ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 21, 2013

--ယခုလအတွင်းနိုင်ငံတကာထူးခြားသတင်းများ--

>
** အီဂျစ်သမ်္မတဟောင်း ဟော့စနီမူဘာရက်အား တရား ရုံးတင်ပြန်လည်စစ်ဆေး**
(ကိုင်ရို အောက်တိုဘာ ၂၀၁၃)
အီဂျစ်သမ်္မတဟောင်း ဟော့စနီမူဘာရက်အား တရား ရုံးတင်ပြန်လည်စစ်ဆေးခြင်းကို စနေနေ့တွင် တံခါးပိတ် ၍ စတင်ခဲ့ကြောင်း နိုင်ငံပိုင်မီနာသတင်းဌာနက တနင်္ဂနွေ နေ့တွင် ဖော်ပြသည်။ ယခင်ထောက်လှမ်းရေးအရာရှိဟောင်းများ၊ လုံခြုံရေး အရာရှိဟောင်းများသည် တရားရုံးတွင် အမှုကြားနာ စစ်ဆေးခြင်းကို တက်ရောက်နားထောင်ခဲ့ကြသည်။ အီဂျစ်နိုင်ငံကို နှစ်ပေါင်း ၃၀ ကြာ စစ်ဘက်၏ ထောက်ခံမှုဖြင့် အုပ်ချုပ်လာခဲ့သော မူဘာရက်သည် ၎င်းအား သမ်္မတအဖြစ်မှ ဖယ်ရှားခြင်းခံခဲ့ရသည့် ၂၀၁၁ ခုနှစ် လူထုအုံကြွမှုတွင် ဆန်္ဒပြသူရာပေါင်းများစွာ သေဆုံး ခဲ့ရခြင်း၌ ပါဝင်ပတ်သက်မှုရှိသည်ဟု စွပ်စွဲခံထားရသည်။ ယမန်နှစ်က ၎င်းကို တရားရုံးက ထောင်ဒဏ်တစ်သက် ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။သို့သော် ၎င်းက ပြန်လည် စစ်ဆေးပေးရန် အသနားခံသဖြင့် အုပ်ချုပ်သူတို့က ပြန်လည် ရုံးတင်စစ်ဆေးရန် ခွင့်ပြုခဲ့သည်။ တရားရုံးက သြဂုတ်လတွင် ၎င်းအား ထောင်မှလွှတ် ပေးရန်နှင့် ပြန်လည်၍တရားရုံးက စစ်ဆေးကြားနာနေစဉ် နေအိမ်အကျယ်ချုပ်ဖြင့်ထားရန် အမိန့်ထုတ်ခဲ့သည်။ မူလက စက်တင်ဘာလတွင် အမှုကြားနာရန်ဖြစ်သော် လည်း ဖျက်သိမ်းခဲ့သည်။ (စီအန်အန်)

**တရုတ်နိုင်ငံမှထုတ် ဆေးပြားအတု ဆွစ်ဇာလန်တွင်ဖမ်းဆီးရမိ**
 (ဇူးရစ် အောက်တိုဘာ ၂၀)
ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့လေဆိပ်တွင် စိတ်ပူပန်မှု သက်သာစေသော ဇာနက်စ်(XANAX )ဆေးပြားအတု တစ်သန်းကို ဆွစ်အကောက်ခွန်အရာရှိများက ဖမ်းဆီး ရမိကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ယင်းဆေးပြားများမှာ ၄၀၀ ကီလိုဂရမ်အလေးချိန်ရှိပြီး စက်္ကူဖာလေးပုံးတွင် ထည့်ထားသည်။ ဆွစ်မက်ဒစ်အမည်ရှိ ရောဂါကုသရေးဆိုင်ရာထုတ်ကုန်များ ဆွစ်အေဂျင်စီအဆို အရ တရုတ်နိုင်ငံမှထုတ်လုပ်၍ အီဂျစ်နိုင်ငံသို့တင်ပို့ခြင်း ဖြစ်ပြီး ဇူးရစ်မြို့၌ ဖမ်းဆီးမိခြင်းဖြစ်သည်။ စိတ်ပူပန်သောကဖြစ်ခြင်း သို့မဟုတ် စိတ်ထိတ်လန့် တကြားဖြစ်ခြင်းတို့ကိုကုသရန် ပီဖိုင်ဇာ(Pfi zer)မှ
 ထုတ် လုပ်သည့် ဇာနက်စ်ဆေးကို တုပထုတ်ထားသော ဆေးပြား များဖြစ်သည်။ ယင်းဆေးပြားများကို စမ်းသပ်သောအခါ ရောဂါ အတွက် အဓိကဖြစ်သောအမယ်များ ပါဝင်ခြင်းမရှိသည်ကို တွေ့ရကြောင်း၊ သို့သော် ကနဦးကြည့်လိုက်လျှင် ဆေးအတု ဖြစ်ကြောင်းသိရှိရန် မလွယ်ကူဟု ဆွစ်မက်ဒစ်က ပြောကြား သည်။ အီဂျစ်နိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဒေါ်လာ ဘီလီယံပေါင်းများစွာတန်ဖိုးရှိသော ဆေးဝါးအတု များဖြန့်ချိရာ အဓိကဈေးကွက်ကြီးဖြစ်နေသည်ဟု ဆိုသည်။ အာဖရိက၊ လက်တင်အမေရိကနှင့် အာရှအချို့ဒေသ များမှ နိုင်ငံများတွင်ရောင်းချနေသည့် ဆေးဝါးများ၏ ၃၀ ရာခိုင်နှုန်းကျော်သည် အတုများဖြစ်နိုင်ကြောင်း ကမ်္ဘာ့ ကျန်း မာရေးအဖွဲ့ (ဒဗလျူအိတ်ခ်ျအို )က ပြောသည။် (ဘီဘီ စီ)  

**သြစတြေးလျတွင် တောမီးများလောင်ကျွမ်းနေမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်**
  (ဆစ်ဒနီ အောက်တိုဘာ ၂၀၁၃) သြစတြေးလျနိုင်ငံနယူးဆော့သ်ဝေးပြည်နယ်တွင်တောမီးများလောင်ကျွမ်းနေမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာချက်တစ်ရပ် ထုတ်ပြန်ထားသည်။ ပြည်နယ်မီးသတ်တပ်ဖွဲ့ဝင် များသည် တောမီးလောင်ကျွမ်းမှုများကိုရင်ဆိုင်ငြှိမ်းသတ်နေရဆဲဖြစ်ပြီး တောမီးကြောင့် လူနေအိမ်ခြေ ၂၀၀ ကျော်လောင်ကျွမ်းခံရပြီးဖြစ်ကြောင်း ယနေ့ဘီဘီစီသတင်းတွင် ဖော်ပြသည်။ လာမည့်ရက်များအတွင်း မြင့်တက်လာမည့်အပူချိန်နှင့် ပြင်းထန်သည့် လေပြင်းတိုက် ခတ်နိုင်မှုများက တောမီးလောင်မှုများကို မြင့်တက်လာစေနိုင်သည်ဟူသော မှန်းဆချက် များကြောင့် ယင်းကြေညာချက်ကိုထုတ်ပြန်ခြင်းဖြစ်သည်။ ဆစ်ဒနီမြို့အနောက်ဘက် ဘလူးမောင်းတိန်းဒေသတွင် တောမီးလောင်ကျွမ်းမှုဒဏ်ကို အဆိုးရွားဆုံးခံစားနေရပြီး တောမီးလောင်ကျွမ်းမှု၏ အချို့အစိတ်အပိုင်းများကို ယခုအချိန်ထိ 
ထိန်းချုပ်နိုင်စွမ်း မရှိသေးကြောင်း သိရသည်။ယင်းတောမီးလောင်ကျွမ်းမှုဖြစ်စဉ်မှာ
 နှစ်ပေါင်း၄၀အတွင်းအလွန်ဘေးအန်္တရာယ်ကြီးမားသော ဖြစ်ရပ်ဖြစ်ကြောင်းပြည်နယ်တာဝန်ရှိသူများက
 ပြောကြားသည်။ ယင်းအရေးပေါ်အခြေအနေထုတ်ပြန်ချက်သည် လာမည့်ရက်ပေါင်း ၃၀ အတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့်ဓာတ်ငွေ့ပြတ်တောက်မှုများအတွက် အပိုထောက်ပံ့မှုများပြုလုပ်ပေးနိုင်မည်ဖြစ်ကြောင်း နယူးဆော့သ်ဝေးပြည်နယ် ၀န်ကြီးချုပ်က ပြောကြားသည်။ ၎င်းင်းက ဆက်လက်ပြောကြားရာတွင် မိမိတို့အနေဖြင့် အဆိုးဆုံးအခြေအနေအတွက်ပြင်ဆင်ထားသော်လည်း အကောင်းဆုံးအခြေအနေကို မျှော်လင့်ထားသည်ဟု ဆိုသည်။ (ဘီဘီစီ) 

 **တူနီးရှားလုံခြုံရေးတပ်ကစစ်သွေးကြွအစ်္စလာမ်္မစ် ကိုးဦးခန့်ကို သုတ်သင်**

 (တူးနစ် အောက်တိုဘာ ၂၀) 

တူနီးရှားလုံခြုံရေးတပ်က ကင်း လှည့်ရဲတပ်ဖွဲ့ကို တိုက်ခဲ့သည်ဟု သံသယရှိသူ စစ်သွေးကြွ အစ်္စလာမ်္မစ် ကိုးဦးခန့်ကို သုတ်သင်လိုက် ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြ သည်။ မြို့တော်တူးနစ် အနောက်ဘက် ၄၄ မိုင်အကွာ တော်ရာတောင် ဒေသတစ်ဝိုက်၌ စစ်ဆင်ရေး ဆင်နွှဲ ခဲ့ပြီး သံသယရှိသူ သုံးဦးကိုလည်း ဖမ်းဆီးလိုက်ကြောင်း ၄င်း တာဝန် ရှိသူများက ပြောကြားသည်။ အောက်တိုဘာ ၁၇ ရက်က ယင်းဒေသ၌ ဖြစ်ပွားခဲ့သော တိုက်ပွဲ အတွင်း ရဲတပ်ဖွဲ့ဝင်နှစ်ဦးသေဆုံး ခဲ့သည်။ အဆိုပါစစ်သွေးကြွများသည် ဆယ်လာဖစ်အန်ဘာအယ်လ်ရှာ ရီယာအုပ်စုမှဖြစ်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက်အလီအရိုက ပြောကြား သည်။ အဆိုပါ အဖွဲ့အား အစိုးရက အကြမ်းဖက်အုပ်စုအဖြစ် ကြေညာ ထားသည်။ ယင်းတို့ကို သုံးရက်ကြာ စစ်ဆင်ရေးဖြင့် အောင်ပွဲဆင်နိုင်ခဲ့ ကြောင်း ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များအား ပြောကြား သည်။ ထို့အပြင် တူနီးရှားတပ်က ဖောက်ခွဲရေးပစ်္စည်းသုံး တန်ချိန် နှစ်တန်ခန့်ကိုလည်း သိမ်းဆည်း လိုက်သည်ဟုဆိုသည်။ (ဘီဘီစီ) 

+မြင့်မောင်စိုး+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)