစ်ခုပါ။
ဗုဒ်္ဓဘာသာဝင်မိသားစုများက ဗုဒ်္ဓမြတ်စွာဘုရားကို
ရည်မှန်းကာ မိမိတို့အိမ်ဂေဟာများရှေ့တွင် မီးရောင်စုံ
တို့ဖြင့် ထွန်းညှိကာပူဇော်ကြသည်။ လူကြီး၊ လူငယ်၊
ကလေးအားလုံး ပျော်ရွှင်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်သော
ပွဲတော်ကြီးတစ်ခုပါ။ ဘိုးဘွားမိဘများနှင့် ဆင့်ကဲ
အသက်ကြီးသူတို့ကို ကန်တော့ကြ၊ ကုသိုလ်ယူကြနှင့်
မိသားစုတွေ ပျော်ပျော်ပါးပါးဝိုင်းဖွဲ့ဆုံတွေ့ကြသည့်
သီတင်းကျွတ်ကာလဟုဆိုလျှင်လည်း မှားမည်
မထင်ပါ။
ကားဂိတ်မှာလူကလျော့မသွား..
ညနေစောင်းက တဖြည်းဖြည်းအိုလာသည်။
““ဖောင်း...ဖောင်း...ဖောင်း””
တိုက်ပေါ်ကနေ ဗြောက်အိုးတွေပစ်ချနေသည်။
မီးတွေတဖျပ်ဖျပ်တောက်ပွင့်လို့ မီးစတွေတောင်
ပလက်ဖောင်းအောက်ခြေထိကျလာသည်။ အောက်မှာ
ကားဂိတ်ရှိနေတာ။ အိမ်ပြန်ချိန်ကားဂိတ်မှာ လူများနေတာ
မသိနားမလည်နိုင်သူပါလား။
““ဖောက်..ဖောက်..ဖောက်””
““အား...အမလေး... အမေ့””
မထင်မှတ်ဘဲ ကျောင်းသူလေးတစ်ယောက်
နားတစ်ဖက်ကိုလက်နဲ့ဖုံးဖိပြီး တအားအော်နေသည်။
ကားဂိတ်မှလူအားလုံး အလန့်တကြားဖြစ်ကုန်သည်။
ကျောင်းသူလေးဆီအကြည့်ရောက်သွားကြသည်။
မူးမေ့လဲမလိုဖြစ်သွားသည့် ကျောင်းသူလေးကို
အနားမှသူငယ်ချင်းတွေ ၀ိုင်းပြီးထိန်းပေးနေကြသည်။
ဖြစ်မှဖြစ်ရလေ...
““ဟယ်...နားထဲကသွေးတွေ စီးထွက်လာပြီ””
““ဟုတ်ပါရဲ့””
““ဆေးရုံပို့မှဖြစ်မယ်ထင်တယ်””
““အပေါ်ထပ်က...အပေါ်ထပ်က ဟိုအပေါ်ထပ်က
ပစ်ချတာ””
ကားဂိတ်နောက်နားအထပ်မြင့်ဆီ မော့ကြည့်ပြီး
ဝိုင်းအော်ကြသည်။
စည်းမရှိကမ်းမရှိ အရုပ်ဆိုးအကျည်းတန်အောင်
လုပ်တဲ့ ဗြောက်အိုးဖောက်သူကို ကုပ်ပိုးဆွဲဖမ်းပစ်လိုက်
ချင်သည်။
““ဟေ့ ဘယ်ကောင်လဲကွ တိုက်ပေါ်ကဗြောက်အိုး
ပစ်ချတဲ့သူ ဒီမှာထိကုန်ပြီဟ-ထိကုန်ပြီ””
နောက်ထပ် ဗြောက်အိုးတွေကျမလာတော့ပါ။
ဘက်အထပ်ဆီကဆိုတာ အတိအကျမသိနိုင်သလို
တရားခံရှာဖို့ အရေးခက်ပါလိမ့်မည်။
ကျောင်းသူလေး၏ နားထဲမှသွေးတွေက မပြတ်
စီးကျနေသည်။ ပခုံးစွန်းပေါ်၊ ရင်ဘတ်ပေါ် သွေးတွေက
ရဲရဲနီနေသည်။ ကျောင်းသူလေးမှာ ကြောက်လန့်ပြီး
တစ်ကိုယ်လုံးတုန်ကာရှိုက်ငိုနေသည်။
““မကြောက်နဲ့သမီး၊ မကြောက်နဲ့ ဆရာမတို့သမီးကို
ဆေးခန်းပို့ပေးမယ်””
ထင်မှတ်မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခုပင်။
အပျော်လွန်အဆော့လွန်သူကြောင့် တစ်ဖက်သား
မှာ နာကျင်ခံစားဒုက်္ခရောက်ရပြီ။ အတော်ဆိုးရွားသည့်
လုပ်ရပ်ဟု ဆိုချင်သည်။
ဗြောက်အိုးဖောက် အဆော့လွန်သူတို့ကြား
ကျောင်းသူကလေး ထိခိုက်နာကျင်ခံစားသွားရသည်
ကတော့အမှန်။ နားအကြား ဆုံးရှုံးသွားလျှင် ပိုလို့ခံစား
ရရှာမည်။ သီတင်းကျွတ်မီးထွန်းပွဲတော်ကို သာယာ
ချမ်းမြေ့စွာ ခံစားရမည်မဟုတ်တော့၊ တစ်သက်တာ မမေ့
နိုင်စရာဖြစ်တော့မည်။
မီးပန်း၊ ဗြောက်အိုးဆော့သူကိုယ်တိုင် လက်ကို
မီးလောင်ဟပ်ခြင်း၊ ဆံပင်မီးလောင်ခြင်း၊ ယမ်းမီးစ၀င်၍
မျက်လုံးကန်းသွားခြင်းတို့ကို ကြုံဖူး၊ မြင်ဖူး၊ တွေ့ဖူးကြ
မှာပါ။
အန်္တရာယ်ကိုကြောက်ကြပါ။
ပြုလုပ်သူများကိုယ်တိုင်လည်း ပြုလုပ်နေစဉ်အတွင်း
ပေါက်ကွဲမီးလောင်ခြင်း
တို့ကြောင့် သေဆုံးရသည်အထိ
ဖြစ်ကြရသည်။
အများသူငါ အန်္တရာယ်မဖြစ်ဖို့အရေး အသိလေးနှင့်
သတိထားကြပါ။ အသံကျယ်ဗြောက်အိုးများ မဖောက်မိကြ
စေရန် ၀န်းကျင်ကိုလည်းတစ်ဆင့်သတိပေးစကားများ
ပြောကြားပါ။ နှလုံးရောဂါဝေဒနာသည်များ၊ သက်ကြီးရွယ်
အိုများ၊ ကလေးငယ်များကို ကြင်နာပါ၊ စာနာပါ၊ သိတတ်
ပေးကြပါ။
သီတင်းကျွတ်လအခါ မိသားစုတိုင်း၊ မိသားစုတိုင်း
ပျော်ရွှင်အေးချမ်းပြီး ဘေးအန်္တရာယ်အမျိုးမျိုးမှ ကင်းဝေး
ကြပါစေ။ ။
+၀ါဝါထင်လင်း+

Friday, October 11, 2013
Subscribe to:
Post Comments (Atom)
Total Pageviews
Labels
ပညာပေး
(1488)
ကာတွန်းဟာသ
(1343)
ဟာသ
(899)
ဆောင်းပါး
(822)
ကဗျာ
(777)
သတင်း
(533)
.ဆောင်းပါး
(512)
အက်ဆေး/၀တ္ထုတို
(504)
ကြော်ငြာ
(432)
နိုင်ငံတကာထူးခြားသတင်း
(388)
ပညာပေး...
(326)
နိုင်ငံတကာ ထူးခြားသတင်း
(321)
ကဗျာ
(279)
နိုင်ငံတကာအခြားသတင်း..
(253)
ကဗျာ…
(228)
ပုံပြင်
(220)
ဆောင်းပါး….
(203)
အက်ဆေး
(191)
ဘောလုံးဟာသ...။
(156)
သဘောထားအမြင်
(149)
Cartoon
(145)
သတင်း....
(139)
ကဗျာ...
(136)
ကဗျာ.....
(132)
ပညာပေး..
(131)
နိုင်ငံတကာ အခြားသတင်း..
(123)
ပြည်တွင်းသတင်း
(118)
သတင်း..။
(114)
သတင်းတို
(111)
သရော်စာ…
(106)
ဝတ္ထုတို
(105)
ဝတ္ထုတို
(95)
ဓါတ်ပုံသတင်း
(81)
သတင်း..
(79)
ပေးစာ
(79)
ဘာသာပြန် ဝတ္ထုတို
(75)
ဓာတ်ပုံသတင်း
(72)
ကာတွန်း
(64)
ဓာတ်ပုံသတင်း..။
(64)
သရော်စာ
(64)
နိုင်ငံတကာ အခြားသတင်း
(60)
ဓာတ်ပုံသတင်း..
(54)
မေတ္တာစာ
(54)
အောက်မေ့ဘွယ်စာလွှာ
(53)
သတင်း.
(47)
ဘာသာပြန်အက်ဆေး
(46)
်ပုံပြင်
(45)
ကာတွန်းဟာသ-
(44)
ဘောလုံးဟာသ...
(44)
နိုင်ငံတကာအခြားသတင်း
(43)
-ကာတွန်းဟာသ
(40)
နိင်ငံတကာ အခြားသတင်း
(39)
ကဗျာ.
(37)
သတင်းဆောင်းပါး
(36)
News
(35)
ကာတွန်း ဟာသ
(34)
ပညာပေး)
(33)
ကဗျာ(ဟာသ)
(32)
ဟာသကဗျာ
(32)
အောင်မြင်ရေးဒဿန
(30)
xပညာပေး)
(29)
ကြေညာချက်
(28)
ရုပ်သံ သတင်း
(25)
ဂျာနယ်
(24)
TV
(23)
နိုင်ငံတကာ အခြားသတင်း.
(23)
ဘာသာပြန်ဆောင်းပါး
(20)
ရင်ဖွင့်သံ
(19)
သရဲဇာတ်လမ်း
(19)
်ပုံင်္ပြင်
(18)
ထုတ်ပြန်ချက်
(14)
ဓာတ်ပုံ
(13)
ဘာသာပြန်ပုံပြင်
(13)
ဓာတ်ပုံသတင်း
(12)
သတင်းဓါတ်ပုံ
(12)
သီချင်း
(12)
အင်တာဗျူး
(12)
အတွေးအမြင်
(12)
ဓာတ်ပုံသတင်း.
(11)
ပုံင်္ပြင်
(11)
အယ်ဒီတာ့ထံပေးစာ
(11)
ဥာဏ်စမ်း
(11)
Photo News
(10)
poem
(10)
ဂျာနယ်
(10)
ဟာသအက်ဆေး
(10)
(ကျန်းမာရေး ပညာပေး)
(9)
.
(9)
x ပညာပေး)
(9)
ဘာသာပြန်
(9)
The Article
(8)
ခရီးသွား.ဆောင်းပါး
(8)
နိုင်ငံတကာအခြားသတင်း
(8)
ဘာသာရေးဆောင်းပါး
(8)
သတင်း.ဆောင်းပါး
(8)
ဗေဒင်
(8)
သတင်းတို.
(7)
ဟာသ ဝတ္ထုတို
(7)
တဘောင်
(6)
ကှဗျာ
(5)
နိုင်ငံထူးခြားသတင်း
(5)
ဘာသာရေး၊ဓမ္မပုံပြင်
(5)
မိန့်ခွန်း
(5)
သမိုင်းစကား၊ ပန်းစကား
(5)
ဟာသ ဓာတ်ပုံ
(5)
အားကစားသတင်း
(5)
song
(4)
ကာတွန်းဟာသ
(4)
စကားပုံ
(4)
ထူးခြားသတင်း
(4)
ပညာပေ;
(4)
သတင်း.တို.
(4)
သရော်စာ
(4)
ဟာသ-
(4)
်ဆောင်းပါး
(4)
-ကာတွန်းဟာသ-
(3)
interview
(3)
ထုပ်ပြန်ချက်
(3)
ဓမ္မဒါန
(3)
ဓါတ်ပုံအက်ဆေး
(3)
ဓာတ်ပုံအက်ဆေး
(3)
ပညာပေ
(3)
ဖိတ်စာ
(3)
ရုပ်သံ
(3)
သတင်း.တို.။
(3)
ဟာသ အင်တာဗျူး
(3)
ဟာသ.
(3)
အင်တာဗျူးး
(3)
အတိုဆုံးဝတ္ထုတို
(3)
အယ်ဒီတာ့အာဘော်
(3)
ဘောလုံးဟာသ.
(3)
(ဟာသ)
(2)
By....meepyatite
(2)
Statement
(2)
Story
(2)
With Best Regards
(2)
aဆာင်းပါ
(2)
ကန်တော့ချိုး
(2)
ကျန်းမာရေး ပညာပေး
(2)
ဇာတ်လမ်းတို
(2)
ပန်းချီ
(2)
ပုံပြင်
(2)
ဘာသာပြန်ကဗျာ
(2)
ရုပ်ပုံအတွေး
(2)
ဟာသပုံပြင်
(2)
အစီရင်ခံစာ
(2)
အမှတ်တရ
(2)
အတွေး
(2)
ဦးဦး မှော်ဆရာ
(2)
ဆောင်းပါ
(2)
ပြဇာတ်
(2)
(xပညာပေး)
(1)
(ပညာပေး)
(1)
)
(1)
....
(1)
2010 at 11:22pm
(1)
=နိုင်ငံတကာ အားကစားသတင်းများ
(1)
Announce
(1)
By: Sara Yin (ကျန်းမာရေး ပညာပေး)
(1)
By; Silver Moon အင်တာဗျူး
(1)
General Knowledge
(1)
Joke
(1)
Photo Essay
(1)
Thanks
(1)
aဆာင်းပါး
(1)
khana.na155 ကဗျာ
(1)
minkonaing
(1)
ကဗျာ(
(1)
ကဗျာ… By..Blue gyee
(1)
ကာတွန်းဟာသ <br /> <br />
(1)
ကိုယ်တိုင်ရေးကဗျာ သီဟသူ
(1)
ခရီးသွားဆာင်းပါး
(1)
ခရီးသွားဆောင်းပါး
(1)
စကား
(1)
စကားပုံ
(1)
စာစု
(1)
စိုးမိုးကျော် (ဟာသ)
(1)
ဆက်သွယ်ရန်
(1)
ဓါတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအက်ဆေး
(1)
ဓာတ်ပုံအတွေး
(1)
နူတ်ခွန်းဆက်လွှာ
(1)
ပ
(1)
ပညာပေ;း
(1)
မိန့်ခွန်း
(1)
ရုပ်ရှင်
(1)
သတင်း နှင့်ဟာသ
(1)
သတင်း.တို
(1)
သတင်းကဗျာ
(1)
သတင်းသီချင်း
(1)
သရော်ကဗျာ
(1)
ဟသ
(1)
ဟာသအင်တာဗျူး
(1)
ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း
(1)
အဆိုအမိန့်
(1)
အထ္ထုပ္ပတ္တိ)
(1)
အားကစားသတင်းများ
(1)
အခြားသတင်း
(1)
ဦးဦး မှော်ဆရာ ပညာပေး..
(1)
ုပုံပြင်
(1)
ဆောင်းပါ;
(1)
ပေးပို့ သူ .. စိုးမိုးကျော် ဟာသ
(1)
ပေးပို့ သူ...သက်နိုင် ကဗျာ…
(1)
ပေးပို့ သူ…greenleave
(1)
်ပုံပြင်
(1)
ွ
(1)
ရုပ်သံ
(1)
• Posted by thant zin htwe on နိုဝင်ဘာ 19
(1)
….
(1)
No comments:
Post a Comment