ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 17, 2013

--နာဖျားညနေ--

>
ကောင်းကင်ကို မော့မကြည့်ဖြစ်တာ ကြာခဲ့ပြီ။ ဒီနေ့တော့ ဟိုးးအဝေးက မိုးကောင်းကင်ကြီးထက် ကိုယ် မော့ကြည့်နေမိတယ်...။ မုန်တိုင်းစဲလ ရက်ကာလများရဲ့ထုံးစံ တိမ်စိုင်တိမ်လိပ်တွေက ဟို သည် ရွေ့လို့......။ တိမ်တွေကို ငေးစိုက်ကြည့်ရင်း တိမ်စိုင်တွေရဲ့ သဏ္ဍာန်ဟာ ကိုယ့် အတွက် အရိပ်အယောင်တွေ ထင်ဟပ်လာတယ်။ ဘယ်သူပြောသလဲ...ကိုယ် ချစ်တဲ့သူတွေဟာ ကိုယ့် အနားမှာ မရှိဘူးလို့....။ ဟိုးး မှာ ကိုကို က ကြည်ကြည်လင်လင်ပြုံးရယ်နေတယ်။ အလင်းတွေက တဖျပ်ဖျပ်....လေတိုးသံ ခပ်သဲ့သဲ့နဲ့အတူ `ညီမလေး´ ခေါ်သံကို ကြားလိုက်ရတယ်...။ ဘယ်သူပြောသလဲ.......ကိုကို ဟာ ကိုယ် နဲ့ အဝေးကြီးလို့...တစ်မြေတည်း တစ်မြို့နယ်ထဲမှာ သူ ရှိနေတယ်။ အရင်လို ရန်ကုန်မြေကို ကိုယ် ရောက်နေတာ သူ မသိမဟုတ်ဘူး။ အခု သူ သိနေပြီ။ ညီမလေး ရေ........ တဲ့....။ ချိုသာမြဲ ကိုကို့ အသံက ဟိုးးး လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်ကလို ချစ်ခင်မှုတွေ လွှမ်းခြုံနေမြဲ..။ အိမ်နောက်ဘက်မှာ တသွင်သွင်စီးနေတဲ့ စမ်းချောင်းလေးတွေ ရှိတယ်။ ကိုယ် တို့ မောင်နှစ်မတွေ ခူးဆွတ်စားခဲ့တဲ့ မာလကာပင်တွေ တစ်ခြံလုံးမွှေးပျံ့နေအောင်ရှိတယ်။ ကိုကို က ဂစ်တာတီးတဲ့အခါ ညီမလေးက သီချင်းလေး မပီကလာဆို....ဟင့်အင်း လှေစီးချင်သေးတယ် ကိုကို ရဲ့..` ငါး အရိုး ထွင်ပေးမယ် ညီမလေး´ .....`ကိုကို အိမ်ပြန်နောက်ကျတယ် မေမေ ဆူနေပြီ´....... `သမီး ပထမ ရတယ် ကိုကို´ .........`ဟို ကောင်မလေးကို သမီး မခေါ်ဘူး ကိုကိုရဲ့´......... `ညီမလေး စွန်လွှတ်မလား´.......... `စွန်လေးတွေ အောက်ပြုတ်ကျလာရင် ဘယ်လို လုပ်မလဲဟင်´......... တိမ်တွေဟာ လေတစ်ချက်လူးအလွန့် ကိုကို့ ကို ဆွဲခေါ်ချေမွသွားတယ်။ ငေးကြည့်နေဆဲ ကိုကို့ အပြုံးက လေ ရဲ့ အဝှေ့မှာ မဲ့သလို ပျက်ပြယ်.......။ အရိပ်တွေ လူးလွန့်လာပြန်တယ်။ ဟင့်အင်း ...သူတို့ကို ကိုယ် မလိုချင်ဘူး...။ `မ´ သွားပါ ....လေတွေရယ်...ဒီ ပုံရိပ်တွေကို ခေါ်ဆောင်သွားပါ။ လေပြင်းတစ်ချက်နဲ့ ခပ်ကြမ်းကြမ်းဖြိုဖျက်ပေးလှည့်ပါ..။ လေကြမ်းဟာ ကိုယ့် အလိုကို လိုက်သလိုမျိုး ဝေ့ခနဲ တစ်ချက် တိမ်စိုင်တွေ ပြိုပျက်သွားပြန်တယ်။ သံစဉ်လေးတစ်ခုကို တိုးဖျဖျ ကြားလိုက်ရတယ်...။ ရင်းနှီးကျွမ်းဝင်တဲ့ သံစဉ်ဟာ ကိုယ့် ရင်ကို နွေးထွေးလွှမ်းခြုံ...ကိုယ် ညင်ညင်သာသာလေးပြုံးမိပါတယ်...။ တိမ်စိုင်ဟာ မပီပြင်ဘူး..၀ိုးတ၀ါးနိုင်လှရဲ့....ဒါပေမယ့်
ကိုယ် အေးချမ်းကြည်လင်စွာငေးစိုက်ကြည့်မိတယ်။ ကိုယ် ချစ်တဲ့ တိမ်ဖြူဟာ ဂီတသံစဉ်တစ်ခုကို အေးချမ်းစွာ ရွတ်ဆိုလို့....။ ကမ္ဘာလောက....လူ့ပတ်ဝန်းကျင်ကို မြင်တဲ့ ကိုယ့် အမြင်တွေဟာ တစစ အေးချမ်းငြိမ်သက်လာတယ်...။ တိမ်ဖြူလေးဟာ သူ့ အလုပ် သူ လုပ်နေတာပါပဲ...။ ဒါပေမယ့် တစ်ချက် တစ်ချက် တော့ ကိုယ့်ဘက် စောင်းငဲ့ကြည့်လို့...။ ကိုယ် တစ်စုံတစ်ခုပြန်ပြောမိသလား..ပြန်မပြောမိဘူးလား...။ သေချာစွာ မသဲကွဲဘူး..။ သေချာလွန်းနေမှာက ကိုယ် အေးချမ်းစွာတိတ်ဆိတ်နေပေးနေခဲ့မှာကိုပဲ...။ လေပြေဟာ ခပ်သဲ့သဲ့ တိုက်ခတ်ပြန်တယ်...။ တိမ်စိုင်တွေ ဟို သည် ဖြည်းညင်းစွာ ရွေ့လျားလို့.....။ ဖျတ်ခနဲ ပိတ်လိုက်မိတဲ့ မျက်လွှာအစုံမှာ မျက်ရည်တစ်စက်လွင့်စင်သွားတယ်...။

Posted by ရွှေအိမ်စည်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)