ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 28, 2013

--ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ--

>
**ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာမာကဲအား ၂၀၀၂ ခုနှစ်မှစတင်ကာ အမေရိကန်ကထောက်လှမ်း နေခြင်းဖြစ်** 
(မြူးနစ် အောက်တိုဘာ ၂၇)
ဂျာမနီဝန်ကြီးချုပ် အိန်ဂျယ်လာမာကဲသည် ၂၀၀၂ ခုနှစ်မှစပြီး ၄င်း၏ မိုဘိုင်းဖုန်းမှတစ်ဆင့်အမေရိကန်က သူလျှိုလုပ်နေခြင်းကို ခံခဲ့ရကြောင်း ဒါစပီး ဂဲလ်မဂ်္ဂဇင်းက ဖော်ပြသည်။ မာကဲဝန်ကြီးချုပ်ဖြစ်မလာမီ ၂၀၀၂ ခုနှစ်မှစတင်ကာ ထောက်လှမ်း နေခြင်းဖြစ်ကြောင်း၊ အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီ၏ လျှို့ဝှက် မှတ်တမ်းများရှိကြောင်း ဂျာမနီနိုင်ငံထုတ် အဆိုပါမဂ်္ဂဇင်းက ဖော်ပြသည်။

 **ဖော်ပြ**
၎င်း၏ ဖုန်းနံပါတ်ကို ၂၀၁၃ ခုနှစ်အထိ ထောက်လှမ်းနေဆဲဖြစ်သည် ဟုဖော်ပြသည်။ ထိုအတောအတွင်း အမေရိကန်အမျိုးသားထောက်လှမ်းရေး အေဂျင်စီအစီအစဉ်နှင့်ပတ်သက်ပြီး ၀ါရှင်တန်၌ ဆန်္ဒပြခဲ့ကြသည်။ အချို့သော ဆန်္ဒပြသူများက ထောက်လှမ်းရေး ကန်ထရိုက်တာဟောင်း အက်ဒ်ဝပ်စနိုးဒန်းအား ထောက်ခံကြရန် ဆိုင်းဘုတ်များကိုင်ဆောင်ထားကြ သည်။ စနိုးဒန်းသည် အမေရိကန်အမျိုးသား ထောက်လှမ်းရေးအေဂျင်စီသတင်း များကို ဖွင့်ချခဲ့သူဖြစ်သည်။ ယင်းထောက်လှမ်း ရေးသတင်းစုံစမ်းစစ်ဆေးရန် အတွက် ဂျာမနီက ထောက်လှမ်းရေးအရာရှိချုပ်ကို ၀ါရှင်တန်သို့ စေလွှတ်ရန် ပြင်ဆင်လျက်ရှိသည်။(ဘီဘီစီ)

** လျှို့ဝှက်ထောက်လှမ်းရေး စီမံကိန်းရပ်တန့်ပစ်ရန် လူပေါင်းရာနှင့်ချီ၍ တောင်းဆိုကြ**
(၀ါရှင်တန် အောက်တိုဘာ ၂၇)

အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီတွင် လူပေါင်းရာနှင့်ချီ၍ အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) ၏ ဆိုက်ဘာထောက်လှမ်းနေမှုများ ကို ဆန့်ကျင်ဆန်္ဒပြမှုတစ်ရပ် အောက်တိုဘာ ၂၆ ရက်က ဖြစ်ပွား ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြ သည်။ ဆန်္ဒပြလူအုပ်သည် နေ့လယ်ပိုင်း ၌ ယူနီယံစတေရှင်မှ ကတ်ပီတယ် အဆောက်အအုံသို့ ချီတက်ဆန်္ဒပြ ကြသည်။ NSA ၏ PRISM ဟု အမည်ဝှက်ပေးထားသည့် ထိပ်တန်း လျှို့ဝှက်ထောက်လှမ်းရေး စီမံကိန်း ကိုဆန့်ကျင်ကာ ယင်းစီမံကိန်းကို အိုဘားမားအစိုးရက ရပ်တန့်ပစ်ရန် တောင်းဆိုကြသည်။ ဆန်္ဒပြသူများသည် ““သူလျှို လုပ်ခြင်းရပ်””၊ ““ခြေရာခံစောင့်ကြည့် နေခြင်းများရပ်””ဟူသော စာတမ်းများ အပြင် ““ကျေးဇူးပါ၊ အက်ဒ်ဝပ်စနိုးဒန်း”” ဟူသောစာတမ်းများကို ကိုင်မြှောက် ကာ ချီတက်ကြခြင်းဖြစ်သည်။ ယင်းထောက်လှမ်းရေးစီမံကိန်း ကို ရပ်ပစ်ရန် လွှတ်တော်သို့တောင်းဆို သည့်စာတစ်စောင်ကိုလည်း ဆန်္ဒပြသူ သန်းဝက်ကျော်က လက်မှတ်ရေးထိုး တင်ပြခဲ့ကြသည်။ ယခုဆန်္ဒပြပွဲကို အမေရိကန် လူ့ဘောင်လွတ်လပ်ခွင့် ယူနီယံနှင့် FreedomWorksစသည့် အဖွဲ့ အစည်းများပါဝင်သည့် ညွန့်ပေါင်း အဖွဲ့တစ်ဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့ ခြင်းဖြစ်သည်။ NSA ၏ PRISM ထောက်လှမ်း ရေးစီမံကိန်းကို အမျိုးသားအကျိုး စီးပွားအတွက်ဟု ၀ါရှင်တန်က ပြော ထားသော်လည်း ပြည်ပနိုင်ငံများက ယင်းစီမံကိန်းကြောင့် စိတ်ဆိုးဒေါသ ထွက်စရာဖြစ်ခဲ့ရသည်။(ဆင်ဟွာ)  

**ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီများ သုံးရက်ကြာဆန်္ဒပြပွဲစတင်**
ဘင်္ဂလားဒေ့ရှ် အတိုက်အခံပါတီများက အစိုးရနုတ်ထွက်ရန် ကြိုးပမ်းမှု တစ်ရပ်အဖြစ် သုံးရက်ကြာဆန်္ဒပြပွဲကို စတင်လိုက်ပြီဖြစ်ကြောင်း အောက် တိုဘာ ၂၇ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ရဲအဖွဲ့က ဘင်္ဂလားဒေ့ရှ် အလယ်ပိုင်း ဆန်္ဒပြပွဲတစ်ရပ်တွင် သေနတ်ပစ်ဖြိုခွင်းခဲ့သဖြင့် အနည်းဆုံး ဆန်္ဒပြသူတစ်ဦး သေဆုံးသွားသည်။ အစိုးရအနေဖြင့် ဇန်န၀ါရီလ အထွေထွေ ရွေးကောက်ပွဲအတွက် ယာယီအစိုးရအဖွဲ့ထူထောင်ရန် မလွဲမသွေတာဝန်ရှိ ကြောင်း အတိုက်အခံအဖွဲ့က ပြောကြားသည်။ သို့ရာတွင် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာနှင့် ၄င်းအား ဝေဖန်တိုက်ခိုက်သူများသည် ကြားဖြတ်အစိုးရ ဖွဲ့စည်းမှုအပေါ် သဘောထားကွဲလွဲနေကြသည်။ ယင်းဆန်္ဒပြမှုသည် အကြမ်း ဖက်မှုများပါ၍ ရဲအဖွဲ့က ပစ်ခတ်ဖြိုခွင်းထိန်းသိမ်းနေရသည်ဟု ဆိုသည်။ 

**ဆိုမာလီ ရေဒီယိုစခန်းဌာနချုပ်ကိုရဲအဖွဲ့ကစီးနင်းသိမ်းပိုက်**
ဆိုမာလီရဲအဖွဲ့က မြို့တော်မိုဂါဒစ်ရှူးရှိ ရေဒီယိုစခန်းဌာနချုပ်ကို ၀င်ရောက် စီးနင်းသိမ်းပိုက်လိုက်သဖြင့် အသံလွှင့်လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ကြောင်း အောက်တိုဘာ ၂၆ ရက် ဘီဘီစီသတင်းတွင် ဖော်ပြသည်။ ယင်းကဲ့သို့ လုပ် ဆောင်ခြင်းမှာ အစိုးရက ပိုင်ဆိုင်ထားခြင်းကို ပြန်လည်ရယူခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားသည်။ အဆိုပါအသံလွှင့်ရုံသည် ထိပ်တန်းတာဝန်ရှိ သူများအား ဝေဖန်တိုက်ခိုက်နေသော အသံလွှင့်ရုံဖြစ်သည်ဟု ဆိုသည်။ ယင်း တိုက်ခိုက်မှုသည် အစိုးရနှင့် အစ်္စလာမ်္မစ်အုပ်စုများ တိုက်ခိုက်နေသည့်ဖြစ်စဉ် များ၏ နောက်ဆုံးဖြစ်ကြောင်း မီဒီယာဝေဖန်သူများက ပြောသည်။ 

+မြင့်မောင်စိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)