ချန်ပီယံလိဂ်အုပ်စုပွဲစဉ်-၂ မှာ မန်ယူပရိသတ်တွေ ရင်မောခဲ့ရပြန်ပါတယ်။ နည်းပြမိုယက်စ်အပေါ် ဖိအားတွေပြုံဆင်းသွားသလို မြို့ခံမန်စီးတီးတို့လည်း နည်းပြဂွာဒီယိုလာရဲ့ ဘိုင်ယန်မြူးနစ်ရှေ့မှာ ဒူးထောက်ခဲ့ရပါတယ်။ ရီးရဲမက်ဒရစ်က ပြတ်သားတဲ့ရလဒ်ကို ပုံဖော်နိုင်ခဲ့ပေမယ့် ဂျူဗင်တပ်စ်တို့ကတော့ အိမ်ကွင်းမှာ တစ်မှတ်နဲ့ ဖြေသိမ့်ခဲ့ရပါတယ်။
**ရှက်တာဒိုးနက်နှင့် မန်ယူ**
(ခေါင်းကိုသာနာနုာကုတ်.တော့..မိုယက်စ်ရေ)
ပွဲမစခင်ကတည်းက ပရိသတ် တွေ ရင်တမမဖြစ်နေရတဲ့ မန်ယူဟာ ပွဲ ကစားတော့လည်း ရသမမြောက်ခဲ့ ပြန်ပါဘူး။ ဗန်ပါစီ၊ ၀ဲလ်ဘတ်တိုက်စစ် အတွဲဟာ ရှက်တာဒိုးနက် နောက်တန်း ကို ထိတ်လန့်စရာမဖြစ်စေခဲ့ပါဘူး။
(ရှက်တာဒိုးနက်ရဲ့ အပျော်)
**ရီးရဲမက်ဒရစ်နှင့် ကိုပင်ဟေဂင်**
စီရိုနယ်ဒိုရဲ့ သွင်းဂိုးတွေကြောင့် နည်းပြအန်ဆယ်လော့တီ ပြုံးပန်းပွင့် နိုင်ခဲ့ပါတယ်။ ဂါရက်ဘေးလ်ဒဏ်ရာ ကြောင့် မပါနိုင်ခဲ့ပေမယ့် ပွဲချိန် ၂၁ မိနစ်မှာ စီရိုနယ်ဒိုက မာဆယ်လိုဖန်တီး ပေးမှုကတစ်ဆင့် ဂိုးစတင်သွင်းယူ နိုင်ခဲ့ပါတယ်။ ဆက်လက်ပြီး ၆၅ မိနစ်မှာ စီရိုနယ်ဒို၊ ၇၁ မိနစ်နဲ့ နာကျင် အချိန်ပိုမှာ ဒီမာရီဟာတို့က ဂိုးတွေဆက်တိုက်သွင်းယူခဲ့လို့ ရီးရဲ မက်ဒရစ်တို့ လေးဂိုးပြတ်နိုင်ပွဲရရှိခဲ့ တာပါ။ စီရိုနယ်ဒိုဟာ ချန်ပီယံလိဂ် နှစ်ပွဲဆက် ငါးဂိုးသွင်းယူနိုင်တဲ့ အင်ဇာဂီရဲ့ ဂိုးသွင်းစံချိန်နဲ့တူညီသွား ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးပွဲ ၂၀ မှာ ၂၆ ဂိုးသွင်းယူနိုင်တဲ့စံချိန်လည်း ရရှိသွားပါတယ်။
**မန်စီးတီးနှင့် ဘိုင်ယန်မြူးနစ်**
အစဉ်အလာအတိုင်း မန်စီးတီး နည်းပြ ပယ်လီဂရီနီဟာ ဘိုင်ယန်မြူး နစ် နည်းပြဂွာဒီယိုလာရှေ့မှာ မမော် ကြွားနိုင်ခဲ့ပါဘူး။ အဓိက ကစားသမား တွေနဲ့ ပွဲထွက်လာတဲ့ဒီနှစ်သင်းမှာ ဘိုင်ယန်မြူးနစ်ရဲ့ ဖိအားပေးမှုအောက် မှာ မန်စီးတီးတို့ နစ်မြုပ်မတတ် ဖြစ်ခဲ့ ပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ပွဲချိန် ၇ မိနစ်မှာ ရစ်ဘာရီ၊ ၅၆ မိနစ်မှာ မူလာ၊ ၁၉ မိနစ်မှာ ရော်ဘင် တို့က ဂိုးသွင်းယူခဲ့ကြပြီး ဦးဆောင်ခဲ့ပါ တယ်။ မန်စီးတီးအတွက် ချေပဂိုး တစ်ဂိုးကိုတော့ ၇၉ မိနစ်မှာ နီဂရီဒိုက သွင်းယူပေးခဲ့လို့ မန်စီးတီးတို့အိမ်ကွင်း မှာ သုံးဂိုး-တစ်ဂိုးနဲ့ ရှုံးနိမ့်ခဲ့လို့ မန် စီးတီး ပရိသတ်တွေ ကြေကွဲခဲ့ရပါ တယ်။
**ဂျူဗင်တပ်စ်နှင့် ဂါလာတာစာရေး**
တီဗက်ဇ်ဦးဆောင်တဲ့ ဂျူဗင်တပ်စ် တိုက်စစ်ဟာ ဘောလုံးဆုံးရှုံးမှုတွေ များခဲ့လို့ အခွင့်အရေးကောင်းတွေ လက်လွတ်ခဲ့ရပါတယ်။ ပွဲချိန် ၃၆ မိနစ်မှာ ဒရော့ဘာက ဂါလာတာ စာရေးအတွက် အဖွင့်ဂိုးသွင်းယူပေး ပြီး ၈၈ မိနစ်မှာ ဘူလက်က တစ်ဂိုး သွင်းယူခဲ့လို့ ဂါလာတာစာရေးတို့ နှစ်ဂိုးရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်ရဲ့ ဂိုးတွေကိုတော့ ပယ်နယ်တီက တစ်ဆင့် ၇၈ မိနစ်မှာ ဗီဒဲလ်က တစ်ဂိုးနဲ့ ၈၇ မိနစ်မှာ ကွာဂလီရယ်လာက သွင်းယူခဲ့လို့ နှစ်ဂိုးစီ ဖြစ်ခဲ့ပါတယ်။
+မိုးမြင့်လင်းလက်+
(မန်ယူ နဲ့ မန်စီးတီးတို့ရဲ့ ချန်ပီယံလိဂ်ကြေကွဲည)

No comments:
Post a Comment