ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, October 30, 2013

-ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတို့အကြောင်း-

>
**ဗြိတိန်အောက်လွှတ်တော်မှ ကရီနာကပူးဂုဏ်ပြုပွဲ တစ်ရပ်ကျင်းပ** 
ဗြိတိန်အောက်လွှတ်တော်မှ ဘောလိဝုဒ်ရုပ်ရှင် လောက၏ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်သူ ကရီနာကပူး အား ၎င်းင်း၏ ဘောလိဝုဒ်သာမက ကမ်္ဘာ့အနုပညာလုပ်ငန်းများ တွင်လည်း အားတက်သရော ပါဝင်ဆောင်ရွက်မှုများအတွက် အောက်တိုဘာ ၂၉ ရက်တွင် အခမ်းအနားဖြင့် ဂုဏ်ပြုပွဲ တစ်ရပ်ကျင်းပသွားကြောင်းသိရသည်။

အဆိုပါ ဂုဏ်ပြုပွဲတွင် မင်းသမီး ကရီနာကပူးနှင့်အတူ အဆိုတော်နှင့် မော်လ်ဒယ်Kimberley Walshလည်း ပါဝင်သည်။ ဘောလိဝုဒ်၏ ဂုဏ်သတင်းကြီးမား သောမင်းသမီးတစ်ဦးဖြစ်သည့် ကရီနာကပူးသည် ၂၀၁၂ ခုနှစ်က သရုပ်ဆောင် ဆာအစ်ဖ်အလီခမ်းနှင့်လက်ထပ်ခဲ့ ပြီး ၎င်းတို့စုံတွဲသည် ဘောလိဝုဒ်၏ စတိုင်လ်အရှိဆုံး စုံတွဲ အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည့် အနုပညာရှင်စုံတွဲတစ်တွဲ လည်းဖြစ်သည်။ ယခုလက်ရှိတွင် အဆိုပါစုံတွဲသည် ပထမဆုံးအကြိမ် မင်္ဂလာနှစ်ပတ်လည်နှင့် ခင်ပွန်းသည်၏ံHumshakals ဇာတ်ကားရိုက်ကူးမှုကြောင့် လန်ဒန်သို့ ရောက်ရှိနေသည်။ ဆက်လက်ပြီး ကရီနာကပူးအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ထွက်ရှိမည့်Shuddhiအမည်ရှိ အချစ်ဒရာမာဇာတ်ကားကို ခေါင်းဆောင်မင်းသမီးအဖြစ် ရှေ့လတွင် စတင်ရိုက်ကူးသွားရန်ရှိကြောင်း သိရသည်။

** ချယ်လ်ဆီးအသင်းကိုရှုံးနိမ့်ခဲ့ပြီးနောက် မော်ရင်ဟိုနှင့် လက်ဆွဲနှုတ်ဆက်ရန် ငြင်းဆိုခဲ့ကြောင်းပယ်လီဂရီနီ ပြောကြား**
ချယ်လ်ဆီးအသင်းနှင့် မန်စီးတီး အသင်းတို့၏ ပရီမီယာလိဂ်ပွဲစဉ်(၉) ၌ နောက်ဆုံးခရာမှုတ်ချိန်တွင် ချယ်လ်ဆီးအသင်းက မန်စီးတီး အသင်းအား နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင် ရရှိခဲ့ပြီးနောက် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက နောက်ပြောင်သည့်အမူ အရာပြကာ လက်ဆွဲနှုတ်ဆက်ရန် ကမ်းလှမ်းလာမှုကို မန်စီးတီးအသင်း နည်းပြပယ်လီဂရီနီအနေဖြင့် လက်ဆွဲ နှုတ်ဆက်ရန် ဆန်္ဒမရှိခဲ့ခြင်းကြောင့် ငြင်းဆိုခဲ့ကြောင်းနှင့် မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့သော်လည်း ချယ်လ်ဆီး အသင်းသည် မန်စီးတီးအသင်း၏ ထိမ်းချုပ်မှုအောက်တွင်သာ ပွဲစဉ် တစ်ပွဲလုံးရှိခဲ့သည်ဟု ခံစားခဲ့ရကြောင်း ပယ်လီဂရီနီက ပြောကြားခဲ့သည်။ ယင်းပွဲစဉ်တွင် ချယ်လ်ဆီးကွင်း လယ်ကစားသမား အန်ဒရီရှာရယ်၏ ၃၃ မိနစ်တွင် သွင်းယူခဲ့သော ချယ်လ် ဆီးအသင်း၏ ဦးဆောင်အဖွင့်ဂိုးကို မန်စီးတီးကွင်းလယ်ကစားသမား နာဆရီ၏ ဖန်တီးပေးပို့မှုမှတစ်ဆင့် တိုက်စစ်မှူးအဂူရိုက ချေပဂိုးသွင်းယူ ပေးခဲ့သဖြင့် တစ်ဖက်တစ်ဂိုးစီသရေ ရလဒ်ထွက်ပေါ်နေခဲ့သော်လည်း ပွဲ ကစားချိန် မိနစ် ၉၀ တွင် တိုက်စစ်မှူး တောရက်စ်က ချယ်လ်ဆီးအသင်း အတွက် ဒုတိယဂိုးသွင်းယူပေးခဲ့ခြင်း ကြောင့် ချယ်လ်ဆီးအသင်းသည် မန်စီးတီးအသင်းအား နှစ်ဂိုး-တစ်ဂိုး ဖြင့် အနိုင်ရရှိကာ အမှတ်ပေးဇယား ထိပ်မှအာဆင်နယ်အသင်း၏အောက် နှစ်မှတ်အကွာဖြင့် အဆင့်(၂)သို့ တက်လှမ်းနိုင်ခဲ့သည်။ ယခုချယ်လ်ဆီးအသင်းနှင့် ပွဲစဉ် တွင် သရေတစ်မှတ်ရရှိနိုင်သော်လည်း ဂိုးသမားဂျိုးဟက်နှင့် နောက်ခံလူ နာစတာဆစ်တို့၏ နားလည်မှုလွဲမှားခဲ့ ခြင်းကြောင့်သာ မန်စီးတီးအသင်း ရှုံးနိမ့်ခဲ့ရခြင်းဖြစ်ကြောင်း နည်းပြ ပယ်လီဂရီနီက ထုတ်ဖော်ပြောကြား ခဲ့သည်။  

**ချစ်ရေးချစ်ရာကိစ်္စများကို ရပ်နားထားတော့မည်ဟု ဆီလီနာဂိုမက်ထုတ်ပြောကြား**
နာမည်ကြီး ဆယ်ကျော်သက် အဆိုတော် ဆီလီနာဂိုမက်က ယခုနှစ်အစောပိုင်းက ဂျက်စတင် ဘီဘာနှင့် လမ်းခွဲခဲ့ပြီးနောက်ပိုင်း ၎င်း၏ချစ်ရေးချစ်ရာကိစ်္စများကို ရပ် နားထားတော့မည်ဖြစ်ကြောင်း ထုတ် ဖော်ပြောကြားခဲ့သည်။ အသက်(၂၁)နှစ်အရွယ်ရှိ အမေ ရိကန်ဆယ်ကျော်သက် အဆိုတော် ဆီလီနာဂိုမက်ဇ်က အချစ်ဟောင်း ဖြစ်သည့် ဘီဘာ့အပေါ် သံယောဇဉ်ရှိ သေးကြောင်းနှင့် အခြားသော အမျိုး သားများမှ ချစ်ရေးဆိုလာပါကလည်း ယဉ်ကျေးစွာဖြင့် ငြင်းဆန်မည်ဖြစ် ကြောင်းနှင့် တစ်ကိုယ်တော် လွတ်လပ် စွာ နေထိုင်ရသည့် လက်ရှိအခြေအနေ ကိုသာ များစွာနှစ်သက်ပါကြောင်း ရေဒီယို အင်တာဗျူးတစ်ခုတွင် ပြော ကြားခဲ့သည်။ 

 **တိုက်စစ်မှူးဟီဂူအင်အကောင်း ဆုံးပုံစံလိုအပ်နေဟုနာပိုလီအသင်း နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်က ထုတ်ဖော်ပြောကြား**
တိုရီနိုနှင့် နာပိုလီတို့ ယှဉ်ပြိုင်ကစား ခဲ့သည့် စီးရီးအေပွဲစဉ်တွင် တိုက်စစ် မှူးဟီဂူအင်၏ ပင်နယ်တီသွင်းဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော်လည်း တိုက်စစ်မှူးဟီဂူအင်သည် အကောင်း ဆုံးပုံစံရရှိရန်လိုအပ်နေသေးသည်ဟု ယုံကြည်ထားကြောင်း နာပိုလီအသင်း နည်းပြ ရာဖေးလ်ဘင်နီတက်ဇ်က ထုတ်ဖော်ပြောကြားခဲ့သည်။ တိုက်စစ်မှူးဟီဂူအင်သည် မာဆေး အသင်းအား အနိုင်ရရှိခဲ့သည့်ပွဲစဉ် တွင် အကောင်းဆုံးစွမ်းဆောင်ပြ ခဲ့ပြီး ယခုတိုရီနိုအသင်းအား အနိုင် ရရှိခဲ့သည့်ပွဲစဉ်တွင်လည်း အားရကျေ နပ်ဖွယ်ခြေစွမ်းပြကစားခဲ့သည်။ သို့ သော် ဟီဂူအင်သည် ရီးယဲလ်မက်ဒရစ် အသင်းတွင် ကစားခဲ့သည့်ပုံစံ မရရှိ သေးဘဲ ရီးယဲလ်မှာကဲ့သို့ နာပိုလီတွင် လည်း အကောင်းဆုံးပုံစံရရှိရန်လိုနေ သေးကြောင်း ဘင်နီတက်ဇ်က ဆိုသည်။ လက်ရှိတွင် နာပိုလီအသင်းသည် ကိုးပွဲကစားအပြီး အမှတ်ပေး ဇယားဒုတိယနေရာ၌ ရောက်ရှိ နေပြီး စီးရီးအေဖလားရရှိရေးအတွက် ရိုးမား၊ ဂျူဗင်တပ်တို့နှင့် အပြိုင်လုရ ဦးမည်ဖြစ်ကြောင်းနှင့် အင်တာမီလန် နှင့် ဖီအိုရင်တီးနားတို့သည်လည်း ဖလားရရှိရေး အကောင်းဆုံးယှဉ် ပြိုင်လာမည်ဖြစ်၍ ဖလားရရှိရေးတွင် နာပိုလီအပါအ၀င် အသင်းငါးသင်း ယှဉ်လုရမည့်အနေအထားတွင် ရှိ နေကြောင်း ဘင်နီတက်ဇ်က ဆိုသည်။ 

 +ငွေကြယ်+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)