ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 17, 2013

--ဘယ်လ်ဂျီယံ၊အီတလီ၊ဂျာမနီ၊နယ်သာလန်၊ဆွစ်ဇာလန်၊ရုရှား၊ ဘော့စနီးယား၊ အင်္ဂလန်၊စပိန်တို့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီ---

> (ဒီတစ်ခါကမ်္ဘာ့ဖလားမှာသတိထားစောင့်ကြည့်ကြရမယ့်(ကွန်ပနီ၊အီဒင်ဟာဇက်၊ ရာမီရက်စ်၊ဖယ်လိုင်နီ။လူကာကူ)နဲ့ ခြေစွမ်းကောင်းသူတွေရဲ့ ဘယ်လ်ဂျီယံအသင်း)
ကမ်္ဘာ့ဖလားဥရောပဇုန်ခြေစစ်ပွဲစဉ်များ၏ နောက်ဆုံးပွဲစဉ်အဖြစ် အောက်တိုဘာ ၁၆ ရက် နံနက်ပိုင်းကဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရာ အဂံလန၊် နယ်သာလန၊်၊ ဂျာမန၊ီ၊ီ စပိန် ၊ အီတလီ စသည့်အသင်းများ နိုင်ပွဲကိုယ်စီ ရရှိ ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့်ကမ်္ဘာ့ဖလားပြိုင်ပွဲအတွက် တိုက်ရိုက်ဝင်ခွင့်ရရှိခြဲ့ပြီဖြစ်သည်။

(ကွန်ပနီ၊အီဒင်ဟာဇက်၊ရာမီရက်စ်၊ဖယ်လိုင်နီ။လူကာကူနဲ့ ခြေစွမ်းကောင်းသူတွေရဲ့ ဘယ်လ်ဂျီယံအသင်း)
အုပ်စု(A)တွင် ခြေစစ်ပွဲစဉ်များပြီးဆုံးသည့်တိုင် ရှုံးပွဲ မရှိခဲ့သော ဘယ်လ်ဂျီယံအသင်းသည် နောက်ဆုံးပွဲစဉ်တွင် ဝေလအသင်းကို တစ်ဖက်တစ်ဂိုးစီသရေပွဲ ဖြစ်ခဲ့သော်လည်း ရမှတ် ၂၆ ခြောက်မှတ်ရရှိခဲ့ခြင်းကြောင့် အုပ်စု
 ပထမနေရာ ဖြင့် တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး ခရိုအေးရှားမှာမူ ကမ်္ဘာ့ဖလားဝင်ခွင့်အတွက် ရှုံး/ထွက်ပွဲစဉ် ကစားရဦးမည် ဖြစ်သည်။

 အုပ်စု(B)တွင်အီတလီအသင်းသည် ခြေစစ်ပွဲနောက် ဆုံးပွဲစဉ်၌ အာမေးနီးယားကို တစ်ဖက်နှစ်ဂိုးစီသရေပွဲ ဖြစ်ခဲ့ပြီး ရမှတ် ၂၂ မှတ်ရရှိကာ အုပ်စုပထမဖြင့် တိုက်ရိုက် ၀င်ခွင့်ရရှိခဲ့သည်။

 အုပ်စု(C)တွင် ဂျာမနီအသင်းသည် ခြေစစ်ပွဲစဉ်များ ပြီးဆုံးသည်အထိ ရှုံးပွဲမရှိစံချိန် ရယူကာ ရမှတ် ၂၈ မှတ်ဖြင့် အုပ်စုပထမနေရာဖြင့် ကမ်္ဘာ့ဖလားပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီး ယင်းအုပ်စုမှ ဆွီဒင်အသင်းမှာမူ ခြေစစ်ပွဲနောက်ဆုံးပွဲစဉ်တွင် ဂျာမနီကို ငါးဂိုး-သုံးဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ရမှတ် ၂၀ ဖြင့် ကမ်္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့်အတွက် ရှုံး/ထွက်ပွဲစဉ် ကစားရဦးမည်ဖြစ်သည်။

 အုပ်စု(D)တွင် နယ်သာလန်အသင်းသည် နောက်ဆုံး ပွဲစဉ်တွင် ရော်ဘင်နှင့် ရှနိုက်ဒါတို့၏ သွင်းဂိုးနှစ်ဂိုးဖြင့် တူရကီကို နှစ်ဂိုး-ဂိုးမရှိဖြင့်နိုင်ပွဲရရှိခဲ့သည့်အပြင် ယင်း အုပ်စုတွင်လည်း ရှုံးပွဲမရှိသည့်အသင်းဖြစ်ပြီး ကမ်္ဘာ့ ဖလား ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့သည်။ တူရကီအသင်းမှာမူ ခြေစစ်ပွဲများ ပြီးဆုံးချိန်တွင် ရမှတ် ၁၆ မှတ်သာရရှိ ခဲ့၍ ရှုံး/ထွက်ပွဲစဉ် ကစားရဦးမည်ဖြစ်သည်။ အုပ်စု(E)တွင်ဆွစ်ဇာလန်အသင်း က ရမှတ် ၂၄ မှတ်ဖြင့် ကမ်္ဘာ့ဖလား ပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီး အိုက်စလန်အသင်းမှာမူ နောက်ဆုံး ပွဲစဉ်တွင် နော်ဝေကို တစ်ဖက်တစ်ဂိုးစီ သရေပွဲဖြစ်ကာ ရမှတ် ၁၇ မှတ်ဖြင့် ရှုံး/ထွက်ပွဲစဉ် ကစားခွင့်ရရှိခဲ့သည်။

အုပ်စု(F)တွင် ရုရှားအသင်းသည် ခြေစစ်ပွဲနောက်ဆုံး ပွဲစဉ်တွင် အဇာဘိုင်ဂျန်ကို သရေကျ ခဲ့ပြီး ရမှတ် ၂၂ မှတ်ရရှိထားသည့်အသင်းဖြစ်၍ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ သည်။ ယင်းအုပ်စုမှ ပေါ်တူဂီအသင်းမှာမူ နောက်ဆုံး ပွဲစဉ်၌ လူဇင်ဘတ်ကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော် လည်း ရမှတ် ၂၂ မှတ်ရရှိခဲ့သဖြင့် ရုရှားအသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် တိုက်ရိုက်ဝင်ခွင့်မရရှိခဲ့ဘဲ ရှုံး/ထွက်ပွဲစဉ်ကစားရမည်ဖြစ်သည်။

 အုပ်စု(G)တွင် ဘော့စနီးယားအသင်းသည် လစ်သူ ရေးနီးယားကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့်အပြင် ယင်းအုပ်စုတွင် ရမှတ် ၂၅ မှတ်ဖြင့် ကမ်္ဘာ့ဖလားတိုက်ရိုက် ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

(ပထမဆုံး ခြေစစ်ပွဲအောင်တဲ့အသင်းသစ် ဘော့စနီးယား)
ဂရိအသင်းမှာမူ လီချန်စတိန်းကို နောက်ဆုံးပွဲစဉ်တွင် နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သော်လည်း ဂိုးကွားခြားချက်ကြောင့် ရှုံး/ထွက်ပွဲစဉ် ကစားပြီး အနိုင်ရရှိမှသာ ကမ်္ဘာ့ဖလားဝင်ခွင့်ရရှိမည် ဖြစ်သည်။  

(ဟိတ်ကြီးဟန်ကြီးအင်္ဂလန်ကဒီတစ်ခါကောဟန်ပမလား)
အုပ်စု(H)တွင် အင်္ဂလန်အသင်းသည် နောက်ဆုံးပွဲစဉ်၌ ရွန်းနီနှင့် ဂျာရတ်တို့၏ သွင်းဂိုးများဖြင့် ပိုလန်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိကာ ရမှတ် ၂၂ မှတ်ဖြင့် ကမ်္ဘာ့ ဖလားပြိုင်ပွဲသို့ တိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီး ယူကရိန်းအသင်း မှာမူ ဆန်မာရီနိုကို ရှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း ရမှတ် ၂၁ မှတ်သာရရှိခဲ့ပြီး ရှုံး/ထွက် ပွဲစဉ်ကစားပြီး အနိုင်ရရှိမှသာ ကမ်္ဘာ့ဖလားဝင်ခွင့်ရရှိမည်ဖြစ်သည်။ 

အုပ်စု(I)တွင် စပိန်အသင်းသည် ခြေစစ်ပွဲပြီးသည်အထိ ရှုံးပွဲမရှိစံချိန်တင်ကာ နောက်ဆုံးပွဲစဉ်တွင်လည်း မာတာနှင့် နီဂရီဒိုတို့၏ သွင်းဂိုးများဖြင့် ဂျော်ဂျီယာကို အနိုင်ရရှိခဲ့၍ ရမှတ် ၂၀ ဖြင့် ကမ်္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်ရရှိခဲ့ပြီး ပြင်သစ်အသင်းမှာမူနောက်ဆုံးပွဲစဉ်တွင် ဖင်လန်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သော်လည်း ရမှတ် ၁၇ မှတ်သာရရှိခဲ့သဖြင့် ရှုံး/ထွက်ပွဲစဉ်ကစားရဦးမည်ဖြစ် သည်။ 

+ငွေကြယ်+

(ဒီတစ်ခါကမ်္ဘာ့ဖလားမှာသတိထားစောင့်ကြည့်ကြရမယ့်(ကွန်ပနီ၊အီဒင်ဟာဇက်၊ ရာမီရက်စ်၊ဖယ်လိုင်နီ။လူကာကူ)နဲ့ ခြေစွမ်းကောင်းသူတွေရဲ့ ဘယ်လ်ဂျီယံအသင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)