ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Monday, October 21, 2013

--ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့အကြောင်း--

>
** ဘာလင်မြို့၌ကိုယ်ပိုင် အားကစားခန်းမတစ်ခုကို မက်ဒေါနားဖွင့်လှစ်ခဲ့**

 ပေါ့ပ်ဘုရင်မဟု တင်စားခေါ်ဝေါ်ကြသည့် မက်ဒေါနားက ၎င်းကိုယ်ပိုင် အားကစားခန်းမတစ်ခုကို ဂျာမနီနိုင်ငံ ဘာလင်မြို့၌ ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ယင်းအားကစားခန်းမ၏ အမည်ကိုHard Candyဟု ပေးထားပြီး ယင်းအမည်သည် ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့သည့် တေးသံရှင် မက်ဒေါနား၏ အယ်လ်ဘမ်တစ်ခု၏အမည်ဖြစ်ကာ ၂၀၁၀ ခုနှစ်တွင် မော်စကို၊ ဆစ်ဒနီ၊ ရောမ ၊ ဆန်တီယာဂို၊ ချီလီနှင့် စိန့်ပီတာစဘတ်ခ် စသည့် မြို့ပေါင်းများစွာတွင် အဆိုပါအမည်ဖြင့် အားကစားခန်းမပေါင်း များစွာကိုလည်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ပေါ့ပ်ဘုရင်မတစ်ပါးအဖြစ်သာမကQueen of fitnessဟုပါ တင်စားခေါ်ဝေါ်ရမည့် မက်ဒေါနား၏ အဆိုပါ အားကစားခန်းမဖွင့်ပွဲသို့ မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားက ပရိသတ်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး မက်ဒေါနားက ပရိသတ်များနှင့်အတူ သီချင်း ဆိုခြင်း၊ ဓာတ်ပုံရိုက်ခြင်းနှင့် အမှတ်တရ လက်မှတ်ရေးထိုးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။ အဆိုပါ အားကစားခန်းမတွင် ၂၅ မီတာအကျယ် ရေကူးကန်၊ ပေါင်းခံချွေးထုတ်ခန်း၊ ရေနွေးငွေ့ခန်းနှင့် လေ့ကျင့်ခန်းလုပ်ရန်နှင့် အနားယူအပန်းဖြေရန် နေရာ ပေါင်းများစွာ ပါဝင်ကြောင်းသိရသည်။

** ဒေါ့မွနှ်တိုက်စစ်မှူး လီဝန်ဒိုစကီးအား ခေါ်ယူရန် မန်စီးတီးနှင့်အာဆင်နယ်အပြိုင်ကြိုးပမ်း**
ပရီမီယာလိဂ်ကလပ်အသင်းများ ဖြစ်သည့် မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့သည် ဂျာမန် ဘွန်ဒက်လီဂါကလပ်ဒေါ့မွန်အသင်းမှ ပိုလန်တိုက်စစ်မှူး ရောဘတ်လီဝန်ဒို စကီးအား လာမည့်ဇန်န၀ါရီ အပြောင်းအရွှေ့ကာလတွင် ခေါ်ယူ ရန် အပြိုင်ကြိုးပမ်းသွားမည်ဖြစ် ကြောင်းသိရသည်။ တိုက်စစ်မှူး လီဝန်ဒိုစကီး၏ လက်ရှိဒေါ့မွန်အသင်းနှင့် စာချုပ် သက်တမ်းသည် လာမည့်နွေရာသီ တွင် ကုန်ဆုံးတော့မည်ဖြစ်၍ ဂျာမန် ဘွန်ဒက်လီဂါပြိုင်ဘက် ဘိုင်ယန် မြူးနစ်အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီထားသည်။ သို့ရာတွင် စာချုပ်ချုပ်ဆိုထားခဲ့ခြင်းမရှိသေး ပေ။
ထို့ကြောင့် မန်စီးတီးအသင်းနည်းပြ ပယ်လီဂရီနီအနေဖြင့် တိုက်စစ်မှူး ရောဘတ်လီဝန်ဒိုစကီးအား ခေါ်ယူ ရန် စိတ်ဝင်စားနေခြင်းဖြစ်ပြီး အာဆင်နယ်အသင်းနည်းပြ အာစင် ၀င်းဂါးကလည်း ဘိုင်ယန်မြူးနစ် အသင်းသို့ မပြောင်းရွှေ့မီ ဇန်န၀ါရီ အပြောင်းအရွှေ့တွင် ရောဘတ်လီဝန် ဒိုစကီးအား ပြောင်းရွှေ့ကြေးပေါင် ၂၅ သန်းပေး၍ ခေါ်ယူရန် ပြင်ဆင်ထား ခဲ့ခြင်းဖြစ်သည်။ယင်းမှာ အာဆင်နယ် အသင်းအနေဖြင့် မန်ယူအသင်း၏ အဓိကတိုက်စစ်မှူး ရွန်းနီနှင့် လီဗာပူး အသင်း၏ အဓိကတိုက်စစ်မှူး လူးဝစ် ဆွာရတ်ဇ်တို့အား မခေါ်ယူနိုင်ခဲ့ခြင်း ကြောင့် ကမ်္ဘာ့အဆင့်ရှိ ဒေါ့မွန် တိုက်စစ်မှူး လီဝန်ဒိုစကီးအား ခေါ်ယူ ရန် ပစ်မှတ်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

 ** ဘီနာယောင်ကျူပီအာအသင်းသို့ သွားရောက်ကစားရန် ပြင်ဆင်လျက်ရှိ**
လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ကစား သမားဟောင်းတစ်ဦးဖြစ်သည့် ကွင်းလယ်ကစားသမား ဘီနာယောင်သည် ချန်ပီယံရှစ်ကလပ် ကျူပီအာအသင်းသို့ သွားရောက်ကစားရန် ပြင်ဆင်လျက်ရှိ ကြောင်း သိရသည်။ အသက်(၃၃)နှစ်အရွယ်ရှိပြီ ဖြစ်သည့် ကွင်းလယ်ကစားသမား ဘီနာယောင်သည် ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ကာလ က ပရီမီယာလိဂ်ကလပ်ချယ်လ်ဆီး အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရှိအချိန်အထိ အသင်းလက်မဲ့ ဖြစ်သော ကစားသမားတစ်ဦးဖြစ်သည်။ ထို့ကြောင့် ပရီမီယာလိဂ်ကလပ်အသင်းများ ဖြစ်သည့် ခရစ်္စတယ်ပဲလေ့စ်အသင်းနှင့် ၀က်စ်ဘရွန်း အသင်းတို့၏ စိတ်ဝင်စားမှုကို ခံထားရသော်လည်း ကျူပီအာအသင်းသို့သာ သွားရောက်ကစားရန် စီစဉ်ခဲ့ ခြင်းဖြစ်သည်။ ဘီနာယောင်သည် ၀က်စ်ဟမ်းအသင်း တွင်လည်း အငှားစာချုပ်ဖြင့် သွားရောက်ကစားခဲ့သူ ဖြစ်သည်။ ပရီမီယာလိဂ် အသင်းများအပြင် ဂီတာဖေးအသင်းနှင့် အိုလံပီယာကို့စ် အသင်းတို့ ခေါ်ယူရန် ကမ်းလှမ်း လာမှုကိုလည်း ကွင်းလယ်ကစားသမား ဘီနာယောင်အနေဖြင့် ငြင်းဆိုထား ကြောင်း သိရသည်။ လက်ရှိတွင် အသင်းဟောင်း မက်ကာဘီဟိုင်ဖာ အသင်းနှင့်အတူ လေ့ကျင့်ကစားလျက် ရှိပြီး ရိန်းဂျားအသင်း မန်နေဂျာ ဟယ်ရီရက်နက်ကလည်း ကွင်းလယ်ကစားသမား ဘီနာယောင်အားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။ 

 **မျက်နှာတွင် ထိခိုက်ဒဏ်ရရရှိခဲ့သော နာမည်ကျော် Transformersဇာတ်လမ်းတွဲများ ဖန်တီးရှင်မိုက်ကယ်ဘေး**
နာမည်ကျော် Transformersဇာတ်လမ်းတွဲများ၏ ပင်တိုင် ဖန်တီးရှင် ဒါရိုက်တာ မိုက်ကယ်ဘေးသည် ၂၀၁၄ ခုနှစ်တွင် ထွက်ရှိ လာမည့် စတုတ်္ထမြောက် Transformers ဇာတ်လမ်းတွဲသစ်ကို ဟောင်ကောင်၌ ရိုက်ကူးစဉ်အတွင်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် မတော် တဆထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မိုက်ကယ်ဘေး၏ ရိုက်ကွင်းအနီးရှိ လက်ဖက်ရည်ဆိုင် ပိုင်ရှင်က ၎င်းတို့အဖွဲ့အား ဟောင်ကောင်ဒေါ်လာ တစ်သိန်း တောင်းဆိုမှုကြောင့် မိုက်ကယ်ဘေးနှင့် ဟောင်ကောင်လူမျိုး ဆိုင်ရှင် တို့ ခိုက်ရန်ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်ကြောင့် ဒါရိုက်တာ မိုက်ကယ်ဘေး၏ မျက်နှာတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အမည်ရှိ စတုတ်္ထမြောက Transformers်ဇာတ်လမ်းတွဲသစ်ကို အမေရိကန်နိုင်ငံ၌တစ်လကြာရိုက်ကူးခဲ့ပြီး ဟောင်ကောင်၌ရိုက်ကူးစဉ် ပထမရက်၌ ယခုကဲ့သို့ဖြစ်ပွားခဲ့ရခြင်းဖြစ်ပြီး ယင်းဖြစ်စဉ်ကြောင့် အဆိုပါလက်ဖက်ရည်ဆိုင်ပိုင်ရှင်အား သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ဇာတ်လမ်းတွဲသစ်တွင် သရုပ်ဆောင် မာ့ခ်ဝဲလ်ဘတ်နှင့် မင်းသမီး နီကိုလာပတ်ဇ်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားပြီး ၂၀၁၄ ခုနှစ် ဇွန်လတွင် ပါရာမောင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ စတင်ဖြန့်ချိသွားမည်ဖြစ်သည်။ 

+ငွေကြယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)