ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, October 6, 2013

--လူထုကျန်းမာရေး(အားကစားနှင့် တားမြစ်ဆေးများ)--

>
**Public Health**
 မြန်မာနိုင်ငံမှာ အရှေ့တောင် အာရှအားကစားပြိုင်ပွဲ မကြာမီ ကျင်းပပါတော့မယ်။ မြန်မာ အပါအဝင် အာဆီယံ ၁ဝ နိုင်ငံက အားကစားပွဲများမှာ အားကစားမောင် မယ်တွေဟာ စတင်ပြိုင်ဆိုင် ကြတော့မှာ ဖြစ်ပါတယ်။ ဒုပ်ပင်း (Doping) ဆိုတဲ့ စကားရပ်ဟာ အာဖရိက စကားဖြစ်ပြီး စိတ်ကိုတက် ကြွစေတဲ့ အရက်တစ်မျိုးလို့ ခေါ်ပါတယ်။ ယှဉ်ပြိုင်တဲ့ အားကစားမောင် သို့မဟုတ် မယ်ဟာ ဒုပ်ပင်း မိနေတယ်ဆိုရင် ဆေးကျတယ်လို့ ခေါ်တယ်။ တားမြစ်ဆေးဝါးသုံး၊ မသုံးစစ်ဆေးပြီး ရရှိတဲ့ ဆုတံဆိပ် ရုပ်သိမ်းခြင်း အပါအဝင် နောင်အားကစား ပွဲတွေမှာ ၁ ပွဲမှ ၅ ပွဲ အထိပယ်တဲ့ ပြစ်ဒဏ်ပေးလေ့ ရှိတယ်။ အားကစားလောကမှာ နိုင်ငံ့ဂုဏ်ဆောင်ဖို့ အပြိုင်အဆိုင် ယှဉ်ပြိုင်ကြရင်း စံချိန်ကောင်းအောင်၊ အမော ခံနိုင်အောင်နဲ့ ရရှိထားတဲ့ ဒဏ်ရာမပေါ်အောင် ဓာတုဆေးဝါးတွေကို သုံးစွဲလာခဲ့ကြတယ်။

 အားကစားမှာ တားမြစ်ဆေးဝါး သုံးခြင်းဟာ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တယ်။ တားမြစ်ဆေးသုံးသူရဲ့ စံချိန်ဟာ ဆေးကူလို့ရတဲ့ စံချိန်ဖြစ်နေတော့ အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီက (တားမြစ်ဆေးဝါး ထိန်းချုပ်မှု) နဲ့ အရေးယူ ဆောင်ရွက်ကြပါတယ်။ မကြာသေးမီက ကမ္ဘာ့စက်ဘီးစီးဘုရင် ''နီအမ်းစထရောင်း'' ဟာ တားမြစ်ဆေးဝါး စစ်ဆေးတာပေါ်လို့ သူ့ရဲ့ဆုတံဆိပ်များ ရုပ်သိမ်းခံရပြီး ကမ္ဘာ့အား ကစား လောက မှာ နှစ်အကန့်အသတ်မရှိ တားမြစ်ခြင်းခံရပြီး သူနဲ့စာချုပ်ချုပ်ထားတဲ့ ကုမ္ပဏီတွေ ကလည်း စာချုပ်ရုပ်သိမ်း ခံကြရတဲ့အပြင် လျော်ကြေး ပါ တောင်းနေကြတယ်။ အာဂျင်တီးနား ဘောလုံးဘုရင် မာရာဒိုနာ၊ ရိုမေးနီးယား ဘောလုံးသမား မူတူးတို့လည်း တားမြစ်ဆေးသုံးတဲ့ အထဲမှာပါတယ်။

 တားမြစ်ဆေးတွေမှာ စိတ်ကြွဆေး (အက်ဖီတမင်း)၊ မူးယစ် ထုံထိုင်းဆေး (ဘိန်း)၊ ကြွက်သားကြီးထွား ဆေးစုံ (ဟော်မုန်း)၊ ခွန်အားတိုးဆေးများ၊ စိတ်ငြိမ်ဆေး (ပရိုပန်နလော၊ ဗေလီယံ) နဲ့ ဆီးရွှင်ဆေးများ (လေးဆစ်၊ ဒိုင်ယူတွန်) တို့ ပါဝင်တယ်။ သည့်ထက် ကျယ်ပြန့်လာတဲ့ အားကစား ပွဲတွေမှာ ရှောင်တခင် စစ်ဆေးသွားတဲ့အခါ တွေ့ရသလို၊ တချို့မထင်မှတ်တဲ့ အချိန် (ဥပမာ- အနားယူတဲ့အချိန်၊ အရက်မူးနေတဲ့အချိန်) တွေမှာ စစ်ဆေးသွားတာမျိုး ရှိတယ်။
''၁၉၈၈ ခုနှစ် ဆိုးလ်အိုလံပစ်မှာ စက်တင်ဘာ ၂၇ ရက်နေ့က အားကစားများတွင် တားမြစ်ဆေး သုံးစွဲမှု ဆန့်ကျင်ရေးကို ထောက်ခံကာ ဆိုးလ်ကြေညာစာတမ်း သုံးရပ်ကို လက်မှတ် ရေးထိုးခဲ့ကြတယ်။

  (၁) အားကစားသမားများ လေ့ကျင့်မှုကာလနဲ့ ပြိုင်ပွဲကာလများ မှာ ကြိုတင် အသိမပေးဘဲ အချိန်မရွေး တားမြစ်ဆေး စစ်ဆေးမှု ပြုလုပ်ခြင်းကို နိုင်ငံတကာ အတိုင်းအတာနဲ့ အညီ ဆောင်ရွက်သွားရန်။ 

 (၂) တားမြစ်ဆေးသုံးစွဲမှု အသီးသီးကို အပြည့်အဝ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီး ပါဝင် ပတ်သက်တဲ့ အုပ်ချုပ်သူ၊ အားကစား သမားနဲ့ ဆေးအဖွဲ့ဆိုင်ရာ ပုဂ္ဂိုလ်များ ပါဝင်ပြစ်မှု ကျူးလွန်လျှင် အရေးယူရန်။ 

 (၃) တားမြစ်ဆေးသုံးစွဲမှုကို ကာကွယ်ရန်အတွက် တားမြစ်ဆေး သုံးစွဲမှုရဲ့ အန္တရာယ်နဲ့ အားကစားသမားများ၊ နည်းပြဆရာများနဲ့ အုပ်ချုပ်သူများကို ပညာပိုမို ပေးသွားရန်တို့ ဖြစ်တယ်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ် ကော်မတီရဲ့ ရည်မှန်းချက်ဟာ အားကစားသမား ကောင်းတစ်ယောက် လုံးဝပြီးပြည့်စုံတဲ့ နဂိုစွမ်းအားရှင် လူသားတစ်ယောက် ဖြစ် လာရေး မျှော်မှန်းပြီး အားကစားကွင်းမှာ ဆေးကြောင့်ရတဲ့ စွမ်းအားရှင်များ မပေါ်ပေါက်နိုင်ရေး၊ ကိုယ့်အားကိုယ်ကိုး အားကစားစွမ်းရည်ရှိရေး တို့ ဖြစ်တယ်။ ဒီဇင်ဘာ (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲ ကျင်းပတဲ့ အခါမှာ အပြည်ပြည်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းနဲ့အညီ တားမြစ်ဆေးသုံးစွဲမှုရှိ၊ မရှိ အလေးအနက် စစ်ဆေးသွားရန် လိုအပ်ပြီး တားမြစ်ဆေးသုံးစွဲမှု လုံးဝရှောင် ရှားကာ ပင်ကိုစွမ်းရည်ဖြင့် ဆုတံဆိပ်များ ရယူရေး မီးမောင်းထိုးပြ ရေးသားလိုက် ရပါတယ်။ 

Written by စကားဝါ

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)