ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 28, 2013

-လုပ်အားခများ ၄ ကြိမ် ခွဲပေးရန် မဲဆောက်မြို့ Tip အထည်ချုပ်စက်ရုံ အလုပ်ရှင်မှ သဘောတူ-

>
(ထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်မြို့ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံးတွင်ယနေ့  အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ချုပ်ဆိုရန်ဆွေးနွေးနေကြစဉ်)Photo-JACBA

*(အောက်တိုဘာလ ၂၈ ရက်၊ ၂၀၁၃၊ သောင်ရင်းနဂါး)*

 ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် ၊ မဲဆောက်မြို့ရှိ ထိုင်းအလုပ်သမားဝန်ကြီး ဌာန၊ မဲဆောက်မြို့နယ် အလုပ်သမားကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ထံသို့ အလုပ်ရှင်က မပေးပဲ ထားခဲ့သော လုပ်အားခ (၂၃၁၂၅၅) ဘတ်အား ပြန်လည်ပေးအပ်ရန် ဆက်သွယ်အကြောင်းကြားခဲ့ကြသောမဲဆောက်မြို့၊ ဟိုဖွိုင်ရပ်ကွက်ရှိ Tip Garment Co,ltd (အရပ်အခေါ်-ပလာတာစက်ရုံ) မှ အလုပ်သမား တို့နှင့် အလုပ်ရှင်တို့ ၂ ဦး ၂ ဘက် ယနေ့ သဘောတူညီကြပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့ မတိုင်မီကတည်းက လုပ်အားခမပေးပဲအလုပ်ချည်းသာ ခိုင်းစေနေသဖြင့် အလုပ်လိုစိတ်မရှိကြတော့ပဲ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့တွင် ထိုင်းအလုပ်သမား ၀န်ကြီးဌာန၊ မဲဆောက်မြို့အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်)ထံသို့ မြန်မာပြည်သား များအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) နှင့် အတူ ဆက်သွယ်တိုင်ကြားခဲ့ကြသည်။ သို့ သော်အလုပ်ရှင်သက်က ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ တွင်တစ်ဦးလျှင် ဘတ် (၁၀၀၀၊ ၅၀၀) စသဖြင့် ဈေးဖိုးပေးကြသော်လည်း မယူကြသောကြောင့် အလုပ်ရှင်ကထိုနေ့ တွင်ပင် စက်ရုံအတွင်းမှ မောင်းထုတ်ခဲ့သည်။ ထိုသို့ အလုပ်ရှင်မှ မောင်းထုတ်ခဲ့သဖြင့် Tip Garment Co,ltd မှ အလုပ်သမားများ သည် မဲဆောက်မြို့ရှိ အဝေးရောက် ဧရာဝတီအသင်း၊ ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေး အဖွဲ့ (FED)၊ အခြားစက်ရုံအလုပ်ရုံများ၏ ပြင်ပတန်းလျားနေရာစသဖြင့် အလျဉ်းသင့်သလို နေထိုင်ခဲ့ကြရပြီး အလုပ်အကိုင်သစ်များကိုလည်း ရှာဖွေလုပ်ကိုင်ခဲ့ကြသည်။

ယနေ(အောက်တိုဘာလ၂၈ရက်)့ တွင်မူထိုင်းအလုပ်သမားဝန်ကြီးဌာနမဲဆောက်မြို့အလုပ် သမားကြီးကြပ်ကာကွယ်ရေးရုံး (ဆ၀ါဒီကန်) ဦးစီးအရာရှိ ဖိဆွန်ဘွန်း၏ရှေ့မှောက်၌ အလုပ်ရှင် ဇနီးမောင်နှံ၊ အလုပ်သမားကိုယ်စားလှယ် ၁၁ ဦးတို့ ညှိနှိုင်း ဆွေးနွေးခဲ့ကြပြီး အလုပ်ရှင်၊ အလုပ်သမားသဘောတူစာချုပ်တစ်ခုကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ စာချုပ်အရ အလုပ်ရှင်သည် Tip Garment Co,ltd မှ အလုပ်သမား (၆၇) ဦးအား ၄ ရစ်ခွဲကာ လုပ်အားခများ ပြန်ပေးရမည်ဖြစ်ပြီး ပြန်ပေးရမည့်ငွေ စုစုပေါင်း (၂၃၂၅၀၇) ဘတ် ဖြစ်၏။ ဤနေရာတွင် အလုပ်ရှင်ဆီမှ အကြောင်းအမျိုးမျိုးပြကာ ကြိုတင်ထုတ်ယူထားသော အလုပ်သမား ၁၇ ဦးခန့်ကို ထုတ်နုတ်ရန်ရှိသဖြင့် အလုပ်သမား ၅၀ ဦးအတွက် သီးသန့်တွက်ချက်ပေးရမည်ဖြစ်၏။ လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ၊ ဖေဖော်ဝါရီလ မတ်လနှင့် ဧပြီလ စသည်ဖြင့်၎ လအတွင်း ဤသတ်မှတ်ငွေကို အလုပ်ရှင်ဘက်မှ အကြေပေးဆောင်ရမည် ဖြစ်၏။

Photo-JACBA(မဲဆောက်မြို့  Tip Garment Co,ltd )

ယနေ့အတိုင်းအတာ တစ်ရပ်အတိအောင်မြင်မှုနှင့် ပတ်သက်၍ Tip Garment အလုပ်သမားကိုယ်စားလှယ်ကို ကျော်စည်သူက “အလုပ်ရှင်နဲ့ အလုပ်သမားညှိနှိုင်းကြရတယ်ဆိုတော့ မိမိဘက်က လိုချင်သလောက်တော့ မရဘူးပေါ့ဗျာ။ လျှော့ပေးရတာတွေရှိတာပဲ။ ဘာပဲဖြစ်ဖြစ် ကိုယ်တောင်းသလောက် သူကမပေးနိုင်လို့ တစ်နေရာကို ရှောင်ပြေးရင် ဘာမှမရနိုင်တော့ဘူးလေ။ ဒါကြောင့် ဆ၀ါဒီကန်ရုံးမှာ အလုပ်ရှင်ကိုလည်း အချိန်ပေးပြီး ကျနော်တို့ ပိုက်ဆံကို ပြန်ပေးနိုင်အောင် ညှိနှိုင်းကြရတာဖြစ်ပါတယ်။ အခုချိန်မှာ ကျနော်တို့ အားလုံး လုပ်ငန်းအသစ်တွေလုပ်နေကြပါပြီ။ မြန်မာသံရုံးအပါအ၀င် ဥပဒေကြောင်းအရ အကူအညီပေးသူတွေ ကိုရော နေရာချထားပေးသူတွေကိုရော အားလုံးကို ကျေးဇူးတင်ပါတယ်ဗျ”ဟု ပြောပြသည်။ 

ဤ Tip Garment Co,ltd အလုပ်သမား ၆၇ဦးတို့၏ ဥပဒေလမ်းကြောင်းအရ ရင်ဆိုင်ရေးကိုမူ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင်၊ မြန်မာသံရုံးအလုပ်သမားအကျိုးဆောင် ကော်မတီအဖွဲ့ဝင်မြန်မာ ပြည်သားများအရေး
ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) မှ ဦးမိုးကြိုး၊ ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့(FED)၊ ထိုင်းရှေ့နေများကောင်စီဥပဒေ အထောက်အကူပြုဌာန (LLC)၊ တို့က ဘက်ပေါင်းစုံမှ သိုင်းဝိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)