ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Thursday, October 17, 2013

--နယ်စပ်ဖြတ် လုပ်သားတွေအတွက် ပုံမှန် Passport ထုတ်ပေးမည်--

>
-- ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက် ပတ်စ်ပို့ထုတ်ပေးတော့မည်-- 
-(မအေးအေးမာ-16.10.2013/VOA)-

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတွေကို အရင်တုန်းက ထုတ်ပေးခဲ့တဲ့ ယာယီ နိုင်ငံကူးလက်မှတ်တွေအစား ပြည်ပ ထွက်ခွာသူတိုင်းကို ထုတ်ပေးတဲ့ ပုံမှန် နိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးတော့မှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၂ ရက်နေ့က မြန်မာနိုင်ငံမှာ လုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံအကြား အလုပ်သမားရေး အစည်းဝေးမှာ ဆွေးနွေးချက်တွေအရ အဲ့လိုမျိုး ထုတ်ပေးတော့မှာပါ။ အဲ့လိုသာ ထုတ်ပေးမယ်ဆိုရင် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အစစ အဆင်ပြေလာနိုင်တယ်လို့ သုံးသပ်တာမျိုးလည်း ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ခဲ့ပါတယ်။

 ထိုင်းနိုင်ငံထဲကို အလုပ်လုပ်ကိုင်ဖို့လာကြတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ယာယီ နိုင်ငံကူးလက်မှတ် ခရမ်းရောင်အစား ပြည်ပနိုင်ငံတိုင်းကို ထွက်ခွာတဲ့ သူတိုင်းကိုပေးတဲ့ နိုင်ငံကူးလက်မှတ် အနီရောင်ကို ထုတ်ပေးတော့မှာဖြစ်ကြောင်း ထိုင်း-မြန်မာ အလုပ်သမား အစည်းအဝေးကနေ ဆုံးဖြတ်တယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားရေးရာ သံအရာရှိ ဦးကျော်ကျော်လွင် ကတော့ ညွန်ကြားချက်တွေ အပြည့်အစုံ ထွက်မလာသေးပေမဲ့ နိုင်ငံကူးလက်မှတ် အနီရောင်ကို အောက်တိုဘာလကုန် နိုဝင်ဘာလဆန်းကစပြီး ထုတ်ပေးဖို့ အစီစဉ် စလုပ်မှာဖြစ်တယ်လို့ အခုလို ပြောပါတယ်။
 “နိုဝင်ဘာလဆန်းမှာစပြီးတော့ ထုတ်ပေးမယ်လို့တော့ ပြောထားတာပဲ။ အောက်တိုဘာလကုန်လောက်က စထုတ်ပေးမယ်လို့ ပြောထားတယ်။ Center ဖွင့်တဲ့နေရာမှာ ထုတ်ပေးမှာပါ။ Center က ဘယ်မှာဖွင့်ဖြစ်မလဲ မသိဘူး။ အဲ့ဒီ Center ဖွင့်တဲ့နေရာမှာ ဖြစ်မှာပေါ့။ ရေလုပ်သားအတွက်ကတော့ ကျနော်တို့ ဟိုဟာပေါ့နော် သူတို့ဘက်ကနေ --- ထုတ်ပေးပြီးတော့ စာရင်းလိုက်ကောက်နေတယ်။ အဲ့ဒါပြီးသွားရင်တော့ ကျနော်တို့ဘက်က လိုက်ထုတ်ပေးရမှာပေါ့။ Process အရ ပါတဲ့လူပဲ လုပ်ပေးသွားမှာလေ။ ဥပမာ - ၄ နှစ်ပြည့်တဲ့သူတွေ လုပ်ပေးမယ်။ ၄ နှစ်ပြည့်တဲ့သူတွေက သူတို့ ပတ်စ်ပို့သက်တမ်းတိုးဖို့တို့ နောက်ပြီးတော့ ဟိုဟာ ဗီဇာသက်တမ်းတိုးဖို့ လိုအပ်တဲ့သူတွေကို လုပ်ပေးမှာလေ။ ရေလုပ်သားတွေကိုတော့ --- ဖြစ်တဲ့အခါ လုပ်ပေးမှာပေါ့။ နောက်ပြီးတော့ MOT နဲ့ ၀င်လာတဲ့ အလုပ်သမားတွေကို လုပ်ပေးမှာပေါ့။

” ဒီအစီအစဉ်ကြောင့် အလုပ်သမားတွေအတွက် ထိုင်းနိုင်ငံထဲက မြို့ရွာအသီးသီးမှာ အလုပ်လုပ်ရာမှာပဲဖြစ်ဖြစ် လုံခြုံရေးကိစ္စမှာပဲဖြစ်ဖြစ် အဆင်ပြေလွယ်ကူမှုတွေ ရှိလာနိုင်ကြောင်း အလုပ်သမာရေး ဆောင်ရွက်သူ ကိုမိုးကြိုးကတော့ ဆိုပါတယ်။

 “အခုလို မြန်မာနိုင်ငံက စာအုပ်ကြီးလို့လည်းခေါ်တဲ့ အနီရောင် ပတ်စ်ပို့စာအုပ်ထုတ်ပေးခြင်းအားဖြင့် အခု မြန်မာအလုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ခရမ်းရောင်ပတ်စ်ပို့နဲ့ မြန်မာနိုင်ငံဘက်က ထုတ်ပေးမယ့် စာအုပ်အနီနဲ့ အလဲအလှယ် အချိန်းအပြောင်း လုပ်ခြင်းအားဖြင့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်လုပ်နိုင်တယ်။ နေထိုင်ရပ်တည်နိုင်တယ်လို့ ယူဆတယ်။ ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တခုဖြစ်တယ်။”

 (ဦးစောခူ-အလုပ်သမားရေးရာသံအရာရှိ ဦးကျော်ကျော်လွင် -ဦးမိုးကြိုးတို့ ၃ဦး ဘန်ကောက်မြို့ မှာအမှတ်တရ)
လက်ရှိမှာတော့ ယာယီနိုင်ငံကူးလက်မှတ်ဖြစ်တဲ့ ခရမ်းရောင်စာအုပ်ရဲ့ သက်တမ်းက ၆ နှစ်ထိ အသုံးပြုလို့ ရမှာလို့ဆိုထားပေမဲ့ အခုထုတ်ပေးမယ့် နိုင်ငံကူးလက်မှတ်ရဲ့ သက်တမ်းက ၂နှစ်ထိ သက်တမ်းရှိတယ်ဆိုပြီး သတင်းတွေကလည်း ထွက်ပေါ်နေတာပါ။ ဒီအတွက် အလုပ်သမားသံအရာရှိကတော့ ပြည်စုံတဲ့ ညွန်ကြားချက်တွေ ရောက်ရှိမလာသေးဘူးလို့ ဆိုပါတယ်။ ခရမ်းရောင်ယာယီနိုင်ငံကူး စာအုပ်တွေအစား အနီရောင် နိုင်ငံကူးစာအုပ်တွေကို ချက်ချင်း ပြောင်းလဲပစ်မလားဆိုတာကိုလည်း အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ကို မေးမြန်းခဲ့ပါတယ်။  

“ချက်ချင်းကြီးကတော့ မလဲခိုင်းသေးပါဘူး။ ကာလသတ်မှတ်ရက်တခုကတော့ ရှိဦးမှာပေါ့။ နောက်ပိုင်းထုတ်မယ့်ဟာသာ အနီရောင် ထုတ်ပေးမယ်လို့ ပြောတာပါ။” လက်ရှိ အခြေအနေအရကတော့ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံ အလုပ်သမားရေးရာ ဆွေးနွေးပွဲကနေ ထွက်လာတဲ့ ညွန်ကြားချက်သာဖြစ်ပြီး နှစ်ဘက်လုံးက တရားဝင် စာရွက်စာတမ်းတွေနဲ့ ထုတ်ပြန်တာမျိုးတွေတော့ မရှိသေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားရေး ဆောင်ရွက်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ လူထုအခြေပြု အဖွဲ့အစည်းတွေကတော့ အလုပ်သမားတွေအတွက် ပိုမိုကောင်းမွန်တဲ့ အစီစဉ်ဖြစ်လာစေဖို့ နှစ်ဘက်အစိုးရကို တိုက်တွန်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

 မြန်မာအလုပ်သမားတွေဟာ ယာယီ နိုင်ငံကူးလက်မှတ်ရှိလျက်နဲ့ ငွေပေးနေရတာတွေ နယ်စပ်မြို့တွေကိုပြန်တိုင်း ၄၈ နာရီအတွင်း ထိုင်းလူဝင်မူကြီးကြပ်ရေးဌာနကို ခွင့်မတိုင်ပါက ဒဏ်ကြေးပေးဆောင်နေရတာတွေ ခရမ်းရောင် ယာယီ နိုင်ငံကူးလက်မှတ်နဲ့အတူပါတဲ့ အလုပ်သမားလက်မှတ်မှာ အလုပ်ရှင်နာမည်နဲ့ အလုပ်လုပ်တဲ့မြို့နယ်ကို ထည့်သွင်း ဖော်ပြထားတာတွေကြောင့် နယ်မြေကျော်တဲ့အခါမှာ ဖမ်းဆီးစစ်ဆေးတာတွေကို ကြုံနေရတာပါ။ ပြီးခဲ့တဲ့နှစ်တွေတုန်းကဆိုရင် တာ့ခ်ခရိုင်က အလုပ်သမားတွေကို နယ်မြေကျော်လို့မရအောင် တာ့ခ်ခရိုင်ဝန်ရဲ့ အကြောင်းကြားစာနဲ့ စစ်ဆေးရေးဂိတ်တွေကနေ တားမြစ်မှုတွေ လုပ်တဲ့အတွက် အလုပ်သမားရေး လုပ်ဆောင်နေသူတွေက အလုပ်သမား အခွင့်အရေး ရှုဒေါင့်ကနေ တင်ပြ တောင်းဆိုမှုတွေ လုပ်ခဲ့ရပါတယ်။ အခု အသစ်လုပ်မယ့် နိုင်ငံကူးလက်မှတ်ဟာ အလုပ်သမားတွေကို ဘယ်လောက်ထိ အကာကွယ် ပေးနိုင်မလဲဆိုတာနဲ့ အခွင့်လမ်းတွေ ဘယ်လောက်ရှိမလဲ ဆိုတာကတော့ လေ့လာစောင့်ကြည့်ရဦးမယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲအစည်းတွေကတော့ ပြောဆိုနေပါတယ်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)