ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 30, 2013

-အလုပ်သမားကြီးကြပ်ရေးရုံး ဆုံးဖြတ်ချက်ဖြင့် လုပ်အားခ အဖြတ်ခံရသည့် ရွှေ့ပြောင်းမြန်မာ ၆၇ ဦး လစာငွေပြန်ရ-

>
-အလုပ်သမားကြီးကြပ်ရေးရုံး ဆုံးဖြတ်ချက်ဖြင့် လုပ်အားခ အဖြတ်ခံရသည့် ရွှေ့ပြောင်းမြန်မာ ၆၇ ဦး လစာငွေပြန်ရ- (ကေအိုင်စီ - KIC News / သတင်း /အလုပ်သမားကြီးကြပ်ရေးရုံး ဆုံးဖြတ်ချက်ဖြင့် လုပ်အားခ အဖြတ်ခံရသည့် ရွှေ့ပြောင်းမြန်မာ ၆၇ ဦး လစာငွေပြန်ရ)
October 29, 2013 • Posted in သတင်း
(အောက်တိုဘာ ၂၉ ရက်၊ ၂၀၁၃ခုနှစ်။ စဖန်းရှောင်း-KIC)

 ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ဟိုဖွိုင်ရပ်ကွက်ရှိ Tip Garment Co,ltd အထည်ချုပ်စက်ရုံမှ လုပ်အားခ ဖြတ်တောက်ခြင်းခံရသည့် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၆၇ ဦးကို လစာပြန်လည်ပေးရန် မဲဆောက်မြို့ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံး(ဆ၀ါဒီကန်)က ယမန်နေ့၌ ဆုံးဖြတ်လိုက်သည်။ လုပ်အားခမရဘဲ အခိုင်းခံရသည့် ၎င်းရွှေ့ပြောင်းမြန်မာအလုပ်သမားများသည် စက်တင်ဘာ ၂၅ ရက်နေ့က အလုပ်မှထုတ်ပယ်ခဲ့ပြီးနောက် အလုပ်သမားကြီးကြပ်ရေးရုံးသို့ တိုင်ကြားမှုပြုလုပ်ခဲ့ရာမှ သက်ဆိုင်ရာအာဏာ ပိုင်များ၏ ဆုံးဖြတ်ချက်ဖြင့် အလုပ်ရှင်က ထိုင်းဘတ်ငွေ ၂၃၂,၅၀၇ ဘတ်ကို ပြန်လည်ပေးအပ်ရန် သဘောတူ လိုက်ခြင်းဖြစ်သည်။

 မြန်မာပြည်သားများအရေးပူးတွဲ လှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက“ ဒီမြန်မာ အလုပ်သမားတွေ ကို စက်တင်ဘာလ ၁၉ ရက်နေ့မတိုင်ခင်ကတည်းက လုပ်အားခ ပေးဖို့ ပျက်ကွက်ခဲ့တာ။ အဲဒီနေ့မှာပဲ ကျနော်တို့အဖွဲ့ကနေ အလုပ်သမားကြီးကြပ်ရေးရုံးကို ဆက်သွယ်အကြောင်းကြားညှိနှိုင်းခဲ့တာ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ထိုသို့ ဆက်သွယ်အကြောင်းကြားပြီးနောက် JACBA အပါအ၀င် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်၊ ပညာရေးနှင့် ဖွံဖြိုးတိုးတက်ရေးအဖွဲ့(FED)၊ ထိုင်းရှေ့နေများကောင်စီဥပဒေ အထောက်အကူပြုဌာန(LLC)တို့မှ ၀ိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြခြင်းဖြစ်သည်ဟု ဦးမိုးကြိုးက ဆက်ပြောသည်။ အလုပ်သမားများအား ပြန်လည်ပေးအပ်ရမည့် ငွေများကို ၄ ရစ်ခွဲကာ လာမည့် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလမှ ဧပြီလ ၄ လအတွင်း အကြေပေးဆောင်မည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၈ ရက်နေ့က မဲဆောက်မြို့ အလုပ်သမားကြီးကြပ်ကာကွယ်ရေးရုံးတွင် အလုပ်ရှင်မှ သဘောတူလက်မှတ်ရေးထိုးပေးခဲ့ကြောင်းသိရသည်။

လုပ်အားခဲပြန်ရမည့် မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုကျော်စည်သူက “အခုလို ကိုယ်ရသင့်ရထိုက်တာကို ရသွားတော့ ၀မ်းသာမိတာပေါ့ဗျာ။ ကူညီတဲ့သူတွေနဲ့ အဖွဲ့အစည်းတွေကို ကျေးဇူးတင်ပါတယ်။ နောက်ဆိုရင် ဒီလိုအဖြစ်မျိုး မကြုံရအောင် ကျနော်တို့လို အလုပ်သမားတွေဟာ မိမိလုပ်မယ့်အလုပ်ကိုလည်း သေချာစုံစမ်း ပြီးမှ လုပ်စေချင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။ ယခင်လ စက်တင်ဘာ ၁၇ ရက်နေ့က မဲဆောက်မြို့၊ မယ်ပ ၁၀ ရပ်ကွက်ရှိ M-3 အထည်ချုပ်စက်ရုံမှ လုပ်အားခ ပြတ်တောက်ခံရသည့် မြန်မာအလုပ်သမားအမျိုးသမီး ၁၉ ဦးကို အလုပ်သမားကြီးကြပ်ကာကွယ် ရေးရုံး၏ ဆုံးဖြတ်ချက်ဖြင့် အလုပ်ရှင်မှ လုပ်အားခ ပြန်လည်ပေးအပ်ရန် သဘောတူခဲ့သည်။

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)