ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 8, 2013

--ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ--

>
** ကွယ်လွန်သူ စစ်သူရဲကောင်း ဗိုလ်ချုပ်ကြီးဗိုငုယင်ဇပ်အား ဂါရ၀ပြုရန် ဗီယက်နမ်ပြည်သူများ ၎င်း၏နေအိမ်ရှေ့တန်းစီစောင့်ဆိုင်းခဲ့ကြ**
 (ဟနွိုင်း အောက်တိုဘာ ၇)
ဗီယက်နမ်ပြည်သူများသည် ကွယ်လွန်သူ စစ်သူရဲ ကောင်း ဗိုလ်ချုပ်ကြီးဗိုငုယင်ဇပ်အား ဂါရ၀ပြုရန် ဟနွိုင်း မြို့ရှိ ၎င်း၏နေအိမ်ရှေ့တွင် တန်းစီစောင့်ဆိုင်းခဲ့ကြကြောင်း အောက်တိုဘာ ၆ရက် ဘီဘီစီသတင်းတွင်ဖော်ပြသည်။ ဗိုလ်ချုပ်ကြီးဗိုငုယင်ဇပ်(၁၀၂နှစ်)သည် ပြင်သစ်နှင့် အမေရိကန်တို့၏ ကျူးကျော်သိမ်းပိုက်မှုများအား ဆန့်ကျင် ရာတွင် ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး အောက်တိုဘာ ၄ရက် တွင် ကွယ်လွန်ခဲ့သည်။ ကွယ်လွန်သူ ဗိုလ်ချုပ်ကြီးအတွက် နိုင်ငံတော်ဈာပန အခမ်းအနားကို လာမည့်ရက်သတ်္တပတ်အတွင်း ကျင်းပသွား ရန် ဗီယက်နမ်အစိုးရအဖွဲ့က ပြင်ဆင်ဆောင်ရွက်လျက် ရှိသည်။
ဗိုလ်ချုပ်ကြီးဗိုငုယင်ဇပ်၏ မွေးရပ်ဇာတိမြေ ကွမ်ဘင်း ပြည်နယ်၌ လာမည့်တနင်္ဂနွေနေ့တွင် ၎င်း၏ရုပ်ကလာပ်ကို ဂူသွင်းမြှုပ်နှံမည်ဖြစ်ကြောင်း ဗီယက်နမ်သတင်းဌာနများက ဖော်ပြသည်။ (ဘီဘီစီ)

**အေပက်ညီလာခံကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ စတင်ဖွင့်လှစ်၊အမေရိကန်နှင့် ရုရှားနိုင်ငံ ခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးခဲ့**
(ဘာလီ အောက်တိုဘာ ၇)
အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်)ညီလာခံကို အင်ဒိုနီးရှားနိုင်ငံ၏ အပန်းဖြေစခန်း တည်ရှိရာ ဘာလီကျွန်း၌ အောက်တိုဘာ ၆ရက်တွင် စတင် ဖွင့်လှစ်လိုက်ကြောင်း ဒေသဆိုင်ရာသတင်းဌာနများက သတင်းထုတ်ပြန်သည်။ အေပက်ညီလာခံသို့ ဒေသဆိုင်ရာနိုင်ငံများမှ နိုင်ငံ့ ခေါင်းဆောင်များနှင့် စီးပွားရေးဆိုင်ရာခေါင်းဆောင်များ စုစုပေါင်း ၁၀၀၀ ကျော်တက်ရောက်ကြပြီး အင်ဒိုနီးရှား သမ်္မတဆူစီလိုဘမ်ဘန်းယူဒိုယိုနိုက အဖွင့်မိန့်ခွန်းပြောကြား ခဲ့သည်။ ယခုနှစ်၏ အာရှ-ပစိဖိတ်ခေါင်းဆောင်များ၏ နှစ်ပတ်လည်ထိပ်သီးညီလာခံကို အောက်တိုဘာ ၇ ရက် တွင် ကျင်းပခဲ့သည်။ အဆိုပါညီလာခံသို့ အမေရိကန်သမ်္မတ ဘာရက်အိုဘားမား တက်ရောက်နိုင်ခြင်းမရှိပေ။ အမေရိ ကန်အစိုးရအဖွဲ့၏ ဘတ်ဂျက်ကို ကွန်ဂရက်လွှတ်တော်က အတည်ပြုနိုင်ခြင်းမရှိသည့်အတွက် ဘတ်ဂျက်ကိစ်္စဖြင့် အလုပ်များနေသော အိုဘားမားမှာ အေပက်ထိပ်သီးအစည်း အဝေးတက်ရောက်မည့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။ အေပက်ထိပ်သီးညီလာခံ ကျင်းပချိန်ကာလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနှင့် ရုရှားနိုင်ငံ ခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့တို့ အောက်တိုဘာ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ဆီးရီးယားနိုင်ငံ၌ ဓာတုလက်နက်များ ဖျက်သိမ်းရန် သဘောတူညီခဲ့ကြပြီးချိန် နောက်ပိုင်း အမေရိကန်နှင့် ရုရှားနိုင်ငံအကြား အဆင့်မြင့် တာဝန်ရှိသူများ၏ ဆွေးနွေးပွဲတစ်ရပ်ဖြစ်သည်။(ရိုက်တာ)

 **ပင်လယ်အတွင်းမှ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများအပေါ်ဝင်မစွက်ရန် အမေရိကန်၊ဂျပန်နှင့်သြစတြေးလျနိုင်ငံတို့အား တရုတ်သတိပေး**
(ရှန်ဟိုင်း အောကတိုဘာ ၇)
 တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ် အတွင်းမှ နယ်မြေပိုင်ဆိုင်မှု အငြင်းပွားမှုများအပေါ် ၀င်ရောက်စွက်ဖက်နိုင်ရေးအတွက် ၎င်းတို့၏မဟာမိတ် အုပ်စုကို အသုံးမချရန် အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့အား တရုတ်နိုင်ငံက တနင်္လာနေ့တွင် သတိပေးပြီး ပြင်းထန်နေသည့် ဒေသတွင်းတင်းမာမှုများမှ လက်ရှောင်ကြရန်လည်း ၎င်းတို့ကို တိုက်တွန်းလိုက်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ ကျင်းပသော သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘီရှော့၊ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် အမေရိကန်နိုင်ငံခြား ရေးဝန်ကြီး ဂျွန်ကယ်ရီတို့သည် သုံးနိုင်ငံ မဟာဗျူဟာ ဆွေးနွေးပွဲတွင် ပင်လယ်ရေပြင်ဆိုင်ရာ အငြင်းပွားမှုများကို တင်ပြခဲ့ကြသည်။ တရုတ်ဘာသာဖြင့် ဒိုင်အိုယု၊ ဂျပန်ဘာသာဖြင့် ရှင်ကာကူဟုခေါ်သော အရှေ့တရုတ်ပင်လယ်အတွင်းရှိ လူနေထိုင်ခြင်းမရှိသောကျွန်းများကို ပိုင်ဆိုင်ကြောင်း အငြင်းပွားရာမှ တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့၏ ဆက်ဆံ ရေးမှာ မကြာမီနှစ်များအတွင်းက ဆိုးရွားလာခဲ့သည်။ တောင်တရုတ်ပင်လယ်အတွင်း၌ ဗီယက်နမ်၊ ဖိလစ် ပိုင်၊ တရုတ်(တိုင်ပေ)၊ မလေးရှား၊ ဘရူနိုင်းနှင့် တရုတ်နိုင်ငံ တို့သည် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ကြွယ်ဝဖွယ်ရှိသော ကျွန်းစုများကို ပိုင်ဆိုင်ကြောင်း အချိန်ကာလကြာမြင့်စွာ ကပင် အငြင်းပွားလျက်ရှိသည်။ အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျနိုင်ငံတို့၏ ဆွေးနွေးပွဲအပြီးထုတ်ပြန်သော ပူးတွဲကြေညာချက်ကို အမေ ရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၀က်ဆိုက်၌ ဖော်ပြထားရာ အရှေ့တရုတ်ပင်လယ်အတွင်း ရှိရင်းစွဲအခြေအနေကို ပြောင်းလဲသွားစေနိုင်သော နိုင်လိုမင်းထက် ခြိမ်းခြောက်မှုကို ဆန့်ကျင်ကြောင်းနှင့် တောင်တရုတ်ပင်လယ်အတွင်း ရေပြင်ပိုင်ဆိုင်မှုအငြင်းပွားမှုတွင် ပိုင်ဆိုင်ကြောင်း တောင်း ဆိုကြသော နိုင်ငံများကို တည်ငြိမ်မှုပျက်ပြားစေသည့်အပြု အမူများမှ လက်ရှောင်ကြရန် တောင်းဆိုသည်။(ရိုက်တာ) 

** တရုတ်နိုင်ငံအရှေ့ပိုင်းဒေသ၌ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်၊ ၂ဦး သေဆုံး၊ပြည်သူငါးသိန်းကျော်ဘေးကင်းရာရွှေ့ပြောင်း**
(ပေကျင်း အောက်တိုဘာ ၇) 
တရုတ်နိုင်ငံအရှေ့ပိုင်းဒေသ၌ တိုင်ဖုန်းမုန်တိုင်း တိုက်ခတ်ခဲ့သဖြင့် အနည်းဆုံး၂ဦး သေဆုံးကြောင်း၊ လျှပ်စစ် ဓာတ်အားလိုင်းများ ပြတ်တောက်ခဲ့ရပြီး ရထားနှင့်လေကြောင်းဝန်ဆောင်မှု လုပ်ငန်းများ ထိခိုက်ခဲ့ရကြောင်း ဒေသဆိုင်ရာသတင်းဌာနများက အောက်တိုဘာ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။ တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူတင့်မြို့သို့ တိုင်ဖုန်းမုန်တိုင်း စတင်ဝင်ရောက်ခဲ့သည်။ တစ်နာရီလျှင် ၁၅၁ကီလိုမီတာနှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ပြီး နိုင်ငံအရှေ့တောင်ပိုင်း ပင်လယ်ကမ်းရိုးတန်းဒေသ၌ မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။ တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်မည်ဟု အမျိုးသားမိုးလေ၀သဌာနက သတိပေးကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက်ပင်လယ်ပြင်အတွင်းရောက်ရှိနေသော ငါးဖမ်းစက်လှေများကို ကမ်းခြေသို့ပြန်လာရန် တာဝန်ရှိသူများက နှိုးဆော်ခဲ့ပြီး ပင်လယ်ကမ်းရိုးတန်းဒေသ၌နေထိုင်သူ ပြည်သူငါးသိန်းကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့သည်။ တိုင်ဖုန်းမုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့ပြီးနောက်ပိုင်းတွင် အားပျော့ပျက်ပြယ်သွားခဲ့သည်။ ယခုနှစ် အတွင်း တရုတ်နိုင်ငံ၌ တိုင်ဖုန်းမုန်တိုင်းတိုက်ခတ်မှု ၂၃ ကြိမ် ရှိခဲ့ပြီဖြစ်သည်။ (ပီတီအိုင်) 

+မြင့်မောင်စိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)