ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Tuesday, October 15, 2013

-ယခုလအတွင်းဟိုအကြောင်း၊ဒီအကြောင်း၊သူတိုအကြောင်း-

>
** အိန်္ဒိယတွင် ဖိနပ်ကြော်ငြာဓာတ်ပုံရိုက်ကူးမှုကြောင့်မအီမသာခံစား နေရသော မယ်စကြ၀ဠာဆုရှင် အိုလီဗာကာလ်ပို**
 အိန်္ဒိယနိုင်ငံ၏ ကမ်္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေ အနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်သည့် တက်ခ်ျမဟာ အဆောက်အအုံတွင် စီးပွားရေးကြော်ငြာဓာတ်ပုံရိုက်ကူး မှုကြောင့် အိန်္ဒိယရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုကို ခံယူရနိုင် ဖွယ်ရှိသည့် ၂၀၁၂ ခုနှစ်၏ မယ်စကြ၀ဠာဆုရှင် အိုလီဗာ ကာလ်ပိုက ယင်းကိစ်္စသည် တမင်ရည်ရွယ်ပြီး လုပ်ဆောင် ခဲ့ခြင်း မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ စီးပွားရေးအရ ဓာတ်ပုံနှင့်ဗီဒီယိုရိုက်ကူးမှုများ ကန့် သတ်ထားသည့် အဆိုပါအဆောက်အအုံရှေ့၌ အိုလီဗာ ကာလ်ပိုက အောက်တိုဘာ ၆ ရက်တွင် ငါးလက်မအမြင့်ရှိ ဒေါက်ဖိနပ်နှင့် ဖိနပ်ကြော်ငြာဓာတ်ပုံရိုက်ကူးခဲ့ခြင်း အပေါ် အိန်္ဒိယရဲတပ်ဖွဲ့အနေဖြင့် နိုင်ငံ၏ရှေးဟောင်း ယဉ်ကျေးမှုဥပဒေကို ချိုးဖောက်ရာရောက်မရောက် စုံစမ်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။ အိုလီဗာကာလ်ပိုက ယင်းကိစ်္စသည် မယ်စကြ၀ဠာ အဖွဲ့၏ကြော်ငြာအတွက် အိန်္ဒိယနိုင်ငံသားဖက်ရှင်ဒီဇိုင်နာ ဆန်ဂျန်နာဂျွန်း၏ ညွှန်ကြားချက်အရသရုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတွင် မယ်စကြ၀ဠာအဖွဲ့၏ Web diary အတွက် ခရီးသွားမှတ်တမ်းများကို ရိုက်ကူးရသည့် တာဝန် ရှိပါကြောင်း၊ ဖိနပ်များနှင့် သရုပ်ဆောင်ခဲ့သည်မှာလည်း ညွှန်ကြားချက်အရဖြစ်ပါကြောင်း၊ ယင်းမှာလည်း အနည်း ငယ်လွဲချော်မှုတစ်ခုမဟုတ်ဘူးလားဟု မေးချင်ပါကြောင်း၊ တာဝန်ပေးအပ်ထားသည့်အတိုင်း လုပ်ဆောင်ရန်မှာ သူမ၏အလုပ်ပင်ဖြစ်ပါကြောင်း အမေရိကန်နိုင်ငံ နယူး အင်္ဂလန်ရျှိRhode Islandပြည်နယ်ထုတ် ဂျာနယ် တစ်စောင်သို့ ပြောကြားခဲ့သည်။ ထို့ပြင် မယ်စကြ၀ဠာဆုရှင်က အိန်္ဒိယနိုင်ငံသို့ ၁၀ ရက်ကြာခရီးစဉ်အတွင်း အစစအရာရာ အဆင်ပြေခဲ့သော် လည်း ယင်းကိစ်္စနှင့်ပတ်သက်ပြီး မအီမသာခံစား နေရပါကြောင်း၊ အဆိုပါကိစ်္စဖြေရှင်းပြီးသွားပါက အိန်္ဒိယ နိုင်ငံသို့ နောက်ထပ်တစ်ခေါက်သွားရောက်နိုင်ရန် မျှော် လင့်ထားပါကြောင်းနှင့် ယခုခရီးစဉ်မှ သင်ခန်းစာများ စွာလည်း ရလိုက်ပါကြောင်း ထည့်သွင်းပြောကြားခဲ့ သည်။

**ရှန်ဟိုင်းမာစတာဖလားပြိုင်ပွဲ ဂျိုကိုဗစ်ဗိုလ်စွဲ**
ကမ်္ဘာ့နံပါတ်-၂ တင်းနစ်ကစားသမား ဂျိုကိုဗစ်က ရှန်ဟိုင်းမာစတာဖလား ပြိုင်ပွဲတွင် အာဂျင်တီးနားမှ မာတင်ဒယ်ပိုထ်ရိုကို အနိုင်ရပြီး ၄င်း၏ဖလား ကို ကာကွယ်လိုက်ပြီဖြစ်သည်။ ဂျိုကိုဗစ်က ၆-၁၊ ၃-၆၊ ၇-၆ (၇-၃)ဖြင့် နိုင်ပြီး ဖလားဆွတ်ခူးခဲ့ခြင်းဖြစ်သည်။ ဂျိုကိုဗစ်သည် ရှန်ဟိုင်းဖလားကို ဆွတ်ခူးနိုင် ခဲ့ခြင်းမှာ ယခုနှစ်အတွင်း ပဉ်္စမမြောက် ATP တိုးဖလားဖြစ်သည်။ ၄င်းသည် မကြာမီက ကမ်္ဘာ့နံပါတ်တစ်ဖြစ်လာသော ရာဖေးလ်နာဒယ်ကိုလည်း ချိုင်းနား အိုးပင်းဖလားတွင် အနိုင်ရပြီး ဖလားဆွတ်ခူးနိုင်ခဲ့သည်။ ဂျိုကိုဗစ်သည် ချိုင်းနား အိုးပင်းဖလားကို လေးကြိမ်မြောက်အဖြစ် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

 ** ပိုလန်နှင့်ကမ်္ဘာ့ဖလားခြေစစ်ပွဲ အက်ရှ်လေကိုးလ် လွဲချော်လိမ့်မည်**
အင်္ဂလန်နောက်တန်းကစားသမား အက်ရှ်လေကိုးလ်သည် နံရိုးထိခိုက် ဒဏ်ရာရထားခြင်းကြောင့် အောက်တိုဘာ ၁၅ ရက်တွင် ကစားမည့် ပိုလန်နှင့် ကမ်္ဘာ့ဖလားခြေစစ်ပွဲကို လွဲချော်လိမ့်မည်ဟုဆိုသည်။ အသက် ၃၂ နှစ်ရှိ ချယ်လ်ဆီး ၀ဲနောက်တန်းကစားသမား အက်ရှ်လေကိုးလ်သည် မွန်တီနီဂရိုးကို အနိုင်ရခဲ့သည့် ပြိုင်ပွဲတွင်လည်း လွဲချော်ခဲ့ရသည်။ အဲဗာတန်မှ လေတန်ဘိန်းသည် အက်ရှ်လေကိုးလ်၏ နေရာတွင် ဆက်လက်ပါဝင်ကစားဖွယ်ရှိသည်။ စမောလင်းနှင့် ဖီးဂျုံးတို့သည် နောက်တန်းလူ နေရာတွင် ပြန်လည်ပါဝင်လာဖွယ်ရှိသည်။

 ** အင်္ဂလန်အသင်းကမ်္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရရှိမည်ဟု လေတန်ဘိန်းစ်ယုံကြည်**
အင်္ဂလန်အသင်း၏ ၀ါရင့်နောက်တန်းကစားသမား အက်ရှ်လေးကိုးလ်ဒဏ်ရာပြဿသနာကြုံတွေ့နေသဖြင့် ပါဝင် မကစားနိုင်ခဲ့ခြင်းကြောင့် အင်္ဂလန်အသင်းအတွက် ပါဝင် ကစားခွင့်ရရှိခဲ့သော နောက်တန်းကစားသမား လေတန် ဘိန်းစ်အနေဖြင့် အင်္ဂလန်အသင်းသည် ဘရာဇီးနိုင်ငံ၌ ကျင်းပမည့် ၂၀၁၄ ကမ်္ဘာ့ဖလားပြိုင်ပွဲ ၀င်ခွင့်ရရှိမည်ဟု ယုံကြည်ထား ကြောင်း ပြောကြားခဲ့သည်။ အောက်တိုဘာ ၁၅ ရက်တွင် အင်္ဂလန်အသင်းသည် ပိုလန်အသင်းနှင့် ကမ်္ဘာ့ဖလားဥရောပဇုန်ခြေစစ်ပွဲကစား ရမည်ဖြစ်ပြီး ယင်းပွဲစဉ်တွင် အနိုင်ရရှိပါက အလိုအလျောက် ကမ်္ဘာ့ဖလားဝင်ခွင့်ရရှိမည်ဖြစ်သည်။ နောက်တန်းကစားသမားလေတန်ဘိန်းစ်သည် မွန်တီ နီဂရိုးအား လေးဂိုး-တစ်ဂိုးဖြင့် ၀င်ဘလေကွင်း၌ အနိုင် ရရှိခဲ့သည့် ကမ်္ဘာ့ဖလားခြေစစ်ပွဲတွင် ပွဲကစားချိန် မိနစ် ၉၀ အပြည့်ပါဝင်ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး ပိုလန်အသင်း နှင့် ကစားမည့် ပွဲစဉ်တွင်လည်း ယခင်ပွဲစဉ်အတိုင်း ပွဲထွက် ကစားခွင့်ရရှိရန်နှင့် ယင်းပွဲစဉ်တွင် ပိုလန်အသင်းအား အနိုင်ကစားကာ ရမှတ်သုံးမှတ်အပြည့် ရယူနိုင်မည်ဟု နောက်တန်းကစားသမား လေတန်ဘိန်းစ်က မျှော်လင့် ထားကြောင်း ပြောကြားခဲ့သည်။

+Myo sandar maung+

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)